အေအေပီပီ လစဉ်သတင်းလွှာ မတ်လ၂၀၁၇

လူ့အခွင့်အရေးဆိုင်ရာဟောပြောဆွေးနွေးပွဲများပို့ချ ပေးခြင်း

chin HR awarness on mar

ချင်းပြည်နယ်၊ ပလက်ဝမြို့တွင် AAPP အဖွဲ့ဝင် ကိုဝဏ္ဏနွယ်မှ လူ့အခွင့်အရေး ဆိုင်ရာ ဟောပြော၊ပို့ချ

လူထုတွင်း လူ့အခွင့်အရေးဆိုင်ရာဟောပြော၊ ဆွေးနွေးပွဲများ ပို့ချပေး ခြင်း

မတ်လတွင်းတွင် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) မှ လူ့အခွင့်အရေးဆိုင်ရာ ဟောပြောဆွေးနွေး ပွဲ ပေါင်း ၁၃ ပွဲကို လူထုတွင်းတွင် ဟောပြော၊ဆွေးနွေး၊ ပို့ချပေး နိုင်ခဲ့သည်။ ဟောပြော၊ ဆွေးနွေးပွဲပေါင်း ရှစ်ပွဲကို တနလာင်္ရီတိုင်း၊ ပုလောမြို့နယ်တွင်းရှိ ကျေးရွာ ရှစ်ရွာတွင် လည်းကောင်း၊ ဟောပြော ဆွေးနွေးပွဲပေါင်း နှစ်ပွဲကို စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်တွင်းရှိ ဈေးနှစ် ဈေးနှင့် ဟောပြောဆွေးနွေးပွဲ တစ်ပွဲကို ကလေးမြို့နယ်တွင်းရှိ ဆရာ တော်ကြီး ကက်သလစ်ဘုရားကျောင်းတွင် လည်းကောင်း ဟောပြော ဆွေးနွေးပွဲ တစ်ပွဲကို သထုံမြို့နယ်တွင်းရှိ ကျေးရွာ တစ်ရွာတွင် လည်း ကောင်း၊ ဟောပြောဆွေးနွေးပွဲ တစ်ပွဲကို ချင်းပြည်နယ်၊ ပလက်ဝမြို့ရှိ စိန့်ပီတာ ကက်သလစ်ဘုရားကျောင်းတွင်လည်းကောင်း ပို့ချပေးခဲ့ သည်။ ထိုသို့ ဟောပြော နိုင်ရန်အတွက်လည်း ပုလောမြို့နယ် လူငယ် ကွန်ရက်မှ မစံပယ်ဖြူ။ ပုလောမြို့နယ် ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ကိုတင့်လွင်၊ KNU အထွေထွေအတွင်းရေးမှူး ဖဒိုထွန်းဦး၊ KNU တပ်မဟာ၁၊ တပ်ရင်း ၂ မှ တပ်ရင်းမှူး ဗိုလ်ချစ်သူ၊ မွန်ပြည်နယ်၊ ကရင်တိုင်းရင်းသားကိုယ်စားလှယ် ကိုစောကျော်မိုး၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ဈေးတာဝန်ခံများ၊ ဘုရားကျောင်းတာဝန်ခံ များတို့မှ  ပူးပေါင်းပါဝင် ကူညီပေးခဲ့ပါသည်။ ထိုဟောပြောပွဲများ ပြု လုပ်ရခြင်း၏ အဓိကရည်ရွယ်ချက်သည် ကလေးများနှင့် နိုင်ငံသားများ ကိုဆန့်ကျင်သော လူ့အခွင့်အရေးချိုး ဖောက်မှုများကို တားဆီး ကာကွယ်နိုင်ရန်၊ နိုးကြားတက်ကြွပြီး စည်းကမ်းပြည့်ဝသော နိုင်ငံသားများ ဖြစ်စေရန်တို့ဖြစ်သည်။ လူ့အခွင့်အရေးဆိုင်ရာ ဟောပြောပွဲတွင် အဓိကအားဖြင့် သက်ငယ် မုဒိမ်းမှုများ မဖြစ်ပွားအောင် ကာကွယ်ရေး၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေငြာစာတမ်းပါ အခွင့်အရေး များနှင့် တာဝန်များကို နားလည်စေရေးတို့ကို ဟောပြောကြပါသည်။ ထိုဟောပြောပွဲများကို ဦးဆောင်ဟောပြောသူများမှာ AAPP ရန်ကုန်ရုံး တာဝန်ခံ ဦးအောင်မျိုးကျော်၊ AAPP လူ့အခွင့်အရေး သင်တန်းဆရာ များဖြစ်ကြသော ဦးဝဏ္ဏနွယ်၊ ဦးကျော်ဦး၊ ဦးမျိုးထွန်းတို့မှ ဦးဆောင် ဟောပြောခဲ့ကြသည်။ ထို့ပြင် ပုလော လူငယ်ကွန်ရက်မှ မစံပယ်ဖြူနှင့် ပုလောမြို့နယ် ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့မှ ငြိမ်းချမ်းရေး ဖြစ်စဉ်နှင့် ပတ်သက်ပြီး ဟောပြောခဲ့ကြသည်။  ထိုဟော ပြောဆွေးနွေးပွဲများသို့ ကျေးရွာအုပ် ချုပ်ရေးမှူးများနှင့် ရွာသူ၊ ရွာသား များ၊ ဈေးသူ၊ ဈေးသားများ၊ ဒေသခံများ တက်ရောက် ခဲ့ကြသည်။ ဟောပြောပွဲပြီးဆုံးပြီးနောက် တက်ရောက်သူများကြား လူ့အခွင့်အရေး ဆိုင်ရာ အသိပညာဗဟုသုတ များ မြှင့်တင်ရန် ရည်ရွယ်၍ AAPPမှ အချက် ၃ဝ ပါ အပြည် ပြည်ဆ်ိုင်ရာ လူ့အခွင့်အရေးကြေငြာစာတမ်း လက်ကမ်းစာစောင်များ ဝေငှခဲ့သည်။

ထို့ပြင် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ လူ့အခွင့်အရေးသင်တန်းဆင်းများ စုစည်းဖွဲ့စည်းထားသည့် ပုလောမြို့နယ် လူ့အခွင့်အရေးကာကွယ်မြှင့်တင်ရေးအဖွဲ့မှ တနင်္သာရီ တိုင်း၊ ပုလောမြို့နယ်တွင်းရှိ ပြင်ဘုငယ်ကျေးရွာနှင့် ပဲ့ထောက်ရွာတို့ တွင် လူ့အခွင့်အရေး အသိပညာပေး ဆွေးနွေးပွဲပြုလုပ်ခဲ့ပါသည်။ AAPP မှ လိုအပ်သည့် အထောက်အကူပြုပစ္စည်းများ ပံ့ပိုး၊ ကူညီ ပေးခဲ့ ပါသည်။

အသွင်ကူးပြောင်းရေးဆိုင်ရာတရားမျှတမှုသင်တန်းပို့ချခြင်း

Thahtoon HR

မွန်ပြည်နယ်၊ သထုံခရိုင်၊ KNU တပ်မဟာ ၁၊ တပ်ရင်း တွင် ကျင်းပသော အသွင်ကူးပြောင်းရေးဆိုင်ရာတရားမျှတမှုသင်တန်း၌ AAPP ရန်ကုန်ရုံး တာဝန်ခံ ကိုအောင်မျိုးကျော်မှ သင်တန်းပို့ချ

တနသာင်္ရီတိုင်း၊ စစ်ကိုင်းတိုင်း၊ မွန်ပြည်နယ်၊ တို့တွင် လူ့အခွင့်အရေး၊ လူ့အခွင့်အရေး မှတ်တမ်းတင်ခြင်းနှင့် အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှု သင်တန်းများပို့ချ၊ ချင်းပြည်နယ်တွင် ဟောပြောပွဲပြုလုပ်

လူ့အခွင့်အရေး၊ လူ့အခွင့်အရေးမှတ်တမ်းတင်ခြင်းနှင့် အသွင်ကူး ပြောင်းရေးဆိုင်ရာ တရားမျှတမှု သင်တန်းကို နိုင်ငံရေးအကျဉ်းသား များကူညီစောင့်ရှောက်ရေးအသင်း(AAPP) မှ လစဉ် ပို့ချပေးလျက် ရှိရာ မတ်လတွင်းတွင် AAPP မှ ၁၁ ရက်ကြာသင်တန်းတစ်ခုနှင့် ၁၂ ရက်ကြာသင်တန်းနှစ်ခုတို့ကို ပို့ချပေးခဲ့သည်။ မတ်လ  ရ ရက်နေ့မှ ၁၈ ရက်နေ့အထိ ပို့ချခဲ့သော ၁၂ ရက်ကြာသင်တန်းကို တနင်္သာရီ တိုင်း၊ ပုလောမြို့နယ်တွင် လည်းကောင်း၊ မတ်လ ၁၆ ရက်နေ့မှ ၂၆ ရက်နေ့ထိ ပို့ချခဲ့သော ၁၁ ရက်ကြာ သင်တန်းကို စစ်ကိုင်းတိုင်း ဒေသကြီး၊ တမူးမြို့နယ်တွင် လည်းကောင်း၊ မတ်လ ၂ဝ ရက်နေ့မှ ၃၁ ရက်နေ့ထိ ပို့ချခဲ့သော ၁၂ ရက်ကြာ သင်တန်းကို မွန်ပြည်နယ်၊ သထုံ ခရိုင်၊ KNU တပ်မဟာ ၁၊ တပ်ရင်း ၂ တွင်လည်းကောင်း  ကျင်းပခဲ့ သည်။

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်တွင် ကျင်းပခဲ့သော သင်တန်း၌ သင်တန်းနည်းပြများအဖြစ် AAPP ၏ လူ့အခွင့်အရေးသင်တန်းဆရာ မဇွန်ပန်း၊ လူ့အခွင့်အရေးမှတ်တမ်းတင်ခြင်းနှင့် အသွင်ကူးပြောင်းရေး ဆိုင်ရာ တရားမျှတမှု သင်တန်းဆရာ ကိုစိုင်းမြင့်သူတို့မှ သင်တန်းပို့ချ ပေးခဲ့သည်။ ပုလောမြို့နယ်တွင်းရှိ NLD အဖွဲ့ဝင်များ၊ ၈၈ ငြိမ်းချမ်းရေး နှင့် ပွင့်လင်း လူ့အဖွဲ့အစည်း အဖွဲ့ဝင်၊ ကျောင်းသား၊ ဆရာ၊ ဝန်ထမ်း နှင့် လူမှုအခြေပြုအဖွဲ့အစည်းများမှ ကိုယ်စားလှယ် များအပါအဝင် သင်တန်းသား ၂၂ ဦး တက်ရောက်ခဲ့ကြသည်။

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်တွင် ကျင်းပခဲ့သော သင်တန်း၌ သင်တန်း နည်းပြများအဖြစ် AAPP ၏ လူ့အခွင့်အရေးသင်တန်းဆရာ ကိုနေဝန်း၊ လူ့အခွင့်အရေးမှတ်တမ်းတင်ခြင်းနှင့် အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှု သင်တန်းဆရာ ကိုကျော်ဦးတို့မှ သင်တန်းပို့ချပေးခဲ့ သည်။ NLD အဖွဲ့ဝင်များ၊ ကရုဏာ လူငယ်အဖွဲ့၊ စန္ဒာကူး လူငယ် အဖွဲ့၊ တမူးလူငယ်ကွန်ရက်၊ လူငယ် သာရေး၊ နာရေးအဖွဲ့၊ နာရေး ကူညီမှုအဖွဲ့၊ လူမှုရေးရာ အဖွဲ့အစည်း၊ ကျောင်းသားများနှင့် ဒေသခံ များအပါအဝင် သင်တန်းသား ၂၉ ဦးတက်ရောက်ခဲ့ကြသည်။  တက် ရောက်သူများသည် ဗမာ၊ ကူကီး၊ ချင်းနှင့် ရှမ်းလူမျိုးများဖြစ်ကြ သည်။

မွန်ပြည်နယ်၊ သထုံခရိုင်၊ KNU တပ်မဟာ ၁၊ တပ်ရင်း ၂ တွင် ကျင်းပခဲ့သော သင်တန်း၌ သင်တန်းနည်းပြများအဖြစ် AAPP ၏ လူ့အခွင့်အရေးသင်တန်း ဆရာ ကိုစောသန်းလှိုင်၊ လူ့အခွင့်အရေး မှတ်တမ်းတင်ခြင်းနှင့် အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှု သင်တန်းဆရာ ကိုစိုင်းမြင့်သူတို့မှ သင်တန်း ပို့ချ ပေးခဲ့သည်။ KNU အဖွဲ့ဝင်များ၊ ကျောင်းသားများနှင့် ဒေသခံ အမျိုးသမီးတစ်ဦးတို့ အပါ အဝင် ၂၃ ဦး တက်ရောက်ခဲ့သည်။

မတူညီသော ဒေသဆိုင်ရာ အခြေ အနေများအပေါ် မှုတည်၍ သင်တန်းများအား ပို့ချပေးခဲ့ပါသည်။ သင်တန်းပို့ချပေးခဲ့သော မြို့ နယ်များ၌ လယ်ယာမြေ သိမ်းဆည်းခြင်း၊ မတရား ဖမ်းဆီး ချုပ် နှောင်ခြင်း၊ မူးယစ်ဆေးဝါးရောင်းဝယ်ခြင်း၊ လူကုန်ကူးခြင်း၊ တရားစီရင် ရေးတွင် အကျင့်ပျက်ခြစားမှုများရှိခြင်း၊ တို့အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ရင်ဆိုင်နေရသည်။

မတ်လ ၂၉ ရက်နေ့တွင် ချင်းပြည်နယ်၊ ပလက်ဝမြို့၊ စိန့်ပီတာ ကက်သလစ် ဘုရားကျောင်းတွင်ပြုလုပ်သော ကက်သလစ်ဂိုဏ်းအုပ် သာသနာလုံး ဆိုင်ရာ လူငယ် တွေ့ဆုံပွဲနှင့် ငြိမ်းချမ်းရေး ဆုတောင်းပွဲ တက်ရောက် လာသော လူငယ် ၅၅ဝ ကျော်အား AAPP မှ ကိုဝဏ္ဏနွယ်မှ ငြိမ်းချမ်းရေးနှင့် အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှ တမှုကို တစ်နာရီခွဲကြာ ချိတ်ဆက်ဆွေးနွေးပေးခဲ့သည်။

သင်တန်းပို့ချရခြင်း၏ ရည်ရွယ်ချက်သည် ဒီမိုကရေစီ နိုင်ငံတော် တည်ဆောက်ရေးတွင် ပါဝင်ကြသူများကို အားပေးမြှင့်တင်ရန်နှင့် အသိပညာများရရှိလာရန် ရည်ရွယ်၍ စွမ်းဆောင်ရည် မြှင့်တင်ပေး ခြင်းဖြစ်သည်။

စည်းရုံးလှုံ့ဆော်ခြင်းနှင့်တိုက်တွန်းခြင်း

AAPP and Pegu

AAPP နှင့် ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဌနှင့်အဖွဲ့တွေ့ဆုံ

မတ်လ ၂၂ ရက်နေ့တွင် ပဲခူးတိုင်း လွှတ်တော် ဥက္ကဋ္ဌ ရုံးခန်းတွင် လွှတ်တော် ဥက္ကဋ္ဌ ဦးခင်မောင်ရင်၊ ဒုဥက္ကဋ္ဌ ဦးကြည်ဇင်၊ ပညာရေး၊ ကျန်းမာရေး၊ အလုပ်သမားရေးရာကော်မတီဥက္ကဋ္ဌ ဒေါက်တာ ကျော်ကျော်တို့နှင့် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP)မှ ကိုအောင်မျိုးကျော်၊ ကိုလွင်မိုးမြင့်၊ ပဲခူးတိုင်း အရှေ့ခြမ်း၊ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့တို့ တွေ့ဆုံခဲ့ပြီး ဒီမိုကရေစီအရေးတော်ပုံအဆက်ဆက် ကျဆုံးရဲဘော်များ အတွက် ဂုဏ်ပြုကျောက်တိုင်စိုက်ထူရေးဆွေးနွေးခဲ့ပါသည်။

နိုင်ငံရေးပါတီတစ်ရပ်ပေါ်ထွန်းလာရေးဆွေးနွေးပွဲတွင် AAPP မှဆွေးနွေး

မတ်လ ၃ဝ ရက်နေ့နှင့် ၃၁ ရက်နေ့တို့တွင် ရန်ကုန်မြို့ ကုန် သည်ကြီးများနှင့် စက်မှု၊လက်မှု အသင်းချုပ်(UMFCCI)၌ နိုင်ငံရေးပါတီ တစ်ရပ် ပေါ်ထွန်းလာရေး ဆွေးနွေးပွဲတစ်ရပ် ကျင်းပပြုလုပ်ခဲ့သည်။ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ တွဲဘက်အတွင်းရေးမှူး ဦးဘိုကြည်မှ ဒီမိုကရေစီနှင့် နိုင်ငံသား အခွင့်အရေးကို ဆွေးနွေးခဲ့သည်။

ချက်နိုင်ငံ သံအမတ်ကြီးနှင့် တွေ့ဆုံ ဆွေးနွေး

AAPP and Chez

မတ်လ ၂၈ ရက်နေ့တွင် ချက်နိုင်ငံသံအမတ်ကြီးနှင့် နိုင်ငံရေး အကျဉ်း သားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)   မှ တွဲဘက်အတွင်းရေးမှူး ဦးဘိုကြည်တွေ့ဆုံခဲ့ပြီး ချက်နိုင်ငံအသွင်ကူးပြောင်းရေး လေ့ လာရေးနှင့် ပတ်သက်၍ ဆွေးနွေးခဲ့သည်။

လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများဖိုရမ်(HRDF)

မတ်လ ၂၉ ရက်နေ့တွင် ရန်ကုန်မြို့၊ စင်ထရယ်ဟိုတယ်၌ လူ့အခွင့် အရေး ကာကွယ်စောင့်ရှောက်သူများ ဖိုရမ်(HRDF) ကို ကျင်းပပြုလုပ် ခဲ့သည်။ ထိုဖိုရမ်၌ နိုင်ငံသားများ၏ လွတ်လပ်မှုနှင့် လုံခြုံမှုကို ကာ ကွယ်ပေးရေး ဥပဒေနှင့် လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူ များအပေါ် ထိုဥပဒေ၏ အကျိုးသက် ရောက်မှုကို ဆွေးနွေးခဲ့သည်။ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) အဖွဲ့ဝင်နှင့် HRDF ဦးဆောင်ကော်မတီ အဖွဲ့ဝင် ကိုဇော်မိုးမှ ထိုဖိုရမ်၌ သဘာပတိအဖြစ် ဆောင်ရွက်ခဲ့သည်။

ကိုဖုန်းမော်ကိုစိုးနိုင်ကျဆုံးခြင်း ၂၉ နှစ်ပြည့်အခမ်းအနား

မတ်လ ၁၃ ရက်နေ့တွင် ကျရောက်သော ကိုဖုန်းမော် – ကိုစိုးနိုင် ကျဆုံးခြင်း ၂၉ နှစ်ပြည့်အခမ်းအနားကို ရန်ကုန်စက်မှုတက္ကသိုလ် စုဝေးခန်းမ၌ ကျင်းပပြု လုပ်ခဲ့ကြသည်။ ထိုအခမ်းအနားသို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ အတွင်း ရေးမှူး ဦးတိတ်နိုင်နှင့် အဖွဲ့ဝင်များတက်ရောက်ခဲ့သည်။

OHCHR နှင့် အစည်းအဝေး

မတ်လ ၂၈ ရက်နေ့တွင် ကမာ္ဘ့ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး(OHCRHR) နှင့် အစည်းအဝေးအား နိုင်ငံရေး အကျဉ်း သားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ ကိုဇော်မိုးမှ တက်ရောက် ခဲ့သည်။ အစည်းအဝေး တက်ရောက်လာကြသူများမှ မိမိတို့ အဖွဲ့အစည်းမှ အကောင်အထည်ဖော်ဆောင်ရွက်နေသော လုပ်ငန်းများတွင် တွေ့ရှိရသော လူ့အခွင့်အရေးအခြေအနေများနှင့် OHCHR အားအကြံပြုချက်များအား ဆွေးနွေးတင်ပြခဲ့ကြသည်။ ထို့ နောက် AAPP မှ ရေးသားပေးပို့သော အကြံပြု စာတမ်းအားပေးအပ် ခဲ့ပြီး ထိုစာတမ်းပါ အကြောင်းအရာများ ဖြစ်သော မတရားဖမ်းဆီးချုပ် နှောင်ခြင်းအခြေအနေ၊ နိုင်ငံရေးအကျဉ်းသား ဆက်လက် တည်ရှိနေမှု၊ ပြုပြင်ပြောင်းလဲရေး ပြုလုပ်ရန် လိုအပ်သော တည်ဆဲဥပဒေများ၊ လွတ်လပ်စွာထုတ်ဖေါ်ခြင်းအတွက် အတားအဆီး ဖြစ်နေသောအရာ များ၊ နိုင်ငံအတွင်းစိတ်ပိုင်းဆိုင်ရာ ပြန်လည်ကုစားရေးလုပ်ငန်းစဉ်များ အားနည်းမှု စသည်တို့အားဆွေးနွေးခဲ့သည့်ပြင် AAPP မှ OHCHR အား အကြံပြုသော အချက်များအားလည်း ဆွေးနွေးခဲ့သည်။

 ပြန်လည် ပြစုပျိုးထောင်ရေး လုပ်ငန်းကော်မတီ အလုပ်ရုံ ဆွေးနွေးပွဲ

မတ်လ ၂၈ ရက်နေ့တွင် ND-Burma ရုံး၌ ပြန်လည် ပြုစုပျိုးထောင် ရေး လုပ်ငန်းကော်မတီ၏ အလုပ်ရုံဆွေးနွေးပွဲအား ကျင်းပပြုလုပ်ခဲ့ပြီး အစည်းအဝေး တက်ရောက်လာကြသူများမှ ပြန်လည် ပြုစုပျိုးထောင် ရေး လုပ်ငန်းစဉ်ကို ဆွေးနွေးခဲ့ကြသည်။ ထိုအလုပ်ရုံ ဆွေးနွေးပွဲကို နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) အဖွဲ့ဝင်များဖြစ်ကြသည့် ကိုဇော်မိုး၊ ကိုဝဏ္ဏနွယ်နှင့် အရပ်ဖက်အဖွဲ့အစည်းများမှ ကိုရဲအောင်၊ ကိုသွင်လင်းအောင်၊ မသက်သက်အောင်နှင့် ကိုဟန်ကြီးတို့မှ တက်ရောက် ခဲ့ကြသည်။ AAPP မှ ပြန်လည် ပြုစုပျိုးထောင်ရေးလုပ်ငန်းစဉ်အတွက် စည်းရုံးလှုံ့ဆော်သည့်အနေဖြင့် ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူး တိုင်း လွှတ်တော်တို့၌ ဆွေးနွေးခွင့်ရခဲ့ပြီး၊ မန္တလေးတွင် လူ့မှု အခြေပြု အဖွဲ့အစည်းများ (Civil Society)နှင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။  ချင်းမိုင်မြို့၌ ကျင်းပပြုလုပ်ခဲ့သော အစည်းအဝေး တစ်ခုတွင် ပြန်လည် ပြုစုပျိုးထောင်ရေး (Reparation) အကြောင်းအား ဆွေးနွေးခဲ့ရာ NLD အမတ်တစ်ဦးမှ အရမ်းစောလွန်းနေသေးကြောင်း ဆွေးနွေးခဲ့သည်။ AAPP မှ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် (MNHRC) ပြုပြင်ပြောင်းလဲရေးစာတမ်းကို ဧပြီ သို့မဟုတ် မေလတွင် ထုတ်ဝေရန် ပြင်ဆင် လျက်ရှိသည်ကို တင်ပြခဲ့သည်။ နောက်တကြိမ် အလုပ်ရုံဆွေးနွေးပွဲအား ဇွန်လတွင် ကျင်းပပြုလုပ်ရန် လျာထားခဲ့ သည်။

TAF Violence Monitoring Roundtable အလုပ်ရုံဆွေးနွေးပွဲ

မတ်လ ၁၅ ရက်နေ့တွင် Asia Foundation မှ ဦးဆောင်၍ Violence Monitoring Roundtable အလုပ်ရုံ ဆွေးနွေးပွဲအား ပြုလုပ်ခဲ့သည်။ ဤဆွေးနွေးပွဲသို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) နှင့်အတူ SHALOM, UNFPA, KSPMN, TWU, UNHCR, NP, MPM, CDNH, JMC-TSC, ND-Burma, TSYU, Tagaung Institute, TAF တို့မှ ကိုယ်စားလှယ်များတက် ရောက်ခဲ့သည်။ ဆွေးနွေးပွဲတွင် တက်ရောက်လာကြသောအဖွဲ့များထဲ မှ မိမိတို့ အဖွဲ့အစည်းများ၏ သတင်းအချက်အလက် ကောက်ယူစု ဆောင်းပုံ၊ မှတ်တမ်းတင်ပုံ၊ ထိန်းသိမ်းထားပုံများအား ရှင်းလင်းတင်ပြခဲ့ သည်။ ထို့နောက် Asia Foundation မှ ၎င်းတို့အနေဖြင့် မြန်မာပြည် တွင် လုပ်ဆောင်နိုင်မည့် Violence Monitoring အားဆွေးနွေးခဲ့သည်။

စိတ်ဓာတ်ပြန်လည် မြှင့်တင်ရေးအစီအစဉ်

နှစ်သိမ့်ဆွေးနွေးရေးလုပ်ငန်း၏ ရလဒ်များကို အချက်အလက်များဖြင့်  ဆန်းစစ်၊သုံးသပ်ရာတွင် တိုးတက်မှုရှိရန်အတွက် ဂျွန်ဟော့ကင်း တက္ကသိုလ်(JHU) ကွင်းဆင်း သုတေသနအဖွဲ့မှ ဦးဆောင်ပြုလုပ်သည့် epi-info data analysis upgrade training သင်တန်းကို AAPP ၏ စိတ်ပိုင်းဆိုင်ရာ ပြန်လည်မြှင့်တင်ရေး (နှစ်သိမ့်ဆွေးနွေးရေး) အစီ အစဉ်မှ တာဝန်ခံဖြစ်သူ ဦးကျော်စိုးဝင်းနှင့် ကောင်ဆယ်လာ ဦးမိုးမြင့် တို့တက်ရောက်ခဲ့သည်။ မတ်လ ၁၃ ရက်နေ့တွင် AAPP၏ စိတ်ပိုင်း ဆိုင်ရာ ပြန်လည် မြှင့်တင်ရေးအစီအစဉ်မှ ကောင်ဆယ်လာများသည် ငှက်အော်စမ်းရှိ လူငယ်သင်တန်းကျောင်းသို့ သွားရောက်ခဲ့ပြီး နှစ်သိမ့် ဆွေးနွေးရေးလုပ်ငန်းစဉ်ကို စတင်ခဲ့သည်။ ယခုလက်ရှိတွင် သင်တန်း ကျောင်း၌ နှစ်သိမ့်ဆွေးနွေးရန် အသက်အရွယ်ပြည့်မှီသူ ၂၆ ဦးရှိ သည်။ ကျောင်း၏ ကျောင်းအုပ်ဖြစ်သူ ဦးကျော်ဦးမှ AAPP ကောင်ဆယ်လာများအား နွေးထွေးစွာ ကြိုဆိုခဲ့ပြီး နှစ်သိမ့်ဆွေးနွေး ပေးရန်အတွက် သီးသန့်နေရာနှင့် လိုအပ်သည်များကို စီစဉ်ပေးခဲ့ သည်။ AAPP ကောင်ဆယ်လာ ခြောက်ဦးမှ ထိုကျောင်းတွင် နေထိုင် သူ ၁၂ ဦးအား အပတ်စဉ် တနင်္လာနေ့တိုင်း နှစ်သိမ့်ဆွေးနွေးပေး လျက်ရှိသည်။  လာမည့်အပတ်များတွင် ၁၂ ဦးထက်ပို၍ ဆွေးနွေးပေး သွားမည်ဖြစ်သည်။

AAPP တည်ထောင်ခြင်း ၁ရ နှစ်ပြည့် အထိမ်းအမှတ်နေ့

AAPP 17 year

၁၇ နှစ်ပြည့် AAPP အထိမ်းအမှတ်နေ့တွင် AAPP တွဲဘက်အတွင်းရေးမှူး ဦးဘိုကြည်နှင့် MHAP တာဝန်ခံ ဦးကျော်စိုးဝင်းတို့ ငှက်အော်စမ်းလူငယ် သင်တန်းကျောင်းတွင် အားကစားပစ္စည်းများ သွားရောက် လှူဒါန်း

မတ်လ ၂ဝ ရက်နေ့သည် နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း (AAPP) စတင်တည်ထောင်သည့် (၁၇) နှစ်ပြည့် အထိမ်းအမှတ်နေ့ဖြစ်သည်။ ထိုနေ့တွင်  AAPP တွဲဘက် အတွင်းရေးမှူး ဦးဘိုကြည် ဦးဆောင်သော အဖွဲ့သည် ငှက်အော်စမ်း လူငယ်သင်တန်းကျောင်းသို့ သွားရောက်ခဲ့ပြီး အားကစားပစ္စည်းများ လှူဒါန်းခြင်းနှင့် နေ့လည်စာ အာဟာရဒါန ပြုလုပ်ခဲ့ကြသည်။

နိုင်ငံတကာ အမျိုးသမီးများနေ့၌ AAPP မှ အမျိုးသမီး နိုင်ငံရေး အကျဉ်းသားများကို ဂုဏ်ပြု

မတ်လ ၈ ရက်နေ့တွင် ကျရောက်သော နိုင်ငံတကာ အမျိုးသမီး များနေ့၌ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး၊ ဒီမိုကရေစီအရေးတို့ အတွက် စွန့်လွှတ်၊ အနစ်နာခံခဲ့ကြသော အမျိုးသမီး နိုင်ငံရေး အကျဉ်းသားများအား ဂုဏ်ပြုခဲ့သည်။ ဥပမာအနေဖြင့် အမျိုးသမီး နိုင်ငံရေးအကျဉ်းသားဟောင်း ရှစ်ဦး၏ ရုပ်ပုံများနှင့် ၎င်းတို့၏ လှုပ်ရှားဆောင်ရွက်မှုများကို AAPP မှ ဂုဏ်ပြုဖော်ပြခဲ့သည်။ ၎င်းတို့မှာ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး အမျိုးသမီး ကွန်ရက်မှ ဒေါ်နော်အုန်းလှ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ မေဝင်းမြင့်၊ ဒေါက်တာ ရွှေပုံ၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ဇင်မာအောင်၊ လယ်သမားနှင့် ဒီမိုကရေစီအရေး လှုပ်ရှားသူ မစုစုနွေး၊ လူ့အခွင့် အရေး ကာကွယ်စောင့်ရှောက်သူ မဖြူ၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ်မှ မဖြူနှင်းထွေးတို့ဖြစ်ကြ သည်။

 

ဆက်သွယ်မေးမြန်းနိုင်ရန်

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း

ဦးဘိုကြည်     တွဲဘက်အတွင်းရေးမှူး        +၉၅() ၄၂၅၃၀ ၈၈၄၀

ဦးအောင်မျိုးကျော်     ရန်ကုန်ရုံးတာဝန်ခံ   +၉၅() ၉၄၂၈၁၁ ၇၃၄၈

လစဉ်သတင်းလွှာဒေါင်းလော့ရယူနိုင်ရန် March Newsletter (2017)