၂ဝ၁၅ ခုနှစ်၊ ဇွန်လ၊ နိုင်ငံရေး အကျဉ်းသားများ အခြေအနေပြ လစဉ်အစီရင်ခံစာ

လက်ရှိအခြေအနေ အကျဉ်းချုပ်
ဇွန်လကုန်တွင် မြန်မာနိုင်ငံအတွင်း နိုင်ငံရေးအကျဉ်းသား စုစုပေါင်း ၁၆၉ ဦး ဆက်လက်ဖမ်းဆီး ထိန်းသိမ်းခံနေရပြီး နိုင်ငံရေးတက်ကြွ လှုပ်ရှားသူ စုစုပေါင်း ၄၄၆ ဦးတို့သည် တရားရင်ဆိုင်နေရပါသည်။
တစ်လအတွင်း သုံးသပ်ချက်
ယခုလတွင် နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ၂၄ ဦး တရားစွဲဆိုခံရပြီး ထို ၂၄ ဦးထဲမှ ဘုန်းကြီးတစ်ပါး ဖမ်းဆီးခံထားရပါသည်။ တက်ကြွလှုပ်ရှား သူ ၁ရ ဦး ထောင်ဒဏ်ငွေဒဏ်များ ချမှတ်ခံခဲ့ရကာ၊ နိုင်ငံရေးအကျဉ်း သား ရ ဦး ထောင်ဒဏ်များ ပြီးဆုံးသဖြင့် အကျဉ်းထောင်များမှ ပြန်လည်လွတ်မြောက်ခဲ့ပါသည်။ ထို့အပြင် လက်ရှိအကျဉ်းကျခံ နေရသည့် နိုင်ငံရေးအကျဉ်းသား ၄ ဦး၏ ကျန်းမာရေးအခြေအနေများ ဆိုးရွားနေကြောင်းလည်း သိရှိရပါသည်။
၂၀၁၅ ခုနှစ်၊ ဇွန်လ ၂၅ ရက်နေ့တွင် လွှတ်တော်အတွင်း ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့်စပ်လျဉ်း၍ မဲခွဲဆုံးဖြတ်ခဲ့ကြပြီး၊ ဖွဲ့စည်းပုံ ပြင်ဆင်အတည်ပြုရန်အတွက် မဲအရေအတွက် ၇၅ ရာခိုင်နှုန်း လိုအပ်သော်လည်း ကိုယ်စားလှယ် ၅၃၈ ဦး တက်ရောက်ခဲ့သည့် လွှတ်တော်အတွင်း မဲအရေအတွက် ၆ရ ရာခိုင်နှုန်း ရရှိခဲ့ပါသည်။ စစ်တပ်ကိုယ်စားလှယ်များမှ ၎င်းတို့၏ဗီတိုအာဏာအား မစွန့်လွှတ်ပဲ လွှတ်တော်အတွင်း လွှမ်းမိုးထားကြောင်းကို ထိုရလာဒ်မှ သက်သေပြ လိုက်ခြင်းပင်ဖြစ်သည်။ ထိုဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရန် ပါယ်ချခံလိုက်ရသောကြောင့် အခြား အဓိကကျသည့် နောက်ဆက်တွဲ အကျိုးဆက်များမှာ ၂၀၁၅ ခုနှစ် သမ္မတအဖြစ် ရွေးကောက်ရာတွင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်ယှဉ်ပြိုင်နိုင်ခွင့် မရရန် ဖွဲ့စည်းပုံပြင် ဆင်ရေးအား စစ်တပ်မှ ဆက်လက်၍ တားမြစ်ထားနိုင်ခြင်းပင်ဖြစ်သည်။ သို့သော်လည်း ဖွဲ့စည်းပုံပြင်ဆင်ရေး မဲခွဲဆုံးဖြတ်ပြီးနောက် တိုင်းပြည် ပြုပြင်ရေးအတွက် မည်သူများမှ ပြုလုပ်နေကြောင်းကို ပြည်သူများအ နေဖြင့် ယခုအခါတွင် ရှင်းရှင်းလင်းလင်း သိမြင်နိုင်ခြင်းကြောင့် ထိုကဲ့သို့ မဲရှုံးနိမ့်ခဲ့ရခြင်းသည် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အတွက် အကျိုး အမြတ်များ ရရှိစေကြောင်း ဒေါ်အောင်ဆန်းစုကြည်မှ ပြောကြားသွား ခဲ့ပါသည်။
ဇွန်လ ၁၈ ရက်နေ့တွင် ပြည်သူ့လွှတ်တော်မှ အငြင်းပွါးဖွယ်ရာ ပညာ ရေးဥပဒေအား ပြင်ဆင်မှုကို အတည်ပြုပြဌာန်းခဲ့ပါသည်။ ယခုနှစ်ဦး ပိုင်းတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များမှ တက်ကြွလှုပ်ရှားသူ ကျောင်းသားများအား ထိုပညာရေး ဥပဒေနှင့်စပ်လျဉ်းပြီး ကတိက ဝတ်များပြုခဲ့ပြီး၊ ထိုကတိကဝတ်များကို အလေးထားရန် ပျက်ကွက်ခဲ့ သောကြောင့် ကျောင်းသားများမှ ထိုမဲခွဲ ဆုံးဖြတ်မှုအပေါ် စိတ်ပျက်ခဲ့ ကြရပါသည်။ အစိုးရနှင့်ကျောင်းသားများ ဆွေနွေးစဉ်အတွင်း ပညာရေး ဥပဒေအား ပြုပြင်ရာတွင် အဓိကကျသည့် အချက်အလက်များ ထည့်သွင်းရမည့် သဘောတူညီချက်အတိုင်း ထိုမဲခွဲဆုံးဖြတ်မှုမှ ပြုလုပ်ခဲ့ခြင်း မရှိသောကြောင့် တက်ကြွလှုပ်ရှားသူ ကျောင်းသားတစ်ဦး မှ ပြင်ဆင်ပြဌာန်းခဲ့သော ပညာရေးဥပဒေသည် “အစိုးရနဲ့ ကျောင်းသားတွေ ဆွေးနွေးတုန်းက ကျောင်းသား ခေါင်းဆောင်တွေရဲ့ တောင်းဆိုချက် ၁၁ ချက်နဲ့ အယူအဆရော အနှစ်သာရပါ လုံးဝကွဲပြား ခြားနားနေတယ် သူတို့က သူတို့ရဲ့ ကတိတွေကိုရော သဘောတူညီ ချက်တွေကိုပါ ဖေါက်ဖျက်ခဲ့တယ်” ဟု ပြောကြားခဲ့ပါသည်။
ပညာရေးဥပဒေအား ဆန့်ကျင်ဆန္ဒပြသဖြင့် ၂၀၁၅ ခုနှစ်၊ မတ်လ၊ လက်ပံတန်းမြို့တွင် ဖမ်းဆီးခံရသည့် ကျောင်းသားများနှင့် တက်ကြွ လှုပ်ရှားသူများသည် ဆက်လက် တရားရင်ဆိုင်နေရပါသည်။ ကျောင်းသားများမှ ၎င်းတို့အား အကြမ်းဖက် နှိမ်နင်းခဲ့သည်ကို တုန့်ပြန်သည့်အနေဖြင့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဗ-က-သ) သည် အစိုးရမဟုတ်သော လူ့အခွင့်အရေး အဖွဲ့အစည်း တစ်ခုဖြစ်သည့် Equality Myanmar အဖွဲ့၏အကူအညီဖြင့် ဆန္ဒပြပွဲအား အကြမ်းဖက်ဖြိုခွဲရာတွင် တာဝန်ရှိသည့်ရဲများအား တရားစွဲဆိုရန် ပြင်ဆင် နေကြောင်း သိရှိရပါသည်။ ထိုအဖွဲ့ နှစ်ဖွဲ့မှ သက်သေများ စုဆောင်းပြီး တိုင်တန်းစာရေးသားကာ မြန်မာအမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ ပါဝင်ဆောင်ရွက်ပေးရန် စီစဉ်လျက်ရှိကြောင်းလည်း သိရှိရပါသည်။
ယခုလ အစောပိုင်းတွင် နိုင်ငံရေးအကျဉ်းသားများနှင့် စပ်လျဉ်းသည့် ဥပဒေပုဒ်မများ မပါဝင်သော အကျဉ်းထောင် ဥပဒေကြမ်းအား အစိုးရမှ ထုတ်ပြန်ခဲ့သောကြောင့် နိုင်ငံရေး အကျဉ်းသားဟောင်းများ အုပ်စုမှ နိုင်ငံရေး အကျဉ်းသားများအား အကာအကွယ်ပြုသည့် သီးသန့်ဥပဒေများ ထည့်သွင်း ရေးစွဲပေးရန် တောင်းဆိုခဲ့ကြပါသည်။ လက်ရှိအခြေအနေတွင် အစိုးရမှ အကျဉ်းထောင်အတွင်း နိုင်ငံရေးအကျဉ်းသားများ ရှိနေခြင်းကို အသိအမှတ် ပြုခြင်း မရှိပဲ နိုင်ငံရေး အကျဉ်းသားများအားလည်း ရာဇဝတ်သားများ ကဲ့သို့သာ ဆက်ဆံလျက်ရှိပါသည်။ နိုင်ငံရေး အကျဉ်းသားဟောင်းများ အုပ်စုမှ ဥပဒေအတွင်း ထည့်သွင်းစေချင်သည့် အချက်တစ်ချက်မှာ နိုင်ငံရေးအကျဉ်းသားများအား အလုပ်ကြမ်းပြစ်ဒဏ် ချမှတ်ခြင်း မပြုလုပ်ရန်ဖြစ်ကြောင်း သိရှိရပါသည်။
၂၀၁၅ ခုနှစ်၊ ဇွန်လ ၂၅ ရက်၊ ဧရာဝတီ (အင်္ဂလိပ်)
၂၀၁၅ ခုနှစ်၊ ဇွန် ၁၉ ရက်၊ ဧရာဝတီ (အင်္ဂလိပ်)
၂၀၁၅ ခုနှစ်၊ ဇွန်လ ၁၉ ရက်၊ လွတ်လပ်တဲ့ အာရှအသံ (အင်္ဂလိပ်)
၂၀၁၅ ခုနှစ်၊ ဇွန်လ ၉ ရက်၊ မြန်မာတိုင်းမ် (အင်္ဂလိပ်)
၂၀၁၅ ခုနှစ်၊ ဇွန်လ ၂ရ ရက်၊ လွတ်လပ်တဲ့ အာရှအသံ
ဆက်သွယ်မေးမြန်းရန်
တိတ်နိုင် အတွင်းရေးမှူး +၆၆(၀)၈၁ ၂၈၇၈ ၇၅၁
ဘိုကြည် တွဲဘက်အတွင်းရေးမှူး +၆၆(၀)၈၁ ၉၆၂၈ ၇၁၃
ဒေါင်းလော့ရယူရန် June 2015, Chronology (Bur)