နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)၏ ဩဂုတ်လအတွက် လစဉ်သတင်းလွှာ

ဟောပြောဆွေးနွေးပွဲများပြုလုပ်ခြင်း

မိမိကိုယ်ကိုမိမိစောင့်ရှောက်ခြင်းနှင့် စိတ်ဓါတ်ခွန်အားမြှင့်တင်ရေး ဟောပြောပွဲများ ပြုလုပ်ခြင်း 

ကွာရန်တင်းစင်တာ (ကိုဗစ်-၁၉ ကူးစက်ရောဂါထိန်းချုပ်ရေး စင်တာ)များ၌ နေထိုင်နေကြရသော ပြည်သူများ၊ စေတနာ့ ဝန်ထမ်းများနှင့် ကျန်းမာရေးဝန်ထမ်းများ၏ စိတ်ဖိစီးမူများ လျော့ပါးစေရန်နှင့် စိတ်ခွန်အားဖြစ်ပေါ်စေရန်၊ ထိုသူများ  ကိုဗစ်-၁၉ ကာကွယ်ရေးနှင့်ပတ်သက်ပြီး ပိုမိုသိရှိနားလည်၍ လိုက်နာ ကျင့်သုံးစေရန် ရည်ရွယ်၍ ဩဂုတ်လအတွင်းတွင် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး နှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ မိမိကိုယ်ကိုမိမိစောင့်ရှောက် ခြင်း နှင့် စိတ်ဓါတ်ခွန်အားမြှင့်တင်ရေးဟောပြောပွဲများကို ပြုလုပ်ခဲ့သည်။ အဆိုပါဟောပြောပွဲများတွင် AAPP မှ ဆရာမ နှင်းပန်းအိမ်မှ ဦးဆောင်ဆွေးနွေးခဲ့ပြီး AAPP အဖွဲ့ဝင် ကိုသန်းထိုက်ဝင်းမှ ဆွေးနွေးပွဲပြုလုပ်ရခြင်းရည်ရွယ်ချက်များ အား ပြောကြားပေးခဲ့သည်။ AAPP အဖွဲ့ဝင်များဖြစ်ကြသော ကိုလွင်မိုးမြင့် နှင့် မမေချစ်ဦးတို့မှ ပူးပေါင်း ပါဝင်ကူညီခဲ့သည်။ ဟောပြောပွဲများကို သက်ဆိုင်ရာ ဒေသလွှတ်တော် ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်ဆရာဝန်ကြီးများ၊ မြို့နယ်စည်ပင် သာယာရေး ကော်မတီဝင်များ၊ ရင်ခွင်မဲ့ကလေး လျှော့ချရေးအသင်းတာဝန်ရှိသူများ၊ နိုင်ငံရေးအကျဉ်းသား ဟောင်းများ၊ ၈၈ ငြိမ်း/ပွင့်မှ အဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်းများ၊  ကိုဗစ်ရောဂါကာကွယ်ထိန်းချုပ်ရေး ကော်မတီဝင်များမှ ပူးပေါင်း ဆောင်ရွက်ခဲ့သည်။

ပုသိမ်တက္ကသိုလ်၌ ကွာရန်တင်းဝင်နေသူများအား ဟောပြောပို့ချ

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ ဩဂုတ်လ ၁ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်အတွင်းရှိ ကွာရန်တင်းစင်တာ (၂) ခု၊ ဩဂုတ်လ ၉ ရက်နေ့မှ ဩဂုတ်လ ၁၁ ရက်နေ့ထိ ပုသိမ်မြို့ နှင့် ကန်ကြီးထောင့်မြို့ရှိ ကွာရန်တင်းစင်တာ (၆)ခု၊ ဩဂုတ်လ ၁၇ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့ရှိ ကွာရန်တင်း စင်တာ (၃) ခု၊ ဩဂုတ်လ ၁၈ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ ကွာရန်တင်းစင်တာ (၁) ခု တို့၌ ကွာရန်တင်းဝင်နေကြသူများ၊ စေတနာ့ဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ အုပ်ချုပ်ရေးအဖွဲ့များ၊ ရဲတပ်ဖွဲ့ဝင်များ နှင့် အခြားသက်ဆိုင်ရာ ဌာနဆိုင်ရာ ဝန်ထမ်းများအတွက် စိတ်ခွန်အားဖြစ်စေမည့် ဟောပြောပွဲများကို ပြုလုပ်နိုင်ခဲ့သည်။ ဩဂုတ်လအတွင်း၌ ကွာရန်တင်းဝင် လူဦးရေ စုစုပေါင်း (၁၀၈၄) ဦးနှင့် စေတနာ့ဝန်ထမ်းဦးရေ စုစုပေါင်း (၁၀၀) ဦး တို့ကို ဟောပြော ဆွေးနွေးပေးနိုင်ခဲ့သည်။

  • ဟင်္သာတတက္ကသိုလ် နှင့် ဟင်္သာတနည်းပညာ တက္ကသိုလ်တို့ရှိ ကွာရန်တင်းစင်တာ (၂) ခု၌ ကွာရန်တင်းဝင် လူဦးရေ (၁၆၁) ဦး နှင့် စေတနာ့ ဝန်ထမ်းဦးရေ (၃၀) ဦး
  • ပုသိမ်တက္ကသိုလ်၊ ပုသိမ်နည်းပညာကောလိပ် နှင့် ကန်ကြီးထောင့်နည်းပညာတက္ကသိုလ်တို့ရှိ ကွာရန်တင်း စင်တာ (၆) ခု၌ ကွာရန်တင်း ဝင်လူဦးရေ (၄၇၃) ဦးနှင့် စေတနာ့ဝန်ထမ်းဦးရေ (၃၈) ဦး
  • ပဲခူးမြို့ရှိ ကွာရန်တင်းစင်တာ (၃) ခု၌ ကွာရန်တင်းဝင် လူဦးရေ (၁၉၉) ဦးနှင့် စေတနာ့ဝန်ထမ်းဦးရေ (၁၇) ဦး
  • မင်္ဂလာဒုံမြို့နယ်ရှိ ကွာရန်တင်းစင်တာ (၁) ခု၌ ကွာရန်တင်းဝင် လူဦးရေ (၂၅၁) ဦးနှင့် စေတနာ့ ဝန်ထမ်းဦးရေ (၁၅) ဦး

သင်တန်းပို့ချခြင်း

လူ့အခွင့်အရေး၊ တိုင်ကြားမှုယန္တရား၊ အသွင်ကူးပြောင်းရေး ဆိုင်ရာ တရားမျှတမှု နှင့် လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းတင်ခြင်း အခြေခံသင်တန်းပို့ချခြင်း

ဩဂုတ်လအတွင်း၌ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)မှ လူ့အခွင့်အရေး၊ တိုင်ကြားမှုယန္တရား၊ အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှု နှင့် လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းတင်ခြင်း အခြေခံ သင်တန်း နှစ်ခုကို ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နှင့် မအူပင်မြို့တို့တွင် ပို့ချပေးနိုင်ခဲ့သည်။

ဩဂုတ်လ ၆ ရက်နေ့မှ ဩဂုတ်လ ၁၇  ရက်နေ့ထိ ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့၌ ပြုလုပ်ခဲ့သော (၁၂) ရက်တာ သင်တန်း၌ လူ့အခွင့်အရေး နှင့် တိုင်ကြားမှုယန္တရား သင်တန်းနည်းပြအဖြစ် ကိုဝဏ္ဏနွယ်၊ အသွင်ကူးပြောင်းရေး ဆိုင်ရာ တရားမျှတမှု နှင့် လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းတင်ခြင်း သင်တန်းနည်းပြအဖြစ် ကိုတင်မျိုးထွဋ်၊ ဒစ်ဂျစ်တယ် လုံခြုံရေးနည်းပြအဖြစ် ကိုမျိုးထွန်း တို့မှ သင်တန်းပို့ချပေးခဲ့သည်။ သင်တန်းကို သင်တန်းသူ (၁၀) ဦးနှင့် သင်တန်းသား (၁၅) ဦး၊ စုစုပေါင်း (၂၅) ဦး တက်ရောက်ခဲ့ကြပြီး ၎င်းတို့သည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီဝင်များ ဖြစ်ကြသည်။ ထို့ပြင် သင်တန်း တက်ရောက်သူများသည် ဗမာ နှင့် ကရင် တိုင်းရင်းသားများဖြစ်ကြသည်။ သင်တန်းပို့ချခဲ့သော ပန်းတနော်မြို့နယ်တွင် လူကုန်ကူးမှုများ နှင့် သိမ်းဆည်းခံ လယ်ယာမြေများ ပြန်လည်ရရှိရေးအတွက်ဆောင်ရွက်ရာတွင် အဂတိလိုက်စားမှုများ စသည်တို့ကို ရင်ဆိုင်နေကြရသည်။

မအူပင်မြို့၌ ပြုလုပ်ခဲ့သော သင်တန်းကို တက်ရောက်ခဲ့ကြသော သင်တန်းသား/သူများ နှင့် သင်တန်းနည်းပြများ

ဩဂုတ်လ ၁၃ ရက်နေ့မှ ဩဂုတ်လ ၂၄ ရက်နေ့ထိ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့၌ ပြုလုပ်ခဲ့သော (၁၂) ရက်တာ သင်တန်း၌ လူ့အခွင့်အရေး နှင့် တိုင်ကြားမှုယန္တရား သင်တန်းနည်းပြအဖြစ် ဦးစောသန်းလှိုင်၊  လူ့အခွင့်အရေး ချိုးဖောက်မှု မှတ်တမ်းတင်ခြင်းနှင့် အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှုသင်တန်းနည်းပြအဖြစ် ဦးစိုင်းမြင့်သူ၊ ဒစ်ဂျစ်တယ်လုံခြုံရေး နည်းပြအဖြစ် ကိုခင်မောင်ဝင်းတို့မှ သင်တန်း ပို့ချပေးခဲ့သည်။ သင်တန်းကို သင်တန်းသူ () ဦးနှင့် သင်တန်းသား () ဦး၊ စုစုပေါင်း (၁၅) ဦး တက်ရောက် ခဲ့ကြသည်။ သင်တန်းတက်ရောက်သူများသည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD)၊ လူငယ်ရေးရာကော်မတီ (ဖျာပုံမြို့ နှင့် ကျိုက်လတ်မြို့)၊ အလင်းတန်း၊ စေတနာ့ဝန်ထမ်းအဖွဲ့ (ပုသိမ်)Young Personality Development Organization တို့မှ အဖွဲ့ဝင်များ၊ ကျောင်းသူ တစ်ဦး နှင့် စိတ်ပါဝင်စားသူ တစ်ဦး တို့ သင်တန်း တက်ရောက် ခဲ့ကြသည်။ သင်တန်း တက်ရောက်သူများသည် ကရင် နှင့် ဗမာ တိုင်းရင်းသားများ ဖြစ်ကြသည်။ သင်တန်းပို့ချခဲ့သော မအူပင်မြို့နယ်တွင် မတရား ဖမ်းဆီး၍ ညှဉ်းပန်းနှိပ်စက်မှုများကို ရင်ဆိုင်နေရသည်။

သင်တန်းပို့ချရခြင်း၏ ရည်ရွယ်ချက်သည် ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေးတွင် ပါဝင်ကြသူများကို အားပေး မြှင့်တင်ရန် နှင့် အသိပညာများရရှိလာရန် ရည်ရွယ်၍ စွမ်းဆောင်ရည် မြှင့်တင်ပေးခြင်းဖြစ်သည်။

The Wings Institute တွင် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုရှာဖွေရေးအကြောင်း တစ်ရက်တာ မိတ်ဆက် သင်တန်းပို့ချခြင်း

ဩဂုတ်လ ၇ ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) မှ ရန်ကုန်ရုံးတာဝန်ခံ ဦးအောင်မျိုးကျော်သည် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုရှာဖွေရေးအကြောင်းကို The Wings Institute ၌ တစ်ရက်တာ မိတ်ဆက်သင်တန်းပို့ချခဲ့သည်။ အဆိုပါ သင်တန်း ကို ဒေသစုံမှ တိုင်းရင်းသားလူငယ် (၂၂) ဦး တက်ရောက်ခဲ့သည်။

စည်းရုံးလှုံ့ဆော်ခြင်း နှင့် တိုက်တွန်းခြင်း

အမျိုးသားလွှတ်တော်၊ နိုင်ငံသားများ၏မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးဆိုင်ရာကော်မတီနှင့် တွေ့ဆုံ ဆွေးနွေးခြင်း

ဩဂုတ်လ ၂၀ ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) မှ ရန်ကုန်ရုံးတာဝန်ခံ ဦးအောင်မျိုးကျော်၊ မှတ်တမ်း နှင် သုတေသနဌာနတာဝန်ခံ နှင့် နိုင်ငံခြားရေးရာဒုတာဝန်ခံ ကိုဇော်မိုး၊ အဖွဲ့ဝင် ကိုကိုအောင်၊ မဟာမိတ်မြန်မာ နှင့်  DPAG (Drug Policy Advocacy Group-Myanmar) တို့မှ ကိုယ်စားလှယ်အဖွဲ့သည် အမျိုးသား လွှတ်တော်၊ နိုင်ငံသားများ၏မူလအခွင့်အရေး၊ ဒီမိုကရေစီအရေး နှင့် လူ့အခွင့်အရေးဆိုင်ရာကော်မတီနှင့် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်၊ ကော်မတီအစည်းအဝေးခန်းမ၌ တွေ့ဆုံ ဆွေးနွေးခဲ့သည်။ အဆိုပါ ဆွေးနွေးပွဲကို အမျိုးသားလွှတ်တော်၊ နိုင်ငံသားများ၏မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးဆိုင်ရာကော်မတီမှ ဥက္ကဋ္ဌ ဦးဝင်းအောင်၊ အတွင်းရေးမှူး ဦးမျိုးထပ်(ခ)ဆလိုင်းမျိုးထိုက်နှင့် ကော်မတီ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။ 

အမျိုးသားလွှတ်တော်၊ နိုင်ငံသားများ၏မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးဆိုင်ရာကော်မတီနှင့် တွေ့ဆုံဆွေးနွေး

 

တွေ့ဆုံဆွေးနွေးပွဲတွင် ကော်မတီဥက္ကဋ္ဌ ဦးဝင်းအောင်မှ အဖွင့်နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး AAPP နှင့် မိတ်ဖက် အဖွဲ့အစည်းများ စုပေါင်းပြုစုထုတ်ဝေထားသည့် ပစ်ပယ်ချိုးနှိမ်ခံ များအပါအဝင် အကျဉ်းထောင် ပြုပြင်ပြောင်းလဲရေး အစီရင်ခံစာ နှင့်စပ်လျဉ်း၍ Key Population များ၏ ခွဲခြားဆက်ဆံခံရမှု အခြေအနေများ၊ အကျဉ်းထောင်ဥပဒေနှင့် တရားရေးစနစ် ပြောင်းလဲရေးအတွက် ဆောင်ရွက်ရမည့် အခြေအနေများ၊ အမျိုးသမီးအကျဉ်းသူများ၏ တစ်ကိုယ်ရေ ကျန်းမာရေး အခြေအနေများ၊ LGBT များ၏ လိင်ပိုင်းဆိုင်ရာစော်ကားခံရမှု အခြေအနေများ၊ HIV ရောဂါနှင့်ပတ်သက်၍ ART ဆေးလိုအပ် ချိန်တွင် ချက်ချင်းမရသည့်အခြေအနေများ၊ မူးယစ်ဆေးဝါးမူဝါဒ လျော့ချပေးရန် ကိစ္စများနှင့် ဖြည့်စွက်/ပြင်ဆင် လိုသော အချက်များကို ဆွေးနွေးညှိနှိုင်းခဲ့ကြရာ ကော်မတီဝင်များက သိရှိလိုသည်များကို မေးမြန်းခဲ့ပြီး AAPP မှ ဦးဆောင်သော အဖွဲ့ နှင့် ကော်မတီတို့ ပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စရပ်များအား အပြန်အလှန် ဆွေးနွေးခဲ့ပါသည်။

ထို့နောက် အမျိုးသားလွှတ်တော်၊ နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေး နှင့်လူ့အခွင့်အရေးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဦးဝင်းအောင်မှ စနစ်တကျလေ့လာသင့်သဖြင့် မှတ်တမ်းတင်ပါကြောင်းနှင့် နိဂုံးချုပ်ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး ဆွေးနွေးပွဲကို ရုပ်သိမ်းခဲ့ပါသည်။

အောက်ပါလင့်မှတစ်ဆင့်လည်း ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

https://www.facebook.com/hluttawamyotha/posts/3226066070840237

The Wings Institute နှင့် တွေ့ဆုံဆွေးနွေးခြင်း

ဩဂုတ်လ ၂၄ ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) မှ ရန်ကုန်ရုံးတာဝန်ခံ ဦးအောင်မျိုးကျော်သည် The Wings Institute နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ အဆိုပါဆွေးနွေးပွဲတွင် အသွင်ကူးပြောင်းရေး ဆိုင်ရာ တရားမျှတမှုနှင့်ပတ်သက်၍ ရှေ့ဆက်လက်တွဲလုပ်ကိုင်နိုင်မည့်ကိစ္စများကို ဆွေးနွေးခဲ့သည်။ 

ရန်ကုန်တိုင်းတွင်း ရွေးကောက်ပွဲဝင်မည့် ပြည်သူ့ပါတီ ကိုယ်စားလှယ်လောင်းများ၊ ပါတီတာဝန်ရှိသူများကို ဒုက္ခမြေပုံ အစီရင်ခံစာမိတ်ဆက်ရှင်းလင်းပွဲပြုလုပ်ခြင်

ဩဂုတ်လ ၂၄ ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) မှ ရန်ကုန်ရုံးတာဝန်ခံ ဦးအောင်မျိုးကျော်သည် ရန်ကုန်တိုင်းတွင်း ရွေးကောက်ပွဲဝင် မည့် ပြည်သူ့ပါတီ ကိုယ်စားလှယ်လောင်းများ၊ ပါတီတာဝန်ရှိသူ များကို ဒုက္ခမြေပုံ အစီရင်ခံစာမိတ်ဆက်ရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါ သည်။ 

ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များနှင့်တွေ့ဆုံဆွေးနွေး

ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များနှင့်တွေ့ဆုံဆွေးနွေး

ဩဂုတ်လ ၂၈ ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ  ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များနှင့် ကော်မတီ အစည်းအဝေးခန်းမ (၁) တွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ထိုဆွေးနွေးပွဲတွင် မိတ်ဖက်အဖွဲ့အစည်းများမှပူးပေါင်း၍ ရေးသားထားသော “ဒုက္ခမြေပုံ” အစီရင်ခံစာ စာအုပ်အား မိတ်ဆက်ခြင်းနှင့် စာအုပ်ပါကိစ္စရပ်များအား အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

 

 

 

 

 

ထောက်ပံ့ကူညီခြင်း 

နိုင်ငံရေးအကျဉ်းသားများနှင့် နိုင်ငံရေးအကျဉ်းသားဟောင်းများကို ထောက်ပံ့ကူညီခြင်း

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ အကျဉ်းထောင်တွင်း အကျဉ်းကျလျက်ရှိသည့် နိုင်ငံရေး အကျဉ်းသားများနှင့် ကျန်းမာရေးကောင်းမွန်ခြင်းမရှိ သည့် နိုင်ငံရေးအကျဉ်းသားဟောင်းများကို ဆက်လက် ထောက်ပံ့ ကူညီပေးလျက်ရှိသည်။ ဩဂုတ်လအတွင်းတွင် အင်းစိန်အကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား (၁၄) ဦး၊ မန္တလေးအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား (၇) ဦး၊ စစ်တွေ၊ ပုသိမ်၊ လားရှိုး နှင့် မောင်လမြိုင်အကျဉ်းထောင်များမှ နိုင်ငံရေး အကျဉ်းသား (၄) ဦး တို့ကို ထောက်ပံ့ကူညီခဲ့သည်။ ထို့ပြင် စိတ်ပိုင်းဆိုင်ရာခံစားနေရသူ၊ မျက်စိခွဲစိတ်ထားသူ၊ အူကျွံသည့် အတွက် ခွဲစိတ်ကုသထား သူ၊ လေဖြတ်ရောဂါ၊ အရိုးပွရောဂါ၊ ဆီးချိုရောဂါ စသည်တို့ကို ခံစားနေကြရသော နိုင်ငံရေး အကျဉ်းသားဟောင်း (၆) ဦးကို  ထောက်ပံ့ ကူညီခဲ့သည်။ 

၎င်းပြင် မန္တလေးအကျဉ်းထောင်တွင်းမှ တရားရင်ဆိုင်နေရသူ (၂) ဦး၊ ထောင်ပြင်ပ၌ တရားရင်ဆိုင်နေရသော မန္တလေးတိုင်း ဒေသကြီးအတွင်းမှ တောင်သူ (၈၉) ဦး နှင့် ရှမ်းပြည်နယ်၊ ဆီဆိုင်မြို့နယ်မှ တောင်သူ (၄၇) ဦး၊ စုစုပေါင်း ၁၃၆ ဦး နှင့်   လူ့အခွင့်အရေး ရှေ့နေ (၈) ဦးတို့ကို ကူညီခဲ့သည်။ ထို့ပြင်  ကွယ်လွန်သွားခဲ့သော နိုင်ငံရေးအကျဉ်းသားဟောင်း (၁) ဦး၏  နာရေးကို ကူညီခဲ့သည်။ 

၎င်းပြင် ၂၀၁၅ ခုနှစ်မှစတင်၍ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ အကျဉ်းထောင်တွင်း နှင့် စစ်ကြောရေးစခန်းများ၌ ညှဉ်းပန်းနှိပ်စက်မှုကို ရင်ဆိုင်ခံစား ခဲ့ရ၍ ကျန်းမာရေးကောင်းမွန်ခြင်းမရှိသည့် နိုင်ငံရေး အကျဉ်းသားဟောင်းများကို အရေးပေါ် ကူညီ ထောက်ပံ့ပေးခဲ့ သည်။ ဩဂုတ်လအတွင်းတွင် နိုင်ငံရေးအကျဉ်းသားဟောင်း (၃) ဦးကို ထောက်ပံ့ ကူညီခဲ့သည်။ 

အောက်တွင် ဇယားနှင့်တကွ ဖော်ပြထားပါသည်။ 

ကိုဗစ်၁၉ ကြိုတင်ကာကွယ်ရေးအတွက် အကျဉ်းထောင်များသို့ လှူဒါန်းခြင်း  နှင့် အကျဉ်းထောင် ပြုပြင်ပြောင်းလဲရေးနှင့်ပတ်သက်၍ စည်းရုံးလှုံ့ဆော်မှုပြုလုပ်ခြင်း

လှေလှော်အင်း စိုက်ပျိုးမွေးမြူရေးစခန်း နှင့် ကျိုက်ဇကော စိုက်ပျိုးမွေးမြူရေးစခန်းသို့ ကိုဗစ်၁၉ ကာကွယ်ရေးပစ္စည်းများ လှူဒါန်းခြင်း

ဩဂုတ်လ ၂ ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရေးအသင်း(AAPP) ရန်ကုန်ရုံးတာဝန်ခံ ဦးအောင်မျိုးကျော် ဦးဆောင်သောအဖွဲ့သည် လှေလှော်အင်း စိုက်ပျိုးမွေးမြူရေးစခန်း အတွင်း၌ရှိသော အကျဉ်းသားများ အတွက် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး ဆောင်ရွက်နိုင်ရန် ကာဘော်လစ် ဆပ်ပြာ ၁၀၀၀ တုံး၊ ဆေးဖြန်းပုံး ၅ ပုံး၊ ပိုးသတ်ဆေးရည် ဂျာမီတောလ် ၁၀ လီတာ ၃ ပုံးနှင့် လက်ဆေးဆပ်ပြာရည် ၁၀ လီတာ ၅ ပုံး၊ ကျိုက်ဇကော စိုက်ပျိုးမွေးမြူရေးစခန်းအတွင်း၌ရှိသော အကျဉ်းသားများ အတွက် ကာဘော်လစ် ဆပ်ပြာ ၁၀၀၀ တုံး၊ ဆေးဖြန်းပုံး ၅ ပုံး၊ ပိုးသတ်ဆေးရည် ဂျာမီတောလ် ၁၀ လီတာ ၃ ပုံးနှင့် လက်ဆေးဆပ်ပြာရည် ၁၀ လီတာ ၅ ပုံး တို့ကို သွားရောက် လှူဒါန်းခဲ့ရာ သက်ဆိုင်ရာ စခန်းများမှ တာဝန်ခံအရာရှိများမှ လက်ခံရယူခဲ့ပါသည်။

မြင်းခြံအကျဉ်းထောင် နှင့် ညောင်ဦးအကျဉ်းထောင်သို့ ကိုဗစ်၁၉ ကာကွယ်ရေးပစ္စည်းများ လှူဒါန်းခြင်း

ဩဂုတ်လ ၅ ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရေးအသင်း(AAPP) ရန်ကုန်ရုံးတာဝန်ခံ ဦးအောင်မျိုးကျော် ဦးဆောင်သောအဖွဲ့သည် မြင်းခြံအကျဉ်းထောင်အတွင်း၌ရှိသော အကျဉ်းသား/သူများအတွက် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး ဆောင်ရွက်နိုင်ရန် ကာဘော်လစ်ဆပ်ပြာ ၃၆၀၀ တုံး၊ ဆေးဖြန်းပုံး ၁၀ ပုံး၊ ပိုးသတ်ဆေးရည် ဂျာမီတောလ် ၁၀ လီတာ ၆ ပုံးနှင့်  လက်ဆေးဆပ်ပြာရည် ၁၀ လီတာ ၈ ပုံး၊ ညောင်ဦးအကျဉ်းထောင် အတွင်း၌ရှိသော အကျဉ်းသား/သူ များအတွက် ကာဘော်လစ် ဆပ်ပြာ ၈၀၀ တုံး၊ ဆေးဖြန်းပုံး ၅ ပုံး၊ ပိုးသတ်ဆေးရည် ဂျာမီတောလ် ၁၀ လီတာ ၃ ပုံးနှင့် လက်ဆေးဆပ်ပြာရည် ၁၀ လီတာ ၅ ပုံး တို့ကို သွားရောက် လှူဒါန်းခဲ့ရာ သက်ဆိုင်ရာ ထောင်တာဝန်ခံ အရာရှိများမှ လက်ခံ ရယူခဲ့သည်။

န်လျင်လူငယ်သင်တန်းကျောင်းသို့ ကိုဗစ်၁၉ ကာကွယ်ရေး ပစ္စည်းများ လှူဒါန်းခြင်း

ဩဂုတ်လ ၅ ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရေးအသင်း(AAPP) ရန်ကုန်ရုံးတာဝန်ခံ ဦးအောင်မျိုးကျော် ဦးဆောင်သောအဖွဲ့သည် သန်လျင်လူငယ်သင်တန်းကျောင်း အတွင်း၌ရှိသော လူငယ်များအတွက် ကိုဗစ်-၁၉ ကြိုတင် ကာကွယ်ရေး ဆောင်ရွက်နိုင်ရန် ကာဘော်လစ်ဆပ်ပြာ ၁၂၀၀ တုံး၊ ဆေးဖြန်းပုံး ၅ ပုံး၊ ပိုးသတ်ဆေးရည် ဂျာမီတောလ် ၁၀ လီတာ ၃ ပုံးနှင့်  လက်ဆေးဆပ်ပြာရည် ၁၀ လီတာ ၂ ပုံး တို့ကို သွားရောက် လှူဒါန်းခဲ့ရာ သင်တန်းကျောင်းတာဝန်ခံမှ လက်ခံရယူခဲ့သည်။ 

မှတ်တမ်းနှင့်သုတေသန

လစဉ်အစီရင်ခံစာ၊ နိုင်ငံရေးအကျဉ်းသားစာရင်းများ နှင့် အေအေပီပီသတင်းလွှာကို ထုတ်ဝေခြင်း

မြန်မာနိုင်ငံအတွင်းရှိ လူ့အခွင့်အရေးအခြေအနေများနှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ လယ်သမားများ၊ အလုပ်သမား များ နှင့် အရပ်သားများ လစဉ် ဖမ်းဆီး၊ တရားစွဲဆို၊ပြစ်ဒဏ် ချမှတ်ခြင်းခံရသည်ကို  စောင့်ကြည့်မှတ်တမ်းတင်ရန် ရည်ရွယ်၍ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ လစဉ် အစီရင်ခံစာနှင့် နိုင်ငံရေးအကျဉ်းသားစာရင်း ကို ထုတ်ဝေလျက်ရှိသည်။ ဩဂုတ်လ ၅ ရက်နေ့တွင် ဇူလိုင်လ အတွက် အစီရင်ခံစာ နှင့် နိုင်ငံရေးအကျဉ်းသားစာရင်းကို ထုတ်ဝေခဲ့ သည်။

ထို့ပြင် AAPP အဖွဲ့ဝင်များ လွှတ်တော်ကိုယ်စားလှယ်များ၊ အစိုးရ ဌာနဆိုင်ရာ အရာရှိများ၊ နိုင်ငံတကာမှ သံအမတ်များ၊ NGOs, CBOs စသည့်အဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ်များ နှင့် တွေ့ဆုံဆွေးနွေးမှုများ၊ ဟောပြောဆွေးနွေးပွဲများ နှင့် နှစ်သိမ့် ဆွေးနွေးပေးခြင်း နှင့် သင်တန်းများ ပို့ချပေးခြင်း စသည့် လှုပ်ရှားဆောင်ရွက်မှုများကို AAPP သတင်းလွှာ၌ လစဉ် ဖော်ပြထားသည်။ ဩဂုတ်လ ၅ ရက်နေ့တွင် ဇူလိုင်လအတွက် သတင်းလွှာကို ထုတ်ဝေခဲ့သည်။

ကိုဗစ်၁၉ သတင်းလွှာပြုစုခြင်

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ ကိုဗစ်ကာလနှင့် ဆက်နွယ်၍ ဖြစ်ပွားခဲ့သော အမှုဖြစ်စဉ်များပါဝင်သည့် ကိုဗစ်-၁၉ သတင်းလွှာကို ဧပြီလ ကတည်းက စတင်၍ မှတ်တမ်းတင်ပြုစုလျက်ရှိသည်။ ဇူလိုင်လ ကိုဗစ်သတင်းလွှာ နှင့် ကိုဗစ်ကာလအတွင်း သတ်မှတ်ထားသော စည်းကမ်းများကို ချိုးဖောက်၍ ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခြင်းခံထားရသော စာရင်းများကို ဩဂုတ်လ ၅ ရက်နေ့တွင် ထုတ်ဝေခဲ့သည်။

ညှဉ်းပန်းနှိပ်စက်ခြင်းခံရသူများကို အင်တာဗျူးပြုလုပ်ခြင်းနှင့် မှတ်တမ်းပြုစုခြင်း

၂၀၁၅ ခုနှစ်မှစတင်၍ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ အကျဉ်းထောင်တွင်း နှင့် စစ်ကြောရေးစခန်းများ၌ ညှဉ်းပန်းနှိပ်စက်ခြင်းကို ရင်ဆိုင် ခံစားခဲ့ကြရသော နိုင်ငံရေးအကျဉ်းသားဟောင်းများ၏ အတွေ့အကြုံများကို အင်တာဗျူးများပြုလုပ်၍ မှတ်တမ်း ပြုစုခဲ့ပါသည်။ ဩဂုတ်လအတွင်းတွင် ထောင်ဒဏ် ၁၃ နှစ် နှင့် ငါး နှစ်၊ ၁၆ နှစ် နှင့် ငါးနှစ်၊ ၁၅ နှစ် နှင့် ခြောက်နှစ် အသီးသီးကျခံခဲ့ရပြီး ညှဉ်းပန်းနှိပ်စက်ခြင်းကို ခံစားခဲ့ကြရသည့် နိုင်ငံရေးအကျဉ်းသားဟောင်း သုံးဦး၏ ထောင်တွင်းနှင့် ထောင်ပြင်ပ ဘဝဖြတ်သန်းမှု အခြေအနေများနှင့် အတွေ့အကြုံ များကို အင်တာဗျူး ပြုလုပ်၍ မှတ်တမ်း တင်ခဲ့ပါသည်။  

၂၀၁၅ ခုနှစ်မှ ၂၀၂၀ ခုနှစ် ဩဂုတ်လကုန်အထိ ညှဉ်းပန်း နှိပ်စက်မှုကို ခံစားခဲ့ကြရသော နိုင်ငံရေးအကျဉ်းသား စုစုပေါင်း ၁၈၃ ဦးကို အင်တာဗျူးပြုလုပ်၍ မှတ်တမ်း ပြုစုနိုင်ခဲ့ပါသည်။ 

နိုင်ငံရေးအကျဉ်းသားဟောင်းများ၏ အချက်အလက်များကို ကောက်ခံခြင်း

နိုင်ငံရေးအကျဉ်းသားဟောင်းများအား မတရားသည့် ဥပဒေများ ဖြင့် ထောင်သွင်းအကျဉ်းချခဲ့သည့် ဖြစ်စဉ်များကို စနစ်တကျ သိမ်းဆည်းစုဆောင်းရန် ရည်ရွယ်ချက်ဖြင့် နိုင်ငံရေးအကျဉ်းသား အချက်အလက်များကောက်ခံခြင်း အစီအစဉ်ကို ၂၀၁၄ ခုနှစ်၌ စတင်၍ ကောက်ခံ စုဆောင်းခဲ့သည်။ ဩဂုတ်လအတွင်းတွင် နိုင်ငံရေးအကျဉ်းသားဟောင်း နှစ်ဦး ၏ ကိုယ်ရေး အချက်အလက် နှစ်စောင်ကို ကောက်ခံခဲ့သည်။ ၂၀၁၄ ခုနှစ်မှ ၂၀၂၀ ခုနှစ် ဩဂုတ်လကုန်အထိ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ နိုင်ငံရေး အကျဉ်းသားဟောင်း ၃၆၀၂ ဦး၏ အချက်အလက်များကို ကောက်ယူ စုဆောင်းပြီးဖြစ်သည်။ ကျန်ရှိနေသော နိုင်ငံရေး အကျဉ်းသားဟောင်းများ၏ အချက်အလက်များကို ကောက်ခံနေဆဲ ဖြစ်ပါသဖြင့် မိမိတို့ AAPP အင်တာနက် လူမှုကွန်ရက် စာမျက်နှာမှသော်လည်းကောင်း၊ [email protected] အီးမေးလ်သို့ လည်းကောင်း ဆက်သွယ် ဆောင် ရွက်ပေးပါရန် ဖိတ်ခေါ်အပ် ပါသည်။

အထွေထွေလှုပ်ရှားမှုများ

Reconciliation Exchange Program Yangon မှ လာရောက်လေ့လာ

Reconciliation Exchange Program Yangon မှ လာရောက်လေ့လာ

ဩဂုတ်လ ၂ ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းရုံး(AAPP)သို့ မဖြိုးဖြိုးအောင်နှင့် မပိုပိုတို့ဦးဆောင်သော Reconciliation Exchange  Program Yangon မှ ကျောင်းသူ/ကျောင်းသား ၂၇ ဦး လာရောက် လေ့လာ ခဲ့သည်။  AAPP မှ ဦးကျော်စိုးဝင်း၊ ဦးကျော်စိုး နှင့် ကိုဝဏ္ဏနွယ် တို့မှ အသင်း၏ဖွဲ့စည်းပုံရည်ရွယ်ချက်များ၊ လက်ရှိ လုပ်ဆောင် နေသည်များကို ရှင်းပြခဲ့ပြီး ပြခန်းကို ကိုသန်းထိုက်ဝင်း နှင့် မအေးသီတာတို့မှ ရှင်းလင်း ပြသပေးခဲ့သည်။

ပစ်ပယ်ချိုးနှိမ်ခံများ အပါအဝင် အကျဉ်းထောင်ပြုပြင် ပြောင်းလဲရေး အစီရင်ခံစာမိတ်ဆက်ပွဲ ပြုလုပ်ခြင်း

ဩဂုတ်လ ၄ ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)နှင့် မဟာမိတ်မြန်မာ (Alliance Myanmar) တို့မှ မိတ်ဖက်အဖွဲ့အစည်းများ နှင့် ပူးပေါင်း၍ “ပစ်ပယ်ချိုးနှိမ်ခံများ အပါအဝင် အကျဉ်းထောင် ပြုပြင် ပြောင်းလဲရေး အစီရင်ခံစာ” မိတ်ဆက်ပွဲကို အွန်လိုင်းမှ တစ်ဆင့် ပြုလုပ်ခဲ့သည်။ အဆိုပါ မိတ်ဆက်ပွဲတွင် AAPP အတွင်းရေးမှူး ဦးတိတ်နိုင် နှင့် မဟာမိတ်မြန်မာ၏ အမှုဆောင်ဒါရိုက်တာ ဒေါက်တာ ဦးစိုးနိုင်တို့မှ အဖွင့်အမှာစကား ပြောကြားခဲ့သည်။ သုတေသီ ဦးရဲအောင်မှ အစီရင်ခံစာပါ တွေ့ရှိချက်များအား အသိပေး ဆွေးနွေးခဲ့သည်။

AAPP အတွင်းရေးမှူး ဦးတိတ်နိုင်မှ “ပစ်ပယ်ချိုးနှိမ်ခံများ အပါအဝင် အကျဉ်းထောင်ပြုပြင်ပြောင်းလဲရေး အစီရင်ခံစာ” မိတ်ဆက်ပွဲ၌ အဖွင့်အမှာ စကားပြောကြား

ထိုအစီရင်ခံစာကို AAPP နှင့် မဟာမိတ်မြန်မာတို့မှ မိတ်ဖက် အဖွဲ့အစည်းများနှင့်အတူ ပူးပေါင်း၍ ရေးသားခဲ့ခြင်းဖြစ်သည်။ ဤအစီရင်ခံစာသည် “အကျဉ်းထောင်များအတွင်းရှိ KP (Key Population) များဖြစ်သော မူးယစ်ဆေးဝါးပုဒ်မများဖြင့် အကျဉ်းကျခံခဲ့ရသည့် အကျဉ်းသားများ၊ ပြင်ပလူ့အသိုက်အဝန်း တွင်ပင် ထိခိုက်ခံစားလွယ်သော အုပ်စုများအဖြစ်ရှိနေသော လိင်လုပ်သားများ၊ မသန်စွမ်းများ၊ LGBT များအနေဖြင့် အကျဉ်းထောင်များအတွင်းသို့ အကျဉ်းသား၊ အချုပ်သားများ အဖြစ် ရောက်ရှိသောအချိန်တွင် ၎င်းတို့ တွေ့ကြုံခဲ့ရသော အကျဉ်းထောင်တွင်း အခြေအနေများကို မေးမြန်း၍ စနစ်တကျ ပြုစုထားခြင်းဖြစ်သည်။”

အောက်ဖော်ပြပါ လင့်မှတစ်ဆင့်လည်း ဝင်ရောက် ကြည့်ရှု/ဖတ်ရှုနိုင်ပါသည်။ 

https://www.youtube.com/watch?v=vp1yB2OWoi4&feature=share&fbclid=IwAR3Viq96JrRL3FAXgL49vci4oGytNvyl5FIPq7ZMBjgjPlNxo_UJvygm1eI

https://aappb.org/wp-content/uploads/2020/08/prison-reform-with-key-population-Bur.pdf

https://aappb.org/wp-content/uploads/2020/08/prison-reform-with-key-population-Eng.pdf (အင်္ဂလိပ်)

မြန်မာနိုင်ငံ၏ လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့် အခြေအနေ အကဲဖြတ်ချက်အစီရင်ခံစာ ထုတ်ပြန်ခြင်း

ပဲန်မြန်မာမှ ဦးဆောင်၍ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) အပါအဝင် မိတ်ဖက် အဖွဲ့အစည်း (၁၂)ဖွဲ့ နှင့်ပူးပေါင်း၍ မြန်မာနိုင်ငံ၏ လွတ်လပ်စွာ ရေးသားထုတ်ဖော်ပြောဆိုခွင့် အခြေအနေ အကဲဖြတ်ချက် အစီရင်ခံစာ(၂၀၂၀)ကို ဩဂုတ်လ ၆ ရက်နေ့တွင် ထုတ်ပြန်ခဲ့ သည်။ ထိုအကဲဖြတ်ချက်သည် ပြည်ထောင်စုအစိုးရ၏ လွတ်လပ်စွာ ရေးသားထုတ်ဖော်ပြောဆိုခွင့် ခိုင်မာ အားကောင်းရေးလုပ်ဆောင်ရန် လိုအပ်သည့် အဓိကနယ်ပယ် များအတွင်း တိုးတက်မှုကို အကဲဖြတ်ခြင်း ဖြစ်သည်။ 

အောက်ဖော်ပြပါ လင့်မှတစ်ဆင့်လည်း ဝင်ရောက် ဖတ်ရှုနိုင်ပါ သည်။ 

http://www.penmyanmar.org/wpcontent/uploads/2020/08/PEN_2020-Scorecard Myanmar.pdf?fbclid=IwAR2KyP3i6MbSLxY65RA2EK4WyaO0QfdwH858VnKVhSXwAMrpYzxaDUPqvBU 

http://www.penmyanmar.org/wpcontent/uploads/2020/08/PEN_2020-Scorecard-English.pdf?fbclid=IwAR3bl33WRh8hVqmdbtNQqMuL5G33FLIzxyRYLJ5mF–O8eAYLl9Y1by_EDs 

ပဋိပက္ခနှင့် ကိုဗစ်၁၉ ကပ်ရောဂါဖြစ်ပွားနေစဉ်အတွင်း လူ့အခွင့်အရေးအခြေအနေအကြောင်းဆုတ်ယုတ်သွားသော အခွင့်အရေးများအမည်ရှိ အစီရင်ခံစာကို ထုတ်ဝေခြင်း

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP)မှ အဖွဲ့ဝင် အဖွဲ့အစည်းတစ်ခုအဖြစ် ပါဝင်သည့် လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ)-ND-Burma မှ “ဆုတ်ယုတ်သွားသော အခွင့်အရေးများ” အစီရင်ခံစာ ကို  ဩဂုတ်လ ၇ ရက်နေ့တွင် ထုတ်ဝေခဲ့သညည်။ အဆိုပါ အစီရင်ခံစာတွင် ကိုဗစ်-၁၉ ရောဂါအား ပူးပေါင်းတိုက်ဖျက် ရာတွင် ပြည်ထောင်စုအဆင့် အစိုးရနှင့် ဒေသန္တရအဆင့်ဆင့်မှ ဆောင်ရွက်ပေးမှုသည် မိမိတို့ ရပ်ရွာဒေသအတွင်းရှိ ပြည်သူလူထု၏ လိုအပ်ချက်နှင့် ကိုက်ညီမှုရှိ၊ မရှိကို ဆန်းစစ် ဖော်ပြထားသည်။ ထို့ပြင် လာမည့်ရွေးကောက်ပွဲနှင့် စစ်ပွဲများ ကြုံတွေ့နေရသည့် ပြည်သူလူထု၏ လုံခြုံရေးကို အထူး အလေးဂရုပြု ဆောင်ရွက်ရန်လည်း အကြံပြု တိုက်တွန်း ထားသည်။ ကပ်ရောဂါ ဆက်လက်ကူးစက် ပြန့်ပွားနေသည် နှင့်အမျှ ပဋိပက္ခဒေသတွင်းရှိ ပြည်သူများမှာ ဆေးကုသခံယူမှု၊ သတင်းအချက်အလက်နှင့် အကူအညီများ လက်လှမ်းမီရန် အပေးယူ အလျော့အတင်း ပြုလုပ်၍ ညှိနှုင်းဆောင်ရွက်နေရဆဲ ဖြစ်သည်ဟု အစီရင်ခံစာမှ နိဂုံးချုပ်ထားသည်။

https://nd-burma.org/rights-in-reverse-human-rights violations-during-covid-19-in-burma/ 

လာမယ့်ရွေးကောက်ပွဲမှာ မဲပေးမလား မပေးဘူးလားဆောင်းပါးကို ဖော်ပြ

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ တွဲဘက်အတွင်းရေးမှူး ဦးဘိုကြည်ရေးသားသည့် “လာမယ့်ရွေးကောက်ပွဲမှာ မဲ ပေးမလား မပေးဘူးလား” ဆောင်းပါးကို ဩဂုတ်လ ၁၇ ရက်နေ့တွင် ဧရာဝတီ သတင်းဌာန၌ ဖော်ပြခဲ့သည်။ အဆိုပါဆောင်းပါးတွင် “လူသားအားလုံးအတွက် လူ့အခွင့်အရေးကို လေးစားလိုက်နာ ဖော်ဆောင်ပါမယ်လို့ ကျနော်တို့ ယုံကြည်တဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းကို မဲပေးသင့်”သည်ဟု ဖော်ပြ ထားသည်။

အောက်ဖော်ပြပါ လင့်မှတစ်ဆင့်လည်း ဝင်ရောက် ဖတ်ရှုနိုင်သည်။ 

https://burma.irrawaddy.com/opinion/viewpoint/2020/08/26/228709.html?fbclid=IwAR3ftJ9x5-CL73DcLGzZQMvF2Wpr88ilqR4Qc4iO3eB3tlYyNMqsMYudwtM

https://www.irrawaddy.com/opinion/guest-column/how-should-myanmar-citizens-vote-this-november.html?fbclid=IwAR170EXU_9Aej98s37ZaYZeEekfBZnqwG23Wnqe81pJ9dqvmzPA1hPGwi-o

ဒုက္ခမြေပုံအစီရင်ခံစာ မိတ်ဆက်ပွဲ နှင့် အကြိုညှိနှိုင်းဆွေးနွေးပွဲ

ဒုက္ခမြေပုံအစီရင်ခံစာ မိတ်ဆက်ပွဲ နှင့် အကြိုညှိနှိုင်းဆွေးနွေးပွဲ

ဩဂုတ်လ ၂၂ ရက်နေ့ နှင့် ၂၃ ရက်နေ့တို့တွင် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) နှင့်  မိတ်ဖက်အဖွဲ့အစည်း (၂၀) ဖွဲ့တို့ ပူးပေါင်း၍ ရေးသား ထားသော “ဒုက္ခမြေပုံ” အစီရင်ခံစာ မိတ်ဆက်ပွဲ နှင့် အကြိုညှိနှိုင်းဆွေးနွေးပွဲကို ရန်ကုန်မြို့ရှိ  Grand Palace Hotel ၌ ကျင်းပ ပြုလုပ်ခဲ့သည်။ ထိုအခမ်းအနားတွင် AAPP ရန်ကုန်ရုံး တာဝန်ခံ ဦးအောင်မျိုးကျော်မှ အခန်းအနားဖွင့်လှစ်ခြင်းနှင့် အဖွင့်အမှာစကားကို ပြောကြားခဲ့သည်။ ထို့နောက် ဦးတင်မောင်ထွေးမှ သုတေသနစာတမ်း ပြုစုရာတွင် တွေ့ကြုံခဲ့ရ သည့် အတွေ့အကြုံများအား ပြောကြားခဲ့သည်။ ထို့ပြင် စကားဝိုင်းဆွေးနွေးပွဲတွင် ဦးဆောင်ပံ့ပိုးသူ (Moderator) အဖြစ် ဦးအောင်မျိုးကျော်မှ ဆောင်ရွက်ခဲ့ပြီး Panalistများအဖြစ် ပွင့်လင်းမြန်မာ ရှေ့ဆောင် (OMI) အဖွဲ့မှ ဦးရဲအောင်၊ AAPP မှတ်တမ်း နှင့် သုတေသနဌာနတာဝန်ခံ နှင့် နိုင်ငံခြားရေးရာ ဒုတာဝန်ခံ ဦးဇော်မိုးနှင့် Generation Wave (GW)မှ မအိအိမိုးတို့မှ ဆွေးနွေးပေးခဲ့သည်။ ထို့နောက် တက်ရောက် လာသော Media များမှ မေးခွန်းများမေးခြင်းနှင့် ဦးဆောင် ဆွေးနွေးသူများမှ ပြန်လည်ဖြေကြားခြင်း တို့ကို ပြုလုပ်ခဲ့သည်။ 

ထိုအစီရင်ခံစာသည် ၂၀၁၀ ခုနှစ်မှ ၂၀၂၀ ခုနှစ်အထိ ၁၀ နှစ်တာ ကာလအတွင်း မြန်မာပြည်အနှံ့အပြားတွင် ဖြစ်ပွားခဲ့သည့် လူ့အခွင့်အရေးချိုးဖောက်ခံရမှုများအပေါ် သုံးသပ်တင်ပြ       ထားသည်။

အောက်ဖော်ပြပါ လင့်မှတစ်ဆင့်လည်း ဝင်ရောက် ဖတ်ရှုနိုင် သည်။ 

https://aappb.org/wpcontent/uploads/2020/08/HRV.layout.final_.pdf

ရှစ်လေးလုံးအရေးတော်ပုံ နှစ်ပတ်လည်နေ့အခမ်းအနားကို တက်ရောက်

ဩဂုတ်လ ၈ ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)၏ ရန်ကုန်ရုံးတာဝန်ခံ ဦးအောင်မျိုးကျော်သည် ရန်ကုန်မြို့၊ မြို့တော်ခန်းမရှေ့ နှင့် မဂ္ဂင်ကျောင်းတိုက်တို့၌ ပြုလုပ်သည့် ရှစ်လေးလုံး အရေးတော်ပုံ နှစ်ပတ်လည်နေ့အခမ်းအနားကို တက်ရောက်ခဲ့သည်။ 

အကျဉ်းထောင်ပြုပြင်ပြောင်းလဲရေးနှင့်ပတ်သက်၍ အငြိမ်းစား ထောင်ပိုင်တစ်ဦးနှင့် တွေ့ဆုံဆွေးနွေးခြင်း

ဩဂုတ်လ ၁၅ ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)၏ တွဲဘက်အတွင်းရေးမှူး ဦးဘိုကြည်၊ AAPP ရန်ကုန်ရုံးတာဝန်ခံ ဦးအောင်မျိုးကျော်၊ မှတ်တမ်း နှင် သုတေသနဌာနတာဝန်ခံ နှင့် နိုင်ငံခြားရေးရာ ဒုတာဝန်ခံ ကိုဇော်မိုး၊ အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးစိုးနိုင်၊ အဖွဲ့ဝင် ကိုကိုအောင် တို့သည် အငြိမ်းစား ထောင်ပိုင်တစ်ဦး ဖြစ်သော ဦးစိန်ဌေးနှင့် တွေ့ဆုံဆွေးနွေးခဲ့ သည်။ အဆိုပါဆွေးနွေးပွဲတွင် အကျဉ်းထောင်ပြုပြင် ပြောင်းလဲရေးနှင့်ပတ်သက်၍ ဆွေးနွေးခဲ့သည်။ 

ကမ္ဘာ့နိုင်ငံအားလုံး၏ လူ့အခွင့်အရေးအခြေအနေကို ပုံမှန်သုံးသပ်သည့် လုပ်ငန်းစဉ် (UPR)အစီရင်ခံစာ မိတ်ဆက်ပွဲ တက်ရောက်

ဩဂုတ်လ ၃၀ ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)၏ ရန်ကုန်ရုံးတာဝန်ခံ ဦးအောင်မျိုးကျော်သည် Green Hill Hotel ၌ ကျင်းပပြုလုပ်သည့် ကမ္ဘာ့နိုင်ငံအားလုံး၏ လူ့အခွင့်အရေး အခြေအနေကို ပုံမှန်သုံးသပ်သည့် လုပ်ငန်းစဉ် (UPR) အစီရင်ခံစာ မိတ်ဆက်ပွဲကို တက်ရောက်ခဲ့သည်။ အဆိုပါ မိတ်ဆက်ပွဲကို Burma/Myanmar UPR Forum မှ ဦးဆောင် ကျင်းပခဲ့ခြင်းဖြစ်သည်။ 

စိတ်ဓာတ်ပြန်လည်မြှင့်တင်ရေးအစီအစဉ်(MHAP)

ကိုဗစ်၁၉ ဗိုင်းရပ် ကူးစက်မှုကာလအတွင်း အွန်လိုင်း စိတ်ပိုင်း ဆိုင်ရာဆွေးနွေးမှု အစီအစဉ်

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း၏ စိတ်ဓာတ်ပြန်လည်မြှင့်တင်ရေး ကူညီထောက်ပံ့မှု အစီအစဉ် (AAPP-MHAP)သည် အွန်လိုင်းစိတ်ပိုင်းဆိုင်ရာဆွေးနွေးမှု လုပ်ငန်းကို ဩဂုတ်လအတွင်းတွင်လည်း ဆက်လက်လုပ်ဆောင် လျှက်ရှိသည်။ နေရာဒေသအနှံ့အပြားမှ ဆက်သွယ်ဆွေးနွေးမှု များလည်း ပိုမိုများပြားလာခဲ့ပြီး လူမှုကွန်ရက်၊ ဗိုက်ဗာတို့မှ တစ်ဆင့် ဆက်သွယ်မှုများလည်းရှိခဲ့သည်။ ဆက်သွယ်လာသည့် ဒေသများမှာ ရန်ကုန်၊ မန္တလေး၊ မကွေး၊ ပဲခူး၊ ဧရာဝတီ၊ စသည့် ပြည်တွင်းဒေသများမှ ဆက်သွယ် ဆွေးနွေးမှုများအပြင် ထိုင်းနိုင်ငံမှ ဆက်သွယ် ဆွေးနွေးမှုများလည်း ရှိခဲ့သည်။ ရန်ကုန်တိုင်းဒေသကြီးမှ – ၂၅%၊  ပဲခူးတိုင်းဒေသကြီးမှ – ၁၄%၊ ထိုင်းနိုင်ငံမှ – ၁၄%၊ မန္တလေးတိုင်းဒေသကြီးမှ – ၁၈%၊ ဧရာဝတီတိုင်း ဒေသကြီးမှ – ၁၉%၊ မကွေးတိုင်းဒေသကြီးမှ – ၇%၊ မွန်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး နှင့် ကျန်ဒေသများမှ ၁%စီ တို့ဖြစ်ကြသည်။

အွန်လိုင်း စိတ်ပိုင်းဆိုင်ရာဆွေးနွေးမှုလုပ်ငန်းသို့ ဆက်သွယ် ဆွေးနွေးသူများတွင် အစိုးရဝန်ထမ်းများ၊ အမျိုးသမီး အိမ်ထောင် ဦးစီးများ၊ NGO ဝန်ထမ်းများ၊ ကုမ္ပဏီဝန်ထမ်းများ၊ ကွာရန်တင်း စင်တာများတွင် ကွာရန်တင်းဝင်နေကြသူများ၊ စေတနာ့ ဝန်ထမ်း များနှင့် HIV ပိုးရှိသူများ စသည့် အမျိုးသား၊ အမျိုးသမီး အသက်အရွယ်စုံ ပါဝင်ပါသည်။ ဩဂုတ်လအတွင်းတွင် အမျိုးသား ၁၂၉ ဦး (အသက် ၁၈ နှစ်မှ ၇၀ နှစ်အတွင်း)နှင့် အမျိုးသမီး ၁၂၀ ဦး (အသက် ၁၈ နှစ်မှ ၇၅ နှစ်အတွင်း) တို့၏ ကိုဗစ်-၁၉ ကာလ စိတ်ဖိစီးမှုများ၊ စိတ်ပိုင်းဆိုင်ရာပြဿနာများ ကို ကူညီဖြေရှင်းပေး နိုင်ခဲ့ပါသည်။ ၎င်းတို့အနက် ဧရာဝတီတိုင်း နှင့် ပဲခူးတွင်းဒေသကြီးအတွင်းရှိ ကွာရန်တင်းစင်တာများ၌ ကွာရန်တင်းဝင်နေကြသူ ၇၁ ဦးအား စိတ်ဖိစီးမှုများကို မည်ကဲ့သို့ ထိန်းညှိရမည် ဆိုသည်ကို တစ်ဦးချင်း ဆက်သွယ် ဆွေးနွေးပေးနိုင်ခဲ့သည်။

ထိုဆက်သွယ်လာသူများ၏ စိတ်ပိုင်းဆိုင်ရာ ပြဿနာများ၊ လက္ခဏာများမှာ – 

  • မိမိကိုယ်တိုင် သို့မဟုတ် မိမိချစ်ခင်ရသောသူများ၏ ကျန်းမာရေးအတွက် အမြဲမပြတ် စိုးရိမ်ပူပန်နေခြင်း၊ ကြောက်ရွံ့ နေခြင်း
  • စိတ်ညစ်ခြင်းကို အချိန်များစွာ ခံစားနေရခြင်း
  • စိတ်ထဲတွင် ကြောက်ရွံ့ခြင်း၊ တုန်လှုပ်ခြင်းကို ခံစားနေ ရခြင်း
  • အစားအသောက်နှင့် အိပ်စက်ခြင်းပုံစံပြောင်းလဲသွား ခြင်း
  • အိပ်ပျော်ရန်နှင့် အာရုံစူးစိုက်ရန် အခက်အခဲရှိခြင်း
  • အလွယ်တကူ စိတ်တိုခြင်း သို့မဟုတ် ဒေါသထွက်ခြင်း
  • HIV ပိုးရှိသူများက အလွယ်တကူ ရောဂါကူးစက် ခံရမည်ကို စိုးရိမ်ပူပန်ခြင်း
  • ကိုဗစ်-၁၉ ၏ရိုက်ခတ်မှုကြောင့် မိမိတို့သုံးစွဲနေရသော ART ဆေးများပြတ်လပ်သွားမည်ကို စိုးရိမ်ခြင်း
  • အိမ်ထဲတွင် အချိန်ပေါင်းများစွာနေရသဖြင့် စိတ်တင်းကြပ်ခြင်း၊ မွန်းကြပ်ခြင်း၊ ဝမ်းနည်းမှုနှင့် စိတ်ဓာတ်ကျမှုကို ခံစားရခြင်း

မိမိပုံမှန်စိတ်ဝင်စားသောအရာများကို စိတ်ဝင်စားမှု မရှိတော့ခြင်း စသည့် လက္ခဏာများကို ခံစားနေကြရ သည်ကို တွေ့ရပါသည်။ 

Tele-CETA သင်တန်းကို AAPP ၏ ဆူပါဗိုက်ဆာများ နှင့် ကောင်ဆယ်လာများကို ပို့ချ

Tele-CETA သင်တန်းကို AAPP ၏ ဆူပါဗိုက်ဆာများ နှင့် ကောင်ဆယ်လာများကို ပို့ချ

ဩဂုတ်လအတွင်းတွင် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)၏ စိတ်ဓာတ် ပြန်လည် မြှင့်တင်ရေးအစီအစဉ် (MHAP)မှ သင်တန်းနည်းပြ ကိုထင်အောင်သည် Tele-CETA သင်တန်းကို AAPP ၏ ဆူပါဗိုက်ဆာများ နှင့် ကောင်ဆယ်လာများကို အွန်လိုင်းမှ တစ်ဆင့် ပို့ချခဲ့သည်။ ကိုဗစ် ၁၉ ကူးစက်မှုကဲ့သို့ လူချင်း တွေ့ဆုံရန် အခက်အခဲဖြစ်နေသော အခြေအနေနှင့် လူချင်း တွေ့ဆုံရန် ခက်ခဲသော ရပ်ဝေးမှ ကလိုင်းယန့်များကို စီတာ ကုထုံး အပြည့်အဝပေးနိုင်မည်ဖြစ်သည်။ 

“Stress management and Self-care သင်တန်းကို ပို့ချခြင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့နယ်၌ “Stress management and Self-care သင်တန်း”ကို ပို့ချ

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)၏ စိတ်ဓာတ် ပြန်လည် မြှင့်တင်ရေးအစီအစဉ် (MHAP)မှ ဆူပါဗိုက်ဆာ မသန်းသန်းဌေး နှင့် ကောင်ဆယ်လာ မသီတာအေး တို့သည် Stress Management and Self-care သင်တန်းကို ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့နယ်၌ ဩဂုတ်လ ၁၉ ရက်နေ့မှ ဩဂုတ်လ ၂၃  ရက်နေ့အထိ ငါးရက် တာ ပို့ချပေးခဲ့သည်။ အဆိုပါသင်တန်းကို တအာင်းအမျိုးသမီး အဖွဲ့အစည်း (TWO) မှ ကျား/မရေးရာအခြေပြု အကြမ်းဖက်မှု (GBV)ကို ခံစားခဲ့ရသည့် အမျိုးသမီး ၁၀ ဦး တက်ရောက်ခဲ့သည်။ သင်တန်းတက်ရောက်သူများသည် စိတ်ကျန်းမာရေး နှင့် ပတ်သက်၍ ဗဟုသုတများရရှိခဲ့ပြီး ၎င်းတို့၏ နေ့စဉ်စိတ်ဖိစီး မှုများကို မည်ကဲ့သို့ ထိန်းညှိရမည်ကို သိရှိလာသောကြောင့် ၎င်းတို့၏ စိတ်ခံစားမှုများကို ထိန်းချုပ်လာနိုင်မည်ဖြစ်သည်။ 

 

လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများကို “Stress management and Self-care သင်တန်းကို အွန်လိုင်းမှတစ်ဆင့် ပို့ချခြင်း

 

လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများကို “Stress management and Self-care သင်တန်း”ကို ပို့ချ

ဩဂုတ်လ ၂၅ ရက်နေ့မှ ဩဂုတ်လ ၂၉ ရက်နေ့ထိ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)၏ စိတ်ဓာတ် ပြန်လည် မြှင့်တင်ရေးအစီအစဉ် (MHAP)မှ သင်တန်းနည်းပြ ကိုထင်အောင်သည်  Rainbow Alliance နှင့် တအာင်းအမျိုးသမီးအဖွဲ့အစည်း (TWO) တို့မှ လူ့အခွင့်အရေးကာကွယ်စောင့်သူများကို “Stress management and Self-care သင်တန်း”ကို အွန်လိုင်းမှတစ်ဆင့် ပို့ချပေးခဲ့သည်။ အဆိုပါ သင်တန်းကို သင်တန်းသူ/သား ၁၂ ဦး တက်ရောက်ခဲ့ သည်။ သင်တန်းတက်ရောက်သူများသည် စိတ်ကျန်းမာရေးနှင့်ပတ်သက်၍ ဗဟုသုတ နှင့် ကျွမ်းကျင်မှုများ ရရှိခဲ့ပြီး ၎င်းတို့၏ အလုပ်အကိုင်များ နှင့် လုပ်ငန်းခွင်၌ နေ့စဉ်စိတ်ဖိစီးမှုများကို မည်ကဲ့သို့ ထိန်းညှိရမည်ကို သိရှိလာကြသည်။ 

ကိုဗစ်၁၉ ကာလ၌ စိတ်ဖိစီးမှုများကို ထိန်းညှိခြင်း နှင့် မိမိကိုယ်ကိုဂရုစိုက်ခြင်း နှင့်ပတ်သက်သည့် ဗွီဒီယိုများ နှင့် ဆောင်းပါးကိုထုတ်လွှင့်ခြင်း

ဩဂုတ်လအတွင်းတွင် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း၏ စိတ်ဓာတ်ပြန်လည် မြှင့်တင်ရေး အစီအစဉ် (AAPP-MHAP)မှ သင်တန်းနည်းပြ ကိုထင်အောင် သည် “ကိုဗစ်-၁၉ ကာလ၌ စိတ်ဖိစီးမှုများကို ထိန်းညှိခြင်း နှင့် မိမိကိုယ်ကို ဂရုစိုက်ခြင်းနှင့်ပတ်သက်သည့် ဗွီဒီယိုများ နှင့် ဆောင်းပါး”ကို အွန်လိုင်းမှ တစ်ဆင့် ထုတ်လွှင့်ခဲ့သည်။ 

အောက်ဖော်ပြပါ လင့်မှတစ်ဆင့်လည်း ဝင်ရောက်ကြည့်ရှု/ဖတ်ရှု နိုင်သည်။

https://www.facebook.com/permalink.php?story_fbid=1222456111420222&id=100009675341030&__tn__=K-R

https://www.facebook.com/100009675341030/videos/1218134581852375/?id=100009675341030

https://www.facebook.com/photo.php?fbid=1216435098688990&set=a.123059904693187&type=3&theater

ကောင်းဆယ်လင်းက ဘယ်လောက်အရေးကြီးပါသလဲဆောင်းပါးကို ဖော်ပြ

ဩဂုတ်လ ၁၀ ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း၏ စိတ်ဓာတ် ပြန်လည်မြှင့်တင်ရေး အစီအစဉ် (AAPP-MHAP)မှ ကောင်ဆယ်လာ ကိုအောင်မိုးလွင် ရေးသားသည့် “ကောင်းဆယ်လင်းက ဘယ်လောက် အရေးကြီးပါသလဲ” ဆောင်းပါးကို သံတော်ဆင့်ဂျာနယ်၌ ဖော်ပြခဲ့သည်။ 

အောက်ဖော်ပြပါ လင့်မှတစ်ဆင့်လည်း ဝင်ရောက် ဖတ်ရှုနိုင် သည်။

https://www.facebook.com/634323476905777/photos/a.648395438831914/1250805695257549/?type=3&theater

အင်တာဗျူးများဖြေကြားခြင်

အကျဉ်းထောင် နှင့် အချုပ်ခန်းများအတွင်း သေဆုံးမှုများ၊ ညှဉ်းပန်းနှိပ်စက်မှုများနှင့်ပတ်သက်၍ One News Myanmar မှ ပြုလုပ်သော အင်တာဗျူးကို ဖြေကြားခြင်း

အကျဉ်းထောင် နှင့် အချုပ်ခန်းများအတွင်း သေဆုံးမှုများ၊ ညှဉ်းပန်းနှိပ်စက်မှုများနှင့်ပတ်သက်၍ အင်တာဗျူးဖြေကြားခြင်း

ဩဂုတ်လ ၁၀ ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ အတွင်းရေးမှူး ဦးတိတ်နိုင်သည် အကျဉ်းထောင် နှင့် အချုပ်ခန်းများအတွင်း သေဆုံးမှုများ၊ ညှဉ်းပန်းနှိပ်စက်မှုများနှင့်ပတ်သက်၍ One News Myanmar မှ ပြုလုပ်သော အင်တာဗျူးကို ဖြေကြားခဲ့သည်။ အဆိုပါ အင်တာဗျူးတွင် ဦးတိတ်နိုင်မှ တာဝန်ရှိသူများကိုယ်၌က ညှဉ်းပန်းနှိပ်စက်မှသာလျှင် အဖြေမှန်/ဖြောင့်ချက် ရရှိမည်ဟု နားလည်မှုလွဲနေသည့်ကိစ္စသည် အလွန်စိုးရိမ်စရာရှိသည့် ကိစ္စ ဖြစ်သည်၊ ရဲစခန်း နှင့် အကျဉ်းထောင်များသည် လူထု၏ မျက်ကွယ်၌ရှိနေသည့်အတွက် ညှဉ်းပန်းနှိပ်စက်မှုများကို ပို၍ အားပေး၊အားမြောက်ပြုသကဲ့သို့ဖြစ်နေသည်၊ ထိုကဲ့သို့ ကိစ္စမျိုး ဖြစ်ပွားမှုမရှိစေရန်အတွက် အစီအမံများပြုလုပ်ရမည်ဖြစ်သည်၊ ကမ္ဘာ့ကုလသမဂ္ဂ၏ ညှဉ်းပန်းနှိပ်စက်မှုကို ဆန့်ကျင်‌ရေး သဘောတူစာချုပ် (UNCAT) သည် ညှဉ်းပန်းနှိပ်စက်မှုမှ ကာကွယ်မှုပေးထားသည့်အတွက် အမြန်ဆုံးလက်မှတ်ထိုးရန် လိုအပ်သည်၊ ထိုကဲ့သို့ လက်မှတ်ရေးထိုးခြင်းအားဖြင့် ညှဉ်းပန်း နှိပ်စက်မှုကို ကာကွယ်သည့်အစီအမံများ၊ ဥပဒေများကို ပြဌာန်း ပေးသည့် ကိစ္စများကို လုပ်ဆောင်နိုင်မည်ဖြစ်သည်၊ UNCAT ကို လက်မှတ်ထိုးလျှင် ရဲအက်ဥပဒေကို မဖြစ်မနေပြင်ရမည့် ကိစ္စမျိုး ရှိလာမည် စသည်ဖြင့် ပြောကြားခဲ့သည်။

အောက်ဖော်ပြပါ လင့်မှတစ်ဆင့်လည်း ဝင်ရောက် ကြည့်ရှု နိုင်သည်။ 

https://www.facebook.com/onenewsmyan/videos/300608611149218 

ဒုက္ခမြေပုံလူ့အခွင့်အရေးအခြေအနေ အစီရင်ခံစာနှင့်ပတ်သက် ၍ MNC TV News မှ ပြုလုပ်သော အင်တာဗျူးကို ဖြေကြားခြင်း

12 “ဒုက္ခမြေပုံ” လူ့အခွင့်အရေးအခြေအနေ အစီရင်ခံစာနှင့်ပတ်သက်၍ အင်တာဗျူး ဖြေကြားခြင်း

ဩဂုတ်လ ၁၀ ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ အတွင်းရေးမှူး ဦးတိတ်နိုင်သည် “ဒုက္ခမြေပုံ” လူ့အခွင့်အရေးအခြေအနေ အစီရင်ခံစာနှင့်ပတ်သက်၍ MNC TV News မှ ပြုလုပ်သော အင်တာဗျူးကို ဖြေကြားခဲ့သည်။  အဆိုပါအင်တာဗျူးတွင် ဦးတိတ်နိုင်မှ ငြိမ်းချမ်းစွာ စုဝေးခွင့် နှင့် ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခွင့်ဥပဒေ ပုဒ်မ ၁၈၊ ၁၉၊ ၂၀၊ ဆက်သွယ်ရေး ဥပဒေ ၆၆(ဃ) တို့သည် အချိန်မရွေး အရေးယူဆောင်နိုင်သည့် ပုဒ်မ များဖြစ်ခြင်း၊ နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှု နှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေ၊ ရာဇသတ်ကြီးပုဒ်မ ၅၀၀၊ ၅၀၁၊ ၅၀၂ စသည့်ပုဒ်များကို သေချာစွာ ပြန်လည်စိစစ်သင့်ပြီး ပြင်ဆင်သင့်သည်များကို ပြင်ဆင်သင့်သည်၊  ဒစ်ဂျစ်တယ်လုံခြုံခွင့်နှင့်ပတ်သက်လျှင် နိုင်ငံသားများကို၊ သတင်းယူသည့် မီဒီယာများကို အကာအကွယ် ပေးသည့် ဥပဒေများကို ရေးဆွဲသင့်သည်၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄ စသည့်ပုဒ်မဖြင့် လူအများအပြားကို တရားစွဲဆိုခြင်းမပြုရန် တိုက်တွန်းလိုသည် စသည်ဖြင့် ပြောကြားခဲ့သည်။ 

အောက်ဖော်ပြပါ လင့်မှတစ်ဆင့်လည်း ဝင်ရောက် ကြည့်ရှုနိုင်သည်။ 

https://www.mcntv.biz/streamizshow/24/08/2020/154865/?fbclid=IwAR2lkGNNDB9P2b5sjPT0UQ9JkBg6Os0N0XdllSu5HsGEWYCRTyioGjZo2Og

ကွာရန်တင်းထဲက ဘဝများနှင့်ပတ်သက်၍ One News Myanmar မှ ပြုလုပ်သော အင်တာဗျူးကို ဖြေကြားခြင်း

“ကွာရန်တင်းထဲက ဘဝများ”နှင့်ပတ်သက်၍ အင်တာဗျူးဖြေကြား ခြင်း

ဩဂုတ်လ ၃၁ ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ ကောင်ဆယ်လာ နှင့် စာရေးဆရာမဖြစ်သူ ဆရာမ နှင်းပန်းအိမ်သည် “ကွာရန်တင်း ထဲက ဘဝများ”နှင့်ပတ်သက်၍ One News Myanmar မှ ပြုလုပ်သော အင်တာဗျူးကို ဖြေကြားခဲ့သည်။ အဆိုပါ အင်တာဗျူးတွင် ဆရာမ နှင်းပန်းအိမ်မှ “ကိုဗစ်-၁၉ ရောဂါသည် ရေရှည်ဖြစ်ပွားမည်ဆိုလျှင် စိန်ခေါ်မှုများလာမည်ဖြစ်ပြီး စိတ်ဖိစီး လာမည်ဖြစ်သည်၊ ထိုအခြင်းအရာများကို ပြင်ဆင်ထားရ မည်ဖြစ်သည်၊ ထို့ကြောင့် ကောင်ဆယ်လင်းလုပ်ငန်းများသည် များစွာ လိုအပ်လာမည်”ဟု ပြောကြား ခဲ့သည်။ 

အောက်ဖော်ပြပါ လင့်မှတစ်ဆင့်လည်း ဝင်ရောက် ကြည့်ရှုနိုင်သည်။ 

https://www.youtube.com/watch?reload=9&v=7SFIso8vfOE&feature=youtu.be&fbclid=IwAR107w8mSa8XwG288aLAfHGx51npCNq_IbfUqZ-Qtf7hZoxVXrA8tT-gpDg

ဆက်သွယ်မေးမြန်းရန်

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း

တိတ်နိုင် အတွင်းရေးမှူး                        +၉၅() ၉၄၂       ၈၀၂  ၃၈၂၈

ဘိုကြည် တွဲဘက်အတွင်းရေးမှူး             +၉၅() ၉၄၂  ၅၃၀  ၈၈၄၀

အောင်မျိုးကျော် ရန်ကုန်ရုံးတာဝန်ခံ         +၉၅() ၉၄၂  ၈၁၁  ၇၃၄၈ 

လစဉ်သတင်းလွှာ ဒေါင်းလော့ရယူရန် newsletter august_