
 

 

 

ရကျစှဲ။    ။၂၀၂၀ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက်

အပြည်ပြည်ဆိုင်ရာ နယ်လ်ဆင်မန်ဒဲလားနေ့ ထုတ်ပြန်ချက်

ဇူလိုင်လ ၁၈ ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ နယ်လ်ဆင်မန်ဒဲလားနေ့၌ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)မှ နယ်လ်ဆင်မန်ဒဲလား၏ ငြိမ်းချမ်းရေး မြှင့်တင်ခြင်း၊ ဆင်းရဲမွဲတေမှုတိုက်ဖျက်ခြင်းနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးရရှိရန် ကြိုးပမ်း ဆောင်ရွက်ခြင်း စသည့် ၎င်း၏ အမြှော်အမြင်၊ ခံယူချက်နှင့် သဘောထားများကို  အစဉ်အမြဲ အမှတ်ရနေမည် ဖြစ်သည်။  နယ်လ်ဆင်မန်ဒဲလားသည် အသားရောင်ခွဲခြားသည့် စနစ်ကို တိုက်ဖျက်ရန် ကြိုးပမ်းခဲ့ခြင်းအတွက် ၁၉၆၂ ခုနှစ်တွင် ဖမ်းဆီး၊ ပြစ်ဒဏ်ချမှတ်ခြင်းခံခဲ့ရသည်။ တောင်အမေရိကတိုက်သည် အသားအရောင် ခွဲခြားမှုလွန် ခေတ်ကာလဆီသို့ရောက်ရှိခြင်းမရှိမီ ၎င်းသည် ထောင်ဒဏ် ၂၇ နှစ် ကျခံခဲ့ရသည်။ နယ်လ်ဆင်မန်ဒဲလား၏ ကိုယ်ကျိုးစွန့်မှု၊ စွန့်လွှတ်အနစ်နာခံမှုနှင့် ဒီမိုကရေစီ လွတ်လပ်ခွင့်များ ရရှိရန် နိုင်ငံရေးတွင် မြှုပ်နှံထားမှုတို့သည် ကမ္ဘာတစ်ဝှမ်းရှိ လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်နေကြသူများအားလုံး (အထူးသဖြင့် AAPP) အတွက် လှုံ့ဆော် နိုးကြားမှုဖြစ်စေပါသည်။ မြန်မာနိုင်ငံအတွင်းရှိ နိုင်ငံရေးအကျဉ်းသားများ နှင့် အသားအရောင်ခွဲခြားသော တောင်အမေရိကတိုက်ရှိ နိုင်ငံ‌‌ေရးအကျဉ်းသားများ တူညီသည်မှာ ဒီမိုကရေစီဝါဒ အခြေခံ ထားခြင်းမရှိသော စစ်အစိုးရများလက်ထက်၌ ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် ကောင်းမွန်စွာ ပြုမူဆက်ဆံမှုမခံရခြင်းတို့သည် အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှုရရှိရန်အတွက် ဆက်လက်တိုက်ပွဲဝင်ရန်နှင့် နိုင်ငံသားနှင့် နိုင်ငံရေးအခွင့်အရေးများကို ဆက်လက် ကာကွယ်ရန် တွန်းအားဖြစ်စေပါသည်။ 

ပို၍ခက်ခဲနေသော အခြေအနေများ၊ အချိန်ကာလများ၌ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP)မှ ကမ္ဘာအနှံ့အပြားရှိ နိုင်ငံရေးအကျဉ်းသားများနှင့်ထပ်တူ ရပ်တည်လျက်ရှိသည်။ ယနေ့ကျရောက်သော အပြည်ပြည်ဆိုင်ရာ နယ်လ်ဆင်မန်ဒဲလားနေ့၌ မိမိတို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ နိုင်ငံရေးအကျဉ်းသားများနှင့် ထောင်တွင်းနှင့် ထောင်ပြင်ပမှ တရားရင်ဆိုင်နေကြရသူ စုစုပေါင်း ၄၅၄ ဦးအား လွှတ်ပေးရန် အစိုးရအား တိုက်တွန်းပြီး လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်ကို ကန့်သတ်ထားသော ဒီမိုကရေစီ နည်းမကျသည့် ဥပဒေများကို ပယ်ဖျက်ရန် နှင့် တရားရေး ဝန်ကြီးဌာနကို ပြန်လည် ဖွဲ့စည်းရန် တိုက်တွန်းပါသည်။ ဒီမိုကရေစီနိုင်ငံများတွင် အကျဉ်းထောင်များအား တရားရေးဝန်ကြီးဌာန မှသော်လည်းကောင်း သို့မဟုတ် တရားရေး ဝန်ကြီးဌာန နှင့် ပြည်ထဲရေးဝန်ကြီးဌာနကြား ပူးတွဲ၍သော်လည်းကောင်း အုပ်ချုပ်သည်။ အကျဉ်းဦးစီးဌာနသည် တာဝန်ခံမှု နှင့် အမှီအခိုကင်းမှုများရှိရန် များစွာ လုပ်ဆောင်ရမည်ဖြစ်သည်။ 

လက်ရှိအချိန်တွင်  အကျဉ်းထောင်အခြေအနေများသည် လူဦးရေကျပ်တည်းမှုနှင့်အတူ သန့်ရှင်းမှုအားနည်းခြင်း၊ မလုံလောက်ခြင်းတို့ကြောင့် အရေးပြားရောဂါနှင့် အခြားကူးစက်ရောဂါများကို ပိုမိုကူးစက်လွယ်စေပြီး အကျဉ်းထောင်နှင့်အကျဉ်းသားများ၏ အခြေအနေအား ပိုမိုဆိုးဝါးစေပါသည်။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)မှ အကျဉ်းထောင်တွင်း လူဦးရေကျပ်တည်းနေခြင်းသည် ညှဉ်းပန်းနှိပ်စက်မှု ပုံစံတစ်မျိုးဖြစ်သည်ဟု ယူဆပြီး နာမကျန်းသော အကျဉ်းသားများကို ကုသရန် ဆေးဝန်ထမ်း များ လုံလောက်စွာ မရှိဟု မှတ်ချက်ပြုပါသည်။ အသားအရောင်ခွဲခြားမှုလွန် တောင်အာဖရိကတွင် ၂၀၁၂ ခုနှစ်မှစတင်၍ ဥပဒေပြုပြင်ပြောင်းလဲမှု ကော်မရှင်နှင့်အတူ ပြုပြင်ပြောင်းလဲမူများကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပေသည်။ ြမန်မာနိုင်ငံတွင်လည်း လူ့အခွင့်အရေး၊ ဒီမိုကရေစီရေးမြှင်တင်ရန်နှင့် တရားရေးစနစ် ပြုပြင်ပြောင်းရေးအတွက် အမြန်ဆုံး လုပ်ဆောင်ရန် လိုအပ်လျက်ရှိသည်။

ယနေ့တွင် မိမိတို့သည် နယ်လ်ဆင်မန်ဒဲလားနှင့် ဒီမိုကရေစီအတွက် တိုက်ပွဲဝင်လျက်ရှိသည့် ကမ္ဘာတစ်ဝှမ်းလုံးရှိ နိုင်ငံရေးအကျဉ်းသားများအားလုံးကို အမှတ်ရနေမည်ဖြစ်သည်။ ဒီမိုကရေစီ နှင့် လူ့အခွင့်အရေးကို ကျင့်သုံးခဲ့ခြင်း အတွက် အကျဉ်းကျနေသူများကို မမေ့ပျောက်သင့်ပါ။ အကျဉ်းထောင်အတွင်းတွင်ဖြစ်စေ၊ အကျဉ်းထောင်ပြင်ပတွင် ဖြစ်စေလူ့အခွင့်အရေးသည် တစ်ကမ္ဘာလုံးနှင့်သက်ဆိုင်သည်ကို အစိုးရအနေဖြင့် အသိအမှတ်ပြုရမည်ဖြစ်သည်။ တရားရေး၀န်ကြီးဌာနကို ပြန်လည်ဖွဲ့စည်း ခြင်းသည် မှန်ကန်သော ခြေလှမ်းတစ်ရပ်ဖြစ်သည့်အတွက် အစိုးရအနေဖြင့် အမြန်ဆုံး ဆောင်ရွက်ရန် လိုအပ်ကြောင်းလည်း ထပ်မံ ဆန္ဒပြုတိုက်တွန်းလိုက်ပါသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း

ဆက်သွယ်မေးမြန်းရန်

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း

ဦးတိတ်နိုင် အတွင်းရေးမှူး                      +၉၅() ၉၄၂  ၈၀၂  ၃၈၂၈

ဦးဘိုကြည် တွဲဘက်အတွင်းရေးမှူး             +၉၅() ၉၄၂  ၅၃၀  ၈၈၄၀

ဒေါင်းလော့ရယူရန် Nelson Mendela International Day -final