၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ၊ လစဉ်သတင်းလွှာ

ဟောပြောဆွေးနွေးပွဲများပြုလုပ်ခြင်း

မိမိကိုယ်ကိုမိမိစောင့်ရှောက်ခြင်းနှင့် စိတ်ဓါတ်ခွန်အားမြှင့်တင်ရေး ဟောပြောပွဲများ ပြုလုပ်ခြင်း 

ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ ဟောပြောဆွေးနွေးပွဲများ ပြုလုပ်

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) သည် ကိုဗစ်-၁၉ ပထမလှိုင်းကာလတွင် ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်အချို့တွင် ဖွင့်လှစ် ထားသည့် ကွာရန်တင်းစင်တာများတွင် စိတ်ခွန်အားဖြစ်စေမည့် အကြောင်းအရာများကို ဟောပြောပွဲများကျင်းပခဲ့ပါသည်။ ကိုဗစ်-၁၉ ဒုတိယလှိုင်းကာလတွင် ရန်ကုန်တိုင်းဒေသကြီး အတွင်း ပိုးတွေ့လူနာများ၊ ကွာရန်တင်းစင်တာများ ပိုမိုများပြား လာခဲ့သည်။ အဆိုပါအခြေအနေများကြောင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဝင်၊ စာရေးဆရာမ ဒေါ်သန်းမြင့်အောင်၏မေတ္တာရပ်ခံချက်အရ  ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့၏ခွင့်ပြုချက်ဖြင့် ရန်ကုန်တိုင်းအတွင်းရှိ ကွာရန်တင်းစင်တာများတွင် ဟောပြောပွဲများကျင်းပရန် စီစဉ်ခဲ့ ပါသည်။ ပထမဦးစွာ လှိုင်သာယာကွာရန်တင်းစင်တာများသို့ သွားရောက်ဟောပြောခဲ့ပြီး အဆိုပါသတင်းများကို အခြား စင်တာများမှ တာဝန်ရှိသူများသိရှိခဲ့ပြီးနောက် AAPP မှ ဖိတ်ကြားမှုများကို လက်ခံရရှိခဲ့ပါသည်။ 

အောက်တိုဘာလ ၁၀ ရက်နေ့မှ အောက်တိုဘာလ ၂၅ ရက်နေ့အထိ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP)မှ ရန်ကုန်တိုင်းဒေသကြီးအတွင်း (၁၁) မြို့နယ်ရှိ အနံ့ပျောက်သူများ၊ ရောဂါပိုးရှိသူများ နှင့် ရောဂါပိုးရှိသူများ နှင့်ထိစပ်မိသူများကိုထားရှိသည့် ကွာရန်တင်းစင်တာ (၂၄) ခု၌ မိမိကိုယ်ကိုမိမိ စောင့်ရှောက်ခြင်း နှင့် စိတ်ဓါတ်ခွန်အား မြှင့်တင်ရေး ဟောပြောပွဲ (၂၅) ပွဲကို  ပြုလုပ်နိုင်ခဲ့ပြီး ကွာရန်တင်းဝင်နေသူ (၄၅၆၁) ဦးနှင့် စေတနာ့ ဝန်ထမ်း (၁၁၂၉) ဦး တို့ကို ဟောပြော ဆွေးနွေးပေးနိုင်ခဲ့သည်။

  • သန်လျင်မြို့နယ်ရှိ ကွာရန်တင်းစင်တာ (၄) ခု၌ ကွာရန်တင်းဝင်လူဦးရေ (၃၉၅) ဦးနှင့် စေတနာ့ ဝန်ထမ်းဦးရေ (၆၇) ဦး
  • ကြည့်မြင်တိုင်မြို့နယ်ရှိ ကွာရန်တင်းစင်တာ (၁) ခု၌ ကွာရန်တင်းဝင်လူဦးရေ (၁၃၅) ဦးနှင့် စေတနာ့ ဝန်ထမ်းဦးရေ (၃၈) ဦး
  • လသာမြို့နယ်ရှိ ကွာရန်တင်းစင်တာ (၁) ခု၌ ကွာရန်တင်းဝင်လူဦးရေ (၆၄) ဦးနှင့် စေတနာ့ ဝန်ထမ်းဦးရေ (၉) ဦး
  • အလုံမြို့နယ်ရှိ ကွာရန်တင်းစင်တာ (၁) ခု၌ ကွာရန်တင်းဝင်လူဦးရေ (၁၀၀) ဦးနှင့် စေတနာ့ ဝန်ထမ်းဦးရေ (၃၅) ဦး
  • လှိုင်မြို့နယ်ရှိ ကွာရန်တင်းစင်တာ (၃) ခု၌ ကွာရန်တင်းဝင်လူဦးရေ (၃၁၂) ဦးနှင့် စေတနာ့ ဝန်ထမ်းဦးရေ (၃၅) ဦး
  • မြောက်ဥက္ကလာပမြို့နယ်ရှိ ကွာရန်တင်းစင်တာ (၁) ခု၌ ကွာရန်တင်းဝင်လူဦးရေ (၄၇) ဦးနှင့် စေတနာ့ ဝန်ထမ်းဦးရေ (၁၃) ဦး
  • လှိုင်သာယာမြို့နယ်ရှိ ကွာရန်တင်းစင်တာ (၆) ခု၌ ကွာရန်တင်းဝင်လူဦးရေ (၄၆၁) ဦးနှင့် စေတနာ့ ဝန်ထမ်းဦးရေ (၈၉) ဦး
  • မင်္ဂလာဒုံမြို့နယ်ရှိ ကွာရန်တင်းစင်တာ (၁) ခု၌ ကွာရန်တင်းဝင်လူဦးရေ (၅၀) ဦးနှင့် စေတနာ့ ဝန်ထမ်းဦးရေ (၈) ဦး
  • တောင်ဒဂုံမြို့နယ်ရှိ ကွာရန်တင်းစင်တာ (၃) ခု၌ ကွာရန်တင်းဝင်လူဦးရေ (၇၅၀) ဦးနှင့် စေတနာ့ ဝန်ထမ်းဦးရေ (၃၉၀) ဦး
  • ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်ရှိ ကွာရန်တင်းစင်တာ (၃) ခု၌ ကွာရန်တင်းဝင်လူဦးရေ (၂၄၇) ဦးနှင့် စေတနာ့ ဝန်ထမ်းဦးရေ (၄၅) ဦး
  • ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်ရှိ ကွာရန်တင်းစင်တာ (၁) ခု၌ ကွာရန်တင်းဝင်လူဦးရေ (၂၀၀၀) ဦးနှင့် စေတနာ့ဝန်ထမ်းဦးရေ (၄၀၀) ဦး

အဆိုပါဟောပြောပွဲများတွင် စာရေးဆရာမလည်းဖြစ်၊ AAPP ၏ နှစ်သိမ့်ဆွေးနွေးပေးသူလည်းဖြစ်၊ နိုင်ငံရေးအကျဉ်းသားဟောင်း မိသားစုဝင်လည်းဖြစ်သည့် ဆရာမ နှင်းပန်းအိမ်မှ ဦးဆောင် ဆွေးနွေးခဲ့သည်။ AAPP ရန်ကုန်ရုံးတာဝန်ခံ ဦးအောင်မျိုးကျော်မှ ဆွေးနွေးပွဲများ လိုက်လံပြုလုပ်ပေးရသည့် ရည်ရွယ်ချက်များ အား ရှင်းလင်းပြောကြားပေးခဲ့ပြီး AAPP အဖွဲ့ဝင်များဖြစ်ကြ သော ကိုဝဏ္ဏနွယ်၊ ကိုဇော်သန်းထွဋ်၊ ကိုခင်မောင်ဝင်း နှင့် ကိုကြည်တိုးတို့မှ ပူးပေါင်းပါဝင်ကူညီခဲ့သည်။ ဟောပြောပွဲများကို သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ် အုပ်ချုပ်ရေးမှူးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျန်းမာရေး ဝန်ထမ်းများ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများ၊ အရပ်ဘက် အဖွဲ့အစည်းဝင်များ၊ ကြက်ခြေနီအဖွဲ့ဝင်များ၊ Together Thanlyin၊ စေတနာ့ဝန်ထမ်းများ၊ ကိုဗစ်ရောဂါ ကာကွယ် ထိန်းချုပ်ရေးကော်မတီဝင်များမှ ပူးပေါင်း ပါဝင် ဆောင်ရွက်ခဲ့ သည်။

သင်တန်းပို့ချခြင်း

အခြေခံလူ့အခွင့်အရေးသင်တန်းကို  အွန်လိုင်းမှတစ်ဆင့် ပို့ချခြင်း

အခြေခံလူ့အခွင့်အရေးသင်တန်းကို ပို့ချ

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ အခြေခံလူ့အခွင့်အရေးသင်တန်း အပတ်စဉ် (၉) နှင့် (၁၀) ကို  စက်တင်ဘာလ ၂၆ ရက်နေ့မှ အောက်တိုဘာလ ၃ ရက်နေ့ အထိ အွန်လိုင်းမှတစ်ဆင့် ပို့ချပေးခဲ့သည်။ 

သင်တန်းအပတ်စဉ် (၉) ၌ သင်တန်းသူ (၈) ဦး နှင့် သင်တန်းသား (၇) ဦး၊ စုစုပေါင်း (၁၅) ဦး တက်ရောက်ခဲ့ကြပြီး ၎င်းတို့သည် Shining Life Wa Youth Organizations၊ ငြိမ်းချမ်းရေးအထောက်အကူပြုအဖွဲ့၊ တအာင်းကျောင်းသား နှင့် လူငယ်သမဂ္ဂ(TSYU)၊ ကချင်အမျိုးသမီးအစည်းအရုံး–ထိုင်းနိုင်ငံ (KWAT)၊ ကြယ်စင်ပြေးလမ်းပရဟိတအသင်း၊ ပညာရောင်ခြည် စာကြည့်တိုက်အသင်း၊ Indigenous Social Development Organization(ISDO) တို့မှ အဖွဲ့ဝင်များ၊ ကျောင်းသူ၊ ကျောင်းသားများနှင့် စိတ်ပါဝင်စားသူများ ဖြစ်ကြသည်။ ထို့ပြင် သင်တန်းတက်ရောက်သူများသည် ဗမာ၊ ဝ၊ ကချင်၊ ရှမ်း၊ ရှမ်း-တအာင်း၊ ကရင်၊ ရှမ်း-ဗမာ နှင့် ချင်း တိုင်းရင်းသားများ ဖြစ်ကြပြီး ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ကချင် ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး နှင့် ရခိုင်ပြည်နယ်တို့မှ ဖြစ်ကြသည်။

သင်တန်းအပတ်စဉ် (၁၀) ၌ သင်တန်းသူ (၉) ဦး နှင့် သင်တန်းသား (၆) ဦး၊ စုစုပေါင်း (၁၅) ဦး တက်ရောက်ခဲ့ကြပြီး ၎င်းတို့သည် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ တိုင်းရင်းသူ အမျိုးသမီးအဖွဲ့၊ ငြိမ်းချမ်းရေးအထောက်အကူပြုအဖွဲ့(CPS)၊ Green Life Alliance for Development (GLAD)၊ Kasi Kaja Survivor Group တို့မှ အဖွဲ့ဝင်များ၊ ကျောင်းသူ၊ ကျောင်းသားများ နှင့် ကျောင်းဆရာ၊ဆရာမများဖြစ်ကြသည်။ ၎င်းပြင် သင်တန်းတက်ရောက်သူများသည် ရခိုင်၊ ဗမာ၊ ရှမ်း၊ ဝ၊ လီဆူ၊ တအာင်း နှင့် ကချင်တိုင်းရင်းသားများ ဖြစ်ကြပြီး ကချင် ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး နှင့် မန္တလေး တိုင်းဒေသကြီး တို့မှ ဖြစ်ကြသည်။ 

အဆိုပါသင်တန်းများကို AAPP မှ သင်တန်းနည်းပြ ကိုဝဏ္ဏနွယ်မှ ဦးဆောင် ပို့ချပေးခဲ့သည်။ သင်တန်းတွင် အဓိက ဆွေးနွေးပေး သော အကြောင်းအရာများမှာ လူ့အခွင့်အရေးအဓိပ္ပါယ် ဖွင့်ဆို ချက်၊ တာဝန်ယူမှုနှင့် တာဝန်ခံမှု၊ လူ့အခွင့်အရေး သမိုင်း ကြောင်းနှင့် အခြေခံအယူအဆ၊ ဂျီနီဗာကွန်ဗင်းရှင်းပါအချက် များ၊ လူ့အခွင့်အရေး နှင့် နိုင်ငံတကာ စာချုပ်စာတမ်းများ ပေါ်ပေါက်လာပုံ အဆင့်ဆင့်နှင့် နိုင်ငံတကာစာချုပ်စာတမ်းများ၊ ခွဲခြားဆက်ဆံမှု နှင့် တိုင်တန်းမှုယန္တရား တို့ဖြစ်ကြသည်။

အသွင်ကူးပြောင်းရေးဆိုင်ရာတရားမျှတမှုသင်တန်း အပတ်စဉ် () ကို  ပို့ချခြင်း

အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှုသင်တန်းကို ပို့ချ

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှုသင်တန်း (အွန်လိုင်း) အပတ်စဉ် (၂) ကို အောက်တိုဘာလ ၅ ရက်နေ့မှ အောက်တိုဘာလ ၁၂ ရက်နေ့အထိ (၈) ရက်တာ ပို့ချပေး ခဲ့သည်။ အဆိုပါသင်တန်းကို AAPP မှ သင်တန်းနည်းပြ ကိုကျော်ဦးမှ ပို့ချပေးခဲ့ပြီး သင်တန်းသူ (၁၀) ဦးနှင့် သင်တန်းသား (၂) ဦး၊ စုစုပေါင်း (၁၂) ဦး တက်ရောက်ခဲ့ သည်။  သင်တန်းတက်ရောက်သူများသည် ညီညွတ်သော ဒီမိုကရေစီသစ်ပါတီ၊ Indigenous Social Development Organization (ISDO)၊ Kasi Kaja Survivor Group၊ သက်တံ့ရောင်စဉ်၊ Shining Life Wa Youth Organizations၊ Harmonious Youth၊ Green Life Alliance for Development (GLAD)၊ တအာင်း ကျောင်းသား နှင့် လူငယ် သမဂ္ဂ (TSYU)၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ တို့မှ အဖွဲ့ဝင်များ နှင့် ဆရာဝန် တစ်ဦး တို့ ဖြစ်ကြပြီး  ၎င်းတို့သည် ရခိုင်၊ တအာင်း၊ လီဆူး၊ ဗမာ၊ ဝ၊ ကချင်၊ ချင်း နှင့် ရှမ်းတိုင်းရင်းသားများ ဖြစ်ကြသည်။ 

သင်တန်းပို့ချရခြင်း၏ ရည်ရွယ်ချက်သည် ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေးတွင် ပါဝင်ကြသူများကို အားပေး မြှင့်တင်ရန် နှင့် အသိပညာများရရှိလာရန် ရည်ရွယ်၍ စွမ်းဆောင်ရည် မြှင့်တင်ပေးခြင်းဖြစ်သည်။

လူ့အခွင့်အရေး၊ တိုင်ကြားမှုယန္တရား၊ အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှု နှင့် လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းတင် ခြင်း  သင်တန်းပို့ချခြင်း

လူ့အခွင့်အရေး၊ တိုင်ကြားမှုယန္တရား၊ အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှု နှင့် လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းတင်ခြင်း သင်တန်းပို့ချ

 

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ လူ့အခွင့်အရေး၊ တိုင်ကြားမှုယန္တရား၊ အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှု နှင့် လူ့အခွင့်အရေး ချိုးဖောက်မှု မှတ်တမ်းတင်ခြင်း သင်တန်းကို အောက်တိုဘာလ ၁၇ ရက်နေ့မှ အောက်တိုဘာလ ၂၈  ရက်နေ့ထိ အွန်လိုင်း မှတစ်ဆင့် ပို့ချပေးနိုင်ခဲ့သည်။ အဆိုပါ သင်တန်း ကို  သင်တန်းနည်းပြများအဖြစ် ကိုဝဏ္ဏနွယ် နှင့် ကိုကျော်ဦး တို့မှ ပို့ချပေးခဲ့သည်။ သင်တန်းကို သင်တန်းသူ (၆) ဦးနှင့် သင်တန်းသား (၉) ဦး၊ စုစုပေါင်း (၁၅) ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းတက်ရောက်သူများသည် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD)၊ ၈၈မျိုးဆက် ငြိမ်းချမ်းရေး နှင့်ပွင့်လင်း လူ့အဖွဲ့အစည်း၊  Civic and Justice Development Youths၊ AFFM-IUF၊ Shan Women’s Lead၊ ကျုံဒိုး လူငယ် ဖွံ့ဖြိုးရေး အဖွဲ့၊ ၈၈၈၈ မျိုးဆက်သစ်၊ ကချင်အမျိုးသမီးအစည်းအရုံး–ထိုင်းနိုင်ငံ(KWAT)၊ တောင်ရိုးအမျိုးသမီး အစည်းအရုံး၊ ရှမ်းနီလူငယ်အဖွဲ့၊ နည်းပညာတက္ကသိုလ် ဟင်္သာတကျောင်းသား များသမဂ္ဂ တို့မှ အဖွဲ့ဝင်များ နှင့် ပြည်သူ့စစ် ခေါင်းဆောင်တို့ ဖြစ်ကြသည်။ ထို့ပြင် ၎င်းတို့သည် ဗမာ၊ တအာင်း၊ ကချင်၊ ရှမ်း၊ တောင်ရိုး၊ ကရင်၊ မွန်၊ ရှမ်းနီ နှင့် ဓနု တိုင်းရင်းသားများဖြစ်ကြပြီး ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး နှင့် စစ်ကိုင်းတိုင်းဒေသကြီး တို့မှ ဖြစ်ကြသည်။  

သင်တန်းပို့ချရခြင်း၏ ရည်ရွယ်ချက်သည် ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေးတွင် ပါဝင်ကြသူများကို အားပေး မြှင့်တင်ရန် နှင့် အသိပညာများရရှိလာရန် ရည်ရွယ်၍ စွမ်းဆောင်ရည် မြှင့်တင်ပေးခြင်းဖြစ်သည်။

စည်းရုံးလှုံ့ဆော်ခြင်း နှင့် တိုက်တွန်းခြင်း

AAPP ၏ အတွင်းရေးမှူး နှင့် မှတ်တမ်းနှင့် သုတေသနဌာန တာဝန်ခံ နှင့် နိုင်ငံခြားရေးရာဒုတာဝန်ခံတို့ အစည်းအဝေး နှင့် ဆွေးနွေးပွဲများ တက်ရောက်ခြင်း

အောက်တိုဘာလ ၅ ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ အတွင်းရေးမှူး ဦးတိတ်နိုင် နှင့် AAPP ၏ မှတ်တမ်းနှင့် သုတေသနဌာန တာဝန်ခံ နှင့် နိုင်ငံခြားရေးရာဒုတာဝန်ခံ ကိုဇော်မိုးတို့သည် Kernellix အဖွဲ့နှင့် အေအေပီပီ ဝက်ဘ်ဆိုဒ် လုံခြုံရေး နှင့် ဒေတာဘေ့စ် အပလီကေးရှင်း လုံခြုံရေးဆိုင်ရာတို့အတွက် ဆွေးနွေးခဲ့ပါသည်။

၎င်းပြင် အောက်တိုဘာလ ၂၁ ရက်နေ့တွင် AAPP ၏ အတွင်းရေးမှူး ဦးတိတ်နိုင် နှင့် မှတ်တမ်းနှင့် သုတေသနဌာန တာဝန်ခံ နှင့် နိုင်ငံခြားရေးရာဒုတာဝန်ခံ ကိုဇော်မိုး တို့သည် Open Society Myanmar (OSM) နှင့် တရားဥပဒေပိုင်းဆိုင်ရာ တာဝန်ယူမှု တာဝန်ခံမှုအတွက် ဆန်းစစ် အကြံပြုဆွေးနွေးပွဲ ပြုလုပ်ခဲ့ပါသည်။

ထို့ပြင် အောက်တိုဘာလ ၂၈ ရက်နေ့တွင် AAPP ၏ အတွင်းရေးမှူး ဦးတိတ်နိုင် နှင့် My Justice အဖွဲ့အစည်း တို့သည် “လုပ်ငန်းအခြေပြ ဆွေးနွေးပွဲ” ပြုလုပ်ခဲ့ပါသည်။ 

AAPP ၏ ရန်ကုန်ရုံးတာဝန်ခံ ဦးအောင်မျိုးကျော် အစည်းအဝေး များ တက်ရောက်ခြင်း

အောက်တိုဘာလ ၉ ရက်နေ့ နှင့် အောက်တိုဘာလ ၁၅ ရက်နေ့တို့တွင် AAPP ၏ ရန်ကုန်ရုံးတာဝန်ခံ ဦးအောင်မျိုးကျော်၊ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့(AI) နှင့် အသံ အဖွဲ့(Athan)တို့သည် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ နိုင်ငံရေးပါတီများမှ ရွေးကောက်ပွဲ ကတိကဝတ်များ ပြုလုပ်ရေး အတွက် အစည်းအဝေးပြုလုပ်ခဲ့ပါသည်။ 

အောက်ဖော်ပြပါ လင့်ကို ဝင်ရောက်၍လည်း ဖတ်ရှုလေ့လာ နိုင်ပါသည်။

https://www.amnesty.org/en/documents/asa16/3234/2020/en/?utm_source=FBPAGE-IS&utm_medium=social&utm_content=3959258204&utm_campaign=Human+Rights+Defenders&utm_term=Making_the_Case_for_Human_Rights-No

ထောက်ပံ့ကူညီခြင်း 

နိုင်ငံရေးအကျဉ်းသားများနှင့် နိုင်ငံရေးအကျဉ်းသားဟောင်းများကို ထောက်ပံ့ကူညီခြင်း

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ အကျဉ်းထောင်တွင်း အကျဉ်းကျလျက်ရှိသည့် နိုင်ငံရေး အကျဉ်းသားများနှင့် ကျန်းမာရေးကောင်းမွန်ခြင်း မရှိ သည့် နိုင်ငံရေးအကျဉ်းသားဟောင်းများကို ဆက်လက် ထောက်ပံ့ ကူညီပေးလျက်ရှိသည်။ အောက်တိုဘာလအတွင်းတွင် ပုသိမ်အကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား (၁) ဦးကို ကျန်းမာရေးအတွက် ထောက်ပံ့ကူညီခဲ့သည်။ ထို့ပြင် စိတ်ပိုင်းဆိုင်ရာ၊ နှလုံး၊ လေဖြတ်၊ အသည်း၊ အဆစ်အမြစ်ရောင်၊ အာရုံကြောအားနည်းရောဂါခံစားနေကြရသော နိုင်ငံရေး အကျဉ်းသားဟောင်း နှင့် လက်ကျိုးခြင်း နှင့်  ဝမ်းဗိုက်ခွဲစိတ် ထားသော နိုင်ငံရေးအကျဉ်းသားဟောင်း စုစုပေါင်း (၁၂) ဦးကို ထောက်ပံ့ ကူညီခဲ့သည်။ 

ထို့ပြင် ကိုဗစ်-၁၉ အသက်ရှုလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ ကာလအတွင်း အခက်အခဲများကို ရင်ဆိုင်နေကြရသည့် နိုင်ငံရေး အကျဉ်းသားဟောင်း (၂) ဦးကို သီးခြား ကူညီပေးခဲ့သည်။

အောက်တွင် ဇယားနှင့်တကွ ဖော်ပြထားပါသည်။ 

မှတ်တမ်းနှင့်သုတေသန

လစဉ်အစီရင်ခံစာ၊ နိုင်ငံရေးအကျဉ်းသားစာရင်းများ နှင့် အေအေပီပီသတင်းလွှာကို ထုတ်ဝေခြင်း

မြန်မာနိုင်ငံအတွင်းရှိ လူ့အခွင့်အရေးအခြေအနေများနှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ လယ်သမားများ၊ အလုပ်သမား များ နှင့် အရပ်သားများ လစဉ် ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခြင်းခံရသည်ကို  စောင့်ကြည့်မှတ်တမ်းတင်ရန် ရည်ရွယ်၍ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) မှ လစဉ် အစီရင်ခံစာနှင့် နိုင်ငံရေး အကျဉ်းသားစာရင်းကို ထုတ်ဝေလျက်ရှိသည်။ အောက်တိုဘာလ ၇ ရက်နေ့တွင် စက်တင်ဘာလအတွက် လစဉ်အစီရင်ခံစာ နှင့် နိုင်ငံရေး အကျဉ်းသား စာရင်းကို ထုတ်ဝေခဲ့ သည်။

ထို့ပြင် AAPP အဖွဲ့ဝင်များ လွှတ်တော်ကိုယ်စားလှယ်များ၊ အစိုးရ ဌာနဆိုင်ရာ အရာရှိများ၊ နိုင်ငံတကာမှ သံအမတ်များ၊ NGOs, CBOs စသည့်အဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ်များ နှင့် တွေ့ဆုံဆွေးနွေးမှုများ၊ ဟောပြောဆွေးနွေးပွဲများ နှင့် နှစ်သိမ့်ဆွေးနွေးပေးခြင်း နှင့် သင်တန်းများ ပို့ချပေးခြင်း စသည့် လှုပ်ရှားဆောင်ရွက်မှုများကို AAPP သတင်းလွှာ၌ လစဉ် ဖော်ပြထားသည်။ အောက်တိုဘာလ ၈ ရက်နေ့တွင် စက်တင်ဘာလအတွက် သတင်းလွှာကို ထုတ်ဝေခဲ့သည်။

https://aappb.org/wpcontent/uploads/2020/09/Burmese-Chronology-and-MiR-for-August-Edit-1.pdf 

https://aappb.org/wpcontent/uploads/2020/09/newsletter-august_3.pdf 

ကိုဗစ်၁၉ သတင်းလွှာပြုစုခြင်း

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ ကိုဗစ်ကာလနှင့် ဆက်နွယ်၍ ဖြစ်ပွားခဲ့သော အမှုဖြစ်စဉ်များပါဝင်သည့် ကိုဗစ်-၁၉ သတင်းလွှာကို ဧပြီလကတည်းက စတင်၍ မှတ်တမ်းတင်ပြုစုလျက်ရှိသည်။ စက်တင်ဘာလ ကိုဗစ်သတင်းလွှာ နှင့် ကိုဗစ်ကာလအတွင်း သတ်မှတ်ထားသော စည်းကမ်းများကို ချိုးဖောက်၍ ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခြင်းခံထားရသော စာရင်းများကို အောက်တိုဘာလ ၆  ရက်နေ့တွင် ထုတ်ဝေခဲ့သည်။

https://aappb.org/wp-content/uploads/2020/09/Final-COVID-19-News-Letter-in-August-Burmese.pdf 

https://aappb.org/wp-content/uploads/2020/09/Final-COVID-19-News-Letter-in-August-English.pdf 

အထွေထွေလှုပ်ရှားမှုများ

ထောင်တွင်းအကျဉ်းသားအခွင့်အရေးနဲ့ လွတ်ငြိမ်းချမ်းသာအွန်လိုင်းတိုက်ရိုက် ဆွေးနွေးပွဲစကားဝိုင်းတွင် ပါဝင် ဆွေးနွေး ခြင်း

ထောင်တွင်းအကျဉ်းသားအခွင့်အရေးနဲ့ လွတ်ငြိမ်းချမ်းသာ အွန်လိုင်းတိုက်ရိုက် ဆွေးနွေးပွဲစကားဝိုင်းတွင် AAPP တွဲဘက်အတွင်းရေးမှူး ဦးဘိုကြည် ပါဝင်ဆွေးနွေး

အောက်တိုဘာလ ၁၀ ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ တွဲဘက် အတွင်းရေးမှူး ဦးဘိုကြည်သည် Voice of Myanmar (VOM) သတင်းဌာနမှပြုလုပ်သော “ထောင်တွင်းအကျဉ်းသား အခွင့်အရေးနဲ့ လွတ်ငြိမ်းချမ်းသာ” အွန်လိုင်းတိုက်ရိုက် ဆွေးနွေးပွဲ စကားဝိုင်းတွင် ပါဝင်ဆွေးနွေးခဲ့သည်။ အဆိုပါ ဆွေးနွေးပွဲတွင် ဦးဘိုကြည်မှ “အဓိက ရေတို၊ရေရှည် လုပ်ငန်းစဉ် နှစ်ခုရှိပြီး ရေရှည်အတွက် တရားရေးဝန်ကြီးဌာနကို ပြန်လည် ထူထောင်ခြင်း၊ ရဲတပ်ဖွဲ့ကို သီးခြားလွတ်လပ်သည့် အဖွဲ့အစည်း အဖြစ် ပြန်လည် ဖွဲ့စည်းခြင်း တို့ဖြစ်သည်၊  ရေတိုအတွက် အကျဉ်းထောင်စီမံခန့်ခွဲမှုဖြစ်သည်၊ အကျဉ်းထောင်တွင်း ဝန်ထမ်းမလုံလောက်သည့် ပြဿနာရှိသည်၊ သို့ဖြစ်၍ ဝန်ထမ်းများသည် နှစ်ဆခန့်ပိုမိုထမ်းဆောင်နေသည့် အနေအထားရှိသည်၊ ထို့ကြောင့် ထိုဝန်ထမ်းများကို အကျိုးခံစားခွင့် ပိုပေးသင့်သည်၊ နောက်တစ်ချက်သည် အကျဉ်းထောင်၏ လုံခြုံရေးဖြစ်သည်၊ အကျဉ်းထောင်လုံခြုံရေး နှင့်ပတ်သက်လာလျှင် ခေတ်မီ နည်းပညာများကို အသုံးချ သင့်သည်၊ ထို့ကဲ့သို့ ခေတ်မီနည်းပညာများကို အသုံးချလာလျှင် အကျဉ်းထောင် လုံခြုံရေးအတွက် ပို၍ ကောင်းလာမည်ဖြစ်သည်၊ ထို့ပြင် အကျဉ်းသားများကို အကန့်လိုက် အမျိုးအစား သတ်မှတ် ၍ စီမံခန့်ခွဲ အုပ်ချုပ်ရန် လိုအပ်သည်၊ အကျဉ်းသားအားလုံး တန်းတူဆိုသည့် ဆိုရှယ်လစ်အတွေးအခေါ်သည် အကျဉ်းထောင် အုပ်ချုပ်ရေးစနစ်ကြီးကို ပျက်ပြားသွားစေသည်၊ အကျဉ်းသား အားလုံးသည် တန်းတူမဟုတ်ပါ၊ တန်းတူမဟုတ်သည့်အတွက် ကျူးလွန်သည့်ပြစ်မှုအပေါ်မူတည်၍ ကွဲပြားစွာ ကိုင်တွယ်မည် ဆိုလျှင် အကျဉ်းထောင် အုပ်ချုပ်ရေးသည် ပို၍ ကောင်းလာမည်၊ အကျဉ်းသား များအတွက် နစ်နာမှုများ လျော့နည်းသွားမည်ဟု ထင်မြင်မိသည်၊ အကျဉ်းသားများကို ပြစ်မှုအမျိုးအစားလိုက် ခွဲ၍ ထားမည်ဆိုလျှင် အုပ်ချုပ်ရသည်မှာ ပို၍ လွယ်ကူလာမည် ဖြစ်သည်” ဟု ပြောကြားခဲ့ပါသည်။ 

အောက်ဖော်ပြပါ လင့်ကို ဝင်ရောက်၍လည်း ကြည့်ရှု လေ့လာနိုင်သည်။

https://www.facebook.com/VoiceofMyanmarNews/videos/843806163093239 

https://www.youtube.com/watch?v=1GI6cPMRPv0&feature=push-sd&attr_tag=8U17-m9JGAzjqYuz%3A6&fbclid=IwAR2zMfItyf5gxOrevEjuVMtYKyx_vLwWSnywmeZAuzejhF93LWe2g-J6Lic 

Myanmar Youth Stars Network (MYS) မှ ဦးဆောင် စီစဉ်သော ဆွေးနွေးပွဲ၌ ပါဝင်ဆွေးနွေးခြင်း

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ သင်တန်းနည်းပြ ကိုထင်အောင်သည် Myanmar Youth Stars Network (MYS) မှ ဦးဆောင် စီစဉ်သော အွန်လိုင်းဆွေးနွေးပွဲ၌ ပါဝင်ဆွေးနွေးခဲ့သည်။ Myanmar Youth Stars Network (MYS) သည် COVID 19 ရောဂါပိုး ကူးစက်ပျံ့ပွားမှုကာလအတွင်း ဦးတည်အုပ်စုလူငယ်များမှ HIV၊ လိင်နှင့်မျိုးဆက်ပွားဆိုင်ရာ ကျန်းမာရေးနှင့် အခြားတွေ့ကြုံ နေရသော  အခက်အခဲများကို ဖြေလျော့နိုင်ရန်နှင့် ၎င်းတို့ အတွက် ဝန်ဆောင်မှုများအား ပိုမိုချိတ်ဆက်နိုင်ရန်အတွက် ရန်ကုန်မြို့အတွင်းရှိ ဦးတည်အုပ်စုများအတွက် ကျန်းမာရေးနှင့် အခြားသောဝန်ဆောင်မှုများ (Mental Health, GBV, Legal Support,etc)ပေးနေသော အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆွေးနွေးခဲ့ပါသည်။

စိတ်ဓာတ်ပြန်လည်မြှင့်တင်ရေးအစီအစဉ်(MHAP)

ကိုဗစ်၁၉ ဗိုင်းရပ် ကူးစက်မှုကာလအတွင်း အွန်လိုင်း စိတ်ပိုင်း ဆိုင်ရာဆွေးနွေးမှု အစီအစဉ်

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း၏ စိတ်ဓာတ်ပြန်လည်မြှင့်တင်ရေး ကူညီထောက်ပံ့မှု အစီအစဉ် (AAPP-MHAP)သည် အွန်လိုင်းစိတ်ပိုင်းဆိုင်ရာဆွေးနွေးမှု လုပ်ငန်းကို အောက်တိုဘာလအတွင်းတွင်လည်း ဆက်လက် လုပ်ဆောင်လျှက်ရှိသည်။ နေရာဒေသအနှံ့အပြားမှ ဆက်သွယ် ဆွေးနွေးမှု များလည်း ပိုမိုများပြားလာခဲ့ပြီး လူမှုကွန်ရက်၊ ဗိုက်ဗာတို့မှတစ်ဆင့် ဆက်သွယ်မှုများလည်းရှိခဲ့သည်။ ဆက်သွယ်လာသည့် ဒေသများမှာ ရန်ကုန်၊ မန္တလေး၊ မကွေး၊ ပဲခူး၊ စစ်ကိုင်း၊ ဧရာဝတီ၊ မွန်၊ ကရင်၊ ရှမ်း၊ ကချင် စသည့် ပြည်တွင်းဒေသများမှ ဆက်သွယ် ဆွေးနွေးမှုများအပြင် ထိုင်းနိုင်ငံမှ ဆက်သွယ် ဆွေးနွေးမှုများလည်း ရှိခဲ့သည်။ 

အွန်လိုင်း စိတ်ပိုင်းဆိုင်ရာဆွေးနွေးမှုလုပ်ငန်းသို့ ဆက်သွယ် ဆွေးနွေးသူများတွင် အစိုးရဝန်ထမ်းများ၊ အမျိုးသမီး အိမ်ထောင် ဦးစီးများ၊ ရွှေ့ပြောင်းအလုပ်သမားများ၊ သင်္ဘာသား၊ NGO ဝန်ထမ်းများ၊ ကုမ္ပဏီဝန်ထမ်းများ၊ ကွာရန်တင်း စင်တာများတွင် ကွာရန်တင်းဝင်နေကြသူများ၊ စေတနာ့ ဝန်ထမ်း များနှင့် HIV ပိုးရှိသူများ စသည့် အမျိုးသား၊ အမျိုးသမီး အသက်အရွယ်စုံ ပါဝင်ပါသည်။ အောက်တိုဘာလအတွင်းတွင် အမျိုးသား ၁၃၄ ဦး (အသက် ၁၈ နှစ်မှ ၇၀ နှစ်အတွင်း)၊ အမျိုးသမီး ၁၃၉ ဦး (အသက် ၁၈ နှစ်မှ ၇၂ နှစ်အတွင်း) နှင့် LGBTs လေးဦး တို့၏ ကိုဗစ်-၁၉ ကာလ စိတ်ဖိစီးမှုများ၊ စိတ်ပိုင်းဆိုင်ရာပြဿနာများ ကို ကူညီဖြေရှင်းပေး နိုင်ခဲ့ပါသည်။

ထိုဆက်သွယ်လာသူများ၏ စိတ်ပိုင်းဆိုင်ရာ ပြဿနာများ၊ လက္ခဏာများမှာ – 

  • မိမိကိုယ်တိုင် သို့မဟုတ် မိမိချစ်ခင်ရသောသူများ၏ ကျန်းမာရေးအတွက် အမြဲမပြတ် စိုးရိမ်ပူပန်နေခြင်း၊ ကြောက်ရွံ့ နေခြင်း
  • စိတ်ညစ်ခြင်းကို အချိန်များစွာ ခံစားနေရခြင်း
  • စိတ်ထဲတွင် ကြောက်ရွံ့ခြင်း၊ တုန်လှုပ်ခြင်းကို ခံစားနေ ရခြင်း
  • အစားအသောက်နှင့် အိပ်စက်ခြင်းပုံစံပြောင်းလဲသွား ခြင်း
  • အိပ်ပျော်ရန်နှင့် အာရုံစူးစိုက်ရန် အခက်အခဲရှိခြင်း
  • အလွယ်တကူ စိတ်တိုခြင်း သို့မဟုတ် ဒေါသထွက်ခြင်း
  • HIV ပိုးရှိသူများက အလွယ်တကူ ရောဂါကူးစက် ခံရမည်ကို စိုးရိမ်ပူပန်ခြင်း
  • ကိုဗစ်-၁၉ ၏ရိုက်ခတ်မှုကြောင့် မိမိတို့သုံးစွဲနေရသော ART ဆေးများပြတ်လပ်သွားမည်ကို စိုးရိမ်ခြင်း
  • အိမ်ထဲတွင် အချိန်ပေါင်းများစွာနေရသဖြင့် စိတ်တင်းကြပ်ခြင်း၊ မွန်းကြပ်ခြင်း၊ ဝမ်းနည်းမှုနှင့် စိတ်ဓာတ်ကျမှုကို ခံစားရခြင်း
  • မိမိပုံမှန်စိတ်ဝင်စားသောအရာများကို စိတ်ဝင်စားမှု မရှိတော့ခြင်း စသည့် လက္ခဏာများကို ခံစားနေကြရ သည်ကို တွေ့ရပါသည်။ 

Tele-CETA သင်တန်းကို AAPP ၏ ဆူပါဗိုက်ဆာများ နှင့် ကောင်ဆယ်လာများကို ပို့ချ

Tele-CETA သင်တန်းကို AAPP ၏ ဆူပါဗိုက်ဆာများ နှင့် ကောင်ဆယ်လာများကို ပို့ချ

အောက်တိုဘာလအတွင်းတွင် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)၏ စိတ်ဓာတ် ပြန်လည် မြှင့်တင်ရေးအစီအစဉ် (MHAP)မှ သင်တန်းနည်းပြ ကိုထင်အောင်သည် Tele-CETA သင်တန်းကို AAPP ၏ ဆူပါဗိုက်ဆာများ နှင့် ကောင်ဆယ်လာများကို အွန်လိုင်းမှ တစ်ဆင့် ဆက်လက်၍ ပို့ချပေးခဲ့သည်။ ကိုဗစ်-၁၉ ကူးစက်မှုကဲ့သို့ လူချင်းတွေ့ဆုံရန် အခက်အခဲဖြစ်နေသော အခြေအနေနှင့် လူချင်း တွေ့ဆုံရန် ခက်ခဲသော ရပ်ဝေးမှ ကလိုင်းယန့်များကို စီတာကုထုံး အပြည့်အဝပေးနိုင်မည် ဖြစ်သည်။ 

 

 

 

ကိုဗစ်၁၉ ကာလ၌ စိတ်ဖိစီးမှုများကို ထိန်းညှိခြင်း နှင့် မိမိကိုယ်ကိုဂရုစိုက်ခြင်းနှင့်ပတ်သက်သည့် ဗွီဒီယိုများ နှင့် ဆောင်းပါးကိုထုတ်လွှင့်ခြင်း

အောက်တိုဘာလအတွင်းတွင် နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း၏ စိတ်ဓာတ်ပြန်လည် မြှင့်တင်ရေး အစီအစဉ် (AAPP-MHAP)မှ သင်တန်းနည်းပြ ကိုထင်အောင် သည် “ကိုဗစ်-၁၉ ကာလ၌ စိတ်ဖိစီးမှုများကို ထိန်းညှိခြင်း နှင့် မိမိကိုယ်ကို ဂရုစိုက်ခြင်းနှင့်ပတ်သက်သည့် ဗွီဒီယိုများ နှင့် ဆောင်းပါး”ကို အွန်လိုင်းမှ တစ်ဆင့် ထုတ်လွှင့်ခဲ့သည်။ 

အောက်ဖော်ပြပါ လင့်မှတစ်ဆင့်လည်း ဝင်ရောက်ကြည့်ရှု နိုင်သည်။

https://www.facebook.com/watch/?v=260163425413086

https://www.facebook.com/watch/?v=623666741655925

https://www.facebook.com/watch/?v=989033214938772

အင်တာဗျူးများဖြေကြားခြင်း

ကိုဗစ်၁၉ သတင်းလွှာနှင့်ပတ်သက်၍ AAPP  မှတ်တမ်းနှင့် သုတေသနဌာန တာဝန်ခံ နှင့် နိုင်ငံခြားရေးရာဒုတာဝန်ခံမှ အင်တာဗျူးဖြေကြားခြင်း

အောက်တိုဘာလ ၇ ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းနှင့် သုတေသနဌာနတာဝန်ခံ နှင့် နိုင်ငံခြားရေးရာဒုတာဝန်ခံ ကိုဇော်မိုးသည် ကိုဗစ်-၁၉ သတင်းလွှာနှင့်ပတ်သက်၍ 7 Days News သတင်းဌာနမှ ပြုလုပ်သော အင်တာဗျူးကို ဖြေကြားခဲ့ သည်။ ထိုအင်တာဗျူးတွင် ကိုဇော်မိုးမှ “ကွာရန်တင်းစင်တာတွင် ရောက်နေသည့်ပုဂ္ဂိုလ်များသည် မိမိအတွက်လည်း အန္တရာယ်ရှိ သလို  အများအတွက်လည်း အန္တရာယ်ရှိပါသည်၊ ထို့ကြောင့် စင်တာတွင်ရှိနေသည့် လူတစ်ဦးဦးမှ စည်းကမ်းချိုးဖောက်လျှင် ၎င်းတင်ထိခိုက်မည် မဟုတ်ဘဲ အများကိုလည်း ထိခိုက်မည် ဖြစ်သည့်အတွက် လိုက်နာရန် လိုအပ်ပါသည်၊ လိုအပ်ချက်များ ရှိသော်လည်း အသက် အန္တရာယ်နှင့် တစ်ပါးသူ အန္တရာယ် ကျရောက်မည်ဖြစ်၍ စည်းကမ်းများကို လိုက်နာကြရန် တိုက်တွန်းပါသည်’’ဟု  ပြောကြားခဲ့သည်။ 

အောက်ဖော်ပြပါ လင့်ကို ဝင်ရောက်၍လည်း ဖတ်ရှုနိုင်သည်။

https://7day.news/detail?id=201366 

ဗကသကျောင်းသားများနှင့်ပတ်သက်၍ AAPP ရန်ကုန်ရုံး တာဝန်ခံမှ အင်တာဗျူးဖြေကြားခြင်း

အောက်တိုဘာလ ၈ ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ရန်ကုန်ရုံး တာဝန်ခံ ဦးအောင်မျိုးကျော်သည် ဗကသကျောင်းသားများနှင့်ပတ်သက်၍ 7 Days News သတင်းဌာနမှ ပြုလုပ်သော အင်တာဗျူးကို ဖြေကြားခဲ့သည်။ အဆိုပါအင်တာဗျူးတွင် ဦးအောင်မျိုးကျော်မှ “ဗကသကျောင်းသားများကို ပုဒ်မမျိုးစုံတပ်၍ ဖမ်းဆီး၊ တရားစွဲဆိုခြင်းသည် အင်မတန် မှားယွင်းနေသည့် လုပ်ရပ် ဖြစ်သည်၊ ကျောင်းသားများသည် စစ်ပွဲများရပ်တန့်ရန်၊ အပြစ်မဲ့ ပြည်သူများကို သတ်ဖြတ်ခြင်းမပြုရန် နှင့် ရခိုင်တွင် အင်တာနက် ပြန်ဖွင့်ရန် တောင်းဆိုခြင်းဖြစ်သည်၊  ပြဿနာ၏ ဇာစ်မြစ်ကို မရှာဘဲ ဆန္ဒထုတ်ဖော်သူများကို တရားစွဲဆိုခြင်းသည် ဒီမိုကရေစီ နိုင်ငံတွင် လုပ်လေ့လုပ်ထရှိသည့် အပြစ်အမူ မဟုတ်ပါ’’ ဟု ပြောကြားခဲ့သည်။

အောက်ဖော်ပြပါ လင့်ကို ဝင်ရောက်၍လည်း ဖတ်ရှုနိုင်သည်။

https://7day.news/201471?fbclid=IwAR1JoApQOqfcy3XiBvLvDhRxfVa-yfxBjq99Z9TAcfuaOh2GB1S8RySWNto 

ကိုဗစ်၁၉ သတင်းလွှာနှင့်ပတ်သက်၍ AAPP ရန်ကုန်ရုံး တာဝန်ခံမှ အင်တာဗျူးဖြေကြားခြင်း

အောက်တိုဘာလ ၈ ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ရန်ကုန်ရုံး တာဝန်ခံ ဦးအောင်မျိုးကျော်သည် ဓူဝံမီဒီယာမှ ပြုလုပ်သော အင်တာဗျူး ကို ဖြေကြားခဲ့သည်။ အဆိုပါအင်တာဗျူးတွင် ဦးအောင်မျိုးကျော် မှ ကိုဗစ်-၁၉ သတင်းလွှာနှင့်ပတ်သက်၍ ပြောကြားခဲ့ပါသည်။

ကွာရန်တင်းစင်တာများ၌ ဟောပြောခြင်းနှင့်ပတ်သက်၍ အင်တာဗျူးဖြေကြားခြင်း 

အောက်တိုဘာလ ၁၆ ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ရန်ကုန်ရုံး တာဝန်ခံ ဦးအောင်မျိုးကျော် နှင့် စာရေးဆရာမ နှင့် AAPP မှ ကောင်ဆယ်လာတစ်ဦးဖြစ်သူ ဆရာမဒေါ်နှင်းပန်းအိမ်တို့သည် ကွာရန်တင်းစင်တာများ၌ ဟောပြောခြင်းနှင့်ပတ်သက်၍ ရိုက်တာသတင်းဌာနမှ ပြုလုပ်သော အင်တာဗျူးကို ဖြေကြား ခဲ့သည်။ အဆိုပါအင်တာဗျူးတွင် ဦးအောင်မျိုးကျော်မှ ကိုဗစ်-၁၉ ပထမလှိုင်းစတင်ဖြစ်ပေါ်ချိန်၌ ကွာရန်တင်းစင်တာတွင် ကွာရန်တင်းဝင်နေကြသူများကို ကြည့်လိုက်သည့်အခါ ၎င်းတို့ အကျဉ်းထောင်အတွင်းတွင် နေခဲ့စဉ်အခါက စကားပြောဖော်ရှာ ခြင်း၊ အပြင်ဧည့်သည်ကိုမျှော်ခြင်း၊ ထောင်ဝင်စာမျှော်ခြင်း စသည့် စိတ်ခံစားချက်နှင့် လက်ရှိ ကွာရန်တင်းစင်တာတွင် နေကြသူများ၏ စိတ်ခံစားချက်များသည် အတူတူဖြစ်ပြီး ကွာဟခြင်းသိပ်မရှိပါ၊ ထို့ကြောင့် ကွာရန်တင်းစင်တာ တွင် နေထိုင်သည့် ကွာရန်တင်းဝင်နေသူများကို သွားရောက် တွေ့ဆုံဟောပြောခြင်းဖြစ်သည်၊ ကွာရန်တင်းစင်တာတွင်နေကြ ရသည့်အခါ စိတ်အလိုမကျမှုများဖြစ်ပြီး ထူးထူးခြားခြားတွေ့ရှိရ သည်မှာ စေတနာ့ဝန်ထမ်းများအတွင်း တစ်ဦးနှင့်တစ်ဦး စနောက်လျှင်တောင်မှ သည်းမခံနိုင်လောက်အောင် စိတ်ခံစားချက်များဖြစ်ပေါ်လာသည်ကို တွေ့ရှိရသည်၊ ပထမတွင် ၎င်းတို့ ကွာရန်တင်းဝင်နေသည့်သူများကို ဟောပြောပွဲပြုလုပ် မည်ဟု ရည်ရွယ်ထားသည်၊ သို့သော်လည်း ထိုအခြင်းအရာကို တွေ့ရှိရသည့်အတွက် စေတနာ့ဝန်ထမ်းများအတွက်ပါ ပြုလုပ် ရန်လိုအပ်၍ စေတနာ့ဝန်ထမ်းများ နှင့် ကွာရန်တင်းဝင် နေကြသူများအတွက် ဟောပြောပွဲပြုလုပ်သည်ဟု ပြောကြားခဲ့ သည်။ 

ဆရာမနှင်းပန်းအိမ်မှ ပြည်တွင်းတွင်နေထိုင်၍ ကိုဗစ်ဖြစ်သူများ သည် ဆင်းရဲမွဲတေမှုပြဿနာ၏ ဖိစီးမှုတစ်ခု၊ ကိုဗစ်၏ ဖိစီးမှု တစ်ခု၊ ထိုကိုဗစ်တွင်တောင်မှ အပြစ်၏သားကောင်ဟု ပြောဆိုခြင်းခံရသည့် ဖိစီးမှု တစ်ခု၊ ထိုသုံးခုပေါင်းသည့်အခါတွင် ဖိစီးမှုဒေါသများ၊ စိတ်ဓာတ်ကျဆင်းမှုများ၊ စိတ်ဒဏ်ရာများ၊ ခွဲခြားဆက်ဆံခြင်းခံရသည်ဆိုသည့် ခံစားမှုများအားလုံး စုံပြုံ သွားသည့်အတွက် ၎င်းတို့နိုင်ငံသည် စိတ်ဖိစီးမှုပြဿနာအတွက် ကောင်ဆယ်လင်းများစွာ လိုအပ်သည်ဟု ပြောကြားခဲ့ သည်။ 

အောက်ဖော်ပြပါ လင့်ကို ဝင်ရောက်၍လည်း ကြည့်ရှုနိုင်သည်။

https://burmese.voanews.com/a/covid-mental-health/5628216.html?fbclid=IwAR0rpLLXhkoZ5mMBBkSvNzsUGczScKqiKR-S-9G6Ib_rOEg4CHLRe77HNso 

NLD ကိုယ်စားလှယ်လောင်းသုံးဦး ဖမ်းဆီးခံထားရခြင်းနှင့် ပတ်သက်၍ အင်တာဗျူးဖြေကြားခြင်း

အောက်တိုဘာလ ၂၁ ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ အတွင်းရေးမှူး ဦးတိတ်နိုင်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) လွှတ်တော်ကိုယ်စားလှယ်လောင်း သုံးဦး ဖမ်းဆီးခံထားရခြင်း နှင့်ပတ်သက်၍ 7 Days News သတင်းဌာနမှ ပြုလုပ်သော အင်တာဗျူးကို ဖြေကြားခဲ့သည်။ အဆိုပါအင်တာဗျူးတွင် ဦးတိတ်နိုင်မှ ‘‘ရွေးကောက်ပွဲတစ်ခု မှ ကိုယ်စားလှယ်လောင်း များ  ဘေးကင်းလုံခြုံစွာ မဲဆွယ်စည်းရုံးခွင့်သည် ဒီမိုကရေစီစနစ် တစ်ခု၏ စံချိန်စံညွှန်းတစ်ခုဖြစ်သည်၊ ထိုသို့အခြေအနေမျိုးတွင် ဖမ်းဆီးခြင်း ခံရသည့်ကိစ္စသည် လုံးဝမဖြစ်သင့်သည့်ကိစ္စ ဖြစ်သည်၊ ထို့ကြောင့် AAPP မှ ကြေညာချက်ထုတ်ရခြင်း ဖြစ်သည်”ဟု ပြောကြားခဲ့သည်။ 

ထို့ပြင် အောက်တိုဘာလ ၂၂ ရက်နေ့တွင် AAPP အတွင်းရေးမှူး ဦးတိတ်နိုင်သည် NLD ကိုယ်စားလှယ်လောင်းသုံးဦးကို ဖမ်းဆီး ထားခြင်းနှင့်ပတ်သက်၍ အီလဲဗင်းသတင်းဌာနမှ ပြုလုပ်သော အင်တာဗျူးကို ဖြေကြားခဲ့သည်။

အောက်ဖော်ပြပါ လင့်ကို ဝင်ရောက်၍လည်း ဖတ်ရှုနိုင်သည်။

https://7day.news/detail?id=202867&fbclid=IwAR1-vWVc-3PjAr4p5-3lC9L3LX2lNaScozFooZ7Y0wb_Ls6303aLdAe-ox4 

https://web.facebook.com/rfaburmese/photos/a.10150522560153128/10160470218253128/?_rdc=1&_rdr 

အကျဉ်းထောင်တွင်း ကိုဗစ်ပိုးတွေ့ရှိမှုနှင့်ပတ်သက်၍ AAPP ရန်ကုန်ရုံးတာဝန်ခံမှ အင်တာဗျူးဖြေကြားခြင်း

အောက်တိုဘာလ ၂၄ ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ရန်ကုန်ရုံး တာဝန်ခံ ဦးအောင်မျိုးကျော်သည် Myanmar Platform သတင်းဌာန မှ ပြုလုပ်သော အင်တာဗျူးကို ဖြေကြားခဲ့သည်။ အဆိုပါ အင်တာဗျူးတွင် ဦးအောင်မျိုးကျော်မှ အကျဉ်းထောင်တွင်း ကိုဗစ်ပိုးတွေ့ရှိမှုနှင့်ပတ်သက်၍ ပြောကြားခဲ့ပါသည်။

ကိုဗစ်၁၉ နှင့် အကျဉ်းထောင်အခြေအနေများနှင့်ပတ်သက်၍ AAPP  အတွင်းရေးမှူးမှ အင်ဗျူးဖြေကြားခြင်း

အောက်တိုဘာလ ၂၆ ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ အတွင်းရေးမှူး ဦးတိတ်နိုင်သည် ဧရာဝတီသတင်းဌာန နှင့် ဒီဗွီဘီသတင်းဌာန တို့မှ ပြုလုပ်သော အင်တာဗျူးများကို ဖြေကြားခဲ့ပါသည်။ အဆိုပါ အင်တာဗျူးများတွင် ဦးတိတ်နိုင်မှ ကိုဗစ်-၁၉ နှင့် အကျဉ်းထောင်အခြေအနေများနှင့်ပတ်သက်၍  ပြောကြားခဲ့ပါ သည်။ 

ဆက်သွယ်မေးမြန်းရန်

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း

တိတ်နိုင် အတွင်းရေးမှူး                        +၉၅() ၉၄၂       ၈၀၂  ၃၈၂၈

ဘိုကြည် တွဲဘက်အတွင်းရေးမှူး             +၉၅() ၉၄၂  ၅၃၀  ၈၈၄၀

အောင်မျိုးကျော် ရန်ကုန်ရုံးတာဝန်ခံ         +၉၅() ၉၄၂  ၈၁၁  ၇၃၄၈

လစဉ်သတင်းလွှာဒေါင်းလော့ရယူရန် newsletter october release