“ပစ်ပယ်ချိုးနှိမ်ခံများအပါအဝင် အကျဉ်းထောင်ပြုပြင်ပြောင်းလဲရေး” အစီရင်ခံစာမိတ်ဆက်ပွဲဖိတ်ကြားခြင်း
ပစ်ပယ် ချိုးနှိမ်ခံများ အပါအဝင် အကျဥ်းထောင်ပြုပြင်ပြောင်းလဲရေး
အစီအရင်ခံစာ မိတ်ဆက်
ရာစုဝက်နီးပါး မှားယွင်းသော ဖိနှိပ်အုပ်ချုပ်မှုစနစ်ကို ဖြတ်သန်းပြီးနောက် ဒီမိုကရေစီအသွင်ကူးပြောင်းမှု စတင်ဖော်ဆောင်လာချိန်တွင် အဖွဲ့အစည်းများ၏ စံသတ်မှတ်ချက်များ၊ သက်ဝင်လှုပ်ရှားနေသောစနစ်များ  အားလုံးသည် ဒီမိုကရေစီစံချိန်စံနှုန်းများနှင့် လိုက်လျောညီထွေမှုရှိအောင် ပြောင်းလဲရန် ကြိုးစားလာကြပါသည်။
            ထိုသို့ စနစ်များကို ပြောင်းလဲရန်ကြိုးစားရာတွင် အဓိကပွတ်တိုက်မှုဖြစ်နေရသော အကြောင်းအရာမှာ မှားယွင်းသောဖိနှိပ်အုပ်ချုပ်မှုစနစ်များအောက်တွင်  ပြဋ္ဌာန်းထားသည့်ဥပဒေများနှင့် ထိုဥပဒေများကို ကိုင်တွယ် ဆောင်ရွက်နေသော ဗျူရိုကရေစီ ယန္တရား၏ စွဲမြဲနေသော အမူအကျင့်များပင် ဖြစ်ပါသည်။
            အကျဉ်းထောင်များသည် နိုင်ငံတော်၏ လုံခြုံရေးကဏ္ဍတွင် အဓိကကျသည့် Institution ဖြစ်သော်လည်း ပြည်သူလူထုနှင့် ဒီမိုကရေစီအသွင်ပြောင်းလဲရေးကို ဆောင်ရွက်နေသောသူအများစု၏ စိတ်ဝင်စားမှုနယ်ပယ် အပြင်ဘက်သို့ ရောက်နေသည်ကို တွေ့မြင်ရပါသည်။
            ဒီမိုကရေစီအရေး လှုပ်ရှားဆောင်ရွက်နေသူများအနေဖြင့် အကျဉ်းထောင်များကို နိုင်ငံရေးသမားများနှင့်သာ တွဲမြင်တတ်ကြပါသည်။ အကျဉ်းထောင်များအတွင်းရှိ အခြေအနေနှင့် လည်ပတ်နေသောစနစ် တစ်ခုလုံးအား လေ့လာ သိရှိမှု အားနည်းပါသည်။
            ထိုအခြေအနေသည် အကျဉ်းထောင်အား ဒီမိုကရေစီအသွင်ကူးပြောင်းမှုတွင် မပါဝင်ဘဲ သီးခြား Institution တစ်ခုကဲ့သို့ ဖြစ်သွားစေပြီး အကျဉ်းထောင်အတွင်းရှိ အကျဉ်းသားများအတွက် အခြေခံလူ့အခွင့်အရေး အလွယ်တကူ ချိုးဖောက်ခံရသော အခြေအနေကို ဦးတည်သွားစေပါသည်။
            မြန်မာနိုင်ငံ၏ လက်ရှိအကျဉ်းထောင်များတွင် ဒီမိုကရေစီစံနှုန်းနှင့် မကိုက်ညီသော ရာဇဝတ်မှုဥပဒေများဖြင့် ဖမ်းဆီးချုပ်နှောင်ထားသော အကျဉ်းသားအရေအတွက်မှာ အဆမတန် များပြားနေပါသည်။ အကျဉ်းထောင်စနစ်ကို ပြုပြင်ပြောင်းလဲရန်အတွက် အကျဉ်းထောင်အတွင်း ပကတိဖြစ်ပျက်နေသော အခြေအနေများကို သိရှိရန်မှာ အလွန်အရေးကြီးပါသည်။
ဤအစီရင်ခံစာသည် အကျဉ်းထောင်များအတွင်းရှိ ဦးတည်အုပ်စု [KP (Key Population)] များဖြစ်သော မူးယစ်ဆေးဝါး ပုဒ်မများနှင့် ကျခံခဲ့ရသည့် အကျဉ်းသားများ၊ ပြင်ပလူ့အသိုက်အဝန်းတွင်ပင် ထိခိုက်ခံစားလွယ်သောအုပ်စုများအဖြစ် ရှိနေသော လိင်လုပ်သားများ၊ မသန်စွမ်းများ၊ LGBT များ အနေဖြင့် အကျဉ်းထောင်များထဲသို့ အကျဉ်းသား၊ အချုပ်သားများအဖြစ် ရောက်ရှိသောအချိန်တွင် သူတို့၏ တွေ့ကြုံခဲ့ရသော အကျဉ်းထောင်အတွင်း အခြေနေများကို မေးမြန်း၍ စနစ်တကျ ပြုစု ထားခြင်းဖြစ်ပါသည်။ ယခုလေ့လာမှုအရ တွေ့ရှိချက်များကို အကျဉ်းထောင်စနစ် ပြုပြင် ပြောင်းလဲရေး လုပ်ဆောင်ရာတွင် လိုအပ်သော အချက်အလက်များအဖြစ် ထည့်သွင်းစဉ်းစားနိုင်ရန် ရည်ရွယ်၍ ဤစာတမ်းကို ပြုစုတင်ပြလိုက်ပါသည်။
သို့ လေးစားရပါသော လုပ်ဖော်ကိုင်ဖက်များခင်ဗျာ
မိမိတို့နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) နှင့် မဟာမိတ်မြန်မာ (Alliance Myanmar) တို့မှ  မိတ်ဖက်အဖွဲ့အစည်းများနှင့်အတူ ပူးပေါင်း၍ “ပစ်ပယ်ချိုးနှိမ်ခံများအပါအဝင် အကျဉ်းထောင်ပြုပြင်ပြောင်းလဲရေး” အစီရင်ခံစာ စာအုပ်ကို ပူးပေါင်းရေးသားခဲ့ပြီး ၎င်းအစီရင်ခံစာအား မိတ်ဆက် ထုတ်ပြန်မည်ဖြစ်ပါသဖြင့် လူကြီးမင်းများအနေဖြင့် အောက်ဖော်ပြပါ Link တွင် တက်ရောက်ပေးပါရန် လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်။
နေ့ရက်             ။           ။ ဩဂုတ်လ ၄ ရက်နေ့ ၂၀၂၀ ခုနှစ်
အချိန်                ။           ။ နံနက် ၁၀ နာရီမှ နေ့လည် ၁၂ နာရီထိ
Zoom Link။ https://us02web.zoom.us/j/81121574299?pwd=V3pLbGVlZG9yT0d4UjFCdTNwR0V5UT09
o   Meeting ID: 811 2157 4299
o   Passcode: 053721
ဒေါင်းလော့ရယူရန် Concept note and Invitatiion (Bur)
အစည်းအဝေး အစီအစဉ်
  • အဖွင့်အမှာ စကားပြောကြားခြင်း
    • ဦးတိတ်နိုင် (အတွင်းရေးမှူး၊ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း)
    • ဒေါက်တာဦးစိုးနိုင် (အမှုဆောင်ဒါရိုက်တာ၊ မဟာမိတ်မြန်မာ)
  • “ပစ်ပယ် ချိုးနှိမ်ခံများ အပါအဝင် အကျဉ်းထောင်ပြုပြင်ပြောင်းလဲရေး” အစီအရင်ခံစာပါ တွေ့ရှိချက်များအား အသိပေးခြင်း− ဦးရဲအောင်
  • ဦးတည်အုပ်စု [KP (Key Population)]မှ အကျဉ်းထောင်တွင်း အတွေ့အကြုံ သက်သေခံချက်
  • မေးခွန်း အမေး−အဖြေ ကဏ္ဍ
o   Passcode: 053721