ေအေအပီပီ၏ေမလ၂၀၂၀ အတြက္လစဥ္အစီရင္ခံစာႏွင့္ လက္က်န္ႏိုင္ငံေရးအက်ဥ္းသားမ်ားစာရင္းထုတ္ျပန္ခ်က္

တစ်လအတွင်းသုံးသပ်ချက်

မေလအတွင်း စုစုပေါင်း (၂၄) ဦး အမှုဖွင့်၊ တရားစွဲဆိုခြင်းခံခဲ့ရသည်။ ထို (၂၄) ဦးအနက်မှ ရခိုင်ပြည်နယ်၊ မောင်တော၊ တောင်ကုတ်၊ မင်းပြား၊ မြောက်ဦး နှင့် ရသေ့တောင်မြို့နယ်များမှ ဒေသခံ (၁၇) ဦးသည် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂(က)၊(ခ)/၅၀(က)/၅၀(ဈ)၊ တက်ကြွလှုပ်ရှားသူ (၂) ဦးနှင့် ရှေ့နေ (၁) ဦးသည် ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ) နှင့် ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆(ဃ)၊ အလုပ်သမားအရေးလှုပ်ရှားသူ (၄) ဦးသည် ရာဇသတ်ကြီးပုဒ်မ ၃၄၁၊ ၃၅၃၊ ၄၂၇တို့ဖြင့် အမှုဖွင့် တရားစွဲဆိုခြင်းကို ခံခဲ့ရသည်။

မေလအတွင်း စုစုပေါင်း (၈၅) ဦး ဖမ်းဆီးခြင်း ခံခဲ့ရသည်။ ထို ၈၅ ဦးအနက်မှ မောင်းတော၊ တောင်ကုတ်နှင့် ရသေ့တောင်မြို့နယ်များမှ ဒေသခံ (၁၃) ဦးသည် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ၅၂(က)၊(ခ)/၅၀(က)/၅၀(ဈ)၊  တက်ကြွလှုပ်ရှားသူ (၁) ဦးသည် ဆက်သွယ်ရေးဥပဒေ ၆၆(ဃ)နှင့်  ရှေ့နေ (၁) ဦးသည် ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ)၊ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ) တို့ဖြင့် ဖမ်းဆီးခြင်းခံခဲ့ရကာ  ရခိုင်ပြည်နယ်၊ ရသေ့တောင်၊ တောင်ကုတ်၊ အမ်း၊ ပုဏ္ဏားကျွန်း၊ မြောက်ဦးနှင့် ကျောက်ဖြူမြို့နယ်တို့မှ အရပ်သား (၆၅) ဦးနှင့် ရှမ်းပြည်နယ်၊ မူဆယ်မြို့နယ်မှ အရပ်သား (၅) ဦးတို့သည်လည်း အသီးသီး ဖမ်းဆီးခြင်းခံခဲ့ရသည်။

မေလအတွင်း စုစုပေါင်း (၁၀) ဦး ပြစ်ဒဏ် ချမှတ်ခြင်းခံခဲ့ရသည်။ ထို (၁၀) ဦးအနက်မှ အရပ်သား (၁) ဦးသည် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ဥပဒေ ပုဒ်မ ၁၉၊ တက်ကြွလှုပ်ရှားသူ (၁) ဦး သည် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ) ဖြင့် ထောင်ဒဏ် အသီးသီး ချမှတ်ခြင်းခံခဲ့ရပြီး ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်မှ အရပ်သား (၈)ဦးကို စွဲဆိုထား သော စွဲချက်များကို သက်ဆိုင်ရာ တရားရုံးအသီးသီးမှ ရုပ်သိမ်းပေးခဲ့သည်။

မေလအတွင်း စုစုပေါင်း (၇၄) ဦး လွတ်မြောက်ခဲ့သည်။ နိုင်ငံရေးအကျဉ်းသား လေးဦးဖြစ်သော ကိုနေမျိုးဇင်၊ ကိုသိန်းအောင်မြတ်၊ ကိုဘိုစံနှင့် ကိုဝင်းဗိုလ် နှင့် အကျဉ်းထောင်တွင်းမှ တရားရင်ဆိုင်နေကြရသူ နှစ်ဦးဖြစ်သည့် ဦးပြုံးချိုနှင့် ဦးသန်းနိုင်တို့သည် ကျန်းမာရေး ကောင်းမွန်ခြင်းမရှိကြောင်း သိရှိရသည်။ 

ထို့ပြင် မေလအတွင်း ရက္ခိုင့်တပ်တော်(AA)မှ အရပ်သား (၁၀) ဦးကို ဖမ်းဆီးခဲ့ပြီး ထိုအရပ်သား ၁၀ ဦးအပါအဝင်(၁၃) ဦးကို ပြန်လည် လွှတ်ပေးခဲ့သည်။  

လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်

မြန်မာနိုင်ငံတွင်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အခြေအနေသည် ဆက်လက် ဆိုးရွားဆဲဖြစ်ပြီး ထိုအခွင့်အရေးကို ကျင့်သုံးလျက်ရှိသော မည်သူမဆိုသည် ဖိနှိပ်မှုများကို ရင်ဆိုင်နေကြရဆဲဖြစ်သည်။ မေလအတွင်းတွင် လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်ကို ကျင့်သုံးခဲ့ခြင်းအတွက် မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ အောင်သပြေကျေးရွာမှ ဦးရွှေအုန်းသည် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဥပဒေ ပုဒ်မ ၁၉ ဖြင့် အလုပ်နှင့် ထောင်ဒဏ် သုံးလကျခံစေရန် ပြစ်ဒဏ်ချမှတ်ခြင်းခံခဲ့ရသည့်ပြင် ပဲခူးမြို့ခံ တက်ကြွလှုပ်ရှားသူ နှစ်ဦးဖြစ်သော ကိုနိုင်နိုင်အောင် နှင့် ကိုလင်းနိုင်၊ ပြည်သူ့ပါတီမှ ရှေ့နေ ကိုကျော်နိုင်ဝင်း(ခ) စောကျော်နိုင်ဝင်းတို့သုံးဦးသည် ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ)၊ ဆက်သွယ်ရေးဥပဒေ ပုဒ်မ  ၆၆ (ဃ)တို့ဖြင့် အမှုဖွင့်ခြင်းခံခဲ့ရသည်။ ထို့ပြင် ရာဇသတ်ကြီးပုဒ်မ ၅၀၅(က) ဖြင့် ဧရာဝတီတိုင်း ဒေသကြီး၊ မအူပင်မြို့နယ်၌ တရားစွဲဆိုခြင်းခံထားရသော ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင် ကိုဇေယျာလွင်၊ ကိုပိုင်ရဲသူ နှင့် ကိုပိုင်ဖြိုးမင်း (ခ) ဒီရေတို့ကို တစ်နှစ်ကျော်ကြာ တရားစွဲဆိုပြီးနောက် ပထမအကြိမ် ရုံးထုတ်စစ်ဆေးခဲ့သည်။ 

လွတ်လပ်စွာ ထုတ်ဖော်ပြောကြားခွင့်သည် လူသားဖွံ့ဖြိုးမှု၊ ဂုဏ်သိက္ခာ တစ်ကိုယ်ရေဆန္ဒပြည့်ဝမှုနှင့် အမှန်တရား ရှာဖွေ ဖော်ထုတ်မှုများအားလုံးအတွက် အခြေခံဖြစ်ပြီး ဒီမိုကရေစီနှင့် အုပ်ချုပ်မှုစနစ်ကောင်းများ ဖြစ်လာစေရန် တင်ကူး လိုအပ်ချက် ဖြစ်သည်။ ထို့ကြောင့် ဒီမိုစီကျသော အခြေခံအခွင့်အရေးတစ်ခုဖြစ်သည့် လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်များ ဆိတ်သုဉ်းမှု မရှိစေရန်အတွက် မြှင့်တင်ကာကွယ်ပေးရန်မှာ အစိုးရတိုင်းတွင် တာဝန်ရှိသည်။ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်ကို ဟန့်တားနေသမျှ ကာလပတ်လုံး ဒီမိုကရေစီအရေး၊ အသွင်ကူးပြောင်းရေးတို့မှ နောက်ကြောင်းပြန်ဆုတ်စေ မည် ဖြစ်သည်။ သို့ဖြစ်၍ အစိုးရမှ ထိခိုက်လွယ်သော အနေအထားတွင်ရှိနေသည့် ထိုအခွင့်အရေးကို ကာကွယ် မြှင့်တင်၍ နိုင်ငံသားများ၏ အခြေခံလွတ်လပ်ခွင့်ကို ဖော်ဆောင်မှု ပြုပေးပါရန် တိုက်တွန်းအပ်ပါသည်။ 

အာဏာရှိသူများမှ ကျူးလွန်သော လူ့အခွင့်အရေးချိုးဖောက်မှုများ

မည်သည့်အာဏာပိုင်အဖွဲ့အစည်းမဆို ဥပဒေကို ချိုးဖောက်၍ လုပ်ပိုင်ခွင့်ကို အသုံးချကာ အရပ်သားများအပေါ် ဖိနှိပ်ခြင်း သည် လက်ခံနိုင်ဖွယ်မရှိသော အခြင်းအရာတစ်ရပ်ဖြစ်သည်။ ထို့ကြောင့် ကျူးလွန်သူများကို ထိရောက်စွာ အရေးယူရမည် ဖြစ်သည်။ မေလအတွင်းတွင် ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ်၊ ပြင်ရွာကျန်းမာရေးစစ်ဆေးရေးဂိတ်တွင် ကူညီစစ်ဆေးပေးနေ သော ကိုတင်အောင်မိုးကို ပြင်ရွာရဲကင်းမှူး ဒုရဲအုပ်မြတ်ကိုမှ ဓာတ်မီးဖြင့် ရိုက်နှက်ခြင်း၊ လက်သီးနှင့်ထိုးခြင်းများ ပြုလုပ်ခဲ့သည်။ ထိုရိုက်နှက်ခဲ့မှုနှင့်ပတ်သက်ပြီး စုံခုံဖွဲ့ စစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။ ထိုကဲ့သို့ အရေးယူဆောင်ရွက် ခြင်းကို နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)မှ ကြိုဆိုပါသည်။ မည်သည့် အာဏာပိုင် အဖွဲ့အစည်းမဆို လူ့ဂုဏ်သိက္ခာနှင့် လူ့အခွင့်အရေးကို လေးစား လိုက်နာရမည်ဖြစ်သည်။ ထို့ကြောင့် နောင်တွင်  အလားတူသော ချိုးဖောက်မှုများ ထပ်မံဖြစ်ပွားမှုမရှိစေရန် ကြပ်မတ်စွာ ကိုင်တွယ်ဆောင်ရွက်ရန်လည်း တိုက်တွန်း အပ်ပါ သည်။ 

သတင်းမီဒီယာလွတ်လပ်ခွင့်

မေလ ၃ ရက်နေ့သည် ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ဖြစ်သည်။ သို့သော်လည်း မြန်မာနိုင်ငံအတွင်းရှိ သတင်းသမားများ သည် ဆက်လက်၍ ဟန့်တားမှုများ၊ ဖိနှိပ်မှုများကို ရင်ဆိုင်နေကြရဆဲဖြစ်သည်။ အထူးသဖြင့် တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကြားဖြစ်ပွားလျက်ရှိသော ပဋိပက္ခများနှင့်ပတ်သက်သော သတင်းများကို ရေးသားဖော်ပြရာတွင် ဖြစ် သည်။ တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်တွင် ဒေသအခြေစိုက် သတင်း မီဒီယာများမှ သတင်းထောက်များအပါအဝင် ပြည်တွင်း၊ ပြည်ပမီဒီယာတို့တွင် လုပ်ကိုင်နေကြသော သတင်းထောက်များပါ သတင်းရယူရေးတွင် အခက်အခဲရှိလာနေသည်။ အထူးသဖြင့် တိုက်ပွဲဧရိယာဖြစ်သည့် ရခိုင်ပြည်နယ်မြောက်ပိုင်းမှ သတင်း များရေးသားသည့်အခါတွင် အစိုးရ အဖွဲ့အပါအဝင် ဌာနဆိုင်ရာများမှ ဖြေကြားမှုမရှိသည့်အတွက်ကြောင့် ဒေသအခြေစိုက် သတင်းမီဒီယာ များသည် သတင်းရယူရေးအပိုင်းတွင် ပိုမို အခက်အခဲရှိနေကြသည်။

လူမှုကွန်ရက်စာမျက်နှာတွင် ပြည်သူများ    အထိတ်တလန့်ဖြစ်စေရန် သတင်းအမှားတင်သည်ဟုဆိုကာ မေလအတွင်းတွင် ကရင်ပြည်နယ်အခြေစိုက် ဒဲ့ပြောသတင်း၊ ဒဲ့ပြောအွန်လိုင်းမီဒီယာနှင့်သတင်းစာမျက်နှာ တာဝန်ခံ ဦးဇော်ရဲထက် (ခ) ဦးဇော်မင်းဦးသည် ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (ခ) ဖြင့်   ထောင်ဒဏ် နှစ် နှစ် ချမှတ်ခြင်းခံခဲ့ရသည်။ ဦးဇော်ရဲထက်မှ ၎င်းတာဝန်ယူထားသည့် “ဒဲ့ပြော” လူမှုကွန်ယက်စာမျက်နှာတွင် သတင်းရေးသား ထုတ်လွှင့်ခဲ့ခြင်းဖြစ်ပြီး အဆိုပါသတင်း မှားယွင်းကြောင်း ယင်းနေ့ ည ၈ နာရီ ၄၈ မိနစ်အချိန်တွင် စာဖတ်သူများအား ပြန်လည်တောင်းပန်ကြောင်း ရေးသားဖော်ပြလွှင့်တင်ခဲ့သည်။

သတင်းမီဒီယာသမားများကို သတင်းမီဒီယာ ဥပဒေဖြင့် တရားစွဲဆိုခြင်းမရှိဘဲ ထောင်ဒဏ် နှစ်ရှည် ချမှတ်နိုင်သော ဖိနှိပ်ထားသော ဥပဒေဖြင့် တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခြင်းသည် ဖြစ်သင့်ခြင်းမရှိပါ။ ထိုအခြင်းအရာသည် သတင်းမီဒီယာကဏ္ဍကို ထိခိုက်မှုဖြစ်စေပါသည်။ လွတ်လပ်သော ဒီမိုကရေစီ၌ လွတ်လပ်သော သတင်းမီဒီယာရှိရမည်ဖြစ်သည်။ ထို့ကြောင့် အစိုးရမှ လွတ်လပ်၍ အမှီအခိုကင်းသော သတင်းမီဒီယာကဏ္ဍကို ဖော်ဆောင်မှုပြုပေးပြီး သတင်းမီဒီယာ သမားများအတွက် တရားမျှတမှုကို ဖော်ဆောင်မှုပြုပေးပါရန် တိုက်တွန်း အပ်ပါသည်။ 

အကျဉ်းထောင်တွင်းအခြေအနေများ

အကျဉ်းထောင်တွင်းအခြေအနေများတွင် အကျဉ်းထောင်တွင်း၌ အကျဉ်းသားဦးရေ ပြည့်သိပ်နေခြင်းအပါအဝင် ထိခိုက် လွယ်သော အခြေအနေများအောက်တွင် ဆက်လက်ရှိနေဆဲဖြစ်သည်။ မေလအတွင်းတွင် ပဲခူးအကျဉ်းထောင်၌ အကျဉ်းသား ၁၀ ဦးအဖွဲ့နှင့် အကျဉ်းသား လေးဦး အဖွဲ့တို့ ခိုက်ရန်ဖြစ်ပွားခဲ့ကြပြီး သံချွန်များဖြင့် ထိုးနှက်ခြင်းခံရ၍ အကျဉ်းသား နှစ်ဦး ဒဏ်ရာရရှိခဲ့သည်။ ၎င်းဖြစ်စဉ်တွင် အဓိကတာဝန်ရှိသူမှာ  အကျဉ်းထောင်ဝန်ထမ်းများသာ ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး လွှတ်တော် မဲဆန္ဒနယ်အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညွန့်ရွှေမှ ပြောကြားခဲ့သည်။ အကျဉ်းသားများ၌ အန္တရာယ်ဖြစ်စေသော ပစ္စည်းကိရိယာများ လက်ဝယ်ရှိနေခြင်း၊ အုပ်စုဖွဲ့၍ ခိုက်ရန်ဖြစ်ပွားခြင်းများသည် အကျဉ်းထောင် တွင်း အခြေအနေများအား ထုတ်ဖော်ပြသလျက်ရှိပြီး အကျဉ်းထောင်တွင်း စီမံခန့်ခွဲမှု၌ လျော့လျဲ အားနည်းမှုများရှိနေသည်ကို ထင်ရှားစွာပြသလျက်ရှိသည်။ ထို့ပြင် အကျဉ်းသားများ၏ လုံခြုံရေးသည်လည်း စိုးရိမ်ဖွယ်ရာဖြစ်ပြီး လာဘ်ပေးလာဘ်ယူမှု များ ရှိ၊မရှိ ဆိုသည်မှာလည်း သံသယဖြစ်ဖွယ်ဖြစ်သည်။ ထို့ကြောင့် အကျဉ်းထောင်တွင်း အခြေအနေများကို အမြန်ဆုံး စစ်ဆေး၍ အရေးယူဆောင်ရွက်မှုများပြုလုပ်ပြီး ထပ်မံဖြစ်ပွားမှုများ မရှိစေရန်လည်း ဆောင်ရွက်မှုများ ပြုလုပ်ပေးပါရန် တိုက်တွန်းအပ်ပါ သည်။

တိုင်းရင်းသားဒေသများတွင် ဖြစ်ပွားလျှက်ရှိသော ပဋိပက္ခများ၏ အကျိုးဆက်များ

မေလအတွင်းတွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ကြား ဖြစ်ပွားလျက်ရှိသော လက်နက်ကိုင်တိုက်ပွဲများသည် လျော့ကျသွားခြင်းမရှိဘဲ  ဆက်လက် ပြင်းထန်ဆဲဖြစ်ပြီး လူ့အခွင့်အရေးချိုးဖောက်မှုများသည်လည်း ဆိုးရွားစွာ ဆက်လက် ဖြစ်ပွားဆဲဖြစ်သည်။ မေလတစ်လအတွင်း ရခိုင်ပြည်နယ် တစ်ပြည်နယ်တည်းအတွင်း၌ပင် ဒေသခံ (၇၆) ဦး ဖမ်းဆီး၊ ထိန်းသိမ်းခြင်းကို ခံခဲ့ရသည်။ ထိုဒေသခံ (၇၆) ဦးအနက်မှ (၅၇) ဦးကို ပြန်လည် လွှတ်ပေးခဲ့သော်လည်း (၁၉) ဦးကို ဆက်လက် ဖမ်းဆီး၊ထိန်းသိမ်းထား ဆဲဖြစ်သည်။ ထို့ပြင် ညှဉ်းပန်းနှိပ်စက်မှုများ ဆက်လက်ရှိနေဆဲသည်လည်း အလွန်အမင်း စိုးရိမ်ဖွယ်ရာ အခြေအနေ တစ်ရပ်ဖြစ်သည်။  စစ်ရေယာဉ်ပေါ်တွင် တပ်မတော်သားများမှ ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်း မြို့နယ်မှ အရပ်သား ငါးဦးကို ထိုးကြိတ်၊ ကန်ကျောက်၍ နှိပ်စက်မေးမြန်းထားသည့် ရုပ်သံဖိုင်သည် မှန်ကန်ပြီး နှိပ်စက် စစ်ဆေးခဲ့သည့် လုံခြုံရေး တပ်ဖွဲ့ဝင်များကို စစ်စည်းကမ်းဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဟု တပ်မတော်မှ ထုတ်ပြန် ခဲ့သည်။ 

လက်နက်ကိုင်တိုက်ပွဲများ ဖြစ်ပွားရာ ဒေသများအတွင်း လူသားချင်းစာနာထောက်ထားမှုကို ဆန့်ကျင်သော ညှဉ်းပန်းနှိပ်စက် ခြင်းများသည် စစ်ရာဇဝတ်မှုဖြစ်သည်။ ကမ္ဘာ့ကုလသမဂ္ဂ၏ ဥပဒေကို ကြပ်မတ်ထိန်းသိမ်းသူများ စောင့်ထိန်းရမည့် ကျင့်ဝတ် များ အပိုဒ် (၂) နှင့် (၅)မည်သည့်ပုံစံဖြင့်မဆို ထိန်းသိမ်းထားမှု သို့မဟုတ် အကျဉ်းကျနေမှုများအောက်တွင် ရှိနေသူများကို ကာကွယ်ရန်အတွက် ဥပဒေသများ အပိုဒ် (၆) တို့တွင် ညှဉ်းပန်းနှိပ်စက်မှုမှ ကာကွယ်မှုပေးထားသည်။ သို့သော်လည်း မြန်မာနိုင်ငံတွင်း နှစ်ဘက်လက်နက်ကိုင် တပ်ဖွဲ့များ၏ စစ်ရေးပဋိပက္ခများကို အဆုံးသတ်နိုင်ခြင်းမရှိခြင်းသည် ထိုချိုးဖောက် မှုများ ဆက်လက် ဖြစ်ပွားလျက်ရှိနေဦးမည်ကို ဖော်ညွှန်းပြသနေသည်။ 

ထို့ပြင် မေလအတွင်း လက်နက်ကိုင်ပဋိပက္ခများ၏ အကျိုးဆက်ကြောင့် အရပ်သားများ သေဆုံး၊ ထိခိုက်၊ဒဏ်ရာ ရရှိခဲ့ခြင်း သည်လည်း အလွန်အမင်းစိုးရိမ်ဖွယ်ရာဖြစ်သည်။  အောက်တွင် ဖော်ပြထားသော ဖြစ်စဉ်များမှလည်း ဖော်ထုတ် ပြသလျက်ရှိ သည်။ 

ကျည်ထိမှန်၍ သေဆုံး/ဒဏ်ရာရရှိမှုများ 

  • ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ရခိုင်ပြည်နယ်၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင် နှင့် မင်းပြားမြို့နယ်များတွင် ပစ်ခတ်မှုများကြောင့် ကလေးငယ် လေးဦး အပါအဝင် (၁၇) ဦး ကျည်ထိမှန် ဒဏ်ရာ ရရှိခဲ့ပြီး အရပ်သား တစ်ဦး သေဆုံးခဲ့သည်။  

လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ခြင်းကြောင့် သေဆုံး/ဒဏ်ရာရရှိမှုများ

  • ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ရခိုင်ပြည်နယ် ကျောက်တော်၊ ရသေ့တောင်၊ ဘူးသီးတောင် နှင့် မြောက်ဦးမြို့နယ် များတွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ခြင်းကြောင့် ကလေးငယ် လေးဦး အပါအဝင် (၁၃) ဦး ထိခိုက် ဒဏ်ရာရရှိခဲ့သည်။ 

ဗုံးပေါက်ကွဲခဲ့ခြင်းကြောင့် သေဆုံး/ဒဏ်ရာရရှိမှုများ

  • ဗုံးပေါက်ကွဲခဲ့ခြင်းကြောင့် ရခိုင်ပြည်နယ်၊ ရသေ့တောင်၊ မောင်တော၊ ကျောက်တော်၊ ဘူးသီးတောင်၊ မြေပုံ နှင့် မင်းပြား မြို့နယ်များတွင် ကလေးငယ် နှစ်ဦး အပါအဝင် ငါးဦး သေဆုံးခဲ့ပြီး ကလေးငယ် တစ်ဦး အပါအဝင် သုံးဦး ထိခိုက် ဒဏ်ရာရရှိခဲ့သည်။

မြေမြှပ်မိုင်းပေါက်ကွဲခဲ့ခြင်းကြောင့် သေဆုံး/ဒဏ်ရာရရှိမှုများ

  • မြေမြှပ်မိုင်းပေါက်ကွဲခဲ့ခြင်းကြောင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ရခိုင်ပြည်နယ်၊ ကျောက်တော် နှင့် ပုဏ္ဏားကျွန်း မြို့နယ်များတွင် အရပ်သား နှစ်ဦး သေဆုံးခဲ့ပြီး သုံး ဦး ထိခိုက် ဒဏ်ရာရရှိခဲ့သည်။  တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ် တွင် အရပ်သား တစ်ဦး၊ မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် အရပ်သား တစ်ဦး ထိခိုက် ဒဏ်ရာရရှိခဲ့သည်။ 

အစိုးရမှ လူ့အခွင့်အရေးကို လေးစားလိုက်နာမှုရှိမရှိဆိုသည်ကို လူ့အခွင့်အရေးစံချိန်စံနှုန်းကို လေးစား လိုက်နာခြင်း၊ လူ့အခွင့်အရေးချိုးဖောက်မှုများ မရှိစေရန် ကာကွယ်မှုပေးခြင်းနှင့် နိုင်ငံသားတိုင်း ဂုဏ်သိက္ခာရှိစွာ ရှင်သန်နိုင်ရန် အစိုးရမှ လိုအပ်သည်များကို ဖြည့်ဆည်းပေးခြင်း တို့ဖြင့် တိုင်းတာလေ့ရှိသည်။ ထို့ကြောင့် အရပ်သားများ ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခံရခြင်းများ၊ ညှဉ်းပန်းနှိပ်စက်ခံရခြင်းများ၊ သေဆုံး၊ ဒဏ်ရာရရှိခြင်းများ စသည်တို့ကို အဆုံးသတ်ရန်အတွက် အစိုးရ၊ တပ်မတော်နှင့် လက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် ငြိမ်းချမ်းရေးလမ်းစဉ်ကို အမြန်ဆုံးအကောင်အထည် ဆောင်ရွက်ပေး ပါရန် တိုက်တွန်းအပ်ပါသည်။

တလအတွင်းသုံးသပ်ချက်နှင့်သတင်းစုစည်းမှုဒေါင်းလော့ရယူရန် Burmese MiR and Chronology

လက်ကျန်နိုင်ငံရေးအကျဉ်းသားစာရင်းဒေါင်းလော့ရယူရန် 41 Remaining PP list (Updated 31 May 2020) Burmese

အမှုရင်ဆိုင်ဆဲစာရင်းဒေါင်းလော့ရယူရန် 551 Facing Trial List (Burmese)Updated on 31 May 20

၆၆(ဃ) စာရင်းဒေါင်းလော့ရယူရန် 66 (D) total list(new) Updated

ဆက်သွယ်မေးမြန်းရန်

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း

တိတ်နိုင် အတွင်းရေးမှူး                        +၉၅() ၉၄၂  ၈၀၂  ၃၈၂၈

ဘိုကြည် တွဲဘက်အတွင်းရေးမှူး             +၉၅() ၉၄၂  ၅၃၀  ၈၈၄၀

အောင်မျိုးကျော် ရန်ကုန်ရုံးတာဝန်ခံ         +၉၅() ၉၄၂  ၈၁၁  ၇၃၄၈ 

တစ္လအတြင္းသုံးသပ္ခ်က္
ေမလအတြင္း စုစုေပါင္း (၂၄) ဦး အမႈဖြင့္၊ တရားစြဲဆိုျခင္းခံခဲ့ရသည္။ ထို (၂၄) ဦးအနက္မွ ရခိုင္ျပည္နယ္၊ ေမာင္ေတာ၊ ေတာင္ကုတ္၊ မင္းျပား၊ ေျမာက္ဦး ႏွင့္ ရေသ့ေတာင္ၿမိဳ႕နယ္မ်ားမွ ေဒသခံ (၁၇) ဦးသည္ အၾကမ္းဖက္မႈတိုက္ဖ်က္ေရးဥပေဒ ပုဒ္မ ၅၂(က)၊(ခ)/၅၀(က)/၅၀(ဈ)၊ တက္ႂကြလႈပ္ရွားသူ (၂) ဦးႏွင့္ ေရွ႕ေန (၁) ဦးသည္ ရာဇသတ္ႀကီးပုဒ္မ ၅၀၅(ခ) ႏွင့္ ဆက္သြယ္ေရး ဥပေဒ ပုဒ္မ ၆၆(ဃ)၊ အလုပ္သမားအေရးလႈပ္ရွားသူ (၄) ဦးသည္ ရာဇသတ္ႀကီးပုဒ္မ ၃၄၁၊ ၃၅၃၊ ၄၂၇တို႔ျဖင့္ အမႈဖြင့္ တရားစြဲဆိုျခင္းကို ခံခဲ့ရသည္။
ေမလအတြင္း စုစုေပါင္း (၈၅) ဦး ဖမ္းဆီးျခင္း ခံခဲ့ရသည္။ ထို ၈၅ ဦးအနက္မွ ေမာင္းေတာ၊ ေတာင္ကုတ္ႏွင့္ ရေသ့ေတာင္ၿမိဳ႕နယ္မ်ားမွ ေဒသခံ (၁၃) ဦးသည္ အၾကမ္းဖက္မႈတိုက္ဖ်က္ေရးဥပေဒ ၅၂(က)၊(ခ)/၅၀(က)/၅၀(ဈ)၊ တက္ႂကြလႈပ္ရွားသူ (၁) ဦးသည္ ဆက္သြယ္ေရးဥပေဒ ၆၆(ဃ)ႏွင့္ ေရွ႕ေန (၁) ဦးသည္ ရာဇသတ္ႀကီးပုဒ္မ ၅၀၅(ခ)၊ ဆက္သြယ္ေရးဥပေဒ ပုဒ္မ ၆၆(ဃ) တို႔ျဖင့္ ဖမ္းဆီးျခင္းခံခဲ့ရကာ ရခိုင္ျပည္နယ္၊ ရေသ့ေတာင္၊ ေတာင္ကုတ္၊ အမ္း၊ ပုဏၰားကြၽန္း၊ ေျမာက္ဦးႏွင့္ ေက်ာက္ျဖဴၿမိဳ႕နယ္တို႔မွ အရပ္သား (၆၅) ဦးႏွင့္ ရွမ္းျပည္နယ္၊ မူဆယ္ၿမိဳ႕နယ္မွ အရပ္သား (၅) ဦးတို႔သည္လည္း အသီးသီး ဖမ္းဆီးျခင္းခံခဲ့ရသည္။
ေမလအတြင္း စုစုေပါင္း (၁၀) ဦး ျပစ္ဒဏ္ ခ်မွတ္ျခင္းခံခဲ့ရသည္။ ထို (၁၀) ဦးအနက္မွ အရပ္သား (၁) ဦးသည္ ၿငိမ္းခ်မ္းစြာ စုေဝးခြင့္ႏွင့္ ၿငိမ္းခ်မ္းစြာ စီတန္းလွည့္လည္ခြင့္ ဥပေဒ ပုဒ္မ ၁၉၊ တက္ႂကြလႈပ္ရွားသူ (၁) ဦး သည္ ဆက္သြယ္ေရးဥပေဒ ပုဒ္မ ၆၆(ဃ) ျဖင့္ ေထာင္ဒဏ္ အသီးသီး ခ်မွတ္ျခင္းခံခဲ့ရၿပီး ရခိုင္ျပည္နယ္၊ ရေသ့ေတာင္ၿမိဳ႕နယ္မွ အရပ္သား (၈)ဦးကို စြဲဆိုထား ေသာ စြဲခ်က္မ်ားကို သက္ဆိုင္ရာ တရား႐ုံးအသီးသီးမွ ႐ုပ္သိမ္းေပးခဲ့သည္။
ေမလအတြင္း စုစုေပါင္း (၇၄) ဦး လြတ္ေျမာက္ခဲ့သည္။ ႏိုင္ငံေရးအက်ဥ္းသား ေလးဦးျဖစ္ေသာ ကိုေနမ်ိဳးဇင္၊ ကိုသိန္းေအာင္ျမတ္၊ ကိုဘိုစံႏွင့္ ကိုဝင္းဗိုလ္ ႏွင့္ အက်ဥ္းေထာင္တြင္းမွ တရားရင္ဆိုင္ေနၾကရသူ ႏွစ္ဦးျဖစ္သည့္ ဦးၿပဳံးခ်ိဳႏွင့္ ဦးသန္းႏိုင္တို႔သည္ က်န္းမာေရး ေကာင္းမြန္ျခင္းမရွိေၾကာင္း သိရွိရသည္။

ထို႔ျပင္ ေမလအတြင္း ရကၡိဳင့္တပ္ေတာ္(AA)မွ အရပ္သား (၁၀) ဦးကို ဖမ္းဆီးခဲ့ၿပီး ထိုအရပ္သား ၁၀ ဦးအပါအဝင္(၁၃) ဦးကို ျပန္လည္ လႊတ္ေပးခဲ့သည္။
လြတ္လပ္စြာ ထုတ္ေဖာ္ေျပာဆိုခြင့္
ျမန္မာႏိုင္ငံတြင္း လြတ္လပ္စြာ ထုတ္ေဖာ္ေျပာဆိုခြင့္အေျခအေနသည္ ဆက္လက္ ဆိုး႐ြားဆဲျဖစ္ၿပီး ထိုအခြင့္အေရးကို က်င့္သုံးလ်က္ရွိေသာ မည္သူမဆိုသည္ ဖိႏွိပ္မႈမ်ားကို ရင္ဆိုင္ေနၾကရဆဲျဖစ္သည္။ ေမလအတြင္းတြင္ လြတ္လပ္စြာ ထုတ္ေဖာ္ ေျပာဆိုခြင့္ကို က်င့္သုံးခဲ့ျခင္းအတြက္ မႏၲေလးတိုင္းေဒသႀကီး၊ ပုသိမ္ႀကီးၿမိဳ႕နယ္၊ ေအာင္သေျပေက်း႐ြာမွ ဦးေ႐ႊအုန္းသည္ ၿငိမ္းခ်မ္းစြာ စုေဝးခြင့္ႏွင့္ ၿငိမ္းခ်မ္းစြာ စီတန္းလွည့္လည္ခြင့္ဥပေဒ ပုဒ္မ ၁၉ ျဖင့္ အလုပ္ႏွင့္ ေထာင္ဒဏ္ သုံးလက်ခံေစရန္ ျပစ္ဒဏ္ခ်မွတ္ျခင္းခံခဲ့ရသည့္ျပင္ ပဲခူးၿမိဳ႕ခံ တက္ႂကြလႈပ္ရွားသူ ႏွစ္ဦးျဖစ္ေသာ ကိုႏိုင္ႏိုင္ေအာင္ ႏွင့္ ကိုလင္းႏိုင္၊ ျပည္သူ႔ပါတီမွ ေရွ႕ေန ကိုေက်ာ္ႏိုင္ဝင္း(ခ) ေစာေက်ာ္ႏိုင္ဝင္းတို႔သုံးဦးသည္ ရာဇသတ္ႀကီးပုဒ္မ ၅၀၅(ခ)၊ ဆက္သြယ္ေရးဥပေဒ ပုဒ္မ ၆၆ (ဃ)တို႔ျဖင့္ အမႈဖြင့္ျခင္းခံခဲ့ရသည္။ ထို႔ျပင္ ရာဇသတ္ႀကီးပုဒ္မ ၅၀၅(က) ျဖင့္ ဧရာဝတီတိုင္း ေဒသႀကီး၊ မအူပင္ၿမိဳ႕နယ္၌ တရားစြဲဆိုျခင္းခံထားရေသာ ေဒါင္းတို႔မ်ိဳးဆက္ သံခ်ပ္အဖြဲ႕ဝင္ ကိုေဇယ်ာလြင္၊ ကိုပိုင္ရဲသူ ႏွင့္ ကိုပိုင္ၿဖိဳးမင္း (ခ) ဒီေရတို႔ကို တစ္ႏွစ္ေက်ာ္ၾကာ တရားစြဲဆိုၿပီးေနာက္ ပထမအႀကိမ္ ႐ုံးထုတ္စစ္ေဆးခဲ့သည္။
လြတ္လပ္စြာ ထုတ္ေဖာ္ေျပာၾကားခြင့္သည္ လူသားဖြံ႕ၿဖိဳးမႈ၊ ဂုဏ္သိကၡာ တစ္ကိုယ္ေရဆႏၵျပည့္ဝမႈႏွင့္ အမွန္တရား ရွာေဖြ ေဖာ္ထုတ္မႈမ်ားအားလုံးအတြက္ အေျခခံျဖစ္ၿပီး ဒီမိုကေရစီႏွင့္ အုပ္ခ်ဳပ္မႈစနစ္ေကာင္းမ်ား ျဖစ္လာေစရန္ တင္ကူး လိုအပ္ခ်က္ ျဖစ္သည္။ ထို႔ေၾကာင့္ ဒီမိုစီက်ေသာ အေျခခံအခြင့္အေရးတစ္ခုျဖစ္သည့္ လြတ္လပ္စြာ ထုတ္ေဖာ္ ေျပာဆိုခြင့္မ်ား ဆိတ္သုဥ္းမႈ မရွိေစရန္အတြက္ ျမႇင့္တင္ကာကြယ္ေပးရန္မွာ အစိုးရတိုင္းတြင္ တာဝန္ရွိသည္။ လြတ္လပ္စြာ ထုတ္ေဖာ္ ေျပာဆိုခြင့္ကို ဟန႔္တားေနသမွ် ကာလပတ္လုံး ဒီမိုကေရစီအေရး၊ အသြင္ကူးေျပာင္းေရးတို႔မွ ေနာက္ေၾကာင္းျပန္ဆုတ္ေစ မည္ ျဖစ္သည္။ သို႔ျဖစ္၍ အစိုးရမွ ထိခိုက္လြယ္ေသာ အေနအထားတြင္ရွိေနသည့္ ထိုအခြင့္အေရးကို ကာကြယ္ ျမႇင့္တင္၍ ႏိုင္ငံသားမ်ား၏ အေျခခံလြတ္လပ္ခြင့္ကို ေဖာ္ေဆာင္မႈ ျပဳေပးပါရန္ တိုက္တြန္းအပ္ပါသည္။
အာဏာရွိသူမ်ားမွ က်ဴးလြန္ေသာ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈမ်ား
မည္သည့္အာဏာပိုင္အဖြဲ႕အစည္းမဆို ဥပေဒကို ခ်ိဳးေဖာက္၍ လုပ္ပိုင္ခြင့္ကို အသုံးခ်ကာ အရပ္သားမ်ားအေပၚ ဖိႏွိပ္ျခင္း သည္ လက္ခံႏိုင္ဖြယ္မရွိေသာ အျခင္းအရာတစ္ရပ္ျဖစ္သည္။ ထို႔ေၾကာင့္ က်ဴးလြန္သူမ်ားကို ထိေရာက္စြာ အေရးယူရမည္ ျဖစ္သည္။ ေမလအတြင္းတြင္ ဧရာဝတီတိုင္း၊ ေျမာင္းျမၿမိဳ႕နယ္၊ ျပင္႐ြာက်န္းမာေရးစစ္ေဆးေရးဂိတ္တြင္ ကူညီစစ္ေဆးေပးေန ေသာ ကိုတင္ေအာင္မိုးကို ျပင္႐ြာရဲကင္းမႉး ဒုရဲအုပ္ျမတ္ကိုမွ ဓာတ္မီးျဖင့္ ႐ိုက္ႏွက္ျခင္း၊ လက္သီးႏွင့္ထိုးျခင္းမ်ား ျပဳလုပ္ခဲ့သည္။ ထို႐ိုက္ႏွက္ခဲ့မႈႏွင့္ပတ္သက္ၿပီး စုံခုံဖြဲ႕ စစ္ေဆးလ်က္ရွိေၾကာင္း သိရွိရသည္။ ထိုကဲ့သို႔ အေရးယူေဆာင္႐ြက္ ျခင္းကို ႏိုင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္း(AAPP)မွ ႀကိဳဆိုပါသည္။ မည္သည့္ အာဏာပိုင္ အဖြဲ႕အစည္းမဆို လူ႔ဂုဏ္သိကၡာႏွင့္ လူ႔အခြင့္အေရးကို ေလးစား လိုက္နာရမည္ျဖစ္သည္။ ထို႔ေၾကာင့္ ေနာင္တြင္ အလားတူေသာ ခ်ိဳးေဖာက္မႈမ်ား ထပ္မံျဖစ္ပြားမႈမရွိေစရန္ ၾကပ္မတ္စြာ ကိုင္တြယ္ေဆာင္႐ြက္ရန္လည္း တိုက္တြန္း အပ္ပါ သည္။
သတင္းမီဒီယာလြတ္လပ္ခြင့္
ေမလ ၃ ရက္ေန႔သည္ ကမာၻ႔စာနယ္ဇင္းလြတ္လပ္ခြင့္ေန႔ျဖစ္သည္။ သို႔ေသာ္လည္း ျမန္မာႏိုင္ငံအတြင္းရွိ သတင္းသမားမ်ား သည္ ဆက္လက္၍ ဟန႔္တားမႈမ်ား၊ ဖိႏွိပ္မႈမ်ားကို ရင္ဆိုင္ေနၾကရဆဲျဖစ္သည္။ အထူးသျဖင့္ တပ္မေတာ္ႏွင့္ တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕မ်ားၾကားျဖစ္ပြားလ်က္ရွိေသာ ပဋိပကၡမ်ားႏွင့္ပတ္သက္ေသာ သတင္းမ်ားကို ေရးသားေဖာ္ျပရာတြင္ ျဖစ္ သည္။ တပ္မေတာ္ႏွင့္ ရကၡိဳင့္တပ္ေတာ္(AA)တို႔ တိုက္ပြဲျဖစ္ပြားေနသည့္ ရခိုင္ျပည္နယ္တြင္ ေဒသအေျခစိုက္ သတင္း မီဒီယာမ်ားမွ သတင္းေထာက္မ်ားအပါအဝင္ ျပည္တြင္း၊ ျပည္ပမီဒီယာတို႔တြင္ လုပ္ကိုင္ေနၾကေသာ သတင္းေထာက္မ်ားပါ သတင္းရယူေရးတြင္ အခက္အခဲရွိလာေနသည္။ အထူးသျဖင့္ တိုက္ပြဲဧရိယာျဖစ္သည့္ ရခိုင္ျပည္နယ္ေျမာက္ပိုင္းမွ သတင္း မ်ားေရးသားသည့္အခါတြင္ အစိုးရ အဖြဲ႕အပါအဝင္ ဌာနဆိုင္ရာမ်ားမွ ေျဖၾကားမႈမရွိသည့္အတြက္ေၾကာင့္ ေဒသအေျခစိုက္ သတင္းမီဒီယာ မ်ားသည္ သတင္းရယူေရးအပိုင္းတြင္ ပိုမို အခက္အခဲရွိေနၾကသည္။
လူမႈကြန္ရက္စာမ်က္ႏွာတြင္ ျပည္သူမ်ား အထိတ္တလန႔္ျဖစ္ေစရန္ သတင္းအမွားတင္သည္ဟုဆိုကာ ေမလအတြင္းတြင္ ကရင္ျပည္နယ္အေျခစိုက္ ဒဲ့ေျပာသတင္း၊ ဒဲ့ေျပာအြန္လိုင္းမီဒီယာႏွင့္သတင္းစာမ်က္ႏွာ တာဝန္ခံ ဦးေဇာ္ရဲထက္ (ခ) ဦးေဇာ္မင္းဦးသည္ ရာဇသတ္ႀကီး ပုဒ္မ ၅၀၅ (ခ) ျဖင့္ ေထာင္ဒဏ္ ႏွစ္ ႏွစ္ ခ်မွတ္ျခင္းခံခဲ့ရသည္။ ဦးေဇာ္ရဲထက္မွ ၎တာဝန္ယူထားသည့္ “ဒဲ့ေျပာ” လူမႈကြန္ယက္စာမ်က္ႏွာတြင္ သတင္းေရးသား ထုတ္လႊင့္ခဲ့ျခင္းျဖစ္ၿပီး အဆိုပါသတင္း မွားယြင္းေၾကာင္း ယင္းေန႔ ည ၈ နာရီ ၄၈ မိနစ္အခ်ိန္တြင္ စာဖတ္သူမ်ားအား ျပန္လည္ေတာင္းပန္ေၾကာင္း ေရးသားေဖာ္ျပလႊင့္တင္ခဲ့သည္။
သတင္းမီဒီယာသမားမ်ားကို သတင္းမီဒီယာ ဥပေဒျဖင့္ တရားစြဲဆိုျခင္းမရွိဘဲ ေထာင္ဒဏ္ ႏွစ္ရွည္ ခ်မွတ္ႏိုင္ေသာ ဖိႏွိပ္ထားေသာ ဥပေဒျဖင့္ တရားစြဲဆို၊ ျပစ္ဒဏ္ခ်မွတ္ျခင္းသည္ ျဖစ္သင့္ျခင္းမရွိပါ။ ထိုအျခင္းအရာသည္ သတင္းမီဒီယာက႑ကို ထိခိုက္မႈျဖစ္ေစပါသည္။ လြတ္လပ္ေသာ ဒီမိုကေရစီ၌ လြတ္လပ္ေသာ သတင္းမီဒီယာရွိရမည္ျဖစ္သည္။ ထို႔ေၾကာင့္ အစိုးရမွ လြတ္လပ္၍ အမွီအခိုကင္းေသာ သတင္းမီဒီယာက႑ကို ေဖာ္ေဆာင္မႈျပဳေပးၿပီး သတင္းမီဒီယာ သမားမ်ားအတြက္ တရားမွ်တမႈကို ေဖာ္ေဆာင္မႈျပဳေပးပါရန္ တိုက္တြန္း အပ္ပါသည္။

အက်ဥ္းေထာင္တြင္းအေျခအေနမ်ား
အက်ဥ္းေထာင္တြင္းအေျခအေနမ်ားတြင္ အက်ဥ္းေထာင္တြင္း၌ အက်ဥ္းသားဦးေရ ျပည့္သိပ္ေနျခင္းအပါအဝင္ ထိခိုက္ လြယ္ေသာ အေျခအေနမ်ားေအာက္တြင္ ဆက္လက္ရွိေနဆဲျဖစ္သည္။ ေမလအတြင္းတြင္ ပဲခူးအက်ဥ္းေထာင္၌ အက်ဥ္းသား ၁၀ ဦးအဖြဲ႕ႏွင့္ အက်ဥ္းသား ေလးဦး အဖြဲ႕တို႔ ခိုက္ရန္ျဖစ္ပြားခဲ့ၾကၿပီး သံခြၽန္မ်ားျဖင့္ ထိုးႏွက္ျခင္းခံရ၍ အက်ဥ္းသား ႏွစ္ဦး ဒဏ္ရာရရွိခဲ့သည္။ ၎ျဖစ္စဥ္တြင္ အဓိကတာဝန္ရွိသူမွာ အက်ဥ္းေထာင္ဝန္ထမ္းမ်ားသာ ျဖစ္ေၾကာင္း ပဲခူးတိုင္းေဒသႀကီး လႊတ္ေတာ္ မဲဆႏၵနယ္အမွတ္ (၁) တိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္ ဦးၫြန႔္ေ႐ႊမွ ေျပာၾကားခဲ့သည္။ အက်ဥ္းသားမ်ား၌ အႏၲရာယ္ျဖစ္ေစေသာ ပစၥည္းကိရိယာမ်ား လက္ဝယ္ရွိေနျခင္း၊ အုပ္စုဖြဲ႕၍ ခိုက္ရန္ျဖစ္ပြားျခင္းမ်ားသည္ အက်ဥ္းေထာင္ တြင္း အေျခအေနမ်ားအား ထုတ္ေဖာ္ျပသလ်က္ရွိၿပီး အက်ဥ္းေထာင္တြင္း စီမံခန႔္ခြဲမႈ၌ ေလ်ာ့လ်ဲ အားနည္းမႈမ်ားရွိေနသည္ကို ထင္ရွားစြာျပသလ်က္ရွိသည္။ ထို႔ျပင္ အက်ဥ္းသားမ်ား၏ လုံၿခဳံေရးသည္လည္း စိုးရိမ္ဖြယ္ရာျဖစ္ၿပီး လာဘ္ေပးလာဘ္ယူမႈ မ်ား ရွိ၊မရွိ ဆိုသည္မွာလည္း သံသယျဖစ္ဖြယ္ျဖစ္သည္။ ထို႔ေၾကာင့္ အက်ဥ္းေထာင္တြင္း အေျခအေနမ်ားကို အျမန္ဆုံး စစ္ေဆး၍ အေရးယူေဆာင္႐ြက္မႈမ်ားျပဳလုပ္ၿပီး ထပ္မံျဖစ္ပြားမႈမ်ား မရွိေစရန္လည္း ေဆာင္႐ြက္မႈမ်ား ျပဳလုပ္ေပးပါရန္ တိုက္တြန္းအပ္ပါ သည္။
တိုင္းရင္းသားေဒသမ်ားတြင္ ျဖစ္ပြားလွ်က္ရွိေသာ ပဋိပကၡမ်ား၏ အက်ိဳးဆက္မ်ား
ေမလအတြင္းတြင္ တပ္မေတာ္ႏွင့္ ရကၡိဳင့္တပ္ေတာ္ (AA) တို႔ၾကား ျဖစ္ပြားလ်က္ရွိေသာ လက္နက္ကိုင္တိုက္ပြဲမ်ားသည္ ေလ်ာ့က်သြားျခင္းမရွိဘဲ ဆက္လက္ ျပင္းထန္ဆဲျဖစ္ၿပီး လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈမ်ားသည္လည္း ဆိုး႐ြားစြာ ဆက္လက္ ျဖစ္ပြားဆဲျဖစ္သည္။ ေမလတစ္လအတြင္း ရခိုင္ျပည္နယ္ တစ္ျပည္နယ္တည္းအတြင္း၌ပင္ ေဒသခံ (၇၆) ဦး ဖမ္းဆီး၊ ထိန္းသိမ္းျခင္းကို ခံခဲ့ရသည္။ ထိုေဒသခံ (၇၆) ဦးအနက္မွ (၅၇) ဦးကို ျပန္လည္ လႊတ္ေပးခဲ့ေသာ္လည္း (၁၉) ဦးကို ဆက္လက္ ဖမ္းဆီး၊ထိန္းသိမ္းထား ဆဲျဖစ္သည္။ ထို႔ျပင္ ညႇဥ္းပန္းႏွိပ္စက္မႈမ်ား ဆက္လက္ရွိေနဆဲသည္လည္း အလြန္အမင္း စိုးရိမ္ဖြယ္ရာ အေျခအေန တစ္ရပ္ျဖစ္သည္။ စစ္ေရယာဥ္ေပၚတြင္ တပ္မေတာ္သားမ်ားမွ ရခိုင္ျပည္နယ္၊ ပုဏၰားကြၽန္း ၿမိဳ႕နယ္မွ အရပ္သား ငါးဦးကို ထိုးႀကိတ္၊ ကန္ေက်ာက္၍ ႏွိပ္စက္ေမးျမန္းထားသည့္ ႐ုပ္သံဖိုင္သည္ မွန္ကန္ၿပီး ႏွိပ္စက္ စစ္ေဆးခဲ့သည့္ လုံၿခဳံေရး တပ္ဖြဲ႕ဝင္မ်ားကို စစ္စည္းကမ္းဥပေဒအရ အေရးယူ ေဆာင္႐ြက္သြားမည္ဟု တပ္မေတာ္မွ ထုတ္ျပန္ ခဲ့သည္။
လက္နက္ကိုင္တိုက္ပြဲမ်ား ျဖစ္ပြားရာ ေဒသမ်ားအတြင္း လူသားခ်င္းစာနာေထာက္ထားမႈကို ဆန႔္က်င္ေသာ ညႇဥ္းပန္းႏွိပ္စက္ ျခင္းမ်ားသည္ စစ္ရာဇဝတ္မႈျဖစ္သည္။ ကမာၻ႔ကုလသမဂၢ၏ ဥပေဒကို ၾကပ္မတ္ထိန္းသိမ္းသူမ်ား ေစာင့္ထိန္းရမည့္ က်င့္ဝတ္ မ်ား အပိုဒ္ (၂) ႏွင့္ (၅)၊ မည္သည့္ပုံစံျဖင့္မဆို ထိန္းသိမ္းထားမႈ သို႔မဟုတ္ အက်ဥ္းက်ေနမႈမ်ားေအာက္တြင္ ရွိေနသူမ်ားကို ကာကြယ္ရန္အတြက္ ဥပေဒသမ်ား အပိုဒ္ (၆) တို႔တြင္ ညႇဥ္းပန္းႏွိပ္စက္မႈမွ ကာကြယ္မႈေပးထားသည္။ သို႔ေသာ္လည္း ျမန္မာႏိုင္ငံတြင္း ႏွစ္ဘက္လက္နက္ကိုင္ တပ္ဖြဲ႕မ်ား၏ စစ္ေရးပဋိပကၡမ်ားကို အဆုံးသတ္ႏိုင္ျခင္းမရွိျခင္းသည္ ထိုခ်ိဳးေဖာက္ မႈမ်ား ဆက္လက္ ျဖစ္ပြားလ်က္ရွိေနဦးမည္ကို ေဖာ္ၫႊန္းျပသေနသည္။
ထို႔ျပင္ ေမလအတြင္း လက္နက္ကိုင္ပဋိပကၡမ်ား၏ အက်ိဳးဆက္ေၾကာင့္ အရပ္သားမ်ား ေသဆုံး၊ ထိခိုက္၊ဒဏ္ရာ ရရွိခဲ့ျခင္း သည္လည္း အလြန္အမင္းစိုးရိမ္ဖြယ္ရာျဖစ္သည္။ ေအာက္တြင္ ေဖာ္ျပထားေသာ ျဖစ္စဥ္မ်ားမွလည္း ေဖာ္ထုတ္ ျပသလ်က္ရွိ သည္။
က်ည္ထိမွန္၍ ေသဆုံး/ဒဏ္ရာရရွိမႈမ်ား
• ခ်င္းျပည္နယ္၊ ပလက္ဝၿမိဳ႕နယ္၊ ရခိုင္ျပည္နယ္၊ ေက်ာက္ေတာ္၊ ပုဏၰားကြၽန္း၊ ရေသ့ေတာင္၊ ဘူးသီးေတာင္ ႏွင့္ မင္းျပားၿမိဳ႕နယ္မ်ားတြင္ ပစ္ခတ္မႈမ်ားေၾကာင့္ ကေလးငယ္ ေလးဦး အပါအဝင္ (၁၇) ဦး က်ည္ထိမွန္ ဒဏ္ရာ ရရွိခဲ့ၿပီး အရပ္သား တစ္ဦး ေသဆုံးခဲ့သည္။

လက္နက္ႀကီးက်ည္ က်ေရာက္ေပါက္ကြဲခဲ့ျခင္းေၾကာင့္ ေသဆုံး/ဒဏ္ရာရရွိမႈမ်ား
• ခ်င္းျပည္နယ္၊ ပလက္ဝၿမိဳ႕နယ္၊ ရခိုင္ျပည္နယ္ ေက်ာက္ေတာ္၊ ရေသ့ေတာင္၊ ဘူးသီးေတာင္ ႏွင့္ ေျမာက္ဦးၿမိဳ႕နယ္ မ်ားတြင္ လက္နက္ႀကီးက်ည္ က်ေရာက္ေပါက္ကြဲခဲ့ျခင္းေၾကာင့္ ကေလးငယ္ ေလးဦး အပါအဝင္ (၁၃) ဦး ထိခိုက္ ဒဏ္ရာရရွိခဲ့သည္။
ဗုံးေပါက္ကြဲခဲ့ျခင္းေၾကာင့္ ေသဆုံး/ဒဏ္ရာရရွိမႈမ်ား
• ဗုံးေပါက္ကြဲခဲ့ျခင္းေၾကာင့္ ရခိုင္ျပည္နယ္၊ ရေသ့ေတာင္၊ ေမာင္ေတာ၊ ေက်ာက္ေတာ္၊ ဘူးသီးေတာင္၊ ေျမပုံ ႏွင့္ မင္းျပား ၿမိဳ႕နယ္မ်ားတြင္ ကေလးငယ္ ႏွစ္ဦး အပါအဝင္ ငါးဦး ေသဆုံးခဲ့ၿပီး ကေလးငယ္ တစ္ဦး အပါအဝင္ သုံးဦး ထိခိုက္ ဒဏ္ရာရရွိခဲ့သည္။
ေျမျမႇပ္မိုင္းေပါက္ကြဲခဲ့ျခင္းေၾကာင့္ ေသဆုံး/ဒဏ္ရာရရွိမႈမ်ား
• ေျမျမႇပ္မိုင္းေပါက္ကြဲခဲ့ျခင္းေၾကာင့္ ခ်င္းျပည္နယ္၊ ပလက္ဝၿမိဳ႕နယ္၊ ရခိုင္ျပည္နယ္၊ ေက်ာက္ေတာ္ ႏွင့္ ပုဏၰားကြၽန္း ၿမိဳ႕နယ္မ်ားတြင္ အရပ္သား ႏွစ္ဦး ေသဆုံးခဲ့ၿပီး သုံး ဦး ထိခိုက္ ဒဏ္ရာရရွိခဲ့သည္။ တနသၤာရီတိုင္း၊ ေရျဖဴၿမိဳ႕နယ္ တြင္ အရပ္သား တစ္ဦး၊ မြန္ျပည္နယ္၊ ေရးၿမိဳ႕နယ္တြင္ အရပ္သား တစ္ဦး ထိခိုက္ ဒဏ္ရာရရွိခဲ့သည္။
အစိုးရမွ လူ႔အခြင့္အေရးကို ေလးစားလိုက္နာမႈရွိမရွိဆိုသည္ကို လူ႔အခြင့္အေရးစံခ်ိန္စံႏႈန္းကို ေလးစား လိုက္နာျခင္း၊ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈမ်ား မရွိေစရန္ ကာကြယ္မႈေပးျခင္းႏွင့္ ႏိုင္ငံသားတိုင္း ဂုဏ္သိကၡာရွိစြာ ရွင္သန္ႏိုင္ရန္ အစိုးရမွ လိုအပ္သည္မ်ားကို ျဖည့္ဆည္းေပးျခင္း တို႔ျဖင့္ တိုင္းတာေလ့ရွိသည္။ ထို႔ေၾကာင့္ အရပ္သားမ်ား ဖမ္းဆီး၊ တရားစြဲဆို၊ ျပစ္ဒဏ္ ခ်မွတ္ခံရျခင္းမ်ား၊ ညႇဥ္းပန္းႏွိပ္စက္ခံရျခင္းမ်ား၊ ေသဆုံး၊ ဒဏ္ရာရရွိျခင္းမ်ား စသည္တို႔ကို အဆုံးသတ္ရန္အတြက္ အစိုးရ၊ တပ္မေတာ္ႏွင့္ လက္နက္ကိုင္အဖြဲ႕အစည္းမ်ားအေနျဖင့္ ၿငိမ္းခ်မ္းေရးလမ္းစဥ္ကို အျမန္ဆုံးအေကာင္အထည္ ေဆာင္႐ြက္ေပး ပါရန္ တိုက္တြန္းအပ္ပါသည္။

ဆက္သြယ္ေမးျမန္းရန္

ႏိုင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္း

တိတ္ႏိုင္ အတြင္းေရးမႉး                        +၉၅(၀) ၉၄၂  ၈၀၂  ၃၈၂၈

ဘိုၾကည္ တြဲဘက္အတြင္းေရးမႉး             +၉၅(၀) ၉၄၂  ၅၃၀  ၈၈၄၀

ေအာင္မ်ိဳးေက်ာ္ ရန္ကုန္႐ုံးတာဝန္ခံ         +၉၅(၀) ၉၄၂  ၈၁၁  ၇၃၄၈