
ပဲန်မြန်မာနှင့် မိတ်ဖက်အဖွဲ့အစည်း (၁၂)ဖွဲ့ ပူးပေါင်း၍ မြန်မာနိုင်ငံ၏ လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့် အခြေအနေ အကဲဖြတ်ချက် (၂၀၂၀)ကို ၂၀၂၀ပြည့်နှစ် ဩဂုတ်လ ၆ရက်နေ့က ထုတ်ပြန်ခဲ့ပါသည်။ ယခု အကဲဖြတ်ချက်သည် ပြည်ထောင်စုအစိုးရ၏ လွတ်လပ်စွာ ရေးသားထုတ်ဖော်ပြောဆိုခွင့် ခိုင်မာအားကောင်းရေးလုပ်ဆောင်ရန် လိုအပ်သည့် အဓိကနယ်ပယ်များအတွင်း တိုးတက်မှုကို အကဲဖြတ်ခြင်း ဖြစ်ပြီး ပဲန်မြန်မာ၏ ပဉ္စမအကြိမ်မြောက် နှစ်စဉ်ထုတ်ပြန်ခဲ့သော အကဲဖြတ်ချက်လည်း ဖြစ်သည်။
မြန်မာနိုင်ငံ၏ လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့် အခြေအနေ အကဲဖြတ်ချက် (၂၀၂၀)ကို ဖတ်ရှုလိုပါက အောက်ပါ link များတွင် download ရယူနိုင်ပါသည်။
ဗမာဘာသာဖြင့် ဖတ်ရှုလိုပါက – https://bit.ly/2PvBx5X
အင်္ဂလိပ်ဘာသာဖြင့် ဖတ်ရှုလိုပါက – https://bit.ly/3fx0A2Y