စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ ဖေဖော်ဝါရီလ ၂၈ ရက်၊ ၂၀၂၁ ခုနှစ်
ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေးတို့အတွက် အသက်ခန္ဓာရင်း၍ တိုက်ပွဲဝင်ရင်း ကျဆုံးသွားခဲ့သော သူရဲကောင်းများအား မိမိတို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ အလေးအနက် မှတ်တမ်းတင်ဂုဏ်ပြု အပ်ပါသည်။
ယနေ့အဖမ်းအဆီးစာရင်းတွင် မိမိတို့အနေဖြင့် ယခုအချိန်အထိ ဖမ်းဆီးခြင်းခံရသူ (၂၇၀) ဦး၏အမည်စာရင်းကိုရရှိခဲ့၍ မှတ်တမ်းပြုထားပါသည်။ သို့သော်လည်း ရန်ကုန်မြို့အပါအဝင် အခြားဒေသအသီးသီး၌ တစ်ထောင်ဝန်းကျင်ခန့်သော ပြည်သူများသည် ဖမ်းဆီးခြင်းခံခဲ့ရသည်။ မိမိတို့အနေဖြင့် ဆက်လက်စုံစမ်းလျက်ရှိပြီး ရရှိလာသည့်အချက်အလက်များကို ဆက်လက် ထုတ်ပြန်ပေးသွားမည်ဖြစ်ပါသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းပြုချက်များအရ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ထိ စုစုပေါင်း ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသူ (၁၁၃၂) ဦးထိရှိခဲ့ပြီ ဖြစ်သည်။ ၎င်းတို့အနက်မှ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသူ (၄) ဦး၊ အမှုဖွင့်ခြင်းခံထားရပြီး ဖမ်းဝရမ်းထုတ်ခြင်းခံထားရသောကြောင့် တိမ်းရှောင်နေသူ (၆၁) ဦး နှင့် ပြန်လည် လွတ်မြောက်လာသူ (၂၉၉) ဦးရှိခဲ့သည်။ ထို့ကြောင့် လက်ရှိ အချိန်အထိ (၈၃၃) ဦးမှာ ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ယနေ့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ထိ မတရားအကြမ်းဖက်ဖြိုခွင်းခြင်းခံခဲ့ရ၍ ကျဆုံးသွားခဲ့သူ (၃၀) ဝန်းကျင်ခန့်ရှိနေပြီဖြစ်သည်။
ယနေ့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ ပြည်သူများသည် စစ်အာဏာရှင်ကို ဆက်လက်ဆန့်ကျင် တိုက်ပွဲဝင်ခဲ့ကြသည်။ ရဲယူနီဖောင်းဝတ်ထားသည့် စစ်သားများနှင့်တကွ ရဲများ၊ လူရမ်းကားများက စစ်တလင်းတွင် အသုံးပြုသည့် လက်နက်များကိုင်ဆောင်ကာ လက်နက်မဲ့ပြည်သူများအား အကြမ်းဖက်ခဲ့ကြသည်ကို များစွာသော ဖြစ်စဉ်များမှ ထင်ရှားစွာ ထုတ်ဖော်ပြသလျက်ရှိသည်။ ၎င်းတို့သည် ကျည်အစစ်များ၊ မျက်ရည်ယိုဗုံးများ၊ အသံဗုံးများ၊ တုတ်၊ ရေကား၊ အချုပ်ကားများဖြင့် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်လျက်ရှိသော ပြည်သူများအား ချိန်ရွယ်ပစ်ခတ်ခဲ့ကြသည်။
မြို့နယ်၊ မြို့ကြီးများတွင် လက်နက်မဲ့ ဆန္ဒပြပြည်သူများသာမက လမ်းသွားလမ်းလာများသည်လည်း တိုက်ခိုက်ခြင်းခံနေရ သည်။ ယနေ့တွင် ရန်ကုန်၊ မန္တလေး၊ ထားဝယ်၊ မကွေး၊ ပဲခူး၊ ပခုက္ကူ၊ ကျောက်ဆည် နှင့် မော်လမြိုင်မြို့များမှ လူငယ်လူရွယ်များအပါအဝင် ၂ဝ ဝန်းကျင်ခန့်သည် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ရင်း ကျဆုံးခဲ့ရသည်။ ထို့ပြင် ယနေ့တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ခန့်မှန်းခြေ ၂၀ဝ ဝန်းကျင်ခန့် ထိခိုက်ဒဏ်ရာ ရရှိကြသည်။
သေဆုံးမှု၊ ဒဏ်ရာရရှိသည့် ပြည်သူအရေအတွက်များမှာ ဆက်လက်တိုးမြှင့်လာနိုင်ပြီး ပြည်သူများ၏ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအနေအထားမှာလည်း ယိုယွင်းလျက်ရှိကာ နိုင်ငံတကာအသိုက်အဝိုင်း၏ ဝင်ရောက်ဖြေရှင်းမှုလည်း ကင်းမဲ့ဆဲ ဖြစ်သည်။ ထို့ပြင် စစ်အုပ်စု၏ လက်ကိုင်တုတ်ရဲများသည် ဖမ်းဆီးခံပြည်သူများအား ပြန်လွှတ်ရန်အတွက် ငွေညှစ်ခြင်းများ ကိုလည်း ပြုလုပ်လျက်ရှိကြောင်း သိရှိရသည်။ ထိုကဲ့သို့ ပြုလုပ်ခြင်းသည် ရာဇဝတ်မှုမြောက်သည်။ လက်ရှိ အာဏာသိမ်းစစ်အုပ်စုသည် အကျင့်ပျက်ခြစားမှုဖြစ်အောင် လှုံ့ဆော်နေပြီး သည်လုပ်ရပ်ကို ပဋိပက္ခဖြစ်ပွားရာ နေရာများရှိ စစ်တပ်လှုပ်ရှားမှုများတွင်လည်း တွေ့မြင်နိုင်သည်။ ဖြစ်ပျက်နေသည်မှာ စစ်တပ်နှင့်ရဲများက ဖမ်းဆီးနိုင်သလောက် ငွေတောင်း၍ရွေးခိုင်းကာ တွေ့သမျှ ယူဆောင်နိုင်သည့် (လမ်းတွင် ရပ်ထားသည့် ဆိုင်ကယ်၊ စက်ဘီးများ) ပုံစံဖြစ်နေသည်။ စစ်အာဏာရှင်လက်ကိုင်တုတ် ရဲများသည် ဖြိုခွင်းခံဆန္ဒပြသူများထံမှ အစားအသောက်၊ ရေ များကို ရည်ရွယ်ချက်ရှိရှိ ခိုးယူဆောင်သည်ကိုတွေ့ရသည်။ ရဲများ၊ စစ်သားများ၊ လူရမ်းကားများသည် ဆာလောင်၍ ပင်ပန်းပုံပေါ်လျက်ရှိအောင်ထား ရှိခြင်းက ပိုမိုကြမ်းတမ်းမှုကို ဖြစ်စေသကဲ့သို့ ရှိသည်။
စစ်အာဏာရှင်စနစ်၏ ရက်စက်လှသော ဖိနှိပ်မှုများကြောင့် ငြိမ်းချမ်းစွာဆန္ဒပြမှုအသွင်သည်လည်း တနည်းတဖုံလိုက်လျော ညီထွေစွာ တန်ပြန်ကာကွယ်ရန် လိုအပ်လာသည်။ တစ်ရက်ပြီးတစ်ရက် ဆန္ဒပြသူများအား အကြမ်းဖက်အုပ်စု၏ အကြမ်းဖက်မှုများသည် တိုးတိုးလာနေသည်။ တန်ပြန်ကာကွယ်မှုအနေဖြင့် ဆန္ဒပြသူများသည်လည်း အတားအဆီး၊ အပိတ်အဆို့များပြုလုပ်ကာ စစ်အာဏာသိမ်းအုပ်စု၏ ရဲကား၊ စစ်ကားများ မလာနိုင်အောင် ပြုလုပ်ခြင်း၊ အကာကွယ်ကိရိယာများ ဝတ်ဆင်ကာ ပြည်သူချင်း စောင့်ရှောက်မှုများ ပြုလုပ်ခြင်းကို တွေ့ရှိရသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ လက်ရှိအခြေအနေများကို နေ့စဉ် စောင့်ကြည့် မှတ်တမ်းတင်သွားမည်ဖြစ်ပြီး စစ်အာဏာသိမ်းမှုနှင့်ပတ်သက်၍ ဖမ်းဆီး၊တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခြင်းခံထားရသူများ၏ စာရင်းကို နေ့စဉ်ထုတ်ပြန်သွားမည်ဖြစ်သည်။
အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ CDM လှုပ်ရှားနေသည့် ဝန်ထမ်းများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို ဖမ်းဆီး၊ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရသည်ကို သိရှိပါက အောက်ပါလိပ်စာများသို့ ဆက်သွယ်၍ အသိပေး၊ အကြောင်းကြား နိုင်ပါသည်။
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
Twitter : https://twitter.com/aapp_burma

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)

နေ့စဉ်ထုတ်ပြန်ချက်ဒေါင်းလော့ရယူရန် 28-Feb-2021 Update (Information)

အာဏာသိမ်းပြီးတရားမဲ့ဖမ်းဆီးခံထားရသူများစာရင်း Recent Arrests List (Last Updated on 28 Feb 21)

ရကျစှဲ ဖဖေောျဝါရီလ ၂၈ ရကျ၊ ၂၀၂၁ ခုနှဈ











Email :   info@aappb.org

Facebook : https://web.facebook.com/burmapoliticalprisoners/

Twitter : https://twitter.com/aapp_burma


Download link for daily report 28-Feb-2021 Update (Information)
