စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍  နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ – ဇန်နဝါရီလ ၃ ရက်၊ ၂၀၂၅ ခုနှစ်

ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ  ဇန်နဝါရီလ ၃ ရက်၊ ၂၀၂၅ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၆၁၀၆) ဦး ရှိခဲ့ပြီဖြစ်သည်။ 

ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၈၀၉၆) ဦးရှိပြီး ထိုအထဲမှ (၂၁၄၉၉) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၉၉၅၈) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရသည်။ 

ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက် ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြားနိုင်ပါသည်။  အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက် ထည့်သွင်းဖော်ပြသွားမည်ဖြစ်သည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက်များအရ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ အကြမ်းဖက်စစ်အုပ်စု၏ နိုင်ငံရေးအရဖမ်းဆီးချုပ်နှောင်ခံခဲ့ရသည့် လိင်စိတ်ခံယူမှုကွဲပြားသူ (၁) ဦး၊ အမျိုးသမီး (၂၁၃) ဦးနှင့်  အမျိုးသား (၅၆၇) စုစုပေါင်း (၇၈၁) ဦး ရှိပြီး၊ အဆိုပါ အရေအတွက်ထဲမှ  လိင်စိတ်ခံယူမှုကွဲပြားသူ (၁) ဦး၊ အမျိုးသမီး (၂၁၂) ဦးနှင့်  အမျိုးသား (၅၄၆) စုစုပေါင်း (၇၅၉) ဦး မှာ လက်ရှိအချိန်ထိ ထိန်းသိမ်းခံနေရဆဲဖြစ်သည်။ အဆိုပါကာလအတွင်း ဖမ်းဆီးခံရမှုများ၌ ရန်ကုန်တိုင်းမှာ (၂၀၈) ဦးဖြင့် အများဆုံး ဖမ်းဆီးခံခဲ့ရကာ၊ မန္တလေးတိုင်းမှာ (၁၂၅) ဦးဖြင့် ဒုတိယအများဆုံးဖမ်းဆီးခံခဲ့ရသည်။

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ အမှတ် (၃၈) ရပ်ကွက်နေ ကိုခန့်ဇေယျာလင်း အား အကြမ်းဖက်စစ်အုပ်စုတပ်က ဖမ်းဆီးခဲ့သည်။ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်နေ့တွင် စစ်ခုံရုံးဖြင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးပုဒ်မ ၄၉ (ဂ) အရ သေဒဏ်ချမှတ်ခြင်းခံခဲ့ရသည်။ ထို့ပြင် ၎င်းနေ့၌ပင် အကြမ်းဖက်မှုတိုက်ဖျက်ရေးပုဒ်မ ၅၀ (ည)၊ ၅၂ (က)၊ ၅၁ (က) တို့အရ ထောင်ဒဏ် ၁၀ နှစ်ထပ်မံပြစ်ဒဏ်ချမှတ်ခြင်းခံခဲ့ရသည်။

နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် – https://coup.aappb.org/ 

AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကို Database တွင်ကြည့်ရန် –

စုစုပေါင်း ကျဆုံးစာရင်း – bit.ly/3taCmp3 

စုစုပေါင်း ဖမ်းဆီးခံရသူစာရင်း – bit.ly/3t7IE90 

လက်ရှိထိန်းသိမ်းခံနေရဆဲစာရင်း – bit.ly/3m3Z8Lm 

ထိန်းသိမ်းခံနေရသူများထဲမှ ပြစ်ဒဏ်ချခံရပြီးသူစာရင်း –  bit.ly/3WP0sla 

စုစုပေါင်း လွတ်မြောက်စာရင်း – bit.ly/3MbC3kd

ထိန်းသိမ်းခံထားရသည့် သေဒဏ်ချမှတ်ခံထားရသူများစာရင်း – https://bit.ly/3BmDPO0 

Email : info@aappb.org

Facebook : https://web.facebook.com/burmapoliticalprisoners/

X : https://x.com/aapp_burma 

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)