အေအေပီပီမှ ၂၀၂၀ ခုနှစ် ဇူလိုင်လအတွက်သတင်းလွှာ

ဟောပြောဆွေးနွေးပွဲများပြုလုပ်ခြင်း

မိမိကိုယ်ကိုမိမိစောင့်ရှောက်ခြင်းနှင့် စိတ်ဓါတ်ခွန်အားမြှင့်တင်ရေး ဟောပြောပွဲများ ပြုလုပ်ခြင်း 

ကွာရန်တင်းစင်တာများ၌ ကွာရန်တင်းဝင်နေသူများအား ဟောပြောပို့ချ

ကွာရန်တင်းစင်တာ (ကိုဗစ်-19 ကူးစက်ရောဂါထိန်းချုပ်ရေး စင်တာ)များ၌ နေထိုင်နေကြရသော ပြည်သူများ၊ စေတနာ့ ဝန်ထမ်းများနှင့် ကျန်းမာရေးဝန်ထမ်းများ၏ စိတ်ဖိစီးမူများ လျော့ပါးစေရန်နှင့် စိတ်ခွန်အားဖြစ်ပေါ်စေရန်၊ ထိုသူများ ကိုဗစ်-၁၉ ကာကွယ်ရေးနှင့်ပတ်သက်ပြီး ပိုမိုသိရှိနားလည်၍ လိုက်နာ ကျင့်သုံးစေရန် ရည်ရွယ်၍ ဇူလိုင်လအတွင်းတွင် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)မှ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး နှင့် ရန်ကုန်တိုင်း ဒေသကြီးအတွင်း၌ မိမိကိုယ်ကိုမိမိစောင့်ရှောက်ခြင်း နှင့် စိတ်ဓါတ်ခွန်အားမြှင့်တင်ရေးဟောပြောပွဲများကို ပြုလုပ်ခဲ့ သည်။ 

အဆိုပါဟောပြောပွဲများတွင် AAPP မှ ဆရာမ နှင်းပန်းအိမ်မှ ဦးဆောင်ဆွေးနွေးခဲ့ပြီး  AAPP အဖွဲ့ဝင်များဖြစ်ကြသော ကိုဝဏ္ဏနွယ်၊ ကိုလွင်မိုးမြင့်၊ ကိုခင်မောင်စိုး၊ ကိုခင်မောင်ဝင်း၊ ကိုမောင်မောင်နိုင် နှင့် ကိုသန်းထိုက်ဝင်း တို့မှ ပူးပေါင်း ပါဝင် ကူညီခဲ့သည်။ ဟောပြောပွဲများကို သက်ဆိုင်ရာ ဒေသလွှတ်တော် ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ် ဆရာဝန်ကြီးများ၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီဝင်များ၊

ရင်ခွင်မဲ့ကလေးလျှော့ချရေးအသင်း တာဝန်ရှိသူများ၊ နိုင်ငံရေး အကျဉ်းသားဟောင်းများ၊ ၈၈ ငြိမ်း/ပွင့်မှ အဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်းများ၊  ကိုဗစ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကော်မတီဝင်များမှ ပူးပေါင်းဆောင်ရွက် ခဲ့သည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ ဇူလိုင်လ ၁ ရက်နေ့မှ ဇူလိုင်လ ၅ ရက်နေ့အထိ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်အတွင်းရှိ ကွာရန်တင်း စင်တာ (၉)ခု၊ ဇူလိုင်လ ၁၄ ရက်နေ့မှ ဇူလိုင်လ ၁၅ ရက်နေ့အထိ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့ နှင့် ဝေါမြို့အတွင်းရှိ  ကွာရန်တင်း စင်တာ (၃)ခု နှင့် ဇူလိုင်လ ၂၆ ရက်နေ့တွင် ရန်ကုန်တိုင်း ဒေသကြီး၊ လှိုင်သာယာမြို့နယ်ရှိ ကွာရန်တင်းစင်တာ (၂) ခုတို့၌ ကွာရန်တင်းဝင်နေကြသူများ၊ စေတနာ့ဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ အုပ်ချုပ်ရေးအဖွဲ့များ၊ ရဲတပ်ဖွဲ့ဝင်များ နှင့် အခြားသက်ဆိုင်ရာ ဌာနဆိုင်ရာ ဝန်ထမ်းများအတွက် စိတ်ခွန်အားဖြစ်စေမည့် ဟောပြောပွဲများကို ပြုလုပ်နိုင်ခဲ့သည်။ ဇူလိုင်လအတွင်း၌ ကွာရန်တင်းဝင် လူဦးရေ စုစုပေါင်း (၁၀၈၉) ဦးနှင့် စေတနာ့ဝန်ထမ်းဦးရေ စုစုပေါင်း (၁၅၄) ဦး တို့ကို ဟောပြော ဆွေးနွေးပေးနိုင်ခဲ့သည်။ 

  • ပုသိမ်မြို့ရှိ ကွာရန်တင်းစင်တာ  (၉) ခု၌ ကွာရန်တင်းဝင် လူဦးရေ (၅၄၃) ဦး နှင့် စေတနာ့ ဝန်ထမ်းဦးရေ (၁၂၀) ဦး
  • ပဲခူးမြို့ရှိ ကွာရန်တင်းစင်တာ (၂) ခု၌ ကွာရန်တင်း ဝင်လူဦးရေ (၂၂၈) ဦးနှင့် စေတနာ့ဝန်ထမ်းဦးရေ (၁၀) ဦး
  • ဝေါမြို့ရှိ ကွာရန်တင်းစင်တာ (၁) ခု၌ ကွာရန်တင်းဝင် လူဦးရေ (၁၂၀) ဦးနှင့် စေတနာ့ဝန်ထမ်းဦးရေ (၆) ဦး
  • လှိုင်သာယာမြို့နယ်ရှိ ကွာရန်တင်းစင်တာ (၂) ခု၌ ကွာရန်တင်းဝင်လူဦးရေ (၁၉၈) ဦးနှင့် စေတနာ့ ဝန်ထမ်းဦးရေ (၁၈) ဦး

သင်တန်းပို့ချခြင်း

လူ့အခွင့်အရေး၊ လူ့အခွင့်အရေးချိုးဖောက်မှုမှတ်တမ်းတင်ခြင်း၊ တိုင်ကြားမှုယန္တရား၊ ဒစ်ဂျစ်တယ်လုံခြုံရေး နှင့် အသွင်ကူးပြောင်း ရေးဆိုင်ရာ တရားမျှတမှု အခြေခံသင်တန်းပို့ချခြင်း

မုံရွာမြို့၌ ပြုလုပ်ခဲ့သော သင်တန်း၌ သင်တန်းသား/သူများမှ ပါဝင် ဆွေးနွေး

ဇူလိုင်လအတွင်း၌ နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း(AAPP)မှ လူ့အခွင့်အရေး၊ လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းတင်ခြင်း၊ တိုင်ကြားမှု ယန္တရား၊ ဒစ်ဂျစ်တယ်လုံခြုံရေး နှင့် အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှု အခြေခံ သင်တန်း နှစ်ခုကို ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တို့တွင် ပို့ချပေးနိုင်ခဲ့သည်။

ဇူလိုင်လ ၁၅ ရက်နေ့မှ ဇူလိုင်လ ၂၆ ရက်နေ့ထိ ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၌ ပြုလုပ်ခဲ့သော (၁၂) ရက်တာ သင်တန်း၌ လူ့အခွင့်အရေး နှင့် တိုင်ကြားမှုယန္တရား သင်တန်း နည်းပြအဖြစ် ကိုစောသန်းလှိုင်၊ လူ့အခွင့်အရေး ချိုးဖောက်မှု မှတ်တမ်းတင်ခြင်းနှင့် အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှုသင်တန်းနည်းပြအဖြစ် ကိုစိုင်းမြင့်သူ၊ ဒစ်ဂျစ်တယ် လုံခြုံရေးနည်းပြအဖြစ်  ကိုခင်မောင်ဝင်း တို့မှ သင်တန်း ပို့ချပေး ခဲ့သည်။ သင်တန်းကို သင်တန်းသူ (၁၂) ဦးနှင့် သင်တန်းသား (၅) ဦး၊ စုစုပေါင်း (၁၇) ဦး တက်ရောက်ခဲ့ကြပြီး ၎င်းတို့သည် အေးချမ်းဖြူစင် အမျိုးသမီးအဖွဲ့၊ တအာင်းအမျိုးသမီး အဖွဲ့အစည်း၊ Silver Future Women’s Action၊ တိုင်းရင်းသူများ အဖွဲ့၊ ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(SNLD)၊ Monostic Education Development Group (MEDG)၊ Key OF The World၊ ရှမ်းစာပေ နှင့် ယဉ်ကျေးမှု၊ ညောင်ကိုးပင် အမျိုးသမီး အဖွဲ့၊ မြန်မာရပ်လူငယ်၊ ဈေးရပ်ပရဟိတ အဖွဲ့စသည်တို့မှ အဖွဲ့ဝင်များ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှ ကျောင်းဆရာများ တက်ရောက်ခဲ့ကြသည်။ ထို့ပြင် သင်တန်း တက်ရောက်သူများသည် ရှမ်း၊ တအာင်း၊ ကချင် နှင့် ဗမာ တိုင်းရင်းသားများဖြစ်ကြသည်။ သင်တန်းပို့ချခဲ့သော ကျောက်မဲ မြို့နယ်သည် မတရားဖမ်းဆီးမှုများ၊ ခြိမ်းခြောက်မှုများ စသည့်

လူ့အခွင့်အရေးချိုးဖောက်မှုများကို ရင်ဆိုင်နေကြရ သည်။

ဇူလိုင်လ ၁၇ ရက်နေ့မှ ဇူလိုင်လ ၂၉ ရက်နေ့ထိ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၌ ပြုလုပ်ခဲ့သော (၁၃) ရက်တာ သင်တန်း၌ လူ့အခွင့်အရေး နှင့် တိုင်ကြားမှုယန္တရား သင်တန်းနည်းပြအဖြစ် ကိုဝဏ္ဏနွယ်မှ သင်တန်း ပို့ချပေးခဲ့ပြီး လူ့အခွင့်အရေး ချိုးဖောက်မှု မှတ်တမ်း တင်ခြင်းနှင့် အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှုသင်တန်းနည်းပြ အဖြစ် ကိုကျော်ဦး၊ ဒစ်ဂျစ်တယ်လုံခြုံရေးနည်းပြအဖြစ် ကိုမျိုးထွန်း တို့မှ သင်တန်း ပို့ချပေးခဲ့သည်။ သင်တန်းကို သင်တန်းသူ (၁၃) ဦးနှင့် သင်တန်းသား (၁၂) ဦး၊ စုစုပေါင်း (၂၅) ဦး တက်ရောက်ခဲ့ကြသည်။ သင်တန်း တက်ရောက်သူများသည် မုံရွာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ၊ ကြယ်စင်ပြေးလမ်း ပရဟိတ(မုံရွာတက္ကသိုလ်)၊ ပြည်သူ့ပါတီ၊ MUSU တို့မှ အဖွဲ့ဝင်များနှင့် ကျောင်းသားကိုယ်စားလှယ်(ရတနာပုံ)၊ ဗန်းမောက် ၈၈ မျိုးဆက် (ငြိမ်း/ပွင့်)၊ ကျောင်းသူ၊ကျောင်းသား များ နှင့်              သတင်းထောက် တစ်ဦး တို့ ဖြစ်ကြသည် သင်တန်းတက်ရောက်သူများသည် ဗမာ၊ ရှမ်း၊ ဗမာ-ရှမ်း တိုင်းရင်းသားများဖြစ်ကြသည်။ သင်တန်းပို့ချခဲ့သော မုံရွာ မြို့နယ်တွင် လယ်ယာမြေ သိမ်းဆည်းမှုများကို ရင်ဆိုင်နေကြရ သည်။

သင်တန်းပို့ချရခြင်း၏ ရည်ရွယ်ချက်သည် ဒီမိုကရေစီ နိုင်ငံတော် တည်ဆောက်ရေးတွင် ပါဝင်ကြသူများကို အားပေး မြှင့်တင်ရန် နှင့် အသိပညာများရရှိလာရန် ရည်ရွယ်၍ စွမ်းဆောင်ရည် မြှင့်တင် ပေးခြင်းဖြစ်သည်။

ထောက်ပံ့ကူညီခြင်း 

နိုင်ငံရေးအကျဉ်းသားများနှင့် နိုင်ငံရေးအကျဉ်းသားဟောင်းများကို ထောက်ပံ့ကူညီခြင်း

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ အကျဉ်းထောင်တွင်း အကျဉ်းကျလျက်ရှိသည့် နိုင်ငံရေးအကျဉ်းသားများနှင့် ကျန်းမာရေးကောင်းမွန်ခြင်း မရှိ သည့် နိုင်ငံရေးအကျဉ်းသားဟောင်းများကို ဆက်လက် ထောက်ပံ့ ကူညီပေးလျက်ရှိသည်။ ဇူလိုင်လအတွင်းတွင် မန္တလေးအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား (၁) ဦး နှင့် ညောင်ရွှေ (တောင်လေးလုံး) အကျဉ်းထောင်မှ နိုင်ငံရေး အကျဉ်းသား (၁) ဦး၊ စုစုပေါင်း (၂) ဦး တို့ကို ထောက်ပံ့ ကူညီခဲ့ သည်။ ထို့ပြင် ဆီးကျိတ်ရောဂါ၊ ဦးနှောက်နှင့် အာရုံကြော ရောဂါ၊ လိပ်ခေါင်းရောဂါ၊ တီဘီ၊ တီဘီကင်ဆာ၊ အသည်း၊ ကျောက်ကပ် ရောဂါ၊ လေဖြတ်ရောဂါတို့ ခံစားနေကြရသော နိုင်ငံရေး အကျဉ်းသားဟောင်း (၉) ဦးကို  ထောက်ပံ့ ကူညီခဲ့သည်။

၎င်းပြင် မန္တလေးထောင်တွင်းမှ တရားရင်ဆိုင်နေရသူ (၂) ဦး၊ ထောင်ပြင်ပ၌ တရားရင်ဆိုင်နေရသူ (၈၉) ဦးနှင့်  လူ့အခွင့်အရေး ရှေ့နေ (၆) ဦးတို့ကို ကူညီခဲ့သည်။ ထို့ပြင်  ကွယ်လွန်သွားခဲ့သော နိုင်ငံရေးအကျဉ်းသားဟောင်း (၁) ဦး၏  နာရေးကို ကူညီခဲ့ သည်။ 

၎င်းပြင် ၂၀၁၅ ခုနှစ်မှစတင်၍ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ အကျဉ်းထောင်တွင်း နှင့် စစ်ကြောရေးစခန်းများ၌ ညှဉ်းပန်းနှိပ်စက်ခြင်းကို ရင်ဆိုင်ခံစားခဲ့ရ၍ ကျန်းမာရေးကောင်းမွန်ခြင်းမရှိသည့် နိုင်ငံရေးအကျဉ်းသားဟောင်းများကို အရေးပေါ် ကူညီ ထောက်ပံ့ ပေးခဲ့သည်။ ဇူလိုင်လအတွင်းတွင် နိုင်ငံရေး အကျဉ်းသားဟောင်း (၃) ဦးကို ထောက်ပံ့ ကူညီခဲ့သည်။ 

အောက်တွင် ဇယားနှင့်တကွ ဖော်ပြထားပါသည်။ 

ကိုဗစ်၁၉ ကြိုတင်ကာကွယ်ရေးအတွက် အကျဉ်းထောင်များသို့ လှူဒါန်းခြင်း  နှင့် အကျဉ်းထောင် ပြုပြင်ပြောင်းလဲရေးနှင့်ပတ်သက်၍ စည်းရုံးလှုံ့ဆော်မှုပြုလုပ်ခြင်း

မုပ္ပလင် ကုန်ထုတ်စခန်း၊ အင်္ဂဘို ကုန်ထုတ်စခန်း နှင့် တောင်စွန်း ကုန်ထုတ်စခန်းသို့ ကိုဗစ်၁၉ ကာကွယ်ရေးပစ္စည်းများ လှူဒါန်းခြင်း

ဇူလိုင်လ ၁၃ ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရေးအသင်း(AAPP) ရန်ကုန်ရုံးတာဝန်ခံ ဦးအောင်မျိုးကျော် ဦးဆောင်သောအဖွဲ့သည် မုပ္ပလင် အမျိုးသား ကုန်ထုတ်စခန်း အတွင်း၌ရှိသော အကျဉ်းသားများအတွက် ကိုဗစ်-19 ကြိုတင်ကာကွယ်ရေး ဆောင်ရွက်နိုင်ရန်အတွက် ကာဘော်လစ် ဆပ်ပြာ ၁၂၀၀တုံး၊ ဆေးဖြန်းပုံး ၁၀ ပုံး၊ ဒက်တောလ် ၁၀ လီတာ ၅ ပုံးနှင့် လက်ဆေးဆပ်ပြာရည် ၅ ပုံး၊ မုပ္ပလင်အမျိုးသမီး ကုန်ထုတ်စခန်းအတွင်း၌ရှိသော အကျဉ်းသူများအတွက် ကာဘော်လစ်ဆပ်ပြာ ၈၀၀တုံး၊ ဆေးဖြန်းပုံး ၅ ပုံး၊ ဒက်တောလ် ၁၀ လီတာ ၃ ပုံးနှင့် လက်ဆေးဆပ်ပြာရည် ၅ ပုံး၊ အင်္ဂဘိုကုန်ထုတ်စခန်း အတွင်း၌ရှိသော အကျဉ်းသားများ အတွက် ကာဘော်လစ်ဆပ်ပြာ ၈၀၀တုံး၊ ဆေးဖြန်းပုံး ၅ ပုံး၊ ဒက်တောလ် ၁၀ လီတာ ၃ ပုံးနှင့် လက်ဆေးဆပ်ပြာရည် ၅ ပုံး၊ တောင်စွန်း ကုန်ထုတ်စခန်း အတွင်း၌ရှိသော အကျဉ်းသားများ အတွက် ကာဘော်လစ်ဆပ်ပြာ ၄၀၀ တုံး၊ ဆေးဖြန်းပုံး ၅ ပုံး၊ ဒက်တောလ် ၁၀ လီတာ ၃ ပုံးနှင့် လက်ဆေးဆပ်ပြာရည် ၅ ပုံး တို့ကို သွားရောက်လှူဒါန်းခဲ့ရာ သက်ဆိုင်ရာ ကုန်ထုတ်စခန်း များမှ တာဝန်ခံအရာရှိများမှ လက်ခံရယူခဲ့သည်။  

သထုံအကျဉ်းထောင် နှင့် ကျိုက်မရောအကျဉ်းထောင်သို့ ကိုဗစ်၁၉ ကာကွယ်ရေးပစ္စည်းများ လှူဒါန်းခြင်း

ဇူလိုင်လ ၁၄ ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရေးအသင်း(AAPP) ရန်ကုန်ရုံးတာဝန်ခံ ဦးအောင်မျိုးကျော် ဦးဆောင်သောအဖွဲ့သည် သထုံအကျဉ်းထောင်အတွင်း၌ရှိသော အကျဉ်းသား/သူများအတွက် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး ဆောင်ရွက်နိုင်ရန်အတွက် ကာဘော်လစ်ဆပ်ပြာ ၁၂၀၀တုံး၊ ဆေးဖြန်းပုံး ၅ ပုံး၊ ဒက်တောလ် ၁၀ လီတာ ၃ ပုံးနှင့် လက်ဆေး ဆပ်ပြာရည် ၅ ပုံး၊ ကျိုက်မရောအကျဉ်းထောင် အတွင်း၌ရှိသော အကျဉ်းသား/သူ များအတွက် ကာဘော်လစ် ဆပ်ပြာ ၃၀၀၀ တုံး၊ ဆေးဖြန်းပုံး ၁၅ ပုံး၊ ဒက်တောလ် ၁၀ လီတာ ၆ ပုံးနှင့် လက်ဆေးဆပ်ပြာရည် ၈ ပုံးတို့ကို သွားရောက် လှူဒါန်းခဲ့ရာ သက်ဆိုင်ရာ ထောင်တာဝန်ခံ အရာရှိများမှ လက်ခံ ရယူခဲ့သည်။ 

ဘားအံအကျဉ်းထောင် နှင့် မာလာဖူးကုန်ထုတ်စခန်းသို့ ကိုဗစ်၁၉ ကာကွယ်ရေးပစ္စည်းများ လှူဒါန်းခြင်း

ဇူလိုင်လ ၁၅ ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရေးအသင်း(AAPP) ရန်ကုန်ရုံးတာဝန်ခံ ဦးအောင်မျိုးကျော် ဦးဆောင်သောအဖွဲ့သည် ဘားအံကျဉ်းထောင်အတွင်း၌ရှိသော အကျဉ်းသား/သူများ အတွက် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး ဆောင်ရွက်နိုင်ရန် အတွက် ကာဘော်လစ်ဆပ်ပြာ ၄၂၀၀တုံး၊ ဆေးဖြန်းပုံး ၇ ပုံး၊ ဒက်တောလ် ၁၀ လီတာ ၃ ပုံးနှင့် လက်ဆေး ဆပ်ပြာရည် ၄ ပုံး၊ မာလာဖူးကုန်ထုတ်စခန်း အတွင်း၌ရှိသော အကျဉ်းသားများ အတွက် ကာဘော်လစ်ဆပ်ပြာ ၆၀၀တုံး၊ ဆေးဖြန်းပုံး ၅ ပုံး၊ ဒက်တောလ် ၁၀ လီတာ ၂ ပုံးနှင့် လက်ဆေးဆပ်ပြာရည် ၄ ပုံးတို့ကို သွားရောက်လှူဒါန်းခဲ့ရာ သက်ဆိုင်ရာ ထောင်တာဝန်ခံ အရာရှိများမှ လက်ခံရယူခဲ့သည်။

အင်းဗြောင်ကုန်ထုတ်စခန်း နှင့် ရင်းငြိမ်ကုန်ထုတ်စခန်းသို့  ကိုဗစ်၁၉ ကာကွယ်ရေးပစ္စည်းများ လှူဒါန်းခြင်း

ဇူလိုင်လ ၁၆ ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရေးအသင်း(AAPP) ရန်ကုန်ရုံးတာဝန်ခံ ဦးအောင်မျိုးကျော် ဦးဆောင်သောအဖွဲ့သည် အင်းဗြောင် ကုန်ထုတ်စခန်းအတွင်း၌ ရှိသော အကျဉ်းသားများအတွက် ကိုဗစ်-၁၉ ကြိုတင် ကာကွယ် ရေး ဆောင်ရွက်နိုင်ရန်အတွက် ကာဘော်လစ်ဆပ်ပြာ ၈၀၀တုံး၊ ဆေးဖြန်းပုံး ၇ ပုံး၊ ဒက်တောလ် ၁၀ လီတာ ၃ ပုံးနှင့် လက်ဆေးဆပ်ပြာရည် ၄ ပုံး၊ ရင်းငြိမ်ကုန်ထုတ်စခန်း အတွင်း၌ ရှိသော အကျဉ်းသားများ အတွက် ကာဘော်လစ်ဆပ်ပြာ ၈၀၀တုံး၊ ဆေးဖြန်းပုံး ၇ ပုံး၊ ဒက်တောလ် ၁၀ လီတာ ၃ ပုံးနှင့် လက်ဆေးဆပ်ပြာရည် ၄ ပုံး၊ ဇင်းကျိုက်ကုန်ထုတ်စခန်း အတွင်းရှိသော အကျဉ်းသားများ အတွက် ကာဘော်လစ်ဆပ်ပြာ ၈၀၀တုံး၊ ဆေးဖြန်းပုံး ၇ ပုံး၊ ဒက်တောလ် ၁၀ လီတာ ၃ ပုံးနှင့် လက်ဆေးဆပ်ပြာရည် ၄ ပုံးတို့ကို သွားရောက်လှူဒါန်းခဲ့ရာ သက်ဆိုင်ရာ ကုန်ထုတ်စခန်း တာဝန်ခံအရာရှိများမှ လက်ခံ ရယူခဲ့သည်။

မအူပင်အကျဉ်းထောင် နှင့် ဖျာပုံအကျဉ်းထောင်သို့ ကိုဗစ်၁၉ ကာကွယ်ရေးပစ္စည်းများ လှူဒါန်းခြင်း

ဇူလိုင်လ ၂၈ ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရေးအသင်း(AAPP) ရန်ကုန်ရုံးတာဝန်ခံ ဦးအောင်မျိုးကျော် ဦးဆောင်သောအဖွဲ့သည် မအူပင်အကျဉ်းထောင်အတွင်း၌ရှိသော အကျဉ်းသား/သူများအတွက် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး ဆောင်ရွက်နိုင်ရန်အတွက် ကာဘော်လစ်ဆပ်ပြာ ၁၂၀၀တုံး၊ ဆေးဖြန်းပုံး ၅ ပုံး၊ ဒက်တောလ် ၁၀ လီတာ ၃ ပုံးနှင့် လက်ဆေးဆပ်ပြာရည် ၅ ပုံး၊ ဖျာပုံအကျဉ်းထောင်အတွင်း၌ ရှိသော အကျဉ်းသား/သူများအတွက် ကာဘော်လစ်ဆပ်ပြာ ၁၂၀၀တုံး၊ ဆေးဖြန်းပုံး ၇ ပုံး၊ ဒက်တောလ် ၁၀ လီတာ ၄ ပုံးနှင့် လက်ဆေးဆပ်ပြာရည် ၅ ပုံးတို့ကို သွားရောက်လှူဒါန်းခဲ့ရာ သက်ဆိုင်ရာ ထောင်တာဝန်ခံအရာရှိများမှ လက်ခံရယူခဲ့သည်။

မြောင်းမြအကျဉ်းထောင်သို့ ကိုဗစ်၁၉ ကာကွယ်ရေးပစ္စည်းများ လှူဒါန်းခြင်း

ဇူလိုင်လ ၂၉ ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရေးအသင်း(AAPP) ရန်ကုန်ရုံးတာဝန်ခံ ဦးအောင်မျိုးကျော် ဦးဆောင်သောအဖွဲ့သည် မြောင်းမြအကျဉ်းထောင် အတွင်း၌ ရှိသော အကျဉ်းသား/သူများအတွက် ကိုဗစ်-၁၉ ကြိုတင် ကာကွယ်ရေး ဆောင်ရွက်နိုင်ရန်အတွက် ကာဘော်လစ်ဆပ်ပြာ ၂၀၀၀တုံး၊ ဆေးဖြန်းပုံး ၈ ပုံး၊ ဒက်တောလ် ၁၀ လီတာ ၆ ပုံးနှင့် လက်ဆေးဆပ်ပြာရည် ၈ ပုံးတို့ကို သွားရောက်လှူဒါန်းခဲ့ရာ သက်ဆိုင်ရာ ထောင်တာဝန်ခံအရာရှိများမှ လက်ခံရယူခဲ့ သည်။

မှတ်တမ်းနှင့် သုတေသန

လစဉ်အစီရင်ခံစာ၊ နိုင်ငံရေးအကျဉ်းသားစာရင်းများ နှင့် အေအေပီပီသတင်းလွှာကို ထုတ်ဝေခြင်း

မြန်မာနိုင်ငံအတွင်းရှိ လူ့အခွင့်အရေးအခြေအနေများနှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ လယ်သမားများ၊ အလုပ်သမား များ နှင့် အရပ်သားများ လစဉ် ဖမ်းဆီး၊ တရားစွဲဆို၊ပြစ်ဒဏ် ချမှတ်ခြင်းခံရသည်ကို  စောင့်ကြည့်မှတ်တမ်းတင်ရန် ရည်ရွယ်၍ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ လစဉ် အစီရင်ခံစာနှင့် နိုင်ငံရေးအကျဉ်းသားစာရင်း ကို ထုတ်ဝေလျက်ရှိသည်။ ဇူလိုင်လ ၆ ရက်နေ့တွင် ဇွန်လ အတွက် အစီရင်ခံစာ နှင့် နိုင်ငံရေးအကျဉ်းသားစာရင်းကို ထုတ်ဝေခဲ့ သည်။

ထို့ပြင် AAPP အဖွဲ့ဝင်များ လွှတ်တော်ကိုယ်စားလှယ်များ၊ အစိုးရ ဌာနဆိုင်ရာ အရာရှိများ၊ နိုင်ငံတကာမှ သံအမတ်များ၊ NGOs, CBOs စသည့်အဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ်များ နှင့် တွေ့ဆုံဆွေးနွေးမှုများ၊ ဟောပြောဆွေးနွေးပွဲများ နှင့် နှစ်သိမ့် ဆွေးနွေးပေးခြင်း နှင့် သင်တန်းများ ပို့ချပေးခြင်း စသည့် လှုပ်ရှားဆောင်ရွက်မှုများကို AAPP သတင်းလွှာ၌ လစဉ် ဖော်ပြထားသည်။ ဇူလိုင်လ ၆ ရက်နေ့တွင် ဇွန်လအတွက် သတင်းလွှာကို ထုတ်ဝေခဲ့သည်။

ကိုဗစ်၁၉ သတင်းလွှာပြုစုခြင်း

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ ကိုဗစ်ကာလနှင့် ဆက်နွယ်၍ ဖြစ်ပွားခဲ့သော အမှုဖြစ်စဉ်များပါဝင်သည့် ကိုဗစ်-၁၉ သတင်းလွှာကို ဧပြီလ ကတည်းမှစတင်၍ မှတ်တမ်းတင်ပြုစုလျက်ရှိသည်။ ဇွန်လ ကိုဗစ်သတင်းလွှာ နှင့် ကိုဗစ်ကာလအတွင်း သတ်မှတ်ထားသော စည်းကမ်းများကို ချိုးဖောက်၍ ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခြင်းခံထားရသော စာရင်းများကို ဇူလိုင်လ ၆ ရက်နေ့တွင် ထုတ်ဝေခဲ့သည်။

ညှဉ်းပန်းနှိပ်စက်ခြင်းခံရသူများကို အင်တာဗျူးပြုလုပ်ခြင်းနှင့် မှတ်တမ်းပြုစုခြင်း

၂၀၁၅ ခုနှစ်မှစတင်၍ နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း (AAPP) မှ အကျဉ်းထောင်တွင်းနှင့် စစ်ကြောရေးစခန်းများ၌ ညှဉ်းပန်းနှိပ်စက်ခြင်းကို ရင်ဆိုင်ခံစား ခဲ့ကြရသော နိုင်ငံရေးအကျဉ်းသားဟောင်းများ၏ အတွေ့အကြုံ များကို အင်တာဗျူးများပြုလုပ်၍ မှတ်တမ်း ပြုစုခဲ့ပါသည်။ ဇူလိုင်လအတွင်းတွင် ထောင်ဒဏ် လေးနှစ်၊ ၁၀ နှစ်၊ ၁၂ နှစ် အသီးသီးကျခံခဲ့ရပြီး ညှဉ်းပန်းနှိပ်စက်ခြင်းကို ခံစားခဲ့ကြရသည့် နိုင်ငံရေးအကျဉ်းသားဟောင်း သုံးဦး၏ ထောင်တွင်းနှင့် ထောင်ပြင်ပ ဘဝဖြတ်သန်းမှု အခြေအနေများနှင့် အတွေ့အကြုံ များကို အင်တာဗျူး ပြုလုပ်၍ မှတ်တမ်း တင်ခဲ့ပါသည်။  

၂၀၁၅ ခုနှစ်မှ ၂၀၂၀ ခုနှစ် ဇူလိုင်လကုန်အထိ ညှဉ်းပန်း နှိပ်စက်မှုကို ခံစားခဲ့ကြရသော နိုင်ငံရေးအကျဉ်းသား စုစုပေါင်း ၁၈၀ ဦးကို အင်တာဗျူးပြုလုပ်၍ မှတ်တမ်း ပြုစုနိုင်ခဲ့ပါသည်။ 

နိုင်ငံရေးအကျဉ်းသားဟောင်းများ၏ အချက်အလက်များကို ကောက်ခံခြင်း

နိုင်ငံရေးအကျဉ်းသားဟောင်းများအား မတရားသည့် ဥပဒေ များဖြင့် ထောင်သွင်းအကျဉ်းချခဲ့သည့် ဖြစ်စဉ်များကို စနစ်တကျ သိမ်းဆည်းစုဆောင်းရန် ရည်ရွယ်ချက်ဖြင့် နိုင်ငံရေးအကျဉ်းသား အချက်အလက်များကောက်ခံခြင်း အစီအစဉ်ကို ၂၀၁၄ ခုနှစ်၌ စတင်၍ ကောက်ခံ စုဆောင်းခဲ့သည်။ ဇူလိုင်လအတွင်းတွင် နိုင်ငံရေးအကျဉ်းသားဟောင်း ၁၂ ဦး ၏ ကိုယ်ရေး အချက်အလက် ၁၂ စောင်ကို ကောက်ခံခဲ့သည်။ ၂၀၁၄ ခုနှစ်မှ ၂၀၂၀ ခုနှစ် ဇူလိုင်လကုန်အထိ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ နိုင်ငံရေး အကျဉ်းသား ဟောင်း ၃၆၀၀ ဦး၏ အချက်အလက် များကို ကောက်ယူ စုဆောင်းပြီးဖြစ်သည်။ ကျန်ရှိနေသော နိုင်ငံရေးအကျဉ်းသား ဟောင်းများ၏ အချက်အလက်များကို ကောက်ခံနေဆဲ ဖြစ်ပါသဖြင့် မိမိတို့ AAPP အင်တာနက် လူမှုကွန်ရက် စာမျက်နှာမှသော်လည်းကောင်း၊ [email protected] အီးမေးလ်သို့ လည်းကောင်း ဆက်သွယ်ဆောင် ရွက်ပေးပါရန် ဖိတ်ခေါ်အပ် ပါသည်။

အထွေထွေလှုပ်ရှားမှုများ

လူ့အခွင့်အရေး၊ လူ့အခွင့်အရေး ချိုးဖောက်မှု မှတ်တမ်းတင်ခြင်း၊ တိုင်ကြားမှုယန္တရား၊ ဒစ်ဂျစ်တယ်လုံခြုံရေး နှင့် အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှု သင်ခန်းစာများ မွမ်းမံပြင်ဆင်ခြင်း အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပ ပြုလုပ်ခြင်း 

လူ့အခွင့်အရေး၊ လူ့အခွင့်အရေး ချိုးဖောက်မှု မှတ်တမ်းတင်ခြင်း၊ တိုင်ကြားမှုယန္တရား၊ ဒစ်ဂျစ်တယ်လုံခြုံရေး နှင့် အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှုသင်ခန်းစာများ မွမ်းမံပြင်ဆင်ခြင်း အလုပ်ရုံဆွေးနွေးပွဲကို နိုင်ငံရေးအကျဉ်းသား များ ကူညီစောင့်ရှောက်ရေး(AAPP)ရုံးတွင် ဇူလိုင်လ ၇ ရက်နေ့မှ ဇူလိုင်လ ၉ ရက်နေ့အထိ သုံးရက်တာ ကျင်းပ ပြုလုပ်ခဲ့ပါသည်။ အဆိုပါအလုပ်ရုံဆွေးနွေးပွဲတွင် Facilitator များအဖြစ် ကိုစောသန်းလှိုင်နှင့် ကိုစိုင်းမြင့်သူတို့မှ ဆောင်ရွက်ခဲ့ပြီး AAPP အတွင်းရေးမှူး ဦးတိတ်နိုင်၊ ရန်ကုန်ရုံးတာဝန်ခံ ဦးအောင်မျိုးကျော်၊ မှတ်တမ်း နှင့် သုဝေသနဌာန တာဝန်ခံ နှင့် နိုင်ငံခြားရေးရာ ဒုတာဝန်ခံ ကိုဇော်မိုး၊ သင်တန်းဌာနနှင့် မှတ်တမ်းဌာနမှ အဖွဲ့သားများ၊ AAPP သင်တန်းများ၏ ToT ဆင်း သင်တန်းသားအချို့ ပူးပေါင်းပါဝင် တက်ရောက်ခဲ့သည်။

လွတ်လပ်စွာစုရုံးခွင့်စကားဝိုင်းပွဲတွင် ပါဝင်ဆွေးနွေး 

ဇူလိုင်လ ၁၅ ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းနှင့် သုတေသန    ဌာနတာဝန်ခံ နှင့် နိုင်ငံခြားရေးရာ ဒုတာဝန်ခံ ကိုဇော်မိုးသည် အမေရိကန်သံရုံးမှ ဦးဆောင်ကျင်းပလျက်ရှိသော ဖွဲ့စည်းပုံအခြေခံဥပဒေ ပထမပြင်ဆင်ချက် စကားဝိုင်း ဆွေးနွေး ပွဲများ အစီအစဉ်၌   “လွတ်လပ်စွာစုရုံးခွင့်” ဆိုသည့်ခေါင်းစဉ် ဖြင့် အွန်လိုင်းမှတစ်ဆင့် ကျင်းပသော ဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးခဲ့သည်။ အဆိုပါဆွေးနွေးပွဲကို သံရုံးယာယီ တာဝန်ခံ ဂျော့ချ်ဆစ်ဘလီမှ အဖွင့်မိန့်ခွန်းပြောကြားခဲ့ပြီး ကိုဇော်မိုးနှင့်အတူ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီမှ ဦးစိုင်းကျော်ညွန့်၊ Wings Institute မှ မဖြိုးဖြိုးအောင်တို့ ပါဝင်ဆွေးနွေးခဲ့ကြသည်။ ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်ရေး          လှုပ်ရှားဆောင်ရွက်မှုကော်မတီမှ မသဉ္ဇာရွှန်းလဲ့ရည်မှ ပံ့ပိုးညှိနှိုင်းသူအဖြစ် ဆောင်ရွက်ခဲ့သည်။ 

လွတ်လပ်စွာစုရုံးခွင့်စကားဝိုင်း၌ ပါဝင် ဆွေးနွေး

အဆိုပါ ဆွေးနွေးပွဲတွင် ကိုဇော်မိုးမှ “၂၀၁၁ ခုနှစ် ငြိမ်း၊စု၊စီဥပဒေတွင် ငြိမ်းချမ်းစွာ စုဝေးခွင့်ဟု သုံးနှုံးထားသည်၊ လက်ရှိ လွှတ်တော်တွင် ဆိုင်းငံ့ထားသည့် ငြိမ်း၊စု၊စီဥပဒေတွင် ငြိမ်းချမ်းစွာ စုဝေးခြင်းဟု သုံးနှုံးထားသည်၊ ငြိမ်းချမ်းစွာ စုဝေးခွင့်သည် ခွင့်ပြုချက်တောင်းခံရန် မလိုအပ်ပါ၊ ထပ်မံ ပြင်ဆင်ထားသည့် ဥပဒေတွင် အသိပေးအကြောင်းကြားရန်သာ ဖော်ပြထားသည်၊ အသိပေးအကြောင်းကြားလျှင် ခွင့်ပြုပေးရ မည်ဟုလည်း ဖော်ပြထားသည်၊ ဒေသန္တရအမိန့်များ၊ ဒေသန္တရ ကန့်သတ်ချက်များရှိလျှင် ညှိနှိုင်းရမည်ဟု ဖော်ပြထားသည့် အတွက် ငြိမ်းချမ်းစွာ စုဝေးခွင့် နှင့် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခွင့်များအတွက် ခွင့်ပြုချက်တောင်းခံရန် မလိုပါ” ဟု ပြောကြားခဲ့သည်။ 

အောက်ဖော်ပြပါ လင့်မှတစ်ဆင့်လည်း ဝင်ရောက် ကြည့်ရှုနိုင်သည်။

https://www.facebook.com/americancenter.rangoon/videos/797115827488758/ 

မြန်မာနိုင်ငံ လူ့အခွင့်အရေးမြှင့်တင်ရေးတွင် အရပ်ဖက်အဖွဲ့များ၏ အခန်းကဏ္ဍ (စကားဝိုင်းဆွေးနွေးပွဲ) တွင် ပါဝင် ဆွေးနွေး

ဇူလိုင်လ ၁၆ ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း (AAPP) ၏ တွဲဘက်အတွင်းရေးမှူး ဦးဘိုကြည်သည် USAID မှ ဦးဆောင်စီစဉ်သည့် မြန်မာနိုင်ငံ လူ့အခွင့်အရေးမြှင့်တင်ရေးတွင် အရပ်ဖက်အဖွဲ့များ၏ အခန်းကဏ္ဍ စကားဝိုင်းဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးခဲ့သည်။ အဆိုပါဆွေးနွေးပွဲတွင် ‌‌မြန်မာနိုင်ငံ မီဒီယာဖွံ့ဖြိုးရေးစင်တာမှ ဒေါ်လဲ့လဲ့စိုး၊ အလွတ်တန်း လူ့အခွင့်ရေး ကျွမ်းကျင်ပညာရှင် ဒေါ်ခင်မျိုးအေး၊ မြန်မာနိုင်ငံ လွတ်လပ်သော ရှေ့နေများအသင်း မှ ဦးခင်မောင်ဇော် နှင့် စစ်မှန်သော ပြည်သူ့ ကျေးကျွန်အဖွဲ့မှ ဦးသွင်လင်းအောင် တို့ ပါဝင်ဆွေးနွေးခဲ့ကြသည်။ တရားဥပဒေ စိုးမိုးရေး အစီအစဉ်(မြန်မာ)မှ အခွင့်အရေးဆိုင်ရာ မန်နေဂျာ ဦးနိုင်အေးစံ မှ ပံပိုးညှိနိုင်းသူ အဖြစ် ဆောင်ရွက်ခဲ့ သည်။ 

အပြည်ပြည်ဆိုင်ရာ နယ်လ်ဆင်မန်ဒဲလားနေ့ထုတ်ပြန်ချက်ကို ထုတ်ဝေခြင်း 

ဇူလိုင်လ ၁၈ ရက်နေ့တွင်ကျရောက်သော အပြည်ပြည်ဆိုင်ရာ နယ်လ်ဆင်မန်ဒဲလားနေ့၌ နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း(AAPP)မှ ထုတ်ပြန်ချက်တစ်စောင်ကို မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာဖြင့် ထုတ်ဝေခဲ့သည်။ အဆိုပါ ထုတ်ပြန်ချက်တွင် AAPP မှ နိုင်ငံရေးအကျဉ်းသားများနှင့် ထောင်တွင်းနှင့် ထောင်ပြင်ပမှ တရားရင်ဆိုင်နေကြရသူ စုစုပေါင်း ၄၅၄ ဦးအား လွှတ်ပေးရန် အစိုးရအား တိုက်တွန်းပြီး လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ကန့်သတ်ထားသော ဒီမိုကရေစီ နည်းမကျသည့် ဥပဒေ များကို ပယ်ဖျက်ရန် နှင့် တရားရေးဝန်ကြီးဌာနကို ပြန်လည် ဖွဲ့စည်းရန် တိုက်တွန်း ကြောင်း ဖော်ပြထားပါသည်။

အောက်ဖော်ပြပါ လင့်မှတစ်ဆင့်လည်း ဝင်ရောက် ဖတ်ရှု လေ့လာနိုင်ပါသည်။

https://aappb.org/wp-content/uploads/2020/07/Nelson-Mendela-International-Day-final-1.pdf 

ယနေ့မှသည် အနာဂတ်ဆီလူ့အခွင့်အရေးဆိုင်ရာ ပညာပေး ရုပ်/သံ တိုက်ရိုက်ဆွေးနွေးခန်း အစီအစဉ်၌ ပါဝင် ဆွေးနွေး

“ယနေ့မှသည် အနာဂတ်ဆီ” လူ့အခွင့်အရေးဆိုင်ရာ ပညာပေး ရုပ်/သံ တိုက်ရိုက်ဆွေးနွေးခန်းအစီအစဉ်၌ ပါဝင်ဆွေးနွေး

ဇူလိုင်လ ၁၈ ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ ရန်ကုန်ရုံးတာဝန်ခံ ဦးအောင်မျိုးကျော်သည် ညီမျှခြင်းမြန်မာ(Equality Myanmar) ထူထောင်ခြင်း နှစ် (၂၀) အပြည့် အထိမ်းအမှတ်အဖြစ်  MCN TV News မှ တင်ဆက် ထုတ်လွှင့်သည့် “ယနေ့မှသည်… အနာဂတ် ဆီ” လူ့အခွင့်အရေးဆိုင်ရာ ပညာပေး ရုပ်/သံ တိုက်ရိုက်ဆွေးနွေး ခန်း (Streaming Webinar) အစီအစဉ်၌ ပါဝင်ဆွေးနွေးခဲ့သည်။ အဆိုပါ အစီအစဉ်၌ ညီမျှခြင်းမြန်မာမှ အမှုဆောင်ဒါရိုက်တာ ဦးအောင်မျိုးမင်း နှင့် လူ့အခွင့်အရေးဆိုင်ရာသင်တန်း နည်းပြ  မဝါဝါပြုံး၊ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး၊ သင်ရိုး ပြုစုရေးနှင့် တိုင်းရင်းသားပညာရေးမြှင့်ရေးမှ ပညာရေး အကြံပေး   ဦးသိန်းနိုင်၊ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် (MNHRC)၏ လူ့အခွင့်အရေး မြှင့်တင်ရေးနှင့် ပညာပေး ဌာနမှ  ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာခိုင်ခိုင်ဝင်း၊ မသန်စွမ်း လူ့အခွင့်အရေးဆိုင်ရာ သင်တန်းနည်းပြ မအေးငြိမ်းသူ တို့မှလည်း ပါဝင် ဆွေးနွေးခဲ့ ကြသည်။  

ဆွေးနွေးပွဲတွင် ဦးအောင်မျိုးကျော်မှ နိုင်ငံတွင် ဦးဆောင်နေသည့် နိုင်ငံတော်အစိုးရ၊ တရားဥပဒေစိုးမိုးရေးကို တာဝန်ယူနေရသည့် အဖွဲ့အစည်းများ၊ လက်နက်ကိုင်အဖွဲ့အစည်းများအားလုံး၊ ဦးဆောင်နေသည့်သူများကိုယ်၌က လူ့အခွင့်အရေးကို လေးစား လိုက်နာမှုမရှိလျှင် မည်မျှလောက် အသိပညာပေးပေး လူ့အခွင့်အရေး အပြည့်အဝရရှိသည့် နိုင်ငံတစ်နိုင်ငံဖြစ်လာမည် မဟုတ်ပါ၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုသည့် နိုင်ငံသူ၊ နိုင်ငံသားများကို အပြစ်ပေးအရေးယူနေမည်ဆိုလျှင်လည်း မည်မျှလောက် ပညာပေးပေး၊ မည်မျှလောက် သင်တန်းများ ပြုလုပ်လုပ် နိုင်ငံ၏ လူ့အခွင့်အရေးတိုးတက်မှုသည် သေချာမည် မဟုတ်ပါ၊ ထို့ကြောင့် အနာဂတ်တွင် လူ့အခွင့်အရေးများ ရရှိရန်၊ လူ့အခွင့်အရေးများ မဆုံးရှုံးစေရန်အတွက် ရွေးကောက်ပွဲဝင်မည့် ပါတီများ၊ ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်လောင်းများကို မီဒီယာသမားများမှတစ်ဆင့် လူ့အခွင့်အရေးနှင့်ပတ်သက်သည့် မေးခွန်းများကို အများဆုံး မေးပေးကြရန် တိုက်တွန်းပါသည်ဟု ပြောကြားခဲ့သည်။ 

အောက်ဖော်ပြပါ လင့်မှတစ်ဆင့်လည်း ဝင်ရောက် ကြည့်ရှုနိုင် သည်။

https://www.facebook.com/mcntv/videos/2588425254819728/ 

စိတ်ဓာတ်ပြန်လည်မြှင့်တင်ရေးအစီအစဉ်(MHAP)

ကိုဗစ်၁၉ ဗိုင်းရပ် ကူးစက်မှုကာလအတွင်း အွန်လိုင်း စိတ်ပိုင်း ဆိုင်ရာဆွေးနွေးမှု အစီအစဉ်

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း၏ စိတ်ဓာတ်ပြန်လည်မြှင့်တင်ရေး ကူညီထောက်ပံ့မှု အစီအစဉ် (AAPP-MHAP)သည် အွန်လိုင်းစိတ်ပိုင်းဆိုင်ရာဆွေးနွေးမှု လုပ်ငန်းကို ဇူလိုင်လအတွင်းတွင်လည်း ဆက်လက်လုပ်ဆောင် လျှက်ရှိပါသည်။ နေရာဒေသအနှံ့အပြားမှ ဆက်သွယ်ဆွေးနွေးမှု များလည်း ပိုမိုများပြားလာခဲ့ပြီး လူမှုကွန်ရက်၊ ဗိုက်ဗာတို့မှ တစ်ဆင့် ဆက်သွယ်မှုများလည်းရှိခဲ့သည်။ ဆက်သွယ်လာသည့် ဒေသများမှာ ရန်ကုန်၊ မန္တလေး၊ မကွေး၊ ပဲခူး၊ ဧရာဝတီ၊ မွန်ပြည်နယ် စသည့် ပြည်တွင်းဒေသများမှ ဆက်သွယ် ဆွေးနွေးမှုများအပြင် ထိုင်းနိုင်ငံမှ ဆက်သွယ် ဆွေးနွေးမှု များလည်း ရှိခဲ့သည်။ (ရန်ကုန်တိုင်းဒေသကြီးမှ – ၂၁%၊  ပဲခူးတိုင်းဒေသကြီးမှ – ၂၆%၊ ထိုင်းနိုင်ငံမှ – ၁၃%၊ မန္တလေးတိုင်းဒေသကြီးမှ – ၉%၊ ဧရာဝတီတိုင်း ဒေသကြီးမှ – ၂၅%၊ မွန်ပြည်နယ်မှ – ၁%၊ နှင့် ကျန်ဒေသများမှ ၃%စီ တို့ဖြစ်ကြသည်။ ထို့ပြင် ဇူလိုင်လ အတွင်း နေရာဒေသ အသီးသီးရှိ ကွာရန်တင်း စင်တာ ၄၃ ခုမှလည်း ဆက်သွယ် ခေါ်ဆိုလာခဲ့သည်။

အွန်လိုင်း စိတ်ပိုင်းဆိုင်ရာဆွေးနွေးမှုလုပ်ငန်းသို့ ဆက်သွယ် ဆွေးနွေးသူများတွင် အစိုးရဝန်ထမ်းများ၊ အမျိုးသမီး အိမ်ထောင် ဦးစီးများ၊ NGO ဝန်ထမ်းများ၊ ကုမ္ပဏီဝန်ထမ်းများ၊ ကွာရန်တင်း စင်တာများတွင် ကွာရန်တင်းဝင်နေကြသူများ၊ စေတနာ့ ဝန်ထမ်းများနှင့် HIV ပိုးရှိသူများ စသည့် အမျိုးသား၊ အမျိုးသမီး အသက်အရွယ်စုံ ပါဝင်ပါသည်။ ဇူလိုင်လအတွင်းတွင် အမျိုးသား ၁၁၁ ဦး (အသက် ၁၈ နှစ်မှ ၇၀ နှစ်အတွင်း)နှင့် အမျိုးသမီး ၁၂၀ ဦး (အသက် ၁၈ နှစ်မှ ၆၅ နှစ်အတွင်း) တို့၏ ကိုဗစ်-၁၉ ကာလ စိတ်ဖိစီးမှုများ၊ စိတ်ပိုင်းဆိုင်ရာပြဿနာများကို ကူညီဖြေရှင်းပေး နိုင်ခဲ့ပါသည်။ ၎င်းတို့အနက် ဧရာဝတီတိုင်းနှင့် ပဲခူးတွင်းဒေသ ကြီးအတွင်းရှိ ကွာရန်တင်းစင်တာများ၌ ကွာရန်တင်းဝင်နေကြ သူ ၁၂၀ ဦးအား စိတ်ဖိစီးမှုများကို မည်ကဲ့သို့ ထိန်းညှိရမည် ဆိုသည်ကို တစ်ဦးချင်း ဆက်သွယ် ဆွေးနွေးပေးနိုင်ခဲ့သည်။

ထိုဆက်သွယ်လာသူများ၏ စိတ်ပိုင်းဆိုင်ရာ ပြဿနာများ၊ လက္ခဏာများမှာ – 

  • မိမိကိုယ်တိုင် သို့မဟုတ် မိမိချစ်ခင်ရသောသူများ၏ ကျန်းမာရေးအတွက် အမြဲမပြတ် စိုးရိမ်ပူပန်နေခြင်း၊ ကြောက်ရွံ့ နေခြင်း
  • စိတ်ညစ်ခြင်းကို အချိန်များစွာ ခံစားနေရခြင်း
  • စိတ်ထဲတွင် ကြောက်ရွံ့ခြင်း၊ တုန်လှုပ်ခြင်းကို ခံစားနေ ရခြင်း
  • အစားအသောက်နှင့် အိပ်စက်ခြင်းပုံစံပြောင်းလဲသွား ခြင်း
  • အိပ်ပျော်ရန်နှင့် အာရုံစူးစိုက်ရန် အခက်အခဲရှိခြင်း
  • အလွယ်တကူ စိတ်တိုခြင်း သို့မဟုတ် ဒေါသထွက်ခြင်း
  • HIV ပိုးရှိသူများက အလွယ်တကူ ရောဂါကူးစက် ခံရမည်ကို စိုးရိမ်ပူပန်ခြင်း
  • ကိုဗစ်-၁၉ ၏ရိုက်ခတ်မှုကြောင့် မိမိတို့သုံးစွဲနေရသော ART ဆေးများပြတ်လပ်သွားမည်ကို စိုးရိမ်ခြင်း
  • အိမ်ထဲတွင် အချိန်ပေါင်းများစွာနေရသဖြင့် စိတ်တင်းကြပ်ခြင်း၊ မွန်းကြပ်ခြင်း၊ ဝမ်းနည်းမှုနှင့် စိတ်ဓာတ်ကျမှုကို ခံစားရခြင်း

မိမိပုံမှန်စိတ်ဝင်စားသောအရာများကို စိတ်ဝင်စားမှု မရှိတော့ခြင်း စသည့် လက္ခဏာများကို ခံစားနေကြရ သည်ကို တွေ့ရပါသည်။ 

“Stress management and Self-care သင်တန်းကို ပို့ချခြင်း

သာယာဝတီမြို့နယ်၌ “Stress management and Self-care သင်တန်းကို ပို့ချ

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)၏ စိတ်ဓာတ် ပြန်လည် မြှင့်တင်ရေးအစီအစဉ် (MHAP)မှ သင်တန်းနည်းပြ ကိုထင်အောင်နှင့် ကိုမိုးကျော်အောင် တို့သည် Stress Management and Self-care သင်တန်းကို ပဲခူး တိုင်းတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ်၌ ဇူလိုင်လ ၁၆ ရက်နေ့မှ ဇူလိုင်လ ၁၇ ရက်နေ့အထိ နှစ်ရက်တာ ပို့ချပေးခဲ့ သည်။ ထိုသင်တန်းကို နိုင်ငံရေးအကျဉ်းသားဟောင်း ၁၉ ဦး နှင့် ပြည်တွင်းစစ်ဒဏ်ခံစားခဲ့ရသည့် အရပ်သား ခြောက်ဦး တို့ တက်ရောက်ခဲ့သည်။ သင်တန်းတက်ရောက်သူများသည် စိတ်ကျန်းမာရေးနှင့်ပတ်သက်၍ ဗဟုသုတများ ရရှိခဲ့ပြီး ၎င်းတို့၏ နေ့စဉ်စိတ်ဖိစီးမှုများကို မည်ကဲ့သို့ ထိန်းညှိရမည်ကို သိရှိလာသောကြောင့် ၎င်းတို့၏ စိတ်ခံစားမှုများကို ထိန်းချုပ်လာနိုင်မည်ဖြစ်သည်။ 

စိတ်ဖိစီးမှုထိန်းညှိခြင်းစကားဝိုင်း၌ ဆွေးနွေးခြင်း

ဇူလိုင်လ ၁၄ ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း (AAPP)၏ စိတ်ဓာတ် ပြန်လည် မြှင့်တင်ရေးအစီအစဉ် (MHAP)မှ သင်တန်းနည်းပြ ကိုထင်အောင်သည် Sandhi Governance Institute ၌ ပြုလုပ် သော ကိုဗစ်-၁၉ ကူးစက်ရောဂါကာလအတွင်း စိတ်ဖိစီးမှုများ ထိန်းညှိခြင်းစကားဝိုင်း၌ ဆွေးနွေးခဲ့သည်။ အဆိုပါ စကားဝိုင်းတွင် Sandhi Governance Institute ၏ နိုင်ငံရေးဆိုင်ရာ ခေါင်းဆောင်မှုသင်တန်း၊ အပတ်စဉ် ၆ မှ သင်တန်းသား/သူများ တက်ရောက်၍ ပါဝင် ဆွေးနွေးခဲ့သည်။

ကိုဗစ်၁၉ ကာလအတွင်း ဖြစ်ပေါ်လာတတ်သည့် စိတ်ပိုင်းဆိုင်ရာ ပြဿနာအား နှစ်သိမ့်ဆွေးနွေးပေးသည့် ဝန်ဆောင်မှုများ အကြောင်းကို မေးမြန်းတင်ဆက်ခြင်း အစီအစဉ်၌ ပါဝင် ဆွေးနွေး ခြင်း

MNTV News သတင်းဌာနမှ ပြုလုပ်သည့် မေးမြန်းတင်ဆက်ခြင်း အစီအစဉ်၌ ပါဝင်ဆွေးနွေး

ဇူလိုင်လ ၄ ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း (AAPP) ၏ စိတ်ဓါတ်ပြန်လည် မြှင့်တင်ရေး အစီအစဉ် တာဝန်ခံ ဦးကျော်စိုးဝင်းသည် MNTV News သတင်းဌာနမှ ပြုလုပ်သည့် ကိုဗစ်-၁၉ ကာလအတွင်း ဖြစ်ပေါ်လာတတ်သည့် စိတ်ပိုင်းဆိုင်ရာပြဿနာအား နှစ်သိမ့် ဆွေးနွေးပေးသည့် ဝန်ဆောင်မှုများအကြောင်း မေးမြန်း တင်ဆက်ခြင်းအစီအစဉ်၌ ပါဝင် ဆွေးနွေးခဲ့ပါသည်။ ထိုအစီအစဉ်တွင် အတိုင်ပင်ခံစိတ်ရောဂါကုဆရာ၀န်ကြီး ဒေါက်တာဌေးအောင်(ငြိမ်း)၊ မြန်မာ ဝိုင်အမ်စီအေ နှစ်သိမ့် အားပေးဆွေးနွေးရေးစင်တာမှ Project Manager မဆုမြတ်ထက် တို့ ပါဝင်ဆွေးနွေးခဲ့ကြသည်။

အဆိုပါအစီအစဉ်တွင် ဦးကျော်စိုးဝင်းမှ “AAPP မှ ကွာရန်တင်း စင်တာများတွင် ကွာရန်တင်းဝင်နေသူများသာမက ကွာရန်တင်း စင်တာရှိ စေတနာ့ဝန်ထမ်းများကို စိတ်ဓာတ်ခွန်အားဖြစ်စေမည့် အကြောင်းအရာများကို ပြောကြားပေးခြင်း ကြောင့် ၎င်းတို့သည် ကိုယ့်ကိုယ်ကို ဂရုစိုက်ရမည့် အကြောင်းများကို ယခင်က သတိမထားမိဘဲ ထိုအခြင်းအရာများ လုပ်ရမည်ဆိုသည်ကို သိရှိ လာရသည်၊ ကွာရန်တင်းစင်တာတွင် ကန့်သတ်ထားသည့် ဧရိယာအတွင်း ၎င်းတို့ကိုယ်ကို စိတ်သက်သာအောင် မည်ကဲ့သို့ လုပ်ဆောင်ရမည့် နည်းလမ်းများကို သိရှိလာသည်၊ လွန်စွာ အကျိုးဖြစ်ထွန်းသည်ဟု feedback များရရှိခဲ့ကြောင်း၊ ၎င်းပြင် လူထုအခြေပြု နှင့် ဆေးရုံအခြေပြု ကောင်ဆယ်လင်း လုပ်ငန်း(Facility and Hospital Based Counselings) များသာ မဟုတ်ဘဲ လူထုအခြေပြု ကောင်ဆယ်လင်းလုပ်ငန်းများ များများရှိချင်လျှင်၊ လူထုမှ ထိုကိစ္စများဖြစ်လာလျှင်၊ တိုင်ကြား သည့် နေရာများကို သိရှိသည့် အသိရှိလျှင် မိမိကိုယ်ကို သတ်သေမှုများ တစ်ဝက်ကျော်လျော့နည်းသွားမည်ဟု ယုံကြည် ကြောင်း ပြောကြား”ခဲ့သည်။ 

အောက်ဖော်ပြပါ လင့်မှတစ်ဆင့်လည်း ဝင်ရောက် ကြည့်ရှုနိုင်သည်။

https://www.facebook.com/mntvnewsofficial/videos/211931643296818/UzpfSTMyMTg3Mzc3MTIwNTI2MDozMjQ3NTAyMzUxOTc1NzA2/?eid=ARDHEfDpTAD4rmJ-M60dbBRJG8R5_01yTXocG8PXTEux3y0sv8iYwLUNQnVBcfg4knmMPdgVn6dhxVlM 

ကိုဗစ်၁၉ ကာလ၌ စိတ်ဖိစီးမှုများကို ထိန်းညှိခြင်း နှင့်ပတ်သက်သည့် ဗွီဒီယိုများထုတ်လွှင့်ခြင်း

AAPP-MHAP သင်တန်းနည်းပြ ကိုထင်အောင်မှ စိတ်ဖိစီးမှုများကို ထိန်းညှိခြင်းနှင့်ပတ်သက်သည့် ဗွီဒီယိုများ”ကို ထုတ်လွှင့်

ဇူလိုင်လအတွင်းတွင် နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း၏ စိတ်ဓာတ်ပြန်လည်မြှင့်တင်ရေး အစီအစဉ် (AAPP-MHAP)မှ သင်တန်းနည်းပြ ကိုထင်အောင် သည် “ကိုဗစ်-၁၉ ကာလ၌ စိတ်ဖိစီးမှုများကို ထိန်းညှိခြင်း နှင့်ပတ်သက်သည့် ဗွီဒီယို” များကို အွန်လိုင်းမှ တစ်ဆင့် ထုတ်လွှင့်ခဲ့သည်။ 

အောက်ပါ ဗွီဒီယိုမှတ်တမ်းများကို ဝင်ရောက်ကြည့်ရှု နိုင်သည်။

https://www.facebook.com/100009675341030/videos/1183106472021853/?id=100009675341030

https://www.facebook.com/100009675341030/videos/1197947713871062/UzpfSTEwMDAwOTY3NTM0MTAzMDoxMTk3OTQ5NjIzODcwODcx/

အင်တာဗျူးများဖြေကြားခြင်း

ဇွန်လ ကိုဗစ်၁၉ သတင်းလွှာနှင့်ပတ်သက်၍ အင်တာဗျူး ဖြေကြားခြင်း

ဇူလိုင်လ ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းနှင့် သုတေသန ဌာနတာဝန်ခံ နှင့် နိုင်ငံခြားရေးရာ ဒုတာဝန်ခံ ကိုဇော်မိုးသည် ဇွန်လအတွက် AAPP မှ ထုတ်ဝေခဲ့သော ကိုဗစ်-၁၉ သတင်းလွှာနှင့်ပတ်သက်၍ 7 Days News သတင်းဌာနမှ အွန်လိုင်းမှတစ်ဆင့် ပြုလုပ်သော အင်တာဗျူးကို ဖြေကြားခဲ ့သည်။ ထိုအင်တာဗျူးတွင် ကိုဇော်မိုးမှ “ကွာရန်တင်းစင်တာ များတွင် ယခင်က လူများပြီး စီမံခန့်ခွဲမှုကိစ္စတွင်လည်း အခက်အခဲများကြား၌ ရုန်းကန်ခဲ့ရသည်၊ ထိုအချိန်၌ စည်းကမ်း ဖောက်ဖျက်မှုများ၊ အရေးယူမှုများကို တွေ့ရှိရသည်၊ နောက်ပိုင်း တွင် စီမံခန့်ခွဲမှုပိုင်း၌ ပို၍ ချောမွေ့လာသည်ကို တွေ့ရှိရသည်၊ ကွာရန်တင်းဝင်နေသည့်သူများလည်း စည်းကမ်းတကျ လိုက်နာ လာခြင်းကြောင့် တရားစွဲဆိုမှုများ လျော့နည်းလာသည်ကို မြင်တွေ့ရသည်ဟု ပြောကြားခဲ့သည်။

အောက်ဖော်ပြပါ လင့်မှတစ်ဆင့်လည်း ဝင်ရောက် လေ့လာနိုင် သည်။

https://7day.news/detail?id=191523&fbclid=IwAR0o-8dlW09NIV-90k7FkGRgjxOhzmgOVh2VtNvX-KLyKTRQXaHPpYYn2Pg

ဇွန်လအေအေပီပီလစဉ်အစီရင်ခံစာနှင့်ပတ်သက်၍  အင်တာဗျူး ဖြေကြားခြင်း

ဇူလိုင်လ ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း (AAPP) ၏ ရန်ကုန်ရုံးတာဝန်ခံ ဦးအောင်မျိုးကျော်သည် ဇွန်လ အေအေပီပီလစဉ်အစီရင်ခံစာ နှင့်ပတ်သက်၍ 7 Days News သတင်းဌာနမှ ပြုလုပ်သော အင်တာဗျူးကို ဖြေကြားခဲ့သည်။ အဆိုပါအင်တာဗျူးတွင် ဦးအောင်မျိုးကျော်မှ “AAPP ကောက်ယူ စုဆောင်းထားသည့် အချက်အလက်များတွင် နှစ်ဘက်လက်နက်ကိုင် အဖွဲ့အစည်း များ၏ အပြစ်မဲ့အရပ်သားများကို ဖမ်းဆီးမှုများပါဝင်ပြီး ထိုထက် ပို၍လည်း ဖြစ်နိုင်သည်ဟု” ပြောကြားခဲ့သည်။

အောက်ဖော်ပြပါ လင့်မှတစ်ဆင့်လည်း ဝင်ရောက် ဖတ်ရှုနိုင်သည်။

https://7day.news/detail?id=191648&fbclid=IwAR2rNJlbXcdX9FVwO5u6YXXLI9UZghfuWysX04LK2XZ-8lUo0M1dpASAV4g

ထောင်ဝင်စာတွေ့ခွင့်နှင့်ပတ်သက်၍ 7 Days News သတင်းဌာနမှ ပြုလုပ်သော အင်တာဗျူးကို ဖြေကြားခြင်း

ဇူလိုင်လ ၈ ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း (AAPP) ၏ တွဲဘက်အတွင်းရေးမှူး ဦးဘိုကြည်သည် ထောင်ဝင်စာတွေ့ခွင့်နှင့်ပတ်သက်၍ 7 Days News သတင်းဌာနမှ ပြုလုပ်သော အင်တာဗျူးကို ဖြေကြား ခဲ့သည်။ အဆိုပါ အင်တာဗျူးတွင် ဦးဘိုကြည်မှ အင်းစိန် အကျဉ်းထောင်အတွင်းတွင် မူးယစ်ဆေးဝါးများ တွေ့ရှိခြင်း ကြောင့် ထောင်ဝင်စာ ပစ္စည်းများကို ကန့်သတ်လိုက်ခြင်း ဖြစ်သည်ကို ကြားသိရကြောင်း၊ မူးယစ်ဆေးဝါးကြောင့်ဟု ဆိုလျှင် မူးယစ်ဆေးဝါးသွင်းနေသူများကို သေချာ စိစစ် အရေးယူသင့်ပြီး မသွင်းနိုင်အောင် ကန့်သတ်ခြင်းများ ပြုလုပ် သင့်သည်၊  ယခုကဲ့သို့ ထောင်ဝင်စာကန့်သတ်ခြင်းကို မလုပ်သင့်ပါ၊ ထိုကဲ့သို့ ကန့်သတ်ခြင်းသည် အကျဉ်းသားများ အတွက် စိတ်ပိုင်းဆိုင်ရာအရ အနှောင့်အယှက်များ ဖြစ်နိုင်ပြီး စိတ်ဖိစီးမှုများ အရမ်းများသွားနိုင်သည်၊ ထောင်မှကျွေးသည့် အစားအစာများသည် ယခင်ကထက်စာလျှင် များသွားသည်ဆို သော်လည်း တစ်ကယ်တမ်းတွင် လိုအပ်ချက်များရှိနေဆဲ ဖြစ်ပြီး အကျဉ်းသားများသည် ၎င်းတို့မိသားစုများ၏ ထောက်ပံ့မှုများကို ပို၍ လိုအပ်သည့်အချိန်ဖြစ်နေသေးသည်ဟု  ပြောကြားခဲ့သည်။ 

အောက်ဖော်ပြပါ လင့်မှတစ်ဆင့်လည်း ဝင်ရောက် ကြည့်ရှုနိုင် သည်။

https://youtu.be/_ZI33WPuspg 

အကျဉ်းထောင်အတွင်း ဝင်ရောက်စစ်ဆေးသည့် အကြောင်းများ နှင့်ပတ်သက်၍ ဒီမိုကရက်တစ်မြန်မာ့အသံ (DVB) မှ ပြုလုပ်သော အင်တာဗျူးကို ဖြေကြားခြင်း

ဇူလိုင်လ ၁၀ ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း (AAPP) ၏ တွဲဘက်အတွင်းရေးမှူး ဦးဘိုကြည်သည် မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင် (MNHRC)မှ အကျဉ်းထောင်အတွင်း ဝင်ရောက်စစ်ဆေးသည့် အကြောင်းများနှင့်ပတ်သက်၍ ဒီမိုကရက်တစ်မြန်မာ့အသံ(DVB) မှ ပြုလုပ်သော အင်တာဗျူးကို ဖြေကြားခဲ့သည်။ အဆိုပါ အင်တာဗျူးတွင် ဦးဘိုကြည်မှ အကျဉ်းထောင်များကို ဝင်ရောက် စစ်ဆေးလျှင် ဝင်ရောက် စစ်ဆေးသည် ဆိုသည့်အချက်ကိုသာ သတင်းအဖြစ် ထုတ်ပြန် ကြေညာပြီး မည်သည်ကို တွေ့ရှိခဲ့ သည်ဆိုသည်ကို ထုတ်ပြန် ကြေညာခြင်းမရှိပါ၊ ထို့ပြင် ကော်မရှင် ၏ တွေ့ရှိချက်များကို ပြည်ထဲရေး နှင့် အကျဉ်းဦးစီးဌာနအား တင်ပြသည်ဟုဆိုသော်လည်း ပြည်ထဲရေးဝန်ကြီးဌာန နှင့် အကျဉ်းဦးစီးဌာနမှ ၎င်းတို့၏ တင်ပြချက်များကို မည်သည်ကို ပြုပြင်ပြောင်းလဲခဲ့ပြီး မည်သည်ကို ပြုပြင်ပြောင်းလဲမှု မပြုလုပ်ရသေးပါဆိုသည်ကို သတင်းထုတ်ပြန်ချက်ရှိပါ။ ထိုကဲ့သို့ သတင်းထုတ်ပြန်ချက်မရှိသည့်အတွက် မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်(MNHRC)၏ လှုပ်ရှားမှုများကို ပို၍ ယုံကြည်ရန် ခက်သွားစေသည့် အနေအထား ဖြစ်သွားစေသည်၊ ထို့ကြောင့် ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ကြေညာပေးရန် လိုအပ် သည်၊ ထို့ပြင် လက်ရှိအကျဉ်းထောင်အတွင်း ဝင်ဆံ့သည့် ပမာဏထက် နှစ်ဆကျော်အထိ အကျဉ်းသားဦးရေများပြား နေသည့်အတွက် အကျဉ်းသားဦးရေ သုံးပုံတစ်ပုံ လျှော့ချသင့် သည်ဟုလည်း ထောက်ပြ ပြောဆိုခဲ့သည်။ 

အောက်ဖော်ပြပါ လင့်မှတစ်ဆင့်လည်း ဝင်ရောက် ကြည့်ရှု နိုင်သည်။

https://www.youtube.com/watch?reload=9&v=5D1r7YNgg94&feature=share&fbclid=IwAR1EjAoqnkam9ZRPoNlk1Ts5w9UujzbH4VQeGoJEo_AB65M6dxnPZbviYfo

မြန်မာနိုင်ငံတွင် တရားဥပဒေစိုးမိုးရေးမြှင့်တင်ခြင်းနှင့်ပတ်သက်၍ Voice of Myanmar (VOM) မှ ပြုလုပ်သော အင်တာဗျူးကို ဖြေကြားခြင်း

AAPP တွဲဘက်အတွင်းရေးမှူး ဦးဘိုကြည်မှ မြန်မာနိုင်ငံတွင် တရားဥပဒေစိုးမိုးရေးမြှင့်တင်ခြင်းနှင့်ပတ်သက်၍ VOM မှ ပြုလုပ်သော အင်တာဗျူးကို ဖြေကြား

ဇူလိုင်လ ၂၈ ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း (AAPP) ၏ တွဲဘက်အတွင်းရေးမှူး ဦးဘိုကြည်သည် မြန်မာနိုင်ငံတွင် တရားဥပဒေစိုးမိုးရေးမြှင့်တင် ခြင်းနှင့်ပတ်သက်၍ Voice of Myanmar (VOM) မှ ပြုလုပ်သော အင်တာဗျူးကို ဖြေကြားခဲ့သည်။ အဆိုပါ အင်တာဗျူးတွင် ဦးဘိုကြည်မှ အကျဉ်းထောင်စနစ်ကို ပြုပြင်၊ ပြောင်းလဲရမည်၊ ဥပဒေများသည် ခေတ်နောက်ကျနေသည့် ဥပဒေများဖြစ်သည့် အတွက် လက်ရှိကာလနှင့်ကိုက်ညီမှုရှိသည် ဥပဒေများကို ပြုပြင်၊ ပြောင်းလဲရန် လိုအပ်သည်၊ ထို့ပြင် နည်းဥပဒေများ၊ စနစ်များ ကိုလည်း ပြုပြင်၊ပြောင်းလဲရန် လိုအပ်သည်၊ ဌာနတွင်း ထုတ်ပြန် ထားသည့် အမိန့်များ၊ ညွှန်ကြားချက်များကို သေချာစွာ ပြန်လည် စိစစ်ရန်လိုအပ်သည်၊ ၎င်းပြင် ပြည်တွင်းစစ် နှင့် လယ်ယာမြေပြဿနာများကြောင့် နိုင်ငံရေးအကျဉ်းသားဦးရေ များပြားလာသည်၊ ထို့ကြောင့် ပြည်တွင်းစစ်ကို ရပ်တန့်ပြီး၊ လယ်ယာမြေပြဿနာကို အမြန်ဆုံးပြေလည်အောင် ဖြေရှင်းရန် လိုအပ်သည် စသည့် အကြောင်းများကို ပြော ကြားခဲ့သည်။

အောက်ဖော်ပြပါ လင့်မှတစ်ဆင့်လည်း ဝင်ရောက် ကြည့်ရှု နိုင်သည်။ 

https://www.facebook.com/VoiceofMyanmarNews/videos/617580715535422

 

ဆက်သွယ်မေးမြန်းရန်

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း

တိတ်နိုင် အတွင်းရေးမှူး                        +၉၅() ၉၄၂       ၈၀၂  ၃၈၂၈

ဘိုကြည် တွဲဘက်အတွင်းရေးမှူး             +၉၅() ၉၄၂  ၅၃၀  ၈၈၄၀

အောင်မျိုးကျော် ရန်ကုန်ရုံးတာဝန်ခံ         +၉၅() ၉၄၂  ၈၁၁  ၇၃၄၈ 

ဒေါင်းလော့ရယူရန် Burmese Newsletter for July