၂၀၂၀ ခုနှစ်၊ ဇွန်လ၊ လစဉ်သတင်းလွှာ

ဟောပြောဆွေးနွေးပွဲများပြုလုပ်ခြင်း

မိမိကိုယ်ကိုမိမိစောင့်ရှောက်ခြင်းနှင့် စိတ်ဓါတ်ခွန်အားမြှင့်တင်ရေး ဟောပြောပွဲများ ပြုလုပ်ခြင်း 

ဆရာမနှင်းပန်းအိမ်မှ လှိုင်သာယာနည်းပညာတက္ကသိုလ်ရှိ ကွာရန်တင်းစင်တာ၌ ဟောပြောပို့ချ

ကွာရန်တင်းစင်တာ (COVID-19 ကူးစက်ရောဂါထိန်းချုပ်ရေး စင်တာ)များ၌ နေထိုင်နေကြရသော ပြည်သူများ၊ စေတနာ့ ဝန်ထမ်းများနှင့် ကျန်းမာရေးဝန်ထမ်းများ၏ စိတ်ဖိစီးမူများ လျော့ပါးစေရန်နှင့် စိတ်ခွန်အားဖြစ်ပေါ်စေရန်၊ ထိုသူများ ကိုဗစ်-၁၉ ကာကွယ်ရေးနှင့်ပတ်သက်ပြီး ပိုမိုသိရှိနားလည်၍ လိုက်နာ ကျင့်သုံးစေရန် ရည်ရွယ်၍ ဇွန်လ ၂၇ ရက်နေ့တွင် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်ရှိ လှိုင်သာယာ နည်းပညာတက္ကသိုလ် အမရာဆောင် နှင့် ပုဂံဆောင် တို့တွင် ဟောပြောဆွေးနွေးပွဲ (၂) ခုကို ပြုလုပ်ခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲများကို အမရာဆောင် နှင့် ပုဂံဆောင်တို့တွင် ကွာရန်တင်းဝင်နေကြသည့် မလေးရှား၊ တရုတ် နှင့် ထိုင်းနိုင်ငံ တို့မှ ပြန်လည် ဝင်ရောက်လာကြသူများနှင့် စေတနာ့ဝန်ထမ်း များ တက်ရောက် နားထောင်ခဲ့သည်။  

အဆိုပါဟောပြောပွဲများတွင် AAPP မှ ဆရာမ နှင်းပန်းအိမ်မှ ဦးဆောင်ဆွေးနွေးခဲ့ပြီး AAPP ရန်ကုန် ရုံးတာဝန်ခံ ဦးအောင်မျိုးကျော်မှ ဆွေးနွေးပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက် များကို ပြောကြားခဲ့သည်။ ထို့ပြင် ရန်ကုန်တိုင်း ရင်ခွင်မဲ့ကလေး

လျော့ချရေး ဒုတိယဥက္ကဌစာရေးဆရာမ နှင်းဝေငြိမ်းမှလည်း ပုဂံဆောင်၌ ပြုလုပ်သော ဟောပြောပွဲ၌ ပူးပေါင်း ပါဝင်၍ ဆွေးနွေးဟောပြောပေးခဲ့သည်။ AAPP အဖွဲ့ဝင်များဖြစ်ကြသော ကိုဝဏ္ဏနွယ်၊ ကိုခင်မောင်ဝင်း၊ မသရဖီသိမ့်သိမ့်ထွန်း၊ ကိုလွင်မိုးမြင့်နှင့် ရန်ကုန်တိုင်း ရင်ခွင်မဲ့ကလေးလျော့ချရေး တိုင်းအတွင်းရေးမှူး ဒေါ်ယုယုအောင်၊ ဘဏ္ဏာရေးမှူး ဒေါ်စန္ဒာအေး၊ မြောက်ပိုင်းခရိုင်ဥက္ကဌ ဒေါက်တာဆွေဆွေအောင် တို့မှ အားဖြည့်ကူညီပေးခဲ့ကြသည်။ 

ဇွန်လအတွင်း၌ ကွာရန်တင်းဝင် လူဦးရေ စုစုပေါင်း (၂၀၂) ဦးနှင့် စေတနာ့ဝန်ထမ်းဦးရေ စုစုပေါင်း (၂၀) ဦး တို့ကို ဟောပြော ဆွေးနွေးပေးနိုင်ခဲ့သည်။ 

  • အမရာဆောင်၌ ကွာရန်တင်းဝင် လူဦးရေ (၁၂၇) ဦး နှင့် စေတနာ့ဝန်ထမ်းဦးရေ (၁၀) ဦး
  • ပုဂံဆောင်၌ ကွာရန်တင်းဝင်လူဦးရေ (၇၅) ဦးနှင့် စေတနာ့ဝန်ထမ်းဦးရေ (၁၀) ဦး

သင်တန်းပို့ချခြင်း

အခြေခံလူ့အခွင့်အရေးသင်တန်းကို  အွန်လိုင်းမှတစ်ဆင့် ပို့ချခြင်း

အခြေခံလူ့အခွင့်အရေးအွန်လိုင်းသင်တန်းကို ပို့ချ

ဇွန်လအတွင်းတွင် နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက် ရေးအသင်း(AAPP)မှ အခြေခံလူ့အခွင့်အရေး သင်တန်း (၂) ခုကို  အွန်လိုင်းမှတစ်ဆင့် ပို့ချပေးခဲ့သည်။ အွန်လိုင်းသင်တန်း အမှတ်စဉ် (၅) နှင့် (၆) ကို ဇွန်လ ၃ ရက်နေ့မှ ဇွန်လ ၁၀ ရက်နေ့ အထိ နံနက်ပိုင်းတွင် တစ်ကြိမ်၊ နေ့လည်ပိုင်းတွင် တစ်ကြိမ် ခွဲ၍ ပြုလုပ်ခဲ့သည်။

သင်တန်းအမှတ်စဉ် (၅) ၌ သင်တန်းသူ (၅) ဦး နှင့် သင်တန်းသား (၅) ဦး၊ စုစုပေါင်း (၁၀) ဦး တက်ရောက်ခဲ့ကြပြီး ၎င်းတို့သည် ရွှေပုလဲ – မသန်းစွမ်းသူများ လူမှုစီးပွားမြှင့်တင်ရေး စီမံချက်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) တို့မှ အဖွဲ့ဝင်များ နှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှ ကျောင်းဆရာ၊ ဆရာမတို့ ဖြစ်ကြသည်။ ထို့ပြင် သင်တန်း တက်ရောက်သူများ သည် ဗမာ နှင့် ရခိုင် တိုင်းရင်းသားများဖြစ်ကြပြီး  ရန်ကုန်တိုင်း ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး နှင့် ရှမ်းပြည်နယ်တို့မှ ဖြစ်ကြသည်။

သင်တန်းအမှတ်စဉ် (၆) ၌ သင်တန်းသူ (၇) ဦး နှင့် သင်တန်းသား (၄) ဦး၊ စုစုပေါင်း (၁၁) ဦး တို့ တက်ရောက် ခဲ့ကြပြီး ၎င်းတို့သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၊ ရခိုင် ပြည်နယ်ရှိ ချင်းတက္ကသိုလ်ကျောင်းသားများ (CUSR)၊ အားမာန် အမျိုးသမီး ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့၊ ရွှေပုလဲ – မသန်းစွမ်းသူများ လူမှုစီးပွားမြှင့်တင်ရေး စီမံချက်၊ ဘုန်းတော်ကြီးသင်ပညာရေး ဖွံ့ဖြိုးတိုးတတ်ရေးအဖွဲ့ (MEDG) တို့မှ အဖွဲ့ဝင်များ၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှ ကျောင်းဆရာ နှင့် ကျောင်းသား၊ ကျောင်းသူ တို့ဖြစ်ကြသည်။ ၎င်းပြင် သင်တန်း တက်ရောက်သူများသည် ဗမာ၊ ရှမ်း၊ ကချင်၊ ရခိုင်၊ ချင်း နှင့် ဗမာ-ကိုးကန့် တိုင်းရင်းသားများဖြစ်ကြပြီး ရန်ကုန်တိုင်း ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ် နှင့် ရှမ်းပြည်နယ်တို့မှ ဖြစ်ကြ သည်။

အဆိုပါသင်တန်းများကို AAPP မှ သင်တန်းနည်းပြ ကိုဝဏ္ဏနွယ်မှ ဦးဆောင် ပို့ချပေးခဲ့သည်။ သင်တန်းတွင် အဓိက ဆွေးနွေးပေး သော အကြောင်းအရာများမှာ လူ့အခွင့်အရေးအဓိပ္ပါယ် ဖွင့်ဆိုချက်၊ တာဝန်ယူမှုနှင့် တာဝန်ခံမှု၊ လူ့အခွင့်အရေး သမိုင်းကြောင်းနှင့် အခြေခံအယူအဆ၊ ဂျီနီဗာကွန်ဗင်းရှင်းပါ အချက်များ၊ လူ့အခွင့်အရေး နှင့် နိုင်ငံတကာ စာချုပ်စာတမ်းများ ပေါ်ပေါက်လာပုံ အဆင့်ဆင့်နှင့် နိုင်ငံတကာစာချုပ်စာတမ်းများ၊ ခွဲခြားဆက်ဆံမှု၊ တိုင်တန်းမှုယန္တရား တို့ဖြစ်ကြသည်။

စည်းရုံးလှုံ့ဆော်ခြင်းနှင့် တိုက်တွန်းခြင်း

မြန်မာနိုင်ငံဆိုင်ရာ ချက်သမ္မတနိုင်ငံ သံအမတ်ကြီးနှင့် တွေ့ဆုံ ဆွေးနွေး

ဇွန်လ ၂၄ ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)၏ တွဲဘက်အတွင်းရေးမှူး ဦးဘိုကြည်သည် ရန်ကုန်မြို့ရှိ ချက်သံရုံး၌ မြန်မာနိုင်ငံဆိုင်ရာ ချက်သမ္မတနိုင်ငံ သံအမတ်ကြီးနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ ထိုကဲ့သို့ တွေ့ဆုံဆွေးနွေးရာတွင် လက်ရှိကာလ လူ့အခွင့်အရေး အခြေအနေ နှင့် လာမည့်ရွေးကောက်ပွဲအကြောင်းကို ဆွေးနွေးခဲ့ သည်။ 

International Alert နှင့်တွေ့ဆုံဆွေးနွေး

International Alert နှင့်တွေ့ဆုံဆွေးနွေး

ဇွန်လ ၂၉ ရက်နေ့တွင် International Alert မှ Jana Naujoks (Country Director of International Alert) and Ma Myat Thandar Ko (Programme Manager) တို့သည် နိုင်ငံရေး အကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP) ရုံးသို့ လာရောက်ခဲ့ပြီး AAPP ၏ “Memory of the Past” ပြခန်းအား ကြည့်ရှု့လေ့လာခဲ့ရာ AAPP မှ တာဝန်ရှိသူများမှ လိုက်လံရှင်းပြ ပေးခဲ့သည်။ ထို့နောက် AAPP တွဲဘက်အတွင်းရေးမှူး ဦးဘိုကြည် နှင့် စိတ်ဓါတ်ပြန်လည် မြှင့်တင်ရေး အစီအစဉ် တာဝန်ခံ ဦးကျော်စိုးဝင်း တို့မှ လက်ခံတွေ့ဆုံခဲ့ပြီး AAPP မှ လုပ်ဆောင်လျက်ရှိသော လုပ်ငန်းစဉ်များ၊ လက်ရှိမြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေများနှင့် လူ့အခွင့်အရေးအခြေအနေများကို ဆွေးနွေးခဲ့ကြသည်။ ယခုကဲ့သို့ AAPP ရုံးသို့ ဧည့်သည်များ လာရောက် လည်ပတ်ခြင်းသည် ကိုဗစ်-၁၉ ကာလအတွင်း ပထမဦးဆုံးဖြစ်သည်။

ထောက်ပံ့ကူညီခြင်း

နိုင်ငံရေးအကျဉ်းသားများနှင့် နိုင်ငံရေးအကျဉ်းသားဟောင်းများကို ထောက်ပံ့ကူညီခြင်း

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ အကျဉ်းထောင်တွင်း အကျဉ်းကျလျက်ရှိသည့် နိုင်ငံရေး အကျဉ်းသားများနှင့် ကျန်းမာရေးကောင်းမွန်ခြင်းမရှိ သည့် နိုင်ငံရေးအကျဉ်းသားဟောင်းများကို ဆက်လက် ထောက်ပံ့ ကူညီပေးလျက်ရှိသည်။ ဇွန်လအတွင်းတွင် အင်းစိန် အကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား ၁၁ ဦး၊ မအူပင် အကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား ၁၀ ဦး၊ စုစုပေါင်း ၂၁ ဦးတို့ကို ထောက်ပံ့ ကူညီခဲ့သည်။ ထို့ပြင် ကျိုက်မရော အကျဉ်းထောင်မှ ကျောက်ကပ်ရောဂါခံစားနေရသည့် နိုင်ငံရေး အကျဉ်းသား တစ်ဦးကိုလည်း ထောက်ပံ့ ကူညီခဲ့သည်။ 

ထို့ပြင် လိပ်ခေါင်းနှင့် အဆုတ်ခွဲစိတ်ထားသော၊ သွေးတိုး-နှလုံးရောဂါ နှင့် ခါးနာရောဂါများ ခံစားနေကြရသော နိုင်ငံရေး အကျဉ်းသားဟောင်း ငါးဦးကို ကျန်းမာရေးအတွက် ထောက်ပံ့ ကူညီခဲ့သည်။ (Lung Operation, Hypertension-Heart Disease, Pile Operation, Broken Thigh, Backache)

ထို့ပြင်  ကွယ်လွန်သွားခဲ့သော နိုင်ငံရေးအကျဉ်းသားဟောင်း နှစ်ဦး၏  နာရေးကို ကူညီခဲ့သည်။ 

၎င်းပြင် ၂၀၁၅ ခုနှစ်မှစတင်၍ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ အကျဉ်းထောင်တွင်း နှင့် စစ်ကြောရေးစခန်းများ၌ ညှဉ်းပန်းနှိပ်စက်ခြင်းကို ရင်ဆိုင် ခံစားခဲ့ရ၍ ကျန်းမာရေးကောင်းမွန်ခြင်းမရှိသည့် နိုင်ငံရေး အကျဉ်းသားဟောင်းများကို အရေးပေါ် ကူညီ ထောက်ပံ့ပေးခဲ့ သည်။ ဇွန်လ အတွင်းတွင် နိုင်ငံရေးအကျဉ်းသားဟောင်း တစ်ဦးကို ထောက်ပံ့ ကူညီခဲ့သည်။  ဇယားနှင့်တကွ အောက်တွင် ဖော်ပြထားပါသည်။

ကိုဗစ်၁၉ကာလအတွင်း လှုပ်ရှား ဆောင်ရွက်မှုများ

ကိုဗစ်၁၉ ကာလအတွင်း မြန်မာနိုင်ငံရှိ မူးယစ်ဆေးဝါး သုံးစွဲမှုနှင့်ပတ်သက်သော ပြဿနာများလျော့ကျစေရန် ပြည်သူ့ ကျန်းမာရေးကဏ္ဍတစ်ရပ်ဖြစ်သည့် အန္တရာယ်လျှော့ချရေး လုပ်ငန်းများ တိုးမြှင့်လုပ်ဆောင်ရေး ဆွေးနွေးပွဲ

AAPP တွဲဘက်အတွင်းရေးမှူး ဦးတိတ်နိုင်မှ မူးယစ်ဆေးဝါး သုံးစွဲမှု နှင့်ပတ်သက်သော ပြဿနာများလျော့ကျစေရန် အန္တရာယ်လျှော့ချရေးလုပ်ငန်းများ တိုးမြှင့် လုပ်ဆောင်ရေး ဆွေးနွေးပွဲ

ကိုဗစ်-၁၉ ကာလအတွင်း မြန်မာနိုင်ငံရှိ မူးယစ်ဆေးဝါးသုံးစွဲမှု နှင့်ပတ်သက်သော ပြဿနာများလျော့ကျစေရန် ပြည်သူ့ ကျန်းမာရေးကဏ္ဍတစ်ရပ်ဖြစ်သည့် အန္တရာယ်လျှော့ချရေး လုပ်ငန်းများ တိုးမြှင့်လုပ်ဆောင်ရေး ဆွေးနွေးပွဲကို ဇွန်လ ၂၂ ရက်နေ့တွင် အွန်လိုင်းမှတစ်ဆင့် ပြုလုပ်ခဲ့ပါသည်။ ဤဆွေးနွေး ပွဲကို မူးယစ်ဆေးဝါးမူဝါဒပြောင်းလဲရေးဆိုင်ရာ ထောက်ခံ ဆွေးနွေးခြင်းအဖွဲ့(DPAG)နှင့်အတူ မိတ်ဖက်အဖွဲ့အစည်းများ ဖြစ်သည့် နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်း(AAPP)၊ကမ္ဘာ့ဆရာဝန်များအဖွဲ့ (MdM)၊ မဟာမိတ် မြန်မာ၊ Transnational Institute(TNI)၊ Medical Action Myanmar(MAM)၊ UNAIDS တို့မှ ပူးပေါင်းကျင်းပခဲ့သည်။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) မှ အတွင်းရေးမှူး ဦးတိတ်နိုင်၊ ကမ္ဘာ့ဆရာဝန်များအဖွဲ့(MdM)မှ ဒေါက်တာမင်းသစ်အောင်၊ မူးယစ်ဆေးဝါးမူဝါဒ ပြောင်းလဲရေး ဆိုင်ရာ ထောက်ခံဆွေးနွေးခြင်းအဖွဲ့(DPAG) မှ ဒေါက်တာ နန်းပန်းအိခမ်း နှင့် လူထုကိုယ်စားလှယ် ကိုတူးတူး တို့မှ အဆိုပါဆွေးနွေးပွဲတွင် ဦးဆောင် ဆွေးနွေးခဲ့ကြပြီး UNAIDS မှ မအေးအေးနွယ်မှ ဆွေးနွေးပွဲ ချောမွေ့အောင် ကူညီထောက်ပံ့ ပေးခဲ့သည်။

မြန်မာနိုင်ငံရှိ မူးယစ်ဆေးဝါးသုံးစွဲမှုနှင့်ပတ်သက်သော ပြဿနာ များမှာ ကိုဗစ်-၁၉ ကာလအတွင်းတွင်လည်း ဆက်လက် တည်ရှိ နေဆဲဖြစ်ပြီး မူးယစ်ဆေးဝါးသုံးစွဲသူများအနေဖြင့် ဤကာလတွင် ကူးစက်ရောဂါ ကာကွယ်ရေး၊ မူးယစ်ဆေးစွဲ ကုသရေး အစရှိသော ကျန်းမာရေးဝန်ဆောင်မှုများကို လက်လှမ်းမှီရယူနိုင် ရန် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေကြရဆဲဖြစ်သည်။ ၎င်းပြဿနာ များ လျော့ကျစေရန် ပြည်သူ့ကျန်းမာရေးကဏ္ဍတစ်ရပ်ဖြစ်သည့် အန္တရာယ်လျှော့ချရေးလုပ်ငန်းများ တိုးမြှင့် ဆောင်ရွက်ရေး၊ ၎င်းတို့ကို အကောင်အထည်ဖော်ဆောင်ရာတွင် အထောက်အကူ ပြုမည့် မူးယစ်ဆေးဝါးမူဝါဒများ ပေါ်ပေါက် လာစေရေးမှာ အလွန်ပင်အရေးပါသည်။ ထိုဆွေးနွေးပွဲတွင် ရှုထောင့်ပေါင်းစုံမှ တင်ပြပြောဆိုခဲ့သည်။

အောက်ပါလင့်မှတစ်ဆင့် ဝင်ရောက်ကြည့်ရှုလေ့လာနိုင်သည်။

https://www.facebook.com/mdecinsdumonde/videos/269583010767225/

နိုင်ငံရေးအကျဉ်းသားဟောင်းများမှ နိုင်ငံရေးအကျဉ်းသား ဟောင်းများသို့ ကူညီထောက်ပံ့ရေးအစီအစဉ်၌ ပူးပေါင်းပါဝင်

နိုင်ငံရေးအကျဉ်းသားဟောင်းများမှ နိုင်ငံရေးအကျဉ်းသား ဟောင်းများသို့ ကူညီထောက်ပံ့ရေးအစီအစဉ်၌ ပူးပေါင်းပါဝင်

ဇွန်လအတွင်း ပဲခူးတိုင်းဒေသကြီး၊ ၂၈ မြို့နယ်ရှိ နိုင်ငံရေး အကျဉ်းသားဟောင်းများအား ထောက်ပံ့ကူညီရေးလုပ်ငန်း (နိုင်ငံရေးအကျဉ်းသားဟောင်းများမှ နိုင်ငံရေးအကျဉ်းသား ဟောင်းများသို့ အစီအစဉ်)အား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ပဲခူးတိုင်းဒေသကြီးလွှတ်တော်တို့နှင့် နိုင်ငံရေးအကျဉ်းသား ဟောင်းများစုစည်း၍ ဆောင်ရွက်ခဲ့သည်။ အဆိုပါအစီအစဉ်တွင် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP)မှ ပူးပေါင်းပါဝင်ခဲ့ပြီး ပဲခူးတိုင်းအတွင်းရှိ နိုင်ငံရေး အကျဉ်းသားဟောင်း ၄၆၆ ဦးအားထောက်ပံ့ကူညီနိုင်ခဲ့သည်။ https://www.facebook.com/100010364105186/videos/1149172338771559

အကျဉ်းထောင်များနှင့် သင်တန်းကျောင်းများသို့ လှူဒါန်းခြင်း

အိုးဘိုအကျဉ်းထောင်သို့ ကိုဗစ်၁၉ကာကွယ်ရေးပစ္စည်းများ လှူဒါန်း

အိုးဘိုအကျဉ်းထောင်သို့ ကိုဗစ်-၁၉ကာကွယ်ရေးပစ္စည်းများ လှူဒါန်း

ဇွန်လ ၁ ရက်နေ့ တွင် နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း (AAPP) မှ အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးစိုးနိုင်ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် အိုးဘို အကျဉ်းထောင်အတွင်းရှိ အကျဉ်းသား/သူများ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးဆောင်ရွက်နိုင်ရန်အတွက် ကာဘော်လစ်ဆပ်ပြာ ၈၅၀၀ တုံး၊ ဆေးဖြန်းပုံး ၂၀ ပုံးနှင့် ဂျာမီတောလ် (Germitol) ၁၀ လီတာ ၁၀ ပုံး တို့အား သွားရောက်ပေးအပ် လှူဒါန်းခဲ့ရာ အကျဉ်းထောင်မှ တာဝန်ရှိသူများမှ လက်ခံရယူ ခဲ့သည်။ ဦးစိုးနိုင်မှ ကိုဗစ်ကာကွယ်ရေးပစ္စည်းများ လှူဒါန်းရ သည့် ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြား ခဲ့ပြီး မနေဆုလှိုင်၊ ကိုသားငယ်၊ ကိုစံညိမ်းဦး နှင့် ကိုမောင်မောင်ဦးတို့မှ ပါဝင်ကူညီဆောင်ရွက်ပေးခဲ့သည်။ 

သင်တန်းကျောင်းများသို့ ကိုဗစ်၁၉ကာကွယ်ရေးပစ္စည်းများ လှူဒါန်း

နတ်မောက်လမ်း အမျိုးသမီးသက်မွေးသင်တန်းကျောင်းကို လှူဒါန်း

ဇွန်လ ၂၀ ရက်နေ့တွင်  နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း (AAPP) မှ သန်လျင်လူငယ်သင်တန်း ကျောင်း၊ နတ်မောက်လမ်း အမျိုးသမီးသက်မွေးသင်တန်း ကျောင်းနှင့် သံလွင်လမ်း အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေး သင်တန်းကျောင်းများတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ရေး ဆောင်ရွက်နိုင်ရန်အတွက် ပိုးသတ်ဆေးရည်၊ ပိုးသတ် ဆေးဖြန်းပုံး၊ ကာဘောလစ်ဆပ်ပြာ၊ လက်ဆေးရည်၊ လက်ဆေး ဆပ်ပြာရည် တို့ကို လှူဒါန်းခဲ့သည်။

မှတ်တမ်းနှင့်သုတေသန

လစဉ်အစီရင်ခံစာ၊ နိုင်ငံရေးအကျဉ်းသား စာရင်းများ နှင့် အေအေပီပီသတင်းလွှာကို ထုတ်ဝေခြင်း

မြန်မာနိုင်ငံအတွင်းရှိ လူ့အခွင့်အရေးအခြေအနေများနှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ လယ်သမားများ၊ အလုပ်သမား များ နှင့် အရပ်သားများ လစဉ် ဖမ်းဆီး၊ တရားစွဲဆိုပြစ်ဒဏ် ချမှတ်ခြင်းခံရသည်ကို  စောင့်ကြည့်မှတ်တမ်းတင်ရန် ရည်ရွယ်၍ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ လစဉ် အစီရင်ခံစာနှင့် နိုင်ငံရေးအကျဉ်းသားစာရင်း ကို ထုတ်ဝေလျက်ရှိသည်။ ဇွန်လ ၅ ရက်နေ့တွင် မေလအတွက် အစီရင်ခံစာ နှင့် နိုင်ငံရေးအကျဉ်းသားစာရင်းကို ထုတ်ဝေခဲ့ သည်။

ထို့ပြင် AAPP အဖွဲ့ဝင်များ လွှတ်တော်ကိုယ်စားလှယ်များ၊ အစိုးရဌာနဆိုင်ရာ အရာရှိများ၊ နိုင်ငံတကာမှ သံအမတ်များ၊ NGOs, CBOs စသည့်အဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ်များ နှင့် တွေ့ဆုံဆွေးနွေးမှုများ၊ ဟောပြောဆွေးနွေးပွဲများ နှင့် နှစ်သိမ့်ဆွေးနွေးပေးခြင်း နှင့် သင်တန်းများ ပို့ချပေးခြင်း စသည့် လှုပ်ရှားဆောင်ရွက်မှုများကို AAPP သတင်းလွှာ၌ လစဉ် ဖော်ပြထားသည်။ ဇွန်လ ၅ ရက်နေ့တွင် မေလအတွက် သတင်းလွှာကို ထုတ်ဝေခဲ့သည်။

ကိုဗစ်၁၉ သတင်းလွှာပြုစုခြင်း

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ ကိုဗစ်ကာလနှင့် ဆက်နွယ်၍ ဖြစ်ပွားခဲ့သော အမှုဖြစ်စဉ်များပါဝင်သည့် ကိုဗစ်-၁၉ သတင်းလွှာကို ဧပြီလ ကတည်းမှစတင်၍ မှတ်တမ်းတင်ပြုစုလျက်ရှိသည်။ မေလ အတွင်းတွင် ကိုဗစ်သတင်းလွှာ နှင့် ကိုဗစ်ကာလအတွင်း သတ်မှတ်ထားသော စည်းကမ်းများကို ချိုးဖောက်၍ ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသော စာရင်းများကို ဇွန်လ ၅ ရက်နေ့တွင် ထုတ်ဝေခဲ့သည်။

ညှဉ်းပန်းနှိပ်စက်ခြင်းခံရသူများကို အင်တာဗျူးပြုလုပ်ခြင်းနှင့် မှတ်တမ်းပြုစုခြင်း

၂၀၁၅ ခုနှစ်မှစတင်၍ နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း (AAPP) မှ အကျဉ်းထောင်တွင်းနှင့် စစ်ကြောရေးစခန်းများ၌ ညှဉ်းပန်းနှိပ်စက်ခြင်းကို ရင်ဆိုင်ခံစား ခဲ့ကြရသော နိုင်ငံရေးအကျဉ်းသားဟောင်းများ၏ အတွေ့အကြုံ များကို အင်တာဗျူးများပြုလုပ်၍ မှတ်တမ်း ပြုစုခဲ့ပါသည်။ ဇွန်လအတွင်းတွင် ထောင်ဒဏ် လေးနှစ် ကျခံခဲ့ရပြီး ညှဉ်းပန်း နှိပ်စက်ခြင်းကို ခံစားခဲ့ကြရသည့် နိုင်ငံရေးအကျဉ်းသားဟောင်း တစ်ဦး၏ ထောင်တွင်းနှင့် ထောင်ပြင်ပ ဘဝဖြတ်သန်းမှု အခြေအနေများနှင့် အတွေ့အကြုံများကို အင်တာဗျူး ပြုလုပ်၍ မှတ်တမ်း တင်ခဲ့ပါသည်။  

၂၀၁၅ ခုနှစ်မှ ၂၀၂၀ ခုနှစ် ဇွန်လကုန်အထိ ညှဉ်းပန်း နှိပ်စက်မှုကို ခံစားခဲ့ကြရသော နိုင်ငံရေးအကျဉ်းသား စုစုပေါင်း ၁၇၇ ဦးကို အင်တာဗျူးပြုလုပ်၍ မှတ်တမ်း ပြုစုနိုင်ခဲ့ပါသည်။ 

နိုင်ငံရေးအကျဉ်းသားဟောင်းများ၏ အချက်အလက်များကို ကောက်ခံခြင်း

နိုင်ငံရေးအကျဉ်းသားဟောင်းများအား မတရားသည့် ဥပဒေ များဖြင့် ထောင်သွင်းအကျဉ်းချခဲ့သည့် ဖြစ်စဉ်များကို စနစ်တကျ သိမ်းဆည်းစုဆောင်းရန် ရည်ရွယ်ချက်ဖြင့် နိုင်ငံရေးအကျဉ်းသား အချက်အလက်များကောက်ခံခြင်း အစီအစဉ်ကို ၂၀၁၄ ခုနှစ်၌ စတင်၍ ကောက်ခံ စုဆောင်းခဲ့သည်။ ဇွန်လ အတွင်းတွင် နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦး၏ ကိုယ်ရေးအချက်အလက် တစ်စောင်ကို ကောက်ခံခဲ့သည်။ ၂၀၁၄ ခုနှစ်မှ ၂၀၂၀ ခုနှစ် ဇွန်လကုန်အထိ နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက် ရေးအသင်း (AAPP) မှ နိုင်ငံရေးအကျဉ်းသား ဟောင်း ၃၅၈၈ ဦး၏ အချက်အလက်များကို ကောက်ယူ စုဆောင်းပြီးဖြစ်သည်။ ကျန်ရှိနေသော နိုင်ငံရေးအကျဉ်းသား ဟောင်းများ၏ အချက်အလက်များကို ကောက်ခံနေဆဲ ဖြစ်ပါသဖြင့် မိမိတို့ AAPP အင်တာနက် လူမှုကွန်ရက် စာမျက်နှာမှသော် လည်းကောင်း၊ [email protected] အီးမေးလ်သို့ လည်းကောင်း ဆက်သွယ်ဆောင် ရွက်ပေးပါရန် ဖိတ်ခေါ် အပ်ပါသည်။

UN Mechanism on Human Rights and Human Rights Documentation သင်တန်း ပို့ချခြင်း

နိုင်ရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)မှ မှတ်တမ်းနှင့် သုတေသန ဒုတာဝန်ခံ မပိုင်ရည်မွှေး နှင့် အဖွဲ့ဝင် ဦးမောင်မောင်နိုင်တို့သည် UN Mechanism on Human Rights and Human Rights Documentation သင်တန်းကို ဇွန်လ ၂၂ ရက်နေ့မှ ဇွန်လ ၂၆ ရက်နေ့အထိ  AAPP ရုံး၌ ပို့ချခဲ့သည်။ ထိုသင်တန်းကို AAPP အဖွဲ့ဝင်များ တက်ရောက်ခဲ့သည်။ 

အထွေထွေလှုပ်ရှားမှုများ

Breakwater studio မှ ရိုက်ကူးသော “NOT ALONE series” တွင် ပါဝင် ရိုက်ကူး

ဇွန်လ ၆ ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း (AAPP) ၏ တွဲဘက်အတွင်းရေးမှူး ဦးဘိုကြည်သည် Breakwater studio မှ ရိုက်ကူးသော “NOT ALONE series” တွင် ပါဝင် ရိုက်ကူးခဲ့သည်။

သာယာဝတီမြို့နယ်ရှိ နိုင်ငံရေးအကျဉ်းသားဟောင်းများကို ကူညီ ထောက်ပံ့ရာ၌ ပါဝင်

ဇွန်လ ၉ ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း (AAPP) ၏ တွဲဘက်အတွင်းရေးမှူး ဦးဘိုကြည်သည် နိုင်ငံရေးအကျဉ်းသားဟောင်းများမှ နိုင်ငံရေး အကျဉ်းသားဟောင်းများသို့ ထောက်ပံ့ကူညီရေးအစီအစဉ်တွင် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ်ရှိ နိုင်ငံရေးအကျဉ်းသား ဟောင်းများကို ကူညီထောက်ပံ့ရာ၌ ပါဝင်ခဲ့သည်။

လူ့အခွင့်အရေးချိုးဖောက်မှု အစီရင်ခံစာမူကြမ်းအား သုံးသပ်ခြင်း နှင့် အစီအမံရေးဆွဲခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွင် ပါဝင် ဆွေးနွေးခြင်း

လူ့အခွင့်အရေးချိုးဖောက်မှု အစီရင်ခံစာမူကြမ်းအား သုံးသပ်ခြင်း နှင့် အစီအမံ ရေးဆွဲခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေး

ဇွန်လ ၁၃ ရက်နေ့နှင့် ဇွန်လ ၁၄ ရက်နေ့တွင် ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ Beauty Land Hotel ၌ “လူ့အခွင်အရေး ချိုးဖောက်မှု အစီရင်ခံစာမူကြမ်းအား သုံးသပ်ခြင်းနှင့် အစီအမံ ရေးဆွဲခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ” ကို ပြုလုပ်ခဲ့ သည်။  အဆိုပါဆွေးနွေးပွဲကို မိတ်ဖက် (coalition group) အဖွဲ့ဝင်အဖွဲ့အစည်းများဖြစ်သော နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)မှ အတွင်းရေးမှူး ဦးတိတ်နိုင် နှင့် တွဲဘက်အတွင်းရေးမှူး ဦးဘိုကြည်၊ ရန်ကုန်ရုံး တာဝန်ခံ ဦးအောင်မျိုးကျော်၊ မှတ်တမ်းနှင့် သုတေသနဌာန တာဝန်ခံ နှင့် နိုင်ငံခြားရေးရာ ဒုတာဝန်ခံ ကိုဇော်မိုးတို့အပါအဝင် GPS, HRDP,  Than Lwin Citizen Empowerment, PEN Myanmar, Athan, Seagull, OMI, GW, SYNERGY, MIDO, Metta Campaign, FLC, Equality Myanmar နှင့် ND-Burma စသည့် အဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ်များ တက်ရောက် ခဲ့သည်။ တက်ရောက်လာကြသော အဖွဲ့အစည်းအသီးသီးမှ ပုဂ္ဂိုလ်များသည် အစီရင်ခံစာမူကြမ်းနှင့်ပတ်သက်ပြီး တုံ့ပြန်ချက် နှင့်အကြံပြုချက်များ၊  ထောက်ခံချက်များနှင့် အနာဂတ် လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြသည်။ 

အင်တာနက်ဖြတ်တောက်ထားမှုကို ပြန်ဖွင့်ပေးရန် တောင်းဆို သည့် လှုပ်ရှားမှု၌ ပါဝင်ခြင်း

အင်တာနက်ဖြတ်တောက်ထားမှုကို ပြန်ဖွင့်ပေးရန် တောင်းဆိုသည့် လှုပ်ရှားမှု၌ ပါဝင် တောင်းဆို

ရခိုင်ပြည်နယ် နှင့် ချင်းပြည်နယ်တို့တွင် အင်တာနက် ဖြတ်တောက်ထားမှု တစ်နှစ်ပြည့်မြောက်သည့်နေ့ဖြစ်သော ဇွန်လ ၂၁ ရက်နေ့၌ နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း(AAPP)၏ အတွင်းရေးမှူး ဦးတိတ်နိုင်၊ တွဲဘက်အတွင်းရေးမှူး ဦးဘိုကြည်တို့အပါအဝင် AAPP အဖွဲ့ဝင် များသည် အင်တာနက်လိုင်းများ အမြန်ဆုံးပြန်ဖွင့်ပေးရန် တောင်းဆိုသည့် လှုပ်ရှားမှု၌ ပါဝင်၍ တောင်းဆိုခဲ့သည်။

တရားမျှတမှုရရှိရေး၊ ပြစ်ဒဏ်ကင်းလွတ်ခွင့်ရဓလေ့အား ရပ်တန့်ပေး အွန်လိုင်းဆွေးနွေးပွဲစကားဝိုင်းပြုလုပ်ခြင်း

တရားမျှတမှုရရှိရေး၊ ပြစ်ဒဏ်ကင်းလွတ်ခွင့်ရဓလေ့အား ရပ်တန့်ပေး အွန်လိုင်းဆွေးနွေးပွဲစကားဝိုင်းပြုလုပ်ခြင်း

ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ ညှဉ်းပန်းနှိပ်စက်ခံရသူများကို ကူညီထောက်ပံ့ရေးနေ့တွင် အာရှ တရားမျှတမှုနှင့် လူ့အခွင့်အရေးဆိုင်ရာအဖွဲ့(AJAR)နှင့် မိတ်ဖက် အဖွဲ့အစည်းများဖြစ်သည့် နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း(AAPP)၊ လူ့အခွင့်အရေး မှတ်တမ်း ကွန်ရက်(မြန်မာနိုင်ငံ)၊ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)၊ ဝိမုတ္တိအမျိုးသမီးအဖွဲ့(VWO) တို့မှ တရားမျှတမှုရရှိရေး၊ ပြစ်ဒဏ် ကင်းလွတ်ခွင့်ရဓလေ့အား ရပ်တန့်ပေး အွန်လိုင်း ဆွေးနွေးပွဲ စကားဝိုင်းကို ပြုလုပ်ခဲ့သည်။ အဆိုပါစကားဝိုင်းတွင် AAPP ရန်ကုန်ရုံးတာဝန်ခံ ဦးအောင်မျိုးကျော်မှ ဆွေးနွေး ဟောပြောသူ အဖြစ် ပါဝင်ဆောင်ရွက်ခဲ့သည်။

အပြည်ပြည်ဆိုင်ရာ ညှဉ်းပန်းနှိပ်စက်ခြင်းခံရသူများကို ကူညီ ထောက်ပံ့ရေးနေ့တွင် စာတမ်းထုတ်ပြန်ခြင်း

ဇွန်လ ၂၆ ရက်နေ့တွင်ကျရောက်သော အပြည်ပြည်ဆိုင်ရာ ညှဉ်းပန်းနှိပ်စက်ခြင်းခံရသူများကို ကူညီထောက်ပံ့ရေးနေ့၌ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ ကုလသမဂ္ဂ ညှဉ်းပန်းနှိပ်စက်မှု ဆန့်ကျင်ရေး သဘောတူ စာချုပ် (United Nation Convention Against Torture-UNCAT) အား မြန်မာနိုင်ငံမှ အရေးတကြီး လက်မှတ် ရေးထိုးရန် လိုအပ်သည့် စာတမ်းကို ထုတ်ပြန်ခဲ့ပါသည်။ 

အောက်ဖော်ပြပါ လင့်မှတစ်ဆင့်လည်း ဝင်ရောက် ဖတ်ရှု လေ့လာနိုင်ပါသည်။

https://aappb.org/bu/2020/06/%e1%80%80%e1%80%af%e1%80%9c%e1%80%9e%e1%80%99%e1%80%82%e1%80%b9%e1%80%82-%e1%80%8a%e1%80%be%e1%80%89%e1%80%ba%e1%80%b8%e1%80%95%e1%80%94%e1%80%ba%e1%80%b8%e1%80%94%e1%80%be%e1%80%ad%e1%80%95%e1%80%ba

စိတ်ဓာတ်ပြန်လည်မြှင့်တင်ရေးအစီအစဉ်(MHAP)

ကိုဗစ် ၁၉ ဗိုင်းရပ် ကူးစက်မှုကာလအတွင်း အွန်လိုင်း စိတ်ပိုင်းဆိုင်ရာဆွေးနွေးမှု အစီအစဉ်

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း၏ စိတ်ဓာတ်ပြန်လည်မြှင့်တင်ရေး ကူညီထောက်ပံ့မှု အစီအစဉ် (AAPP-MHAP)သည် အွန်လိုင်းစိတ်ပိုင်းဆိုင်ရာဆွေးနွေးမှု လုပ်ငန်းကို ဇွန်လအတွင်းတွင်လည်း ဆက်လက်လုပ်ဆောင်ရွက် လျှက်ရှိပါသည်။ နေရာဒေသအနှံ့အပြားမှ ဆက်သွယ်ဆွေးနွေးမှု များလည်း ပိုမိုများပြားလာခဲ့ပြီး လူမှုကွန်ရက်၊ ဗိုက်ဗာတို့မှ တစ်ဆင့် ဆက်သွယ်မှုများလည်းရှိခဲ့သည်။ ဆက်သွယ်လာသည့် ဒေသများမှာ ရန်ကုန်၊ မန္တလေး၊ မြစ်ကြီးနား၊ ဖားကန့်၊ မကွေး၊ ပဲခူး၊ နေပြည်တော်၊ ဧရာဝတီ စသည့် ပြည်တွင်း ဒေသများမှ ဆက်သွယ် ဆွေးနွေးမှုများအပြင် ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံ နှင့် စင်္ကာပူနိုင်ငံ တို့မှ ဆက်သွယ် ဆွေးနွေးမှုများလည်း ရှိခဲ့သည်။ (ရန်ကုန်တိုင်းဒေသကြီးမှ – ၄၁%၊  ပဲခူးတိုင်းဒေသကြီးမှ – ၂၀%၊ ထိုင်းနိုင်ငံမှ – ၁၃%၊ မန္တလေးတိုင်းဒေသကြီးမှ – ၉%၊ ကရင်ပြည်နယ်မှ – ၃%၊ ဧရာဝတီတိုင်း ဒေသကြီးမှ – ၃%၊ စင်္ကာပူနိုင်ငံမှ – ၂%၊ နေပြည်တော်မှ ၂%၊ နှင့် ကျန်ဒေသများမှ ၁%စီ တို့ဖြစ်ကြသည်။

ထို့ပြင် ဇွန်လအတွင်း နေရာဒေသအသီးသီးရှိ ကွာရန်တင်း စင်တာ ၄၃ ခုမှလည်း ဆက်သွယ် ခေါ်ဆိုလာခဲ့သည်။

အွန်လိုင်း စိတ်ပိုင်းဆိုင်ရာဆွေးနွေးမှုလုပ်ငန်းသို့ ဆက်သွယ် ဆွေးနွေးသူများတွင် အစိုးရဝန်ထမ်းများ၊ အမျိုးသမီး အိမ်ထောင် ဦးစီးများ၊ NGO ဝန်ထမ်းများ၊ ကုမ္ပဏီဝန်ထမ်းများ၊ ကွာရန်တင်း စင်တာများတွင် ကွာရန်တင်းဝင်နေကြသူများနှင့် စေတနာ့ ဝန်ထမ်းများနှင့် HIV ပိုးရှိသူများ စသည့် အမျိုးသား၊ အမျိုးသမီး အသက်အရွယ်စုံ ပါဝင်ပါသည်။ ဇွန်လအတွင်းတွင်  အမျိုးသား ၁၀၀ ဦး (အသက် ၁၈ နှစ်မှ ၇၈ နှစ်အတွင်း)နှင့် အမျိုးသမီး ၉၉ ဦး (အသက် ၁၈ နှစ်မှ ၆၃ နှစ်အတွင်း) တို့၏ ကိုဗစ်-၁၉ ကာလ စိတ်ဖိစီးမှုများ၊ စိတ်ပိုင်းဆိုင်ရာပြဿနာများကို ကူညီဖြေရှင်းပေး နိုင်ခဲ့ပါသည်။ 

ထိုဆက်သွယ်လာသူများ၏ စိတ်ပိုင်းဆိုင်ရာ ပြဿနာများ၊ လက္ခဏာများမှာ – 

  • မိမိကိုယ်တိုင် သို့မဟုတ် မိမိချစ်ခင်ရသောသူများ၏ ကျန်းမာရေးအတွက် အမြဲမပြတ် စိုးရိမ်ပူပန်နေခြင်း၊ ကြောက်ရွံ့နေခြင်း။
  • စိတ်ညစ်ခြင်းကို အချိန်များစွာ ခံစားနေရခြင်း
  • စိတ်ထဲတွင် ကြောက်ရွံ့ခြင်း၊ တုန်လှုပ်ခြင်းကို ခံစားနေရခြင်း
  • အစားအသောက်နှင့် အိပ်စက်ခြင်းပုံစံပြောင်းလဲသွားခြင်း
  • အိပ်ပျော်ရန်နှင့် အာရုံစူးစိုက်ရန် အခက်အခဲရှိခြင်း
  • အလွယ်တကူ စိတ်တိုခြင်း သို့မဟုတ် ဒေါသထွက်ခြင်း
  • HIV ပိုးရှိသူများက အလွယ်တကူ ရောဂါကူးစက် ခံရမည်ကို စိုးရိမ်ပူပန်ခြင်း
  • ကိုဗစ်-၁၉ ၏ရိုက်ခတ်မှုကြောင့် မိမိတို့သုံးစွဲနေရသော ART ဆေးများပြတ်လပ်သွားမည်ကို စိုးရိမ်ခြင်း
  • အိမ်ထဲတွင် အချိန်ပေါင်းများစွာနေရသဖြင့် စိတ်တင်းကြပ်ခြင်း၊ မွန်းကြပ်ခြင်း
  • ဝမ်းနည်းမှုနှင့် စိတ်ဓာတ်ကျမှုကို ခံစားရခြင်း

မိမိပုံမှန်စိတ်ဝင်စားသောအရာများကို စိတ်ဝင်စားမှု မရှိတော့ခြင်း စသည့် လက္ခဏာများကို ခံစားနေကြရသည်ကို တွေ့ရပါသည်။ 

“COVID-19, Mental Health and Psychosocial Wellbeing for youth” ဆွေးဆွေးပွဲ၌ ပါဝင် ဆွေးနွေး ခြင်း

“COVID-19, Mental Health and Psychosocial Wellbeing for youth” ဆွေးဆွေးပွဲ၌ ပါဝင် ဆွေးနွေး

ဇွန်လ ၆ ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း၏ စိတ်ဓာတ်ပြန်လည်မြှင့်တင်ရေး ကူညီထောက်ပံ့မှု အစီအစဉ် (AAPP-MHAP)မှ သင်တန်းနည်းပြ ကိုထင်အောင်သည် Global Platform Myanmar မှ ဦးဆောင်စီစဉ်သည့် “COVID-19, Mental Health and Psychosocial Wellbeing for youth” ခေါင်းစဉ်ဖြင့် ဆွေးနွေးသည့် ဆွေးနွေးပွဲ၌ ပါဝင်ဆွေးနွေးပေးခဲ့သည်။

https://web.facebook.com/globalplatformmyanmar/videos/948944755551042/?_rdc=1&_rdr

ကူညီပါ၊ အပြစ်မပေးပါနဲ့”Social Media Campaign ၌ ဆွေးနွေး

“ကူညီပါ၊ အပြစ်မပေးပါနဲ့”Social Media Campaign ၌ ဆွေးနွေး

ဇွန်လ ၂၆  ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း၏ စိတ်ဓာတ်ပြန်လည်မြှင့်တင်ရေး ကူညီထောက်ပံ့မှု အစီအစဉ် (AAPP-MHAP)မှ ဆူပါဗိုက်ဆာ ဒေါ်သန်းသန်းဌေးသည် Alliance Myanmar မှ ဦးဆောင် စီစဉ်သည့် “ကူညီပါ၊ အပြစ်မပေးပါနဲ့”Social Media Campaign ၌ ပါဝင် ဆွေးနွေးခဲ့သည်။

https://www.facebook.com/MyanmarSupportDontPunish/videos/902622343590519/

Stress management, Basic Coping Skills and Self-care အွန်လိုင်း သင်တန်းကို ပို့ချပေးခြင်း

Stress management, Basic Coping Skills and Self-care အွန်လိုင်း သင်တန်းကို ပို့ချပေးခြင်း

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း၏ စိတ်ဓာတ်ပြန်လည်မြှင့်တင်ရေး ကူညီထောက်ပံ့မှု အစီအစဉ် (AAPP-MHAP)မှ သင်တန်းနည်းပြ ကိုထင်အောင်သည် အွန်လိုင်း ကောင်ဆယ်လင်းပြုလုပ်ပေးနေသော Alliance Myanmar ၏ PITCH partners အဖွဲ့ဝင်များကို Stress management, Basic Coping Skills and Self-care အွန်လိုင်း သင်တန်းကို ဇွန်လ ၂၂ ရက်နေ့မှ ဇွန်လ ၂၆ ရက်နေ့အထိ ငါးရက်တာ ပို့ချပေးခဲ့သည်။ 

မိမိကိုယ်မိမိဂရုစိုက်ခြင်းနှင့် ပတ်သက်သည့် ဗွီဒီယိုများ ထုတ်လွှင့် ခြင်း

ဇွန်လအတွင်းတွင် နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း၏ စိတ်ဓာတ်ပြန်လည်မြှင့်တင်ရေး ကူညီထောက်ပံ့မှုအစီအစဉ် (AAPP-MHAP)မှ သင်တန်းနည်းပြ ကိုထင်အောင်သည် “ကိုဗစ်-၁၉ ကာလ၌ စိတ်ဖိစီးမှုများကို မည်ကဲ့သို့ ကိုင်တွယ်ဆောင်ရွက်ရမည်နှင့်ပတ်သက်သည့် ဗွီဒီယို” များကို အွန်လိုင်းမှ တစ်ဆင့် ထုတ်လွှင့်ခဲ့သည်။ 

အောက်ပါ ဗွီဒီယိုမှတ်တမ်းများကို ဝင်ရောက်ကြည့်ရှု နိုင်သည်။

https://www.facebook.com/634323476905777/posts/1199829173688535/

https://www.facebook.com/634323476905777/posts/1205377536467032/

https://www.facebook.com/634323476905777/posts/1215251308812988/

အင်တာဗျူးများဖြေကြားခြင်း

အကျဉ်းထောင်အခြေအနေနှင့်ပတ်သက်၍ အင်တာဗျူး ဖြေကြား ခြင်း

ဇွန်လ ၃ ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း (AAPP) ၏ အတွင်းရေးမှူး ဦးတိတ်နိုင ်သည် အကျဉ်းထောင်အခြေအနေနှင့်ပတ်သက်၍ မီဒီယာများနှင့် အင်တာဗျူး ဖြေကြားခဲ့သည်။  

MCNTV မြန်မာရုပ်သံသတင်းဌာနနှင့် အင်တာဗျူး ဖြေကြားခြင်း

ဇွန်လ ၆ ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း (AAPP) ၏ အတွင်းရေးမှူး ဦးတိတ်နိုင် သည် မေလအတွင်း ကိုဗစ်-၁၉ ကာလ နှင့်ဆက်နွယ်၍ အရေးယူ ခံထားရမှုများအကြောင်းကို MCNTV မြန်မာရုပ်သံသတင်း ဌာနနှင့် Skype မှ တစ်ဆင့် အင်တာဗျူး ဖြေကြားခဲ့သည်။ အောက်တွင် ဖော်ပြထားသော လင့်မှ တစ်ဆင့်လည်း ဝင်ရောက် ကြည့်ရှုနိုင်သည်။

https://www.mcntv.biz/streamizshow/07/06/2020/153031/?fbclid=IwAR15wjDI1Hc-93Y1fifd7HdAD80bSTJy7p7HtBdLITw5bowcMVhZ1BSqH4E 

မေလ အေအေပီပီလစဉ်အစီရင်ခံစာ နှင့်ပတ်သက်၍  AAPP ရန်ကုန်ရုံးတာဝန်ခံ ဦးအောင်မျိုးကျော်မှ အင်တာဗျူး ဖြေကြား ခြင်း

ဇွန်လ ၆ ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း (AAPP) ၏ ရန်ကုန်ရုံးတာဝန်ခံ ဦးအောင်မျိုးကျော်သည် မေလ အေအေပီပီလစဉ်အစီရင်ခံစာ နှင့်ပတ်သက်၍ Development Media Group(DMG) သတင်းဌာနမှ ပြုလုပ်သော အင်တာဗျူးကို ဖြေကြားခဲ့သည်။ အဆိုပါအင်တာဗျူးတွင် ဦးအောင်မျိုးကျော်မှ ပြည်တွင်းစစ်များ အမြန်ဆုံး ချုပ်ငြိမ်းရန်လိုအပ်ပြီး ပြည်တွင်းငြိမ်းချမ်းရေးကို လက်နက်ကိုင်ခြင်းအားဖြင့် ဖြေရှင်းခြင်းမပြုဘဲ နိုင်ငံရေးအရ ဖြေရှင်းပါရန် တိုက်တွန်းကြောင်း ပြောကြားခဲ့သည်။

အောက်ဖော်ပြပါ လင့်မှတစ်ဆင့်လည်း ဝင်ရောက် ကြည့်ရှုနိုင် သည်။

https://www.facebook.com/dmgnewsagency/videos/2612718428967571

ကိုဗစ်ကာလနှင့် ဆက်နွယ်၍ တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်မှု များအကြောင်းကို အင်တာဗျူးဖြေကြားခြင်း

ဇွန်လ ၆ ရက်နေ့တွင် မှတ်တမ်းနှင့် သုတေသနဌာနတာဝန်ခံ နှင့် နိုင်ငံခြားရေးရာ ဒုတာဝန်ခံ ကိုဇော်မိုးသည် ကိုဗစ်ကာလနှင့် ဆက်နွယ်၍ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်မှုများအကြောင်းကို မဇ္ဈိမသတင်းဌာနနှင့် အွန်လိုင်းမှတစ်ဆင့် ပြုလုပ်သော အင်တာဗျူးကို ဖြေကြားခဲ့သည်။ ထိုအင်တာဗျူးတွင် ကိုဇော်မိုးမှ အကျဉ်းထောင်အတွင်းတွင် အကျဉ်းသားဦးရေ ပြည့်သိပ် လျက်ရှိ ပြီး ကိုဗစ်ကာလ နှင့်ဆက်နွယ်သောအမှုများကို ထောင်ဒဏ် ချမှတ်ခြင်းအားဖြင့် အကျဉ်းသားဦးရေ ပို၍ထူထပ်မည်ဖြစ်ပြီး ထိုသူများသည် ပြင်ပမှဝင်ရောက်လာကြသူများဖြစ်၍ အကျဉ်းထောင်အတွင်း ရောဂါပိုးကူးစက်ပျံ့နှံ့ မှုအတွက် အန္တရာယ်များလာသည်၊ ထို့ကြောင့်  လူတစ်ဦးတစ်ယောက်ကို အသက်အန္တရာယ်ထိခိုက်အောင် ပြုမူခြင်း မဟုတ်လျှင် ထောင်ဒဏ်ချမှတ်မည့်အစား အခြားသောနည်းလမ်းဖြင့် ပြစ်ဒဏ်ပေးခြင်းကို ဆောင်ရွက်သင့်သည်ဟု ပြောကြားခဲ့သည်။ 

အောက်ဖော်ပြပါ လင့်မှတစ်ဆင့်လည်း ဝင်ရောက် ကြည့်ရှုနိုင်သည်။

https://www.facebook.com/MizzimaDaily/videos/347220072925657/?t=50

နိုင်ငံရေးအကျဉ်းသားဟောင်းများမှ နိုင်ငံရေးအကျဉ်းသား ဟောင်းများသို့ ထောက်ပံ့ကူညီရေးအစီအစဉ်နှင့်ပတ်သက်၍ အင်တာဗျူးဖြေကြားခြင်း

ဇွန်လ ၈ ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း (AAPP) ၏ တွဲဘက်အတွင်းရေးမှူး ဦးဘိုကြည်သည် နိုင်ငံရေးအကျဉ်းသားဟောင်းများသို့ ထောက်ပံ့ ကူညီရေးအစီအစဉ်နှင့်ပတ်သက်၍ မြန်မာတိုင်းမ်မှ ပြုလုပ်သော အင်တာဗျူးကို ဖြေကြားခဲ့ပါသည်။  အဆိုပါအင်တာဗျူးတွင် ဦးဘိုကြည်မှ ထိုအစီအစဉ်တွင်ပါဝင်၍ ကိုဗစ်ကာလအတွင်း နိုင်ငံရေးအကျဉ်းသားဟောင်း ၁၂၀ဝ ဝန်းကျင်အား တစ်ဦးလျှင် တစ်သောင်းခွဲဝန်းကျင်ခန့်တန်ဖိုးရှိ အခြေခံစားသောက်ကုန်များ ကူညီပေးခဲ့ကြောင်း ပြောကြားခဲ့သည်။

မေလ အေအေပီပီလစဉ်အစီရင်ခံစာ နှင့်ပတ်သက်၍ AAPP  အတွင်းရေးမှူး ဦးတိတ်နိုင်မှ အင်တာဗျူးဖြေကြားခြင်း

ဇွန်လ ၈ ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း (AAPP) ၏ အတွင်းရေးမှူး ဦးတိတ်နိုင် သည် မေလ အေအေပီပီလစဉ်အစီရင်ခံစာ နှင့်ပတ်သက်၍ 7 Days News သတင်းဌာနမှ ပြုလုပ်သော အင်တာဗျူးကို ဖြေကြားခဲ့သည်။ ထိုအင်တာဗျူးတွင် ဦးတိတ်နိုင်မှ ရခိုင်ပြည်နယ်တွင် မတည်ငြိမ်မှုများ ကြီးကြီးမားမား ဖြစ်နေသည်ကို တွေ့ရှိရပြီး အကြမ်းဖက်မှုများနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများ ကြီးမားစွာရှိနေကြောင်း၊ ထို့ကြောင့် အစိုးရ အနေဖြင့် အရေးတကြီး ကိုင်တွယ်ဆောင်ရွက်ရန် လိုအပ် ကြောင်း ပြောကြားခဲ့သည်။ 

အောက်ဖော်ပြပါ လင့်မှတစ်ဆင့်လည်း ဝင်ရောက် ကြည့်ရှုနိုင် သည်။

https://7day.news/detail?id=188322

 အစိုးရသက်တမ်းမကုန်မီ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက် နိုင်ရေးနှင့်ပတ်သက်၍ အင်တာဗျူး ဖြေကြားခြင်း

ဇွန်လ ၈ ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း (AAPP) ၏ တွဲဘက်အတွင်းရေးမှူး ဦးဘိုကြည်သည် အစိုးရသက်တမ်းမကုန်မီ နိုင်ငံရေးအကျဉ်းသား များလွတ်မြောက်နိုင်ရေးနှင့်ပတ်သက်၍ လွတ်လပ်သည့် အာရှအသံမှ ပြုလုပ်သော အင်တာဗျူးကို ဖြေကြားခဲ့သည်။ အဆိုပါအင်တာဗျူးတွင် ဦးဘိုကြည်မှ ဒီမိုကရေစီကို ဖော်ဆောင် ချင်ပါက ဒီမိုကရေစီ အခြေခံလူ့အခွင့်အရေးများကို လူများ ကျင့်သုံးခွင့်ရရှိရန် ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း၊ ထိုကဲ့သို ဆောင်ရွက်မပေးလျှင်၊ အခြေခံလူ့အခွင့်အရေးများ လက်တွေ့ ကျင့်သုံး၍ ဖမ်းဆီးခံရလျှင် ဒီမိုကရေစီအစိုးရဟုပြောရန်ခက် ကြောင်း ပြောကြားခဲ့သည်။

https://www.facebook.com/rfaburmese/videos/2955825891133803

အကျဉ်းသားများကို ကျန်းမာရေးသုံးစ္စည်းများ ထောက်ပံ့ခြင်း နှင့်ပတ်သက်၍ အင်တာဗျူး ဖြေကြားခြင်း

ဇွန်လ ၁၀ ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း (AAPP) ၏ အတွင်းရေးမှူး ဦးတိတ်နိုင် သည် အကျဉ်းသားများကို ကျန်းမာရေးသုံးစ္စည်းများ ထောက်ပံ့ ခြင်းနှင့်ပတ်သက်၍ One News သတင်းဌာနမှ ပြုလုပ်သော အင်တာဗျူးကို ဖြေကြားခဲ့သည်။ ထိုအင်တာဗျူးတွင် ဦးတိတ်နိုင် မှ တစ်နိုင်ငံလုံးရှိ အကျဉ်းထောင်များတွင် အကျဉ်းသားဦးရေ တစ်သိန်းခန့်ရှိပြီး AAPP မှ အကျဉ်းသားများသည့် အကျဉ်းထောင်များမှ အကျဉ်းသား နှစ်သောင်းနီးပါး အတွက် ကိုဗစ်-၁၉ ကာကွယ်ရေး ကျန်းမာရေးသုံးပစ္စည်းများ ထောက်ပံ့မှု ပေးထားသည်ဟု ပြောကြားခဲ့သည်။ 

https://www.onenewsmyanmar.com/video/11932

ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ ထောင်ဒဏ်ချမှတ်ခံရခြင်း နှင့်ပတ်သက်၍ အင်တာဗျူး ဖြေကြားခြင်း

ဇွန်လ ၁၁ ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း (AAPP) ၏ တွဲဘက်အတွင်းရေးမှူး ဦးဘိုကြည်သည် ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ ထောင်ဒဏ် ချမှတ်ခံရခြင်းနှင့်ပတ်သက်၍ လွတ်လပ်သည့် အာရှအသံ(RFA)မှ ပြုလုပ်သော အင်တာဗျူးကို ဖြေကြားခဲ့သည်။ အဆိုပါ အင်တာဗျူးတွင် ဦးဘိုကြည်မှ အစိုးရအနေဖြင့် လွတ်လပ်စွာ ပြောဆိုခွင့်ဘက်မှ ရပ်တည်၍ ထိုလူငယ်များ လွတ်မြောက်ရန် အတွက် လုပ်ဆောင်သင့်ကြောင်း၊ လွတ်လပ်စွာပြောဆိုခွင့်ကို ခိုင်ခိုင်မာမာဖြစ်ရန် လွတ်လပ်စွာ ရပ်တည်ခွင့်ဘက်မှနေ၍ အစိုးရမှ ရပ်တည်သင့်သည်ဟု ထင်မြင်ယူဆကြောင်း ပြောကြား ခဲ့သည်။

https://www.rfa.org/burmese/news/peacock-generations-members-court-06122020062740.html?searchterm:utf8:ustring=%20%E1%80%98%E1%80%AD%E1%80%AF%E1%80%80%E1%80%BC%E1%80%8A%E1%80%BA

နိုင်ငံသားများ၏ အခွင့်အရေးနှင့်အညီ တောင်းဆိုဆန္ဒပြနေသည့် သူများကို ဆက်လက်ဖမ်းဆီးထောင်ချ တရားစွဲဆိုနေဆဲ အခြေအနေကို အင်တာဗျူးဖြေကြားခြင်း

ဇွန်လ ၁၂ ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း (AAPP) ၏ တွဲဘက်အတွင်းရေးမှူး ဦးဘိုကြည်သည် နိုင်ငံသားများ၏ အခွင့်အရေးနှင့်အညီ တောင်းဆိုဆန္ဒပြနေသည့်သူများကို ဆက်လက်ဖမ်းဆီးထောင်ချ တရားစွဲဆိုနေဆဲအခြေအနေကို ဗွီအိုအေသတင်းဌာနနှင့် အင်တာဗျူး ဖြေကြားခဲ့သည်။ လွတ်လပ်စွာထုတ်ဖော် ပြောဆို ခွင့်ကို ရာဇဝတ်မှုတစ်ခုကဲ့သို့ သဘောထားနေခြင်းသည် ဒီမိုကရေစီစနစ်ဖော်ဆောင်နေသည့် အရပ်သားအစိုးရ လက်ထက် ဒီမိုကရေစီစံနှုန်းများအပေါ် မေးခွန်းထုတ်စရာ ဖြစ်လာသည်ဟု ဦးဘိုကြည်မှ ပြောကြားခဲ့သည်။ 

အောက်ဖော်ပြပါ လင့်မှတစ်ဆင့်လည်း ဝင်ရောက် ဖတ်ရှုနိုင် သည်။ 

https://burmese.voanews.com/a/myanmar-political-prisoner-/5460722.html?fbclid=IwAR1PXq3SQD-rgfCzxY2cu2lcxduqpsxwGM93WIr-veo_BLBhioAL253Mv9E

ရခိုင်ဒေသ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့်ပတ်သက်၍ အင်တာဗျူး ဖြေကြားခြင်း

ဇွန်လ ၁၂ ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း (AAPP) ၏ အတွင်းရေးမှူး ဦးတိတ်နိုင် သည် ရခိုင်ဒေသ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့်ပတ်သက်၍ MCNTV မြန်မာရုပ်သံသတင်းဌာနမှ ပြုလုပ်သော အင်တာဗျူးကို Skype မှ တစ်ဆင့် ဖြေကြားခဲ့သည်။ အဆိုပါအင်တာဗျူးတွင် AAPP ၏ အတွင်းရေးမှူး ဦးတိတ်နိုင်မှ ရခိုင်တိုင်းရင်းသားများ အပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုများမှ အမြန်ဆုံး ကာကွယ် ပေးရန် လိုအပ်ကြောင်းပြောကြား ခဲ့သည်။ ၎င်းပြင် လူ့အခွင့်အရေးချိုးဖောက်ခံရမှုများမှ ကာကွယ်နိုင်မည့် အစီအမံ များချမှတ်နိုင်ရန် အတွက် နိုင်ငံတကာ နိုင်ငံသားနှင့် နိုင်ငံသား အခွင့်အရေး ဆိုင်ရာ သဘောတူစာချုပ် (ICCPR)  ကိုလည်း အစိုးရအနေဖြင့် အမြန်ဆုံး လက်မှတ်ရေးထိုးကာ လိုအပ်သည့် ဥပဒေများကို ပြဌာန်း အကာအကွယ်ပေးရန်ကို တိုက်တွန်း ပြောကြားခဲ့သည်။ 

အောက်ဖော်ပြပါ လင့်မှတစ်ဆင့်လည်း ဝင်ရောက် ကြည့်ရှုနိုင်သည်။

https://www.youtube.com/watch?v=EYFqulG9EoU&feature=youtu.be&fbclid=IwAR0NuuYH51XYdTmDoEcqXJ25lnodD6Le1JGzleodhQrWN_DWTMRG2gMN_jg 

https://bit.ly/2YwJTOE  

WNYC ရေဒီယိုစတေရှင် Postcasts အတွက် အင်တာဗျူး ဖြေကြားခြင်း

ဇွန်လ ၁၅ ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း(AAPP)၏ တွဲဘက်အတွင်းရေးမှူး ဦးဘိုကြည်သည် အမေရိကန်နိုင်ငံရှိ WNYC ရေဒီယိုစတေရှင် တစ်ခုမှ ၎င်းတို့၏ Podcasts အတွက်ပြုလုပ်သော အင်တာဗျူးကို ဖြေကြားခဲ့သည်။ အဆိုပါအင်တာဗျူးတွင် ဦးဘိုကြည်မှ ကိုဗစ်-၁၉ ကာလတွင် STAY AT HOME ၌ အကျိုးရှိသော တစ်ခုခုကို လုပ်ဆောင်ပါဟု ၎င်း၏ ထောင်တွင်းအတွေ့အကြုံကို အခြေခံ၍ ပြောကြားခဲ့သည်။ 

https://www.wnycstudios.org/podcasts/snapjudgment/episodes/letters-lockdown-sarajevo-yangon-new-orleans-san-francisco?fbclid=IwAR13ex-TKuFRIqVzq6HbUVS8x92BLoIKszA1UD83AYk2MXj5unUHC3nOIeQ

၂၀၂၀ ရွေးကောက်ပွဲနှင့်ပတ်သက်၍ အင်တာဗျူး ဖြေကြားခြင်း

ဇွန်လ ၂၁ ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ အတွင်းရေးမှူး ဦးတိတ်နိုင် သည် ၂၀၂၀ ရွေးကောက်ပွဲနှင့်ပတ်သက်၍ 7 Days News သတင်းဌာနမှ ပြုလုပ်သော အင်တာဗျူးကို ဖြေကြားခဲ့ပါသည်။ ထိုအင်တာဗျူးတွင် ဦးတိတ်နိုင် မှ လူမှုရေး၊ ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေးတို့တွင် အာမခံမှုပေးနိုင်သည့် ပါတီများ၊ ကိုယ်စားလှယ်များကို ရွေးချယ်သင့် ကြောင်း၊ အကျိုးရှိစွာဖြင့် သေချာချိန်ထိုး၍ မဲပေးရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

အောက်ဖော်ပြပါ လင့်မှတစ်ဆင့်လည်း ဝင်ရောက်ဖတ်ရှုနိုင် သည်။

https://7day.news/detail?id=189754

မတရားနှိပ်စက်ညှဉ်းပန်းမှု ဆန့်ကျင်ရေး သဘောတူစာချုပ်တွင် မြန်မာ ပါဝင်လက်မှတ်ရေးထိုးနိုင်ရေး စာတမ်းပြုစုနေခြင်း နှင့်ပတ်သက်၍ အင်တာဗျူးဖြေကြားခြင်း

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ အတွင်းရေးမှူး ဦးတိတ်နိုင်သည် မတရား နှိပ်စက် ညှဉ်းပန်းမှု ဆန့်ကျင်ရေး သဘောတူစာချုပ်တွင် မြန်မာ ပါဝင်လက်မှတ်ရေးထိုးနိုင်ရေး အစိုးရနှင့် လွှတ်တော်ကို တိုက်တွန်းမည့် စာတမ်းတစ်စောင် ပြုစုနေခြင်းနှင့်ပတ်သက်၍ 7 Days News သတင်းဌာနမှ ပြုလုပ်သော အင်တာဗျူးကို ဖြေကြားခဲ့သည်။ ထိုအင်တာဗျူးတွင် ဦးတိတ်နိုင်မှ အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး ဆုံးဖြတ်ချက်ချနိုင်သည့်သူများ၊ စိတ်ဝင်စား သည့် လွှတ်တော်ကိုယ်စားလှယ်များနှင့်ချိတ်ဆက်ပြီး ဆွေးနွေး ပြောဆိုမှု လုပ်ဆောင်သွားမည်ဟု ပြောကြားခဲ့သည်။

အောက်ဖော်ပြပါ လင့်မှတစ်ဆင့်လည်း ဝင်ရောက် ဖတ်ရှုနိုင် သည်။

https://7day.news/detail?id=189613

 အေအေပီပီမှဇွန်လအတွက် လစဉ်သတင်းလွှာအား ဒေါင်းလော့ရယူရန် Burmese Newsletter for June

ဆက်သွယ်မေးမြန်းရန်

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း

တိတ်နိုင် အတွင်းရေးမှူး                        +၉၅() ၉၄၂  ၈၀၂  ၃၈၂၈

ဘိုကြည် တွဲဘက်အတွင်းရေးမှူး             +၉၅() ၉၄၂  ၅၃၀  ၈၈၄၀

အောင်မျိုးကျော် ရန်ကုန်ရုံးတာဝန်ခံ         +၉၅(၀) ၉၄၂  ၈၁၁  ၇၃၄၈