အေအေပီပီမှ နိုဝင်ဘာလအတွက်လစဉ်သတင်းလွှာ

 

ဟောပြောဆွေးနွေးပွဲများပြုလုပ်ခြင်း

သန်လျင်လူငယ်သင်တန်းကျောင်းရှိ လူငယ်များကို စိတ်ခွန်အားဖြစ်စေမည့် အကြောင်းအရာများကို ဟောပြော

ဟောပြောဆွေးနွေးပွဲများပြုလုပ်ခြင်း

မိမိကိုယ်ကိုမိမိစောင့်ရှောက်ခြင်းနှင့် စိတ်ဓါတ်ခွန်အားမြှင့်တင်ရေး ဟောပြောပွဲများ ပြုလုပ်ခြင်း 

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) သည် ကိုဗစ်-၁၉ ဒုတိယလှိုင်းကာလတွင် စိတ်ခွန်အား ဖြစ်စေမည့် အကြောင်းအရာများကို ကွာရန်တင်းစင်တာများ၌ လည်းကောင်း၊ လူငယ်သင်တန်းကျောင်းများ၌ လည်းကောင်း ဟောပြောပွဲများပြုလုပ်၍ ဆက်လက်ဟောပြော ပို့ချပေးလျက်ရှိ သည်။ 

နိုဝင်ဘာလ ၂၃ ရက်နေ့ နေ့လည်ပိုင်းအချိန်တွင် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ  အဖွဲ့ဝင်များသည် ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်ရှိ အမှတ် (၇) အလယ်တန်းကျောင်း၌ ဖွင့်လှစ်ထားသည့် ကွာရန်တင်းစင်တာ၌  ကွာရန်တင်း ဝင်နေကြသည့် အမျိုးသား ၂၅ ဦးနှင့် အမျိုးသမီး ၄၆ ဦး တို့အားလည်းကောင်း၊ ညနေပိုင်းအချိန်တွင် အမှတ် (၃၇) အလက (ခွဲ)ရှိ ကွာရန်တင်းစင်တာ၌ ကွာရန်တင်းဝင်နေကြသည့် အမျိုးသား ၁၉ ဦးနှင့် အမျိုးသမီး ၁၈ ဦးတို့အားလည်းကောင်း

စိတ်ခွန်အားပြည့်ဝစေရန် ဟောပြောအားပေးခဲ့သည်။ အဆိုပါ ဟောပြောပွဲများ တွင် AAPP ၏ ရန်ကုန်ရုံးတာဝန်ခံ

ဦးအောင်မျိုးကျော်မှ မိတ်ဆက်စကားပြောကြားခဲ့ပြီး စာရေးဆရာမလည်းဖြစ်၊ AAPP ၏ နှစ်သိမ့်ဆွေးနွေးပေးသူ လည်းဖြစ်၊ နိုင်ငံရေးအကျဉ်းသားဟောင်းမိသားစုဝင်လည်း ဖြစ်သည့် ဆရာမ နှင်းပန်းအိမ်မှ  ဟောပြောခဲ့သည်။ 

နိုဝင်ဘာလ ၁၇ ရက်နေ့တွင် AAPP အဖွဲ့ဝင်များသည်  နံနက် ၁၀ နာရီခွဲမှ ညနေ ၄ နာရီအထိ သန်လျင်လူငယ် သင်တန်းကျောင်းရှိ လူငယ်များအား စိတ်ခွန်အားဖြစ်စေမည့် ဟောပြောပွဲများ ကို ကိုဗစ်-၁၉ ကပ်ရောဂါ အခြေအနေအရ သုံးကြိမ်ခွဲ ၍  ကျင်းပပြုလုပ်ခဲ့သည်။ ဟောပြောပွဲတွင် AAPP ၏ ရန်ကုန်ရုံးတာဝန်ခံ ဦးအောင်မျိုးကျော်မှ မိတ်ဆက်စကား ပြောကြားခဲ့ပြီး ဆရာမ နှင်းပန်းအိမ်မှ စိတ်ခွန်အားဖြစ်စေမည့် အကြောင်းအရာများကို သုတရသစုံလင်စွာဖြင့် ဟောပြော ပေးခဲ့သည်။ ဟောပြောပွဲများသို့ ရန်ကုန်တောင်ပိုင်းခရိုင်၊ လူမှုဝန်ထမ်းဦးစီးဌာနခရိုင်ဦးစီးမှူး၊ ကျောင်းအုပ်ဆရာကြီး၊ ဆရာများနှင့် ကျောင်းသား ၃၆၄ ဦး တက်ရောက်ခဲ့သည်။ အဆိုပါဟောပြောပွဲများအား ကျောင်းအုပ်ဆရာကြီး ဦးသစ္စာ၏ စီစဉ်ပေးမှုဖြင့် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။

သင်တန်းပို့ချခြင်း

Naushawng Development Institute (NDI)မှ သင်တန်းသားများကို အသွင်ကူးပြောင်းရေးဆိုင်ရာတရားမျှတမှု အခြေခံသင်တန်း ပို့ချခြင်း 

Naushawng Development Institute (NDI) ၏ ဖိတ်ကြားချက်အရ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ သင်တန်းနည်းပြ ကိုဝဏ္ဏနွယ်သည် အသွင်ကူးပြောင်းရေးဆိုင်ရာတရားမျှတမှု အခြေခံသင်တန်းကို နိုဝင်ဘာလ ၂၃ ရက်နေ့ မှ နိုဝင်ဘာလ ၂၄ ရက်နေ့ထိ အွန်လိုင်းမှတစ်ဆင့် ပို့ချပေးခဲ့သည်။ အဆိုပါ သင်တန်းကို Naushawng Development Institute (NDI)မှ သင်တန်းသား ၂၇ ဦး တက်ရောက်ခဲ့သည်။ 

The Wings Institute မှ သင်တန်းသူ/သားများကို အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှု သင်တန်း ပို့ချခြင်း

The Wings Institute ၏ ဖိတ်ကြားချက်အရ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) ၏ သင်တန်းနည်းပြ ကိုတင်မျိုးထွဋ်သည် အသွင်ကူးပြောင်းရေး ဆိုင်ရာတရားမျှတမှုသင်တန်းကို နိုဝင်ဘာလ 14 ရက်နေ့မှ နိုဝင်ဘာလ 16 ရက်နေ့အထိ အွန်လိုင်းမှတစ်ဆင့် ပို့ချခဲ့သည်။ အဆိုပါသင်တန်းကို သင်တန်းသူ (၈) ဦး နှင့် သင်တန်းသား (၇) ဦး၊ စုစုပေါင်း (၁၅) ဦး တက်ရောက် ခဲ့သည်။

လူ့အခွင့်အရေး၊ လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းတင်ခြင်း၊ ဒစ်ဂျစ်တယ်လုံခြုံရေး၊ အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှု နှင့် တိုင်ကြားမှုယန္တရား သင်တန်းပို့ချခြင်း

လူ့အခွင့်အရေး၊ လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းတင်ခြင်း၊ ဒစ်ဂျစ်တယ်လုံခြုံရေး၊ အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှု နှင့် တိုင်ကြားမှုယန္တရား သင်တန်းကိုပို့ချ

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ လူ့အခွင့်အရေး၊ လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်း တင်ခြင်း၊ ဒစ်ဂျစ်တယ်လုံခြုံရေး၊ အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှု နှင့် တိုင်ကြားမှုယန္တရားသင်တန်းကို အွန်လိုင်းမှ တစ်ဆင့် နိုဝင်ဘာလ ၁၇ ရက်နေ့ မှ နိုဝင်ဘာလ ၂၈ ရက်နေ့အထိ (၁၂) ရက်တာ ပို့ချပေးခဲ့သည်။ သင်တန်း၌ သင်တန်းနည်းပြများအဖြစ် ကိုဝဏ္ဏနွယ် နှင့် ကိုကျော်ဦးတို့မှ သင်တန်းပို့ချပေးခဲ့သည်။ သင်တန်းကို သင်တန်းသူ (၁၁) ဦးနှင့် သင်တန်းသား (၄) ဦး၊ စုစုပေါင်း (၁၅) ဦး တက်ရောက်ခဲ့ကြပြီး ၎င်းတို့သည် တအာင်းကျောင်းသား နှင့် လူငယ်သမဂ္ဂ (TSYU)၊ အောက်မြန်မာပြည် ကချင်နှစ်ခြင်းခရစ်ယာန်အသင်း၊ တအာင်း အမျိုးသမီးအဖွဲ့အစည်း (TWO)၊ Wa Baptist Conversation Omega Clinic၊ ရွက်စိမ်းနု၊ ဝလူငယ်၊ ဝမစ်ရှင်ကျောင်း၊ ခေတ်အလင်းရောင်အသင်း၊ ဟင်္သာတ ကွန်ပြူတာတက္ကသိုလ် ကျောင်းသားများသမဂ္ဂ၊ ဟင်္သာတတက္ကသိုလ် ကျောင်းသားများ သမဂ္ဂ နှင့် စိတ်ထားဖြူ-အောက်ဆီဂျင် တို့မှ အဖွဲ့ဝင်များ နှင့် ကျောင်းသား၊ ကျောင်းသူများဖြစ်ကြသည်။ ထို့ပြင် သင်တန်း တက်ရောက်သူများသည် ဗမာ၊ ဝ၊ တအာင်း၊ ကချင်၊ ချင်း၊ ရှမ်း နှင် ရှမ်း-ဗမာ တိုင်းရင်းသားများ ဖြစ်ကြသည်။

သင်တန်းပို့ချရခြင်း၏ ရည်ရွယ်ချက်သည် ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေးတွင် ပါဝင်ကြသူများကို အားပေး မြှင့်တင်ရန် နှင့် အသိပညာများရရှိလာရန် ရည်ရွယ်၍ စွမ်းဆောင်ရည် မြှင့်တင်ပေးခြင်းဖြစ်သည်။

အကျဉ်းထောင်များသို့ လှူဒါန်းခြင်း

Figure 3 COVID-19 ကာကွယ်ရေးပစ္စည်းများကို အကျဉ်းထောင်များသို့ လှူဒါန်း

COVID-19 ကာကွယ်ရေးပစ္စည်းများကို အကျဉ်းထောင်များသို့ လှူဒါန်းခြင်း 

COVID-19 ကာကွယ်ရေးပစ္စည်းများကို အကျဉ်းထောင်များသို့ လှူဒါန်း

နိုင်ငံ‌ရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPPP) မှ ရန်ကုန်ရုံးတာဝန်ခံ ဦးအောင်မျိုးကျော် ဦးဆောင် သောအဖွဲ့သည် လူငယ်သင်တန်းကျောင်းများ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးဆောင်ရွက်နိုင်ရန်အတွက် နိုဝင်ဘာလ ၅ ရက်နေ့တွင် ငှက်အော်စမ်း လူငယ်သင်တန်းကျောင်းသို့ လည်းကောင်း၊ နိုဝင်ဘာလ ၆ ရက်နေ့တွင် သန်လျင်လူငယ် သင်တန်းကျောင်းသို့လည်းကောင်း ကိုဗစ်ရောဂါ ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများဖြစ်သည့် ကာဘော်လစ်ဆပ်ပြာ၊ လက်ဆေးဆပ်ပြာရည်၊ ပိုးသတ်ဆေးရည် စသည်တို့ကို သွားရောက်လှူဒါန်းခဲ့သည်။ 

၎င်းပြင် နိုဝင်ဘာလ ၁၂ ရက်နေ့ တွင် ပေါင်းတည် အချုပ်ထောင် အတွင်းရှိ အကျဉ်းသား၊အကျဉ်းသူ များ အတွက် ကာဘော်လစ် ဆပ်ပြာ ၆၀၀ တုံး၊ ဆေးဖြန်းပုံး ၃ ပုံး၊ ဒက်တောလ် ၁၀ လီတာ ၂ ပုံး နှင့် လက်ဆေးဆပ်ပြာရည် ၁၀ လီတာ ၂ ဖာ တို့အား လည်းကောင်း၊ ပြည်(က)အကျဉ်းထောင် အတွင်းရှိ အကျဉ်းသား၊ အကျဉ်းသူများအတွက် ကာဘော်လစ် ဆပ်ပြာ ၁၆၀၀ တုံး၊ ဆေးဖြန်းပုံး ၄ ပုံး၊ ဒက်တောလ် ၁၀ လီတာ ၃ ပုံး နှင့် လက်ဆေးဆပ်ပြာရည် ၁၀ လီတာ ၄ ဖာ တို့အားလည်းကောင်း၊ နိုဝင်ဘာလ ၁၃ ရက်နေ့တွင် သရက် (က) အကျဉ်းထောင်၌ ရှိသော အကျဉ်းသား/သူများအတွက် ကာဘော်လစ်ဆပ်ပြာ ၂၂၀၀ တုံး၊ ဆေးဖြန်းပုံး ၅ ပုံး၊ ဒက်တောလ် ၁၀ လီတာ ၄ ပုံး နှင့် လက်ဆေးဆပ်ပြာရည် ၁၀ လီတာ ၅ ဖာ တို့အားလည်းကောင်း သွားရောက် လှူဒါန်းခဲ့ရာ သက်ဆိုင်ရာထောင်တာဝန်ခံ အရာရှိများမှ လက်ခံရယူခဲ့သည်။ ထို့ပြင် ရှေ့နေမငှားနိုင်သော အကျဉ်းသူ/အကျဉ်းသားများ အတွက် အခမဲ့အကူအညီပေးနေ သော Justice Center မှ ပြုစုထားသည့် အခမဲ့ဆောင်ရွက် ပေးသော Justice Center များရှိ ရှေ့နေများ၏စာရင်းများ ပါသော လက်ကမ်းစာစောင်များ ကိုလည်း ပေးအပ်ခဲ့ပါသည်။

ထို့ပြင် နိုဝင်ဘာလ ၂၀ ရက်နေ့တွင် နိုင်ငံ‌ရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPPP) မှ ရန်ကုန်ရုံးတာဝန်ခံ ဦးအောင်မျိုးကျော် ဦးဆောင်သောအဖွဲ့သည် ညောင်ရွှေ အကျဉ်းထောင်၊ တောင်ကြီးအချုပ်ထောင်၊ တောင်လေးလုံး စိုက်မွေးစခန်း၊ ထီးခမ်းစိုက်မွေးစခန်း၊ ဘန်းဂမ်စိုက်မွေးစခန်း များရှိ အကျဉ်းသား၊ အချုပ်သား နှင့် ဝန်ထမ်းများ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးဆောင်ရွက်နိုင်ရန်အတွက် ကာဘော်လစ်ဆပ်ပြာ ၉၂၀၀ တုံး၊ ဆေးဖြန်းပုံး ၂၀ ပုံး၊ ဒက်တောလ် ၁၀ လီတာ ၁၄ ပုံး နှင့် လက်ဆေးဆပ်ပြာရည် ၁၀ လီတာ ၁၁ ဖာ တို့အား သွားရောက် လှူဒါန်းခဲ့သည်။ အဆိုပါလှူဒါန်းပွဲသို့ ညောင်ရွှေမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးနေမျိုးနှင့်အဖွဲ့၊ သက်ဆိုင်ရာ အကျဉ်းဦးစီးဌာန တာဝန်ရှိသူများနှင့် ရဲသတင်းအထူးတပ်ဖွဲ့တို့မှ တက်ရောက်ခဲ့ သည်။ သက်ဆိုင်ရာတာဝန်ရှိသူများမှ လှူဒါန်းသည့်ပစ္စည်းများ ကို လက်ခံရယူခဲ့ကြပြီး ကျေးဇူးတင်စကား ပြောကြားခဲ့သည်။ 

ထိုမျှသာမက နိုဝင်ဘာလအတွင်းတွင် နိုင်ငံ‌ရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPPP) မှ အင်းစိန် အကျဉ်းထောင်သို့ PPE ဝတ်စုံ အထည်  ၆၁ ထည်၊ ပုသိမ် အကျဉ်းထောင်သို့ PPE ဝတ်စုံ အထည်  ၃၀၊ ပေါင်းတည် အကျဉ်းထောင်သို့ PPE ဝတ်စုံ အထည်  ၂၀၊ တောင်ငူ အကျဉ်းထောင်သို့ PPE ဝတ်စုံ အထည်  ၃၀၊ မန္တလေး အကျဉ်းထောင်သို့ PPE ဝတ်စုံ အထည်  ၅၀၊ သာယာဝတီ အကျဉ်းထောင်သို့ PPE ဝတ်စုံ အထည်  ၃၀၊ ပြည် အကျဉ်းထောင်သို့ PPE ဝတ်စုံ အထည်  ၂၀၊ တောင်ကြီး အကျဉ်းထောင်သို့ PPE ဝတ်စုံ အထည်  ၅၀၊ ညောင်ရွှေ အကျဉ်းထောင်သို့ PPE ဝတ်စုံ အထည်  ၄၀ တို့အား ပေးပို့ လှူဒါန်းခဲ့ပါသည်။

ထောက်ပံ့ကူညီခြင်း 

နိုင်ငံရေးအကျဉ်းသားများနှင့် နိုင်ငံရေးအကျဉ်းသားဟောင်းများကို ထောက်ပံ့ကူညီခြင်း

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ အကျဉ်းထောင်တွင်း အကျဉ်းကျလျက်ရှိသည့် နိုင်ငံရေးအကျဉ်းသားများနှင့် ကျန်းမာရေးကောင်းမွန်ခြင်း မရှိသည့် နိုင်ငံရေးအကျဉ်းသားဟောင်းများကို ဆက်လက် ထောက်ပံ့ ကူညီပေးလျက်ရှိသည်။ နိုဝင်ဘာလအတွင်းတွင် မန္တလေးအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား ၁၅ ဦး၊ ပဲခူးအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား နှစ်ဦး၊ စစ်တွေ အကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား တစ်ဦး၊ ပုသိမ် အကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား  တစ်ဦး၊ မောင်လမြိုင် အကျဉ်းထောင်မှ တစ်ဦး နှင့် လားရှိုးအကျဉ်းထောင်မှ နိုင်ငံရေး အကျဉ်းသား တစ်ဦး၊ စုစုပေါင်း (၂၁) ဦး နှင့် မန္တလေး အကျဉ်းထောင်တွင်းမှနေ၍ တရားရင်ဆိုင်နေရသူ  နှစ်ဦးတို့ကို ကျန်းမာရေးအတွက် ထောက်ပံ့ကူညီခဲ့သည်။ ထို့ပြင် နှလုံး၊ လေဖြတ် နှင့် ဆီးချိုရောဂါခံစားနေကြရသော နိုင်ငံရေး အကျဉ်းသားဟောင်း လေးဦးကို ထောက်ပံ့ ကူညီခဲ့သည်။ 

အောက်တွင် ဇယားနှင့်တကွ ဖော်ပြထားပါသည်။ 

မှတ်တမ်းနှင့်သုတေသန

 

လစဉ်အစီရင်ခံစာ၊ နိုင်ငံရေးအကျဉ်းသားစာရင်းများ နှင့် အေအေပီပီသတင်းလွှာကို ထုတ်ဝေခြင်း

မြန်မာနိုင်ငံအတွင်းရှိ လူ့အခွင့်အရေးအခြေအနေများနှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ လယ်သမားများ၊ အလုပ်သမား များ နှင့် အရပ်သားများ လစဉ် ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခြင်းခံရသည်ကို  စောင့်ကြည့် မှတ်တမ်းတင်ရန် ရည်ရွယ် ၍ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) မှ လစဉ် အစီရင်ခံစာနှင့် နိုင်ငံရေးအကျဉ်းသားစာရင်းကို ထုတ်ဝေလျက်ရှိသည်။ နိုဝင်ဘာလ ၆ ရက်နေ့တွင် အောက်တိုဘာလအတွက် လစဉ်အစီရင်ခံစာ နှင့် နိုင်ငံရေး အကျဉ်းသား စာရင်းကို ထုတ်ဝေခဲ့ သည်။

ထို့ပြင် AAPP အဖွဲ့ဝင်များ လွှတ်တော်ကိုယ်စားလှယ်များ၊ အစိုးရ ဌာနဆိုင်ရာ အရာရှိများ၊ နိုင်ငံတကာမှ သံအမတ်များ၊ NGOs, CBOs စသည့်အဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ်များ နှင့် တွေ့ဆုံဆွေးနွေးမှုများ၊ ဟောပြောဆွေးနွေးပွဲများ နှင့် နှစ်သိမ့်ဆွေးနွေးပေးခြင်း နှင့် သင်တန်းများ ပို့ချပေးခြင်း စသည့် လှုပ်ရှား ဆောင်ရွက်မှုများကို AAPP သတင်းလွှာ၌ လစဉ် ဖော်ပြထားသည်။ နိုဝင်ဘာလ ၆ ရက်နေ့တွင် အောက်တိုဘာလ အတွက် သတင်းလွှာကို ထုတ်ဝေခဲ့သည်။

https://aappb.org/wpcontent/uploads/2020/11/Burmese-Chronology-and-MiR-for-October-torelease-to.pdf 

https://aappb.org/wpcontent/uploads/2020/11/October-Chronology-1.pdf 

ကိုဗစ်၁၉ သတင်းလွှာပြုစုခြင်း

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ ကိုဗစ်ကာလနှင့်ဆက်နွယ်၍ ဖြစ်ပွားခဲ့သော အမှု ဖြစ်စဉ်များပါဝင်သည့် ကိုဗစ်-၁၉ သတင်းလွှာကို ဧပြီလ ကတည်းက စတင်၍ မှတ်တမ်းတင် ပြုစုလျက်ရှိသည်။ အောက်တိုဘာလ ကိုဗစ်သတင်းလွှာ နှင့် ကိုဗစ်ကာလအတွင်း သတ်မှတ်ထားသော စည်းကမ်းများကို ချိုးဖောက်၍ ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခြင်းခံထားရသော စာရင်းများကို နိုဝင်ဘာလ ၆  ရက်နေ့တွင် ထုတ်ဝေခဲ့သည်။

https://aappb.org/wpcontent/uploads/2020/11/Final-COVID-19-News-Letter-in-OctoberBurmese.pdf 

https://aappb.org/wpcontent/uploads/2020/11/Final-COVID-19-News-Letter-in-October-English.pdf 

အထွေထွေလှုပ်ရှားမှုများ

ကူညီထောက်ပံ့ရေးပစ္စည်းများ လှူဒါန်းရာ၌ ပူးပေါင်းပါဝင်ခြင်း

နိုဝင်ဘာလ ၃ ရက်နေ့ နှင့် နိုဝင်ဘာလ ၄ ရက်နေ့တို့တွင် နိုင်ငံ‌ရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) နှင့် ၈၈ ငြိမ်းချမ်းရေး နှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်း၍ ကိုရီးယားနိုင်ငံရောက် မြန်မာမိသားစုများမှ လှူဒါန်း သည့် ကူညီထောက်ပံ့ရေးပစ္စည်းများကို ကျန်းမာရေးအရ လိုအပ်ချက်ရှိနေသည့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တောင်ဒဂုံ၊ မြောက်ဒဂုံ၊ အရှေ့ဒဂုံ၊ မြောက်ဥက္ကလာပ၊ တောင်ဥက္ကလာပနှင့် ဒဂုံဆိပ်ကမ်းမြို့နယ်များ၌ နေထိုင်သော နိုင်ငံရေးအကျဉ်းသားဟောင်းများထံသို့ သွားရောက် လှူဒါန်း ပေးခဲ့သည်။ 

 

 

 

စိတ်ဓာတ်ပြန်လည်မြှင့်တင်ရေးအစီအစဉ်(MHAP)

ကိုဗစ်၁၉ ဗိုင်းရပ် ကူးစက်မှုကာလအတွင်း အွန်လိုင်း စိတ်ပိုင်းဆိုင်ရာဆွေးနွေးမှု အစီအစဉ်

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း၏ စိတ်ဓာတ်ပြန်လည်မြှင့်တင်ရေး ကူညီထောက်ပံ့မှု အစီအစဉ် (AAPP-MHAP)သည် အွန်လိုင်းစိတ်ပိုင်းဆိုင်ရာဆွေးနွေးမှု လုပ်ငန်းကို နိုဝင်ဘာလအတွင်းတွင်လည်း ဆက်လက် လုပ်ဆောင်လျှက်ရှိသည်။ နေရာဒေသအနှံ့အပြားမှ ဆက်သွယ် ဆွေးနွေးမှုများလည်း ပိုမိုများပြားလာခဲ့ပြီး လူမှုကွန်ရက်၊ ဗိုက်ဗာတို့မှတစ်ဆင့် ဆက်သွယ်မှုများလည်းရှိခဲ့သည်။ ဆက်သွယ်လာသည့်ဒေသများမှာ ရန်ကုန်၊ မန္တလေး၊ မကွေး၊ ပဲခူး၊ ဧရာဝတီ၊ မွန်၊ ကရင် စသည့် ပြည်တွင်းဒေသများမှ ဆက်သွယ် ဆွေးနွေးမှုများအပြင် ထိုင်းနိုင်ငံမှ ဆက်သွယ် ဆွေးနွေးမှုများလည်း ရှိခဲ့သည်။ 

အွန်လိုင်း စိတ်ပိုင်းဆိုင်ရာဆွေးနွေးမှုလုပ်ငန်းသို့ ဆက်သွယ် ဆွေးနွေးသူများတွင် အစိုးရဝန်ထမ်းများ၊ ကုမ္ပဏီဝန်ထမ်းများ၊ NGO ဝန်ထမ်းများ၊ အမျိုးသမီး အိမ်ထောင်ဦးစီးများ၊ ရွှေ့ပြောင်းအလုပ်သမားများ၊ ကွာရန်တင်းစင်တာများတွင် ကွာရန်တင်းဝင်နေကြသူများ၊ စေတနာ့ဝန်ထမ်း များနှင့် HIV ပိုးရှိသူများ စသည့် အမျိုးသား၊ အမျိုးသမီး အသက်အရွယ်စုံ ပါဝင်ပါသည်။ နိုဝင်ဘာလအတွင်းတွင် အမျိုးသား ၇၀ ဦး (အသက် ၂၀ နှစ်မှ ၇၂ နှစ်အတွင်း)၊ LGBTs လေးဦးအပါအဝင် အမျိုးသမီး ၉၂ ဦး (အသက် ၁၉ နှစ်မှ ၇၀ နှစ်အတွင်း) နှင့် တို့၏ ကိုဗစ်-၁၉ ကာလ စိတ်ဖိစီးမှုများ၊ စိတ်ပိုင်းဆိုင်ရာပြဿနာများ ကို ကူညီဖြေရှင်းပေး နိုင်ခဲ့ပါသည်။ ၎င်းတို့အနက် ကွာရန်တင်းစင်တာအသီးသီး၌ ကွာရန်တင်းဝင်နေကြသူ ၆၂ ဦးအား စိတ်ဖိစီးမှုများကို မည်ကဲ့သို့ ထိန်းညှိရမည် ဆိုသည်ကို တစ်ဦးချင်း ဆက်သွယ် ဆွေးနွေးပေးနိုင်ခဲ့သည်။

ထိုဆက်သွယ်လာသူများ၏ စိတ်ပိုင်းဆိုင်ရာ ပြဿနာများ၊ လက္ခဏာများမှာ – 

  • မိမိကိုယ်တိုင် သို့မဟုတ် မိမိချစ်ခင်ရသောသူများ၏ ကျန်းမာရေးအတွက် အမြဲမပြတ် စိုးရိမ်ပူပန်နေခြင်း၊ ကြောက်ရွံ့ နေခြင်း
  • စိတ်ညစ်ခြင်းကို အချိန်များစွာ ခံစားနေရခြင်း
  • စိတ်ထဲတွင် ကြောက်ရွံ့ခြင်း၊ တုန်လှုပ်ခြင်းကို ခံစားနေ ရခြင်း
  • အစားအသောက်နှင့် အိပ်စက်ခြင်းပုံစံပြောင်းလဲသွား ခြင်း
  • အိပ်ပျော်ရန်နှင့် အာရုံစူးစိုက်ရန် အခက်အခဲရှိခြင်း
  • အလွယ်တကူ စိတ်တိုခြင်း သို့မဟုတ် ဒေါသထွက်ခြင်း
  • HIV ပိုးရှိသူများက အလွယ်တကူ ရောဂါကူးစက် ခံရမည်ကို စိုးရိမ်ပူပန်ခြင်း
  • ကိုဗစ်-၁၉ ၏ရိုက်ခတ်မှုကြောင့် မိမိတို့သုံးစွဲနေရသော ART ဆေးများပြတ်လပ်သွားမည်ကို စိုးရိမ်ခြင်း
  • အိမ်ထဲတွင် အချိန်ပေါင်းများစွာနေရသဖြင့် စိတ်တင်းကြပ်ခြင်း၊ မွန်းကြပ်ခြင်း၊ ဝမ်းနည်းမှုနှင့် စိတ်ဓာတ်ကျမှုကို ခံစားရခြင်း
  • မိမိပုံမှန်စိတ်ဝင်စားသောအရာများကို စိတ်ဝင်စားမှု မရှိတော့ခြင်း စသည့် လက္ခဏာများကို ခံစားနေကြရ သည်ကို တွေ့ရပါသည်။ 

Tele-CETA ကောင်ဆယ်လင်းဝန်ဆောင်မှုစတင်ခြင်း

နိုဝင်ဘာလ ၁၆ ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း၏ CETA ကောင်ဆယ်လင်း အစီအစဉ်မှ စိတ်ဒဏ်ရာ၊ စိတ်ဓာတ်ကျခြင်း နှင့် အကြမ်းဖက်မှု များကြောင့် စိတ်ကျန်းမာရေးပြဿနာများကို ရင်ဆိုင်နေကြ ရ၍ CETA ကုထုံးကို လိုအပ်လျက်ရှိသူများကို Tele-CETA ကောင်ဆယ်လင်းဝန်ဆောင်မှုများ စတင်ပေးခဲ့သည်။          Tele-CETA သည် ကိုဗစ်-၁၉ ဖြစ်ပွားလျက်ရှိချိန် နှင့် ဖြစ်ပွားပြီးချိန်တို့၌ တစ်ဦးချင်း ဝန်ဆောင်မှုများပေးရာ၌ ပို၍ ကောင်းမွန်သော နည်းလမ်းတစ်ခုဖြစ်သည်။ အဝေးရောက် ကလိုင်းယန့်များ နှင့်/သို့မဟုတ် ကုသနေချိန်အတွင်း အခြား နေရာတစ်ခုသို့ ပြောင်းရွှေ့သွားခဲ့သော ကလိုင်းယန့်များအတွက် CETA ကောင်ဆယ်လင်းကို ပို့ချပေးနိုင်သည်။ Tele-CETA ကုထုံးကို နေရာဒေသအသီးသီးမှ အမျိုးသမီး ၂၆ ဦး နှင့် အမျိုးသား ၁၇ ဦးတို့အား ပို့ချပေးလျက်ရှိသည်။ 

AAPP ဝန်ထမ်းများကို စိတ်ကျန်းမာရေးဆိုင်ရာ အသိပညာပေးမှု ပို့ချခြင်း

AAPP ဝန်ထမ်းများကို စိတ်ကျန်းမာရေးဆိုင်ရာ အသိပညာပေးမှု ပို့ချခြင်း

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)၏ စိတ်ဓာတ် ပြန်လည် မြှင့်တင်ရေးအစီအစဉ် (MHAP)မှ သင်တန်းနည်းပြ ကိုထင်အောင် နှင့် CETA သင်တန်းနည်းပြ မချယ်ရီစိုးမြင့်တို့သည် AAPP ၏ စိတ်ကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှုပေးနေသူများအပါအဝင် AAPP ဝန်ထမ်းများအား စိတ်ကျန်းမာရေးဆိုင်ရာ အသိပညာပေးမှု (အွန်လိုင်း)ကို နိုဝင်ဘာလ ၁၆ ရက်နေ့တွင် ပို့ချပေးခဲ့သည်။ အဆိုပါ အသိပညာပေးမှုကို စုစုပေါင်း ၂၄ ဦး တက်ရောက်ခဲ့သည်။ 

စိတ်ဖိစီးမှုကို ထိန်းညှိခြင်း၊ အခြေခံစိတ်ပိုင်းဆိုင်ရာ ကိုင်တွယ် ဖြေရှင်းမှု နှင့် မိမိကိုယ်ကို ဂရုစိုက်ခြင်း (Stress Management, Basic Coping skills and Self-care) သင်တန်းကို ပို့ချခြင်း

“Stress Management, Basic Coping skills and Self-care သင်တန်း” ကို ပို့ချခြင်း

နိုဝင်ဘာလ ၁၁ ရက်နေ့မှ နိုဝင်ဘာလ ၁၅ ရက်နေ့ထိ၊ နိုဝင်ဘာလ ၁၈ ရက်နေ့မှ နိုဝင်ဘာလ ၂၂ ရက်နေ့ထိ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)၏ စိတ်ဓာတ် ပြန်လည်မြှင့်တင်ရေးအစီအစဉ် (MHAP)မှ သင်တန်းနည်းပြ ကိုထင်အောင်သည် တအာင်းအမျိုးသမီး အဖွဲ့အစည်းမှ အဖွဲ့ဝင်များကို “စိတ်ဖိစီးမှုကို ထိန်းညှိခြင်း၊ အခြေခံစိတ်ပိုင်းဆိုင်ရာ ကိုင်တွယ်ဖြေရှင်းမှုနှင့် မိမိကိုယ်ကို ဂရုစိုက်ခြင်း (Stress Management, Basic Coping skills and Self-care) သင်တန်း”ကို အွန်လိုင်းမှတစ်ဆင့် ပို့ချပေးခဲ့သည်။ အဆိုပါ သင်တန်းကို သင်တန်းသူ ၁၉ ဦး တက်ရောက်ခဲ့သည်။ 

ကိုဗစ်၁၉ ကာလ၌ စိတ်ဖိစီးမှုများကို ထိန်းညှိခြင်း နှင့် မိမိကိုယ်ကိုဂရုစိုက်ခြင်းနှင့်ပတ်သက်သည့် ဗွီဒီယိုများ နှင့် ဆောင်းပါးကိုထုတ်လွှင့်ခြင်း

နိုဝင်ဘာလအတွင်းတွင် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း၏ စိတ်ဓာတ်ပြန်လည် မြှင့်တင်ရေး အစီအစဉ် (AAPP-MHAP)မှ သင်တန်းနည်းပြ ကိုထင်အောင်သည် “ကိုဗစ်-၁၉ ကာလ၌ စိတ်ဖိစီးမှုများကို ထိန်းညှိခြင်း နှင့် မိမိကိုယ်ကို ဂရုစိုက်ခြင်းနှင့်ပတ်သက်သည့် ဗွီဒီယိုများ နှင့် ဆောင်းပါး”ကို အွန်လိုင်းမှ တစ်ဆင့် ထုတ်လွှင့်ခဲ့သည်။ 

အောက်ဖော်ပြပါ လင့်မှတစ်ဆင့်လည်း ဝင်ရောက်ကြည့်ရှု နိုင်သည်။

https://www.facebook.com/634323476905777/videos/401907314180654

https://www.facebook.com/634323476905777/videos/699392821006681

အင်တာဗျူးများဖြေကြားခြင်း

အကျဉ်းထောင်များသို့ သွားရောက်လှူဒါန်းခြင်းနှင့်ပတ်သက်၍ အင်တာဗျူးများဖြေကြားခြင်း

နိုဝင်ဘာလ ၁၂ ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ရန်ကုန်ရုံး တာဝန်ခံ ဦးအောင်မျိုးကျော်သည် မြေလတ်သတင်းစုံအဖွဲ့မှ ပြုလုပ်သည့် အင်တာဗျူး နှင့် နိုဝင်ဘာလ ၂၀ ရက်နေ့တွင် ကမ္ဘောဇတိုင်းမ် သတင်းဌာနမှ ပြုလုပ်သည့် အင်တာဗျူးကို ဖြေကြားခဲ့သည်။ အဆိုပါအင်တာဗျူးတွင် ဦးအောင်မျိုးကျော် သည် ကိုဗစ်-၁၉ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ ကြိုတင် ကာကွယ်နိုင်ရန်အတွက် အကျဉ်းထောင်များသို့ ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်းများ သွားရောက်လှူဒါန်းခဲ့ခြင်း နှင့်ပတ်သက်၍ ပြောကြားခဲ့သည်။ 

အောက်ပါလင့်ကို ဝင်ရောက်၍လည်း ဖတ်ရှုနိုင်သည်။

https://www.kanbawzatainews.com/2020/11/aappcovid-19.html?fbclid=IwAR1CHWWYnNw9cEepFehiC51gSO1v3Lqvg72Z66_arAkgssYyBIktGn57gDk 

လစဉ်အစီရင်ခံစာနှင့်ပတ်သက်၍ AAPP ရန်ကုန်ရုံး တာဝန်ခံမှ အင်တာဗျူးဖြေကြားခြင်း

နိုဝင်ဘာလ ၁၄ ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ရန်ကုန်ရုံး တာဝန်ခံ ဦးအောင်မျိုးကျော်သည် AAPP လစဉ်အစီရင်ခံစာနှင့်ပတ်သက်၍ အီလဲဗင်းသတင်းဌာနမှ ပြုလုပ်သော အင်တာဗျူးကို ဖြေကြား ခဲ့သည်။ အဆိုပါအင်တာဗျူးတွင် ဦးအောင်မျိုးကျော်မှ “နိုင်ငံရေး ဖြစ်စဉ်ကြောင့် အကျဉ်းကျခံနေရသူများ၊ တရားစွဲဆိုခြင်းခံထား ရသူများကို ချွင်းချက်မရှိ အမှုရုပ်သိမ်းပေးပြီး စစ်မှန်သည့် အမျိုးသားပြန်လည် သင့်မြတ်ရေးကို အကောင်အထည်ဖော်မည် ဆိုလျှင်၊ စစ်မှန်သည့် ပြည်တွင်းငြိမ်းချမ်းရေးကို ၀ိုင်းဝန်း အကောင်အထည်ဖော်နိုင်ကြ မည်ဆိုလျှင် အင်မတန်မှ ကောင်းမွန်သည့်အခြေအနေတစ်ရပ် ဖြစ်လာမည်ဟု ၎င်းတို့ သုံးသပ်ကြောင်း” ပြောကြားခဲ့သည်။

အောက်ဖော်ပြပါ လင့်ကို ဝင်ရောက်၍လည်း ဖတ်ရှုနိုင်သည်။

https://news-eleven.com/article/197837

အမျိုးသားညီညွတ်ရေးအတွက် အဓိကကျသည့် စိန်ခေါ်မှုများတိုက်ရိုက် မေးမြန်းတင်ဆက်ခြင်းအစီအစဉ်၌ ပါဝင်ခြင်း 

“အမျိုးသားညီညွတ်ရေးအတွက် အဓိကကျသည့် စိန်ခေါ်မှုများ”အစီအစဉ်၌ ပါဝင်ဆွေးနွေး

နိုဝင်ဘာလ ၁၅ ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ အတွင်းရေးမှူး ဦးတိတ်နိုင်သည် MCN TV News မှ တင်ဆက်သည့် “အမျိုးသား ညီညွတ်ရေးအတွက် အဓိကကျသည့် စိန်ခေါ်မှုများ” တိုက်ရိုက် မေးမြန်းတင်ဆက်ခြင်း အစီအစဉ်၌ ပါဝင်ခဲ့သည်။ အဆိုပါ တိုက်ရိုက်မေးမြန်းတင်ဆက်ခြင်းအစီအစဉ်တွင် AAPP အတွင်းရေးမှူး ဦးတိတ်နိုင် နှင့်အတူ ၈၈ မျိုးဆက် ကျောင်းသား ခေါင်း‌ဆောင်တစ်ဦးဖြစ်သူ ဦးမြအေး (တည်ထောင်သူ – ဖက်ဒရယ်ဒီမိုကရက်တစ် အင်အားစု)တို့သည် NLD ပါတီ နှင့် အစိုးရ၏ ဒုတိယ သက်တမ်းအတွက် အဓိကတာဝန်ဖြစ်လာသည့် အမျိုးသားညီညွတ်ရေး (သို့) အမျိုးသားပြန်လည်သင့်မြတ်ရေး များကို ဖော်ဆောင်ရာ၌ အရေးအကြီးဆုံး မည်ကဲ့သို့ စိန်ခေါ်မှုများရှိနေသည် ဆိုသည်ကို ပါဝင် ဆွေးနွေးခဲ့သည်။ 

အောက်ဖော်ပြပါ လင့်ကို ဝင်ရောက်၍လည်း ကြည့်ရှုနိုင်သည်။

https://www.youtube.com/watch?v=dL9JQdxV8zU&feature=youtu.be&fbclid=IwAR1viAy6h5y3xoBZ81th5Pt9crqzW106fJOZkb76ErMv_oH9K6hn-kyKcPg 

https://web.facebook.com/mcntv/videos/375959260277226 

သန်လျင်လူငယ်သင်တန်းကျောင်း၌ ဟောပြောပွဲပြုလုပ်ခြင်း နှင့်ပတ်သက်၍ အင်တာဗျူးဖြေကြားခြင်း

နိုဝင်ဘာလ ၁၈ ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ရန်ကုန်ရုံး တာဝန်ခံ ဦးအောင်မျိုးကျော်သည် News Watch ဂျာနယ်မှ ပြုလုပ်သည့် အင်တာဗျူးကို ဖြေကြားခဲ့သည်။ အဆိုပါ အင်တာဗျူးတွင် ဦးအောင်မျိုးကျော်သည် သန်လျင်လူငယ်သင်တန်းကျောင်းရှိ ကျောင်းသားများအား စိတ်ခွန်အားဖြစ်စေမည့် ဟောပြောပွဲများ ပြုလုပ်ခြင်းနှင့်ပတ်သက်၍ ပြောကြားခဲ့သည်။ 

ဖမ်းဆီးခံ ကျောင်းသားများပြန်လွှတ်ပေးရေးနှင့်ပတ်သက်၍ အင်တာဗျူး ဖြေကြားခြင်း

နိုဝင်ဘာလ ၂၃ ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ တွဲဘက်အတွင်းရေးမှူး ဦးဘိုကြည်သည် ဖမ်းဆီးခံ ကျောင်းသားများပြန်လွှတ်ပေးရေးနှင့်ပတ်သက်၍ လွတ်လပ်တဲ့ အာရှအသံ (RFA) မှ ပြုလုပ်သော အင်တာဗျူးကို ဖြေကြားခဲ့သည်။ အဆိုပါအင်တာဗျူးတွင် ဦးဘိုကြည်မှ “ငြိမ်းချမ်းစွာ ပြောဆိုခွင့်၊ လွတ်လပ်စွာ စုဝေးမှု စသည့် လွတ်လပ်မှုနှင့်ပတ်သက်သော ဖိနှိပ်ထားသည့် ဥပဒေများစွာရှိပြီး ထိုဥပဒေများကို ပြုပြင်ပြောင်းလဲရန်လို ကြောင်း၊ ထိုဖိနှိပ်ထား သည့် ဥပဒေများရှိနေသရွေ့ တွန်းလှန်မှုများရှိနေမည်ဖြစ်သည်၊ ထို့ကြောင့် ဖျက်သင့်သည့် ဥပဒေများအားဖျက်၍ ပြင်သင့်သည် များကို ပြင်ရမည်ဖြစ်သည်၊ အသစ်ရေးဆွဲသင့်သည်များကို ရေးဆွဲရမည်၊ လာမည့် လွှတ်တော်သည် ထိုဥပဒေများ ဦးစားပေး ၍ ပြုပြင်ပြောင်းလဲရန် ဆောင်ရွက်သင့်သည်ဟု ထောက်ပြ ပြောဆိုခဲ့သည်။ 

အောက်ဖော်ပြပါ လင့်ကို ဝင်ရောက်၍လည်း ဖတ်ရှုနိုင်သည်။

https://web.facebook.com/rfaburmese/videos/204798541019275/ 

ကျောင်းသားများ ဖမ်းဆီးခြင်းခံရသည့်ကိစ္စနှင့်ပတ်သက်၍ အင်တာဗျူးဖြေကြားခြင်း

နိုဝင်ဘာလ ၂၄ ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ရန်ကုန်ရုံး တာဝန်ခံ ဦးအောင်မျိုးကျော်သည် ဧရာဝတီ သတင်းဌာန နှင့် Myanmar Now သတင်းဌာနတို့မှ ပြုလုပ်သည့် အင်တာဗျူးကို ဖြေကြားခဲ့သည်။ အဆိုပါအင်တာဗျူးများတွင် ဦးအောင်မျိုးကျော်မှ ကျောင်းသားများ ဖမ်းဆီခြင်းခံရသည့်ကိစ္စ နှင့်ပတ်သက်၍ ပြောကြားခဲ့သည်။ ၎င်းပြင် NLD ကြီးစိုးသည့် လွှတ်တော်သက်တမ်းအတွင်း ပုဒ်မ ၅ (ည)နှင့် ဧည့်စာရင်း ဥပဒေများကို အပြီးတိုင် ဖျက်သိမ်းလိုက်နိုင်သော်လည်း ၅၀၅(က)၊(ခ)နှင့် ငြိမ်း၊စု၊စီဥပဒေ၊ နိုင်လွတ်လုံဥပဒေ ကဲ့သို့ လွတ်လပ်စွာထုတ်ဖော်ခွင့်ကို ဖိနှိပ်သည့် ဥပဒေများကိုမူ မဖျက်သိမ်းနိုင်ခဲ့ကြောင်းလည်း ပြောကြားခဲ့သည်။

အောက်ဖော်ပြပါ လင့်ကို ဝင်ရောက်၍လည်း ဖတ်ရှုနိုင်သည်။

https://www.myanmar-now.org/mm/news/5083  

ဆက်သွယ်မေးမြန်းရန်

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း

တိတ်နိုင် အတွင်းရေးမှူး                        +၉၅() ၉၄၂       ၈၀၂  ၃၈၂၈

ဘိုကြည် တွဲဘက်အတွင်းရေးမှူး             +၉၅() ၉၄၂  ၅၃၀  ၈၈၄၀

အောင်မျိုးကျော် ရန်ကုန်ရုံးတာဝန်ခံ         +၉၅() ၉၄၂  ၈၁၁  ၇၃၄၈ 

ဒေါင်းလော့ရယူရန် Burmese Newsletter for November 2020