စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ မတ်လ ၁၉ ရက်၊ ၂၀၂၁ ခုနှစ်
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)သည် ယနေ့တွင် ကျဆုံးသွားခဲ့သည့် ရှမ်းပြည်နယ် အောင်ပန်းမြို့၊ ကယားပြည်နယ် လွိုင်ကော်မြို့၊ မန္တလေးတိုင်း မြင်းခြံမြို့တို့မှ အရပ်သားပြည်သူ (၁၀) ဦး၏ အချက်အလက်များကို ကောက်ယူရရှိနိုင်ခဲ့ပါသည်။ ထို့ပြင် ယခင်နေ့ရက်များတွင် ကျဆုံးသွားခဲ့ကြသည့် အရပ်သားပြည်သူ (၁) ဦး၏ အချက်အလက်များကို ထပ်မံရရှိသည့်အတွက် ယမန်နေ့အထိ ကျဆုံးသွားခဲ့သူ (၂၂၅) ဦးရှိခဲ့ပြီး ယနေ့အထိ စစ်အာဏာရှင်တော်လှန်ရေး (နွေဦးတော်လှန်ရေး)ကာလအတွင်း ကျဆုံးခဲ့ရသူစုစုပေါင်း (၂၃၅) ဦး ရှိခဲ့ပြီဖြစ်ပါသည်။ အဆိုပါ အရေအတွက်သည် AAPP မှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး အမှန်တကယ်ကျဆုံးသူများမှာ အဆိုပါအရေအတွက်ထက် ပိုများနေနိုင်ပါသည်။ ထပ်မံကောက်ယူရရှိ လာပါက ဆက်လက် ဖော်ပြပေးသွားပါမည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းပြုချက်များအရ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ မတ်လ ၁၉ ရက်နေ့ထိ စုစုပေါင်း ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသူ (၂၃၃၀) ဦးထိရှိခဲ့ပြီ ဖြစ်သည်။ ၎င်းတို့အနက်မှ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသူ (၁၅) ဦး၊ အမှုဖွင့်ခြင်းခံထားရပြီး ဖမ်းဝရမ်းထုတ်ခြင်းခံ ထားရသောကြောင့် တိမ်းရှောင်နေသူ (၈၇) ဦး နှင့် ပြန်လည် လွတ်မြောက်လာသူ (၃၅၀) ဦးရှိခဲ့သည်။ ထို့ကြောင့် လက်ရှိ အချိန်အထိ (၁၉၈၀) ဦးမှာ ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ယနေ့ထုတ်ပြန်သည့်အဖမ်းအဆီးစာရင်းတွင် ဖမ်းဆီးခြင်းခံရသူ (၇၂) ဦး၏အမည်စာရင်းကိုရရှိခဲ့၍ ထည့်သွင်း မှတ်တမ်းပြု ထားပါသည်။ ဖော်ပြပါအရေအတွက်ထက်ပိုသော ဖမ်းဆီးမှုများရှိသည်ဖြစ်ရာ ဖမ်းဆီးခံများ၏ အချက်အလက်များကို မိမိတို့အနေဖြင့် ဆက်လက်စုံစမ်းလျက်ရှိပြီး ရရှိလာသည့် အချက်အလက်များကို ထုတ်ပြန်ပေးသွားမည်ဖြစ်ပါသည်။
အာဏာသိမ်းမှု ၄ရ ရက်တိုင်ရှိခဲ့ပြီဖြစ်သော်လည်း နိုင်ငံအနှံ့အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများကြောင့် စစ်အုပ်စုသည် ၎င်းတို့၏ နိုင်ငံရေး နှင့် အုပ်ချုပ်ရေးအာဏာကို ထိန်းရန်အတွက် စွမ်းဆောင်နိုင်ခြင်းမရှိသေးပါ။ သို့ဖြစ်၍ ၎င်းတို့ကို ဆန့်ကျင်သူများအား နည်းမျိုးစုံဖြင့် အပြင်းအထန်နှိပ်ကွပ်လျက်ရှိရာ ၎င်းတို့၏လူမဆန်သော လုပ်ရပ်များသည် ပို၍ ဆိုရွားလာပြီး လူသားချင်း စာနာမှုကို ဆန့်ကျင်သော ရာဇဝတ်မှုများအဖြစ်သို့ ကူးပြောင်းခဲ့ပြီဖြစ်သည်။
ယမန်နေ့ (မတ်လ ၁၈) ရက်နေ့က ရဲ နှင့် စစ်သားများမှ အကြောင်းမဲ့ရန်စ၍ ဖမ်းရန်လိုက်လာသောကြောင့် အမျိုးသား (၁) ဦးသည် အိမ်တွင်း၌ ပုန်းအောင်းနေခဲ့ရာ သေနတ်ကို မောင်းတင်ထားပြီး အဆိုပါအမျိုးသားထွက်လာခြင်းမရှိပါက မွေးကင်းစကလေး နှင့် မိခင်တို့အား ပစ်သတ်မည်ဟု ခြိမ်းခြောက်ခဲ့သည်။ အမျိုးသမီးများ၊ ကိုယ်ဝန်ဆောင် အမျိုးသမီးများ၊ မိခင်များ နှင့် ကလေးများသည် အထူးကာကွယ် စောင့်ရှောက်ရမည့် အုပ်စုတွင်ပါဝင်သော်လည်း ၎င်းတို့သည် ကာကွယ်စောင့်ရှောက်မှုကင်းမဲ့နေပြီး ခြိမ်းခြောက်မှုများအား ရင်ဆိုင်နေရကာ အချိန်မရွေး အန္တရာယ် ကျရောက်လာနိုင်သည့်အခြေအနေတွင်ရှိနေသည်။ မြန်မာနိုင်ငံသည် အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှု ပပျောက်ရေး သဘောတူစာချုပ် (CEDAW) ကို ၁၉၉ရ ကတည်းက အတည်ပြု လက်မှတ်ရေးထိုးသော်လည်း စာချုပ်ပါ အချက်များကို လိုက်နာဆောင်ရွက်ရန် ပျက်ကွက်ဆဲဖြစ်သည်။ အထူးသဖြင့် လက်နက်ကိုင်တိုက်ပွဲများဖြစ်ပွားရာ ဒေသများအတွင်း၌ ဖြစ်သည်။
လူသားဒိုင်းကာအဖြစ်အသုံးပြုခြင်းကို မည်သည့်နိုင်ငံကမျှခွင့်ပြုထားခြင်းမရှိသော်လည်း စစ်အာဏာရှင်တို့ကြီးစိုးရာ နိုင်ငံများ၌ ကျင့်သုံးလျက်ရှိသည်။ မြန်မာနိုင်ငံတွင်း၌ အာဏာရှင်အဆက်ဆက် စစ်မက်ဖြစ်ပွားရာ ဒေသများ၌ တိုင်းရင်းသားများကို လူသားဒိုင်းကာသဖွယ်အသုံးပြုခဲ့ပြီး ထိုအလေ့အား ယခုဆန္ဒထုတ်ဖော်မှုများကို နှိမ်နှင်းရန် စတင် အသုံးပြုလာသည်ကို တွေ့ရှိရသည်။ ယမန်နေ့က ရန်ကုန်မြို့၊ လှိုင်မြို့နယ်၌ ရဲ နှင့် စစ်သားများမှ ဖမ်းဆီးထားသူများအနက်မှ သုံးဦးကို လူသားဒိုင်းကာသဖွယ် အသုံးပြု၍ ဘူတာရုံလမ်း သပိတ်စခန်းကို စီးနင်းခဲ့သည်။ ဖမ်းဆီးထားသူများကို ဓားစာခံ၍ လူသားဒိုင်းကာအဖြစ်အသုံးပြုခြင်းသည် အလွန်အမင်း လူမဆန်သော လုပ်ရပ်ဖြစ်ပြီး ပြင်းထန်သော ချိုးဖောက်မှု ဖြစ်သည်။ ထို့ပြင် စစ်အုပ်စုသည် ပြင်းထန်သော လူ့အခွင့်အရေးချိုးဖောက်မှုများကို ကျူးလွန်သည်ဟု နံမည်ဆိုးထွက်လျက်ရှိသော တပ်မ ၇ရ ကို ရန်ကုန်မြို့တွင် အခြေစိုက်ထားခြင်းကလည်း ဆန္ဒထုတ်ဖော်ပွဲများ အားကောင်းသည့်မြို့များကို အဓိကထား ဖြိုခွင်းရန် ရည်ရွယ်ခြင်းဖြစ်သည်။ ယနေ့တွင် တပ်မ ၇ရ လက်အောက်ခံစစ်သားများမှ ရန်ကုန်မြို့၊ သုဝဏ္ဏမြို့နယ်၊ ကမာကြည်၌ ဆိုင်များ နှင့် ပြည်သူများပြုလုပ်ထားသော အကာအကွယ်များကို မီးရှို့ဖျက်ဆီးခဲ့ပြီး စားစရာများကို လုယက်ယူငင်ခဲ့ကြသည်။
ယနေ့တွင် ၎င်းတို့သည် ပြည်သူများကို ဖမ်းဆီးထားချိန်၌ လူမဆန်စွာ ညှင်းပန်းနှိပ်စက်ခဲ့ကြသည်။ တာမွေမြို့၊ သတိပဌာန်လမ်း၌ ရဲများမှ ဖမ်းဆီးထားသည့် အမျိုးသား (၂) ဦးကို သဲအိတျထမျးခိုငျးခဲ့ပွီး အမြိုးသား (၁) ဦးမှာ ဆကျလကျ ထမျးနိုငျခွငျးမရှိကွောငျး ပွောဆိုရာ ရိုကျနှကျ၍ တှားသှား သှားခိုငျးခွငျးကို လမ်းမထက်၌ပင် ကျူးလွန်ခဲ့သည်။
ထို့ပြင် ရဲနှင့် စစ်သားများမှ လုယက်ခြင်း၊ အများပိုင် နှင့် ပုဂ္ဂလိကပိုင်ပစ္စည်းများကို ဖျက်ဆီးခြင်းတို့ကို အထိန်းအကွပ်မဲ့ နေ့စဉ်ရက်ဆက် ကျူးလွန်လျက်ရှိသည်။ ယမန်နေ့က ၎င်းတို့သည် ရန်ကုန်တိုင်း၊ တွံတေးမြို့နယ်ရှိ ကျေးရွာများအတွင်းကို ဝင်ရောက်၍ သိန်းရာချီသည့်ပစ္စည်းများကို လုယက်ယူငင်သွားခဲ့သည်။ ထို့ပြင် ယမန်နေ့ညက သင်္ဃန်းကျွန်းမြို့နယ်၌လည်း ပုဂ္ဂလိကပိုင် ကားများကို ရိုက်ခွဲ၍ ပစ်သတ်မည်ဟုခြိမ်းခြောက်၊ ဆဲဆိုခဲ့သည်အပြင် ရွှေဂုံတိုင်ရှိ SSC (အမျိုးသမီးစင်တာ) ကိုလည်း အကြောင်းမဲ့ ပစ်ခတ်သွားခဲ့သည်။
ပြည်သူများသည် အကြမ်းဖက် ဖြိုခွင်းမှုများအတွင်း နှင့် အကြောင်းမဲ့ ပစ်ခတ်မှုများအတွင်း နေ့စဉ်နှင့်အမျှ သေဆုံး၊ ဒဏ်ရာရရှိခဲ့သည်။ ယမန်နေ့ (မတ်လ ၁၈) ညအချိန်၌ ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ် နှင့် မန္တလေးတိုင်း မန္တလေးမြို့တို့၌ လူနေရပ်ကွက်များအတွင်း အကြောင်းမဲ့ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းကြောင့် အမျိုးသမီး (၁) ဦးအပါအဝင် အရပ်သားပြည်သူ (၂) ဦး ကျဆုံးခဲ့ရပြီး ဒေါပုံမြို့နယ်၌ အမျိုးသား (၄) ဦး ဒဏ်ရာရရှိခဲ့သည်။
ယနေ့ (မတ်လ ၁၉) ရက်နေ့တွင်လည်း ရန်ကုန်တိုင်း သာကေတမြို့နယ်၊ ရှမ်းပြည်နယ် အောင်ပန်းမြို့၊ ကယားပြည်နယ်၊ လွိုင်ကော်မြို့တို့ကို အပြင်းအထန်ဖြိုခွင်းခဲ့သည်။ သာကေတမြို့နယ်၌ အမျိုးသား (၃) ဦးသည် ကျည်အစစ်ဖြင့်ပစ်ခတ်ခြင်းခံခဲ့ရသောကြောင့် စိုးရိမ်ရသော အခြေအနေတွင် ရှိသည်။ ထို့ပြင် အမျိုးသား (၁) ဦးသည် ပစ်ခတ်ခြင်းခံရ၍ လဲကျသွားချိန်တွင် ဒရွတ်တိုက်ဆွဲ၍ ခေါ်ဆောင်သွားခြင်းခံခဲ့ရသည်။ ၎င်းပြင် ပြည်သူ (၅) ဦးထက်မနည်း ရိုက်နှက်ဖမ်းဆီးခြင်း ခံထားရသည်။
● လွိုင်ကော်မြို့တွင်လည်း အမျိုးသား (၁) ဦးကျဆုံးသွားခဲ့ပြီး သားဖွားဆရာမ (၁) ဦး ဒဏ်ရာရရှိခဲ့သည်။
● အောင်ပန်းမြို့၌ အရပ်သားပြည်သူ (၈) ဦးကျဆုံးသွားခဲ့သည်ဟု ကနဦးသိရှိရပြီး အပြင်းအထန် ဒဏ်ရာရရှိသူ များလည်းရှိကြောင်းသိရှိရသည်။ ကျဆုံးသူအရေအတွက်မှာ တိုးလာနိုင်ကြောင်းလည်း သိရှိရသည်။
လူသားခြင်းစာနာမှုကင်းမဲ့သည့် ရာဇဝတ်မှုများကို အလွန်ဆိုးရွားစွာ ကျူးလွန်လျက်ရှိသည့် စစ်အုပ်စု၏ လုပ်ရပ်များကို တားဆီးနိုင်ခြင်းမရှိသေးခြင်းကြောင့် ပြည်သူများသည် နေ့စဉ်နှင့်အမျှ ခြိမ်းခြောက်မှုများကို ရင်ဆိုင်နေကြရသည်။ ထို့ကြောင့် ၎င်းတို့၏ လုပ်ရပ်များကို အမြန်ဆုံးရပ်တန့်နိုင်ရန် နိုင်ငံတကာအသိုက်အဝန်းမှ ထိရောက်သောနည်းများဖြင့် ကြားဝင်ဆောင်ရွက်ပေးပါရန် တိုက်တွန်းအပ်ပါသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ လက်ရှိအခြေအနေများကို နေ့စဉ် စောင့်ကြည့် မှတ်တမ်းတင်သွားမည်ဖြစ်ပြီး စစ်အာဏာသိမ်းမှုနှင့်ပတ်သက်၍ ဖမ်းဆီး၊တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခြင်းခံထားရသူများ၏ စာရင်းကို နေ့စဉ်ထုတ်ပြန်သွားမည်ဖြစ်သည်။
အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ CDM လှုပ်ရှားနေသည့် ဝန်ထမ်းများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို ဖမ်းဆီး၊ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရသည်ကို သိရှိပါက အောက်ပါလိပ်စာများသို့ ဆက်သွယ်၍ အသိပေး၊ အကြောင်းကြား နိုင်ပါသည်။
ဥပဒေပိုင်းဆိုင်ရာအကူအညီလိုအပ်ပါကလည်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) မှ ကိုအောင်ကြီး၊ ဖုန်း – ဝ၉၄၅၁၅၂၉၀၀ဝ နှင့် တရားလွှတ်တော်ရှေ့နေ ဒေါ်ခင်သီတာလဲ့လဲ့ထွန်း၊ ဖုန်း – ဝ၉၇၇၄၀၈၁၅၈၅ တို့အား ဆက်သွယ်နိုင်ပါသည်။

“အရေးတော်ပုံအောင်ရမည်”

Email :   info@aappb.org

Facebook : https://web.facebook.com/burmapoliticalprisoners/

Twitter : https://twitter.com/aapp_urma

မတရားဖမ်းဆီးခံထားရသူများစာရင်းဒေါင်းလော့ရယူရန်Total Detention, Charge and Fatality Lists (Last Updated on 19 March 2021) KSO
အကြမ်းဖက်မှုကြောင့်ကျဆုံးရသူများစာရင်းTotal Fatality Lists (Last Updated on 19 March 2021) KSO