နိုင်ငံရေးယုံကြည်ချက်အရ ဥပဒေနှင့်အညီ ဆန္ဒထုတ်ဖော်မှုကြောင့် အရေးယူခံထားရသူများကို နိုင်ကျဉ်းအဖြစ် သတ်မှတ်ကြောင်း ဦးဇော်ဌေးဆို အဆိုပါ နိုင်ကျဉ်းသတ်မှတ်ချက်မှာ နိုင်ငံရေးပြက်လုံးလိုဖြစ်နေကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်းများ အဖွဲ့ပြော

  နိုင်ငံရေးယုံကြည်ချက် အရ ဥပဒေနှင့်အညီ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်မှုကြောင့် အရေးယူခံထားရသူများကို နိုင်ကျဉ်းအဖြစ် သတ်မှတ်ကြောင်း သမ္မတပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောသည်။

 

ဇန်နဝါရီ ၈ ရက်က ပြုလုပ်သည့် သမ္မတရုံး သတင်းစာရှင်း လင်းပွဲတွင် နိုင်ငံရေးအကျဉ်းသားအဓိပ္ပာယ်ဖွဲ့ဆိုချက်နှင့် ပတ်သက် ပြီး ပြောဆိုခဲ့ခြင်းဖြစ်သည်။ 

‘‘NLD အစိုးရသစ်တက်လာ စက ပြောထားတာရှိတယ်။ နိုင်ငံရေးအကျဉ်းသားဆိုတာ နိုင်ငံရေးယုံကြည်ချက်၊ ဥပဒေနဲ့အညီ လွတ်လပ်စွာ ဆန္ဒဖော်ထုတ်မှုကြောင့် အရေးယူခံထားရတဲ့သူတွေ၊ ကျန် တဲ့ ဥပဒေချိုးဖောက်တဲ့အပိုင်းက နိုင်ငံရေး အကျဉ်းသားနဲ့မဆိုင် ဘူး’’ဟု ဦးဇော်ဌေးက ပြောသည်။

ထို့အပြင် ၂၀၁၆ အောက်တို ဘာလအတွင်းက ၁၉၅၀ ပြည့်နှစ် အရေးပေါ်စီမံမှု အက်ဥပဒေနှင့် ၁၉၇၅ ခု နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေး အန္တရာယ်မှ ကာကွယ်စောင့် ရှောက်ရေးဥပဒေကို ဖျက်သိမ်းပြီး လွတ်ငြိမ်းချမ်းသာခွင့်ပေး လိုက်သည့် နိုင်ငံရေးအကျဉ်းသား များ၏ ကတိခံဝန်များကို ဖျက်ပေးခဲ့ကြောင်း ဦးဇော်ဌေးက ပြော သည်။

‘‘အဓိက ပုံမှန်လွှတ်တာက မြန်မာနှစ်ဆန်းတစ်ရက်နေ့မှာ နှစ်တိုင်း ပုံမှန်လွှတ်တယ်။ မြန်မာ့ရိုးရာ အစဉ်အလာအရ နှစ်ဆန်း တစ်ရက်နေ့က အဓိက ဖြစ်ပါ တယ်။ လွတ်လပ်ရေးက အဓိက မဟုတ်ပါဘူး’’ဟု ဦးဇော်ဌေးက ပြောသည်။

ယခုကဲ့သို့ ဦးဇော်ဌေးပြော ဆိုခဲ့သည့်ကိစ္စနှင့် ပတ်သက်ပြီး နိုင်ငံရေး အကျဉ်းသားဟောင်း များအဖွဲ့ ဦးဆောင်ကော်မတီဝင် ဦးထွန်းကြည်က ‘‘သူပြောဆိုချက် က ဥပဒေရှုထောင့်အရပြောရင် ကျိုးကြောင်းဆီလျော်မှု အားနည်းတယ်လို့ ရှုမြင်တယ်။ ဥပဒေနဲ့ညီမှတော့ ဘယ်လိုလုပ်ဖမ်းလို့ရမတုံး။ ဥပဒေနဲ့ညီတဲ့သူ အဖမ်းခံရတာ နိုင်ကျဉ်းဆိုရင် စဉ်းစားကြည့်။ ဒါက နိုင်ငံရေး ပြက်လုံးလိုဖြစ် နေတာ’’ဟု ပြောသည်။ 

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း အနေဖြင့် နိုင်ငံရေးပုဒ်မများဖြစ် သည့် ပုဒ်မ ၅(ည)၊ ၁၀(က) (ခ)တို့ဖြင့် စွဲဆိုထားသည့် အမှုများပါဝင်ခြင်းမရှိဘဲ နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ်ဖွင့်ဆိုရာတွင် NLD ပါတီဝင်များ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများ၊ ဥပဒေပညာရှင်များဖြင့် ဖွဲ့ဆိုထားသည့် အဓိပ္ပာယ်ဖွင့်ဆိုချက်များကိုလည်း အစိုးရအနေဖြင့် သေချာစွာလေ့လာထား ရန် AAPP ပြောရေးဆိုခွင့်ရှိသူ ဦးအောင်မျိုးကျော်က ပြောသည်။

‘‘ဒီလို နိုင်ကျဉ်းနဲ့ပတ်သက် ပြီးတော့ အငြင်းပွားစရာ မဖြစ်ဖို့အတွက် လွှတ်တော်နဲ့ အစိုးရကနေပြီးတော့ တရားဝင် ပြဋ္ဌာန်းနိုင်ဖို့ ကြိုးစားပေးဖို့အတွက် တိုက်တွန်းပါတယ်’’ဟု ဦးအောင်မျိုးကျော်က ပြောသည်။ 

၂၀၂၀ တစ်နှစ်လုံးတွင် နိုင်ငံရေးအကျဉ်းသားအဖြစ် ဖမ်းဆီးခံ ထားရသူ ၈၉၉ ဦးထိ ရှိခဲ့သည်ဟု AAPP က ထုတ်ပြန်ထားသည်။

7 days News မှသတင်းအားပြန်လည်ကူးယူဖော်ပြပါသည်။