အေအေပီပီမှ ၂၀၂၀ ခုနှစ်၊ မေလ၊ လစဉ်သတင်းလွှာ

ဟောပြောဆွေးနွေးပွဲများပြုလုပ်ခြင်း

ကွာရန်တင်းစင်တာ (၂၀) ခု၌ မိမိကိုယ်ကိုမိမိစောင့်ရှောက်ခြင်းနှင့် စိတ်ဓါတ်ခွန်အား မြှင့်တင်ရေး ဟောပြောပွဲများ ပြုလုပ်ခြင်း

ဆရာမနှင်းပန်းအိမ်မှ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ကွာရန်တင်း စင်တာများ၌ ဟောပြောပို့ချ

ကွာရန်တင်းစင်တာ (COVID-19 ကူးစက်ရောဂါ ထိန်းချုပ်ရေး စင်တာ)များ၌ နေထိုင်နေကြရသော ပြည်သူများ၊ စေတနာ့ ဝန်ထမ်းများနှင့် ကျန်းမာရေးဝန်ထမ်းများ၏ စိတ်ဖိစီးမူများ လျော့ပါးစေရန်နှင့် စိတ်ခွန်အားဖြစ်ပေါ်စေရန်၊ ထိုသူများ COVID-19 ကာကွယ်ရေးနှင့်ပတ်သက်ပြီး ပိုမိုသိရှိနားလည်၍ လိုက်နာကျင့်သုံးစေရန် ရည်ရွယ်၍ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)မှ ဧရာဝတီတိုင်း ဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးအတွင်း၌ မိမိကိုယ်ကိုမိမိ စောင့်ရှောက်ခြင်းနှင့် စိတ်ဓါတ် ခွန်အားမြှင့်တင်ရေးဟောပြော ပွဲများကို ပြုလုပ်ခဲ့သည်။  

အဆိုပါဟောပြောပွဲများတွင် AAPP မှ ဆရာမ နှင်းပန်းအိမ်မှ ဦးဆောင်ဆွေးနွေးခဲ့ပြီး AAPP ရန်ကုန် ရုံးတာဝန်ခံ ဦးအောင်မျိုးကျော်၊ AAPP အဖွဲ့ဝင်များဖြစ်ကြသော ကိုဝဏ္ဏနွယ်၊ ကိုလွင်မိုးမြင့်၊ ကိုခင်မောင်စိုး၊ ကိုခင်မောင်ဝင်း၊ ကိုမောင်မောင်နိုင် နှင့် ကိုသန်းထိုက်ဝင်း တို့မှ ပူးပေါင်း ပါဝင် ကူညီခဲ့သည်။ ဟောပြောပွဲများကို သက်ဆိုင်ရာ ဒေသလွှတ်တော် ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ် ဆရာဝန်ကြီးများ၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီဝင်များ၊ ရင်ခွင်မဲ့ကလေးလျှော့ချရေးအသင်းဝင်များ၊ နိုင်ငံရေး အကျဉ်းသားဟောင်းများ၊ စေတနာ့ဝန်ထမ်းများ၊  ကိုဗစ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကော်မတီဝင်များမှ ပူးပေါင်းဆောင်ရွက် ခဲ့သည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ မေလ ၇ ရက်နေ့မှ မေလ ၁၂ ရက်နေ့အထိ ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော် နှင့် အင်္ဂပူမြို့နယ်များ အတွင်းရှိ COVID-19 ကွာရန်တင်းစင်တာ (၁၅)ခု နှင့်  မေလ ၁၈ ရက်နေ့မှ မေလ ၂၈ ရက်နေ့အထိ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့ နှင့် ဘုရားကြီးမြို့အတွင်းရှိ COVID-19 ကွာရန်တင်းစင်တာ (၅)ခု တို့၌ ကွာရန်တင်းဝင်နေကြသူများ၊ စေတနာ့ဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ အုပ်ချုပ်ရေးအဖွဲ့များ၊ ရဲတပ်ဖွဲ့ဝင် များ နှင့် အခြားသက်ဆိုင်ရာ ဌာနဆိုင်ရာ ဝန်ထမ်းများအတွက် စိတ်ခွန်အားဖြစ်စေမည့် ဟောပြောပွဲများ ပြုလုပ်နိုင်ခဲ့သည်။ မေလအတွင်း၌ ကွာရန်တင်းဝင် လူဦးရေ စုစုပေါင်း (၁၄၄၇) ဦးနှင့် စေတနာ့ဝန်ထမ်းဦးရေ စုစုပေါင်း (၂၇၆) ဦး တို့ကို ဟောပြော ဆွေးနွေးပေးနိုင်ခဲ့သည်။ 

  • ကျုံပျော်မြို့ရှိ ကွာရန်တင်းစင်တာ  (၈) ခု၌ ကွာရန်တင်းဝင် လူဦးရေ (၁၉၀) ဦး နှင့် စေတနာ့ ဝန်ထမ်းဦးရေ (၉၇) ဦး
  • အင်္ဂပူမြို့ရှိ ကွာရန်တင်းစင်တာ (၇) ခု၌ ကွာရန်တင်း ဝင်လူဦးရေ (၃၃၂) ဦးနှင့် စေတနာ့ဝန်ထမ်းဦးရေ (၁၀၃) ဦး
  • ပဲခူးမြို့ရှိ ကွာရန်တင်းစင်တာ (၄) ခု၌ ကွာရန်တင်းဝင် လူဦးရေ (၁၁၁) ဦးနှင့် စေတနာ့ဝန်ထမ်းဦးရေ (၂၀) ဦး
  • ဘုရားကြီးမြို့ရှိ ကွာရန်တင်းစင်တာ (၂) ခု၌ ကွာရန်တင်းဝင်လူဦးရေ (၇၇၂) ဦးနှင့် စေတနာ့ ဝန်ထမ်းဦးရေ (၄၀) ဦး
  • ညောင်လေးပင်မြို့ရှိ ကွာရန်တင်းစင်တာ (၁) ခု၌ ကွာရန်တင်းဝင်လူဦးရေ (၄၂) ဦးနှင့် စေတနာ့ ဝန်ထမ်း ဦးရေ (၁၆) ဦး တို့ကို ဟောပြောဆွေးနွေးခဲ့သည်။

အောက်ပါ ဗီဒီယိုမှတ်တမ်းများကိုလည်း ဝင်ရောက် ကြည့်ရှု လေ့လာနိုင်ပါသည်။  

https://www.facebook.com/hnin.eain.5

https://www.facebook.com/pg/burmapoliticalprisoners/photos/?tab=album&album_id=3111371232255486

https://www.facebook.com/aapp.burma/posts/1972532256214057
https://www.facebook.com/media/set/?set=a.3109117885814154&type=3

https://www.google.com/search?q=AAPP+Counseling+Program&oq=AAPP+Counseling+Program&aqs=chrome..69i57j69i60.150493j0j4&sourceid=chrome&ie=UTF-8

https://www.facebook.com/hnin.eain.5

https://www.facebook.com/pg/burmapoliticalprisoners/photos/?tab=album&album_id=3111371232255486

https://www.facebook.com/aapp.burma/posts/1972532256214057
https://www.facebook.com/media/set/?set=a.3109117885814154&type=3

https://www.google.com/search?q=AAPP+Counseling+Program&oq=AAPP+Counseling+Program&aqs=chrome..69i57j69i60.150493j0j4&sourceid=chrome&ie=UTF-8

သင်တန်းပို့ချခြင်း

အခြေခံလူ့အခွင့်အရေးသင်တန်းကို  အွန်လိုင်းမှတစ်ဆင့် ပို့ချခြင်း

AAPP မှ သင်တန်းနည်းပြ ကိုဝဏ္ဏနွယ်မှ အခြေခံလူ့အခွင့်အရေးသင်တန်းကို အွန်လိုင်းမှတစ်ဆင့် ပို့ချ

မေလအတွင်းတွင် နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း(AAPP)မှ အခြေခံလူ့အခွင့်အရေး သင်တန်း (၄) ခုကို  အွန်လိုင်းမှတစ်ဆင့် ပို့ချပေးခဲ့သည်။ အွန်လိုင်းသင်တန်း အမှတ်စဉ် (၁) နှင့် (၂) ကို မေလ ၆ ရက်နေ့မှ မေလ ၁၃ ရက်နေ့အထိလည်းကောင်း၊ သင်တန်းအမှတ်စဉ် (၃) နှင့် (၄) ကို  မေလ ၁၈ ရက်နေ့မှ မေလ ၂၄ ရက်နေ့အထိ လည်းကောင်း နံနက်ပိုင်းတွင် တစ်ကြိမ်၊ နေ့လည်ပိုင်းတွင် တစ်ကြိမ် ခွဲ၍ ပြုလုပ်ခဲ့သည်။ 

သင်တန်းအမှတ်စဉ် (၁) ၌ သင်တန်းသူ (၁၀) ဦး နှင့် သင်တန်းသား (၁) ဦး၊ စုစုပေါင်း (၁၁) ဦး တက်ရောက်ခဲ့ကြပြီး ၎င်းတို့သည် တိုင်းရင်းသူများအဖွဲ့၊ Key Of The World Mobile Library၊ တအာင်း ကျောင်းသားနှင့် လူငယ်သမဂ္ဂ (TSYU)၊ လူငယ့်စေတမန်စီမံချက်၊ မြန်မာရပ်လူငယ်အဖွဲ့၊ အမျိုးသမီးအဖွဲ့ တို့မှ အဖွဲ့ဝင်များနှင့် စိတ်ပါဝင်စားသူများ ဖြစ်ကြသည်။

သင်တန်းအမှတ်စဉ် (၂) ၌ သင်တန်းသူ (၈) ဦး နှင့် သင်တန်းသား (၂) ဦး၊ စုစုပေါင်း (၁၀) ဦး တို့ တက်ရောက်ခဲ့ကြ ပြီး ၎င်းတို့သည် မုန်းပန်လူငယ်အသင်း၊ မြန်မာရပ်လူငယ်အဖွဲ့၊ ငွေရောင် အနာဂတ် အမျိုးသမီးများအဖွဲ့၊ Golden future (PWDs)၊ ဖွံ့ဖြိုးရေးမဏ္ဍိုင်(LRC)၊  ငြိမ်းချမ်းရေးအထောက်ကူပြု အဖွဲ့(CPS – Community Peace Support) တို့မှ အဖွဲ့ဝင်များ နှင့် အထက (၁) ကျောက်မဲမှ အလယ်တန်းပြဆရာမ၊ ခရစ်ယာန် ဓမ္မဟောဆရာ၊ နမ့်ဆန်မြို့နယ် အလက (ဟိုမိန်း) မှ အလယ်တန်းကျောင်းအုပ် တို့ဖြစ်ကြသည်။ 

သင်တန်းအမှတ်စဉ် (၁) နှင့် (၂) မှ သင်တန်းတက်ရောက်သူများ သည် ကချင်၊ ရှမ်း၊ ဗမာ၊ တအာင်း တိုင်းရင်းသားများ ဖြစ်ကြပြီး  ရှမ်းပြည်နယ်၊ ကျောက်မဲ၊ သီပေါ၊ ရွှေညောင်၊ လားရှိုး၊ မူဆယ် မြို့နယ်များနှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှ ဖြစ်ကြ သည်။ 

သင်တန်းအမှတ်စဉ် (၃) ၌ သင်တန်းသူ (၇) ဦး နှင့် သင်တန်းသား (၃) ဦး၊ စုစုပေါင်း (၁၀) ဦး တက်ရောက်ခဲ့ကြပြီး ၎င်းတို့သည် ငြိမ်းချမ်းရေး အထောက်အကူပြုသုသေသနအဖွဲ့ (Research Implementation Group)၊ ကလေးသူငယ် စောင့်ရှောက်ရေးအဖွဲ့(Early Childhood Care And Development)၊ မြန်မာရပ်လူငယ်၊ ရွှေပုလဲ၊ အရှေ့နာဂ ဖွံ့ဖြိုး တိုးတက်ရေး အဖွဲ့အစည်း(Eastern Naga Development Organization)၊ တအာဝ်းအမျိုးသမီး၊ ကဒူးလူငယ် ဖွံ့ဖြိုး တိုးတက်ရေး အသင်း(KaduYouth Development Association) တို့မှ အဖွဲ့ဝင်များနှင့် စိတ်ပါဝင်စားသူ တို့ ဖြစ်ကြ သည်။ 

သင်တန်းအမှတ်စဉ် (၄) ၌ သင်တန်းသူ (၇) ဦး နှင့် သင်တန်းသား (၁) ဦး၊ စုစုပေါင်း (၈) ဦး တို့ တက်ရောက်ခဲ့ကြပြီး ၎င်းတို့သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၊ တအာင်း ကျောင်းသားနှင့် လူငယ်သမဂ္ဂ(TSYU)၊ ရခိုင်ပြည်နယ်အတွင်းရှိ ချင်းတက္ကသိုလ် ကျောင်းသား/ကျောင်းသူများအဖွဲ့(CUSR)၊ New Myanmar Foundation၊ တအာင်းအမျိုးသမီး အဖွဲ့အစည်း (TWO)တို့မှ အဖွဲ့ဝင်များနှင့် စိတ်ပါဝင်စားသူတို့ ဖြစ်ကြသည်။

သင်တန်းအမှတ်စဉ် (၃) နှင့် (၄) မှ သင်တန်းတက်ရောက်သူများ သည် ကချင်၊ ရှမ်း၊ ဗမာ၊ တအာဝ်း၊ ကဒူး နှင့် နာဂ တိုင်းရင်းသား များဖြစ်ကြပြီး  ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲ ၊သီပေါ၊ လားရှိုး၊ သိန္ဒီ၊ ကွတ်ခိုင် မြို့နယ်များ၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ အင်းတော်မြို့နယ်၊ ပန်ဆောင်မြို့၊ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် နှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှ ဖြစ်ကြသည်။ 

အဆိုပါသင်တန်းများကို AAPP မှ သင်တန်းနည်းပြ ကိုဝဏ္ဏနွယ်မှ ဦးဆောင် ပို့ချပေးခဲ့သည်။ သင်တန်းတွင် အဓိက ဆွေးနွေးပေး သော အကြောင်းအရာများမှာ လူ့အခွင့်အရေး အဓိပ္ပါယ်ဖွင့်ဆို ချက်၊ တာဝန်ယူမှုနှင့် တာဝန်ခံမှု၊ လူ့အခွင့်အရေး သမိုင်းကြောင်း နှင့် အခြေခံအယူအဆ၊ ဂျီနီဗာကွန်ဗင်းရှင်းပါအချက်များ၊ လူ့အခွင့်အရေး နှင့် နိုင်ငံတကာ စာချုပ်စာတမ်းများ ပေါ်ပေါက် လာပုံ အဆင့်ဆင့်နှင့် နိုင်ငံတကာစာချုပ်စာတမ်းများ၊ ခွဲခြား ဆက်ဆံမှု၊ တိုင်တန်းမှုယန္တရား တို့ဖြစ်ကြသည်။

စည်းရုံးလှုံ့ဆော်ခြင်းနှင့် တိုက်တွန်းခြင်း

End of Torture Day Working Group အွန်လိုင်းအစည်းအဝေး ပြုလုပ်ခြင်း
မေလ ၈ ရက်နေ့နှင့် မေလ ၁၂ ရက်နေ့တွင် End of Torture Day Working Group အွန်လိုင်းအစည်းအဝေးကို ပြုလုပ်ခဲ့သည်။ ထိုအစည်းအဝေးကို နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း (AAPP) မှ ကိုကျော်ဦး၊ အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) မှ လွေးပိုးငယ်၊ ဖိုးဒါး၊ Candal၊ AJAR မှ လွေးနွေနှောင်း၊ ND-Burma မှ မစုစုငယ်၊ Vimoteti မှ မခင်မိမိခိုင် တို့တက်ရောက်ခဲ့ကြသည်။

ထောက်ပံ့ကူညီခြင်း

နိုင်ငံရေးအကျဉ်းသားများနှင့် နိုင်ငံရေးအကျဉ်းသားဟောင်းများကို ထောက်ပံ့ကူညီခြင်း

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) မှ အကျဉ်းထောင်တွင်း အကျဉ်းကျနေသည့် နိုင်ငံရေး အကျဉ်းသားများနှင့် စီးပွားရေးအဆင်မပြေသော နိုင်ငံရေး အကျဉ်းသားဟောင်းများကို ဆက်လက် ထောက်ပံ့ ကူညီပေး လျက်ရှိသည်။ မေလအတွင်းတွင် စစ်တွေ၊ သံတွဲ၊ ပုသိမ်၊ မော်လမြိုင်၊ မန္တလေး၊ မြစ်ကြီးနား၊ လားရှိုး အကျဉ်းထောင်များမှ နိုင်ငံရေးအကျဉ်းသား ၂၄ ဦးကို ထောက်ပံ့ ကူညီခဲ့သည်။ 

ထို့ပြင် တောင်ငူ၊ တွံတေး၊ မန္တလေး၊ ရွှေပြည်သာ၊ ကျောက်ကြီး၊ မြဝတီ၊ လပွတ္တာ နှင့် သာကေတ မြို့များမှ အစာအိမ်၊ ကျောက်ကပ်၊ တီဘီ၊ သွေးတိုး၊ နှလုံး၊ လေဖြတ် ရောဂါများနှင့် ခြေထောက်ဒဏ်ရာ စသည့် ဝေဒနာများကို ခံစားနေကြရသည့် နိုင်ငံရေးအကျဉ်းသားဟောင်း ကိုးဦးကို ကျန်းမာရေးအတွက် ထောက်ပံ့ ကူညီခဲ့သည်။  

ထို့ပြင်  ကွယ်လွန်သွားခဲ့သော နိုင်ငံရေးအကျဉ်းသားဟောင်း နှစ်ဦး၏  နာရေးကို ကူညီခဲ့သည်။ 

၎င်းပြင် ၂၀၁၅ ခုနှစ်မှစတင်၍ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ အကျဉ်းထောင်တွင်း နှင့် စစ်ကြောရေးစခန်းများ၌ ညှဉ်းပန်း နှိပ်စက်ခြင်း ကို ရင်ဆိုင်ခံစားခဲ့ကြရသော နိုင်ငံရေးအကျဉ်းသားဟောင်းများကို ကူညီ ထောက်ပံ့ပေးခဲ့သည်။ မေလအတွင်းတွင် ထောင်ဒဏ် ၃ နှစ်၊ ၅ နှစ်၊ ၆ နှစ်၊ ၇ နှစ်၊ ၈ နှစ်၊ ၁၀ နှစ် နှင့် ၁၀ နှစ်ခွဲ ကျခံခဲ့ရပြီး ညှဉ်းပန်းနှိပ်စက်ခြင်းကို ခံစားခဲ့ကြရသော နိုင်ငံရေးအကျဉ်းသား ဟောင်း ခုနစ်ဦးကို ထောက်ပံ့ကူညီခဲ့သည်။ 

COVID-19 ကာလအတွင်း လှုပ်ရှား ဆောင်ရွက်မှုများ

ချိန်းရိစက်ရုံအလုပ်သမားများအား ပံ့ပိုးကူညီရာတွင် ပူးပေါင်း ပါဝင်

ချိန်းရိစက်ရုံအလုပ်သမားများအား သွားရောက် ပံ့ပိုးကူညီရာတွင် ပူးပေါင်းပါဝင်

မေလ ၂ ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း(AAPP)မှ ရန်ကုန်ရုံးတာဝန်ခံ ဦးအောင်မျိုးကျော်နှင့်အဖွဲ့ဝင် ကိုလွင်မိုးမြင့်တို့သည် အလုပ်သမားသမဂ္ဂများ ပူးပေါင်းဆောင်ရွက်ရေးကော်မတီ (CCTU) မှ တွံတေးမြို့နယ်၊ တမံကြီးကျေးရွာ၌ Home Quarantine ဝင်နေကြသည့် ချိန်းရိစက်ရုံအလုပ်သမားများကို ဆန်၊ ဆီ၊ ကော်ဖီမစ်၊ ငါးခြောက်ကြော်နှင့်  နှာခေါင်းစည်းများကို သွားရောက်လှူဒါန်းခဲ့ရာတွင် ပူးပေါင်းပါဝင် ကူညီခဲ့သည်။ တွံ့တေးမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်လွင်(ခ) ဦးစိုးအုပ် နှင့် တမံကြီးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးခင်မောင်မြင့် တို့မှ အားဖြည့်ကူညီပေးခဲ့ သည်။

အကျဉ်းထောင်များသို့ လှူဒါန်းခြင်း

COVID-19 ကာကွယ်ရေးပစ္စည်းများကို အကျဉ်းထောင်များသို့ လှူဒါန်းခြင်း 

COVID-19 ကာကွယ်ရေးပစ္စည်းများကို အင်းစိန်အကျဉ်းထောင်သို့ လှူဒါန်း

မေလ ၂၅ ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)မှ အတွင်းရေးမှူး ဦးတိတ်နိုင် ဦးဆောင်သောအဖွဲ့သည် အင်းစိန်အကျဉ်းထောင် အတွင်းရှိ အကျဉ်းသား/သူများ COVID-19 ရောဂါ ကြိုတင် ကာကွယ်ရေး ဆောင်ရွက်နိုင်ရန်အတွက်  ကာဘော်လစ်ဆပ်ပြာ ၁၀၆၀၀ တုံး၊ ဆေးဖြန်းပုံး ၃၀ ပုံးနှင့် ဒက်တောလ် ၁၀လီတာ ၁၅ ပုံးတို့ကို သွားရောက်လှူဒါန်းခဲ့ရာ အကျဉ်းထောင်အရာရှိများ ဖြစ်ကြသော ဒုတာဝန်ခံအရာရှိ ဦးဌေးဝင်းနှင့် ဦးစီးအရာရှိ ဉီးအေးမင်းတို့မှ လက်ခံရယူခဲ့သည်။ အင်းစိန်နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့မှ ဦးမျိုးမြင့်မှ ဝိုင်းဝန်းပါဝင်ကူညီ အားဖြည့်ပေးခဲ့သည်။

COVID-19 ကာကွယ်ရေးပစ္စည်းများကို ပုသိမ်အကျဉ်းထောင်သို့ လှူဒါန်း

မေလ ၂၆ ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)မှ တွဲဘက်အတွင်းရေးမှူး ဦးဘိုကြည် ဦးဆောင်သောအဖွဲ့သည် ဧရာဝတီတိုင်းဒေသကြီး၊ လျှပ်စစ် နှင့် လမ်းပမ်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးနှင့် အတူ  ပုသိမ်အကျဉ်းထောင်အတွင်းရှိ အကျဉ်းသား/သူများ COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေးဆောင်ရွက်နိုင်ရန် အတွက် ကာဘော်လစ်ဆပ်ပြာ ၃၆၀၀ တုံး၊ ဆေးဖြန်းပုံး ၁၀ ပုံးနှင့် ဂျာမီတောလ်(Germitol) ၁၀လီတာ ၅ ပုံးတို့ကို သွားရောက်လှူဒါန်းခဲ့ရာ ထောင်ပိုင် ဦးစင်းအောင်မှ လက်ခံရယူခဲ့သည်။

COVID-19 ကာကွယ်ရေးပစ္စည်းများကို သာယာဝတီအကျဉ်းထောင်သို့ လှူဒါန်း

မေလ ၂၇ ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း(AAPP)မှ ရုန်ကုန်ရုံးတာဝန်ခံ ဦးအောင်မျိုးကျော် ဦးဆောင်သောအဖွဲ့သည် သာယာဝတီ အကျဉ်းထောင်အတွင်းရှိ အကျဉ်းသားများ COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေးဆောင်ရွက်နိုင်ရန်အတွက် ကာဘော်လစ် ဆပ်ပြာ ၅၀၀၀ တုံး၊ ဆေးဖြန်းပုံး ၂၀ ပုံးနှင့် ဒက်တောလ် ၁၀ လီတာ ၅ ပုံးတို့ကို သွားရောက်လှူဒါန်းခဲ့ရာ အကျဉ်းထောင် အရာရှိများဖြစ်သော ဦးချမ်းအေးကျော်နှင့် ဒေါက်တာမိုးဟိန်း တို့မှ လက်ခံရယူခဲ့ပါသည်။ သာယာဝတီမှ နိုင်ငံရေး အကျဉ်းသားဟောင်း ဒေါ်သင်းမျိုးအေးမှ ဝိုင်းဝန်းပါဝင်ကူညီ အားဖြည့်ပေးခဲ့သည်။

COVID-19 ကာကွယ်ရေးပစ္စည်းများကို ငှက်အော်စမ်းလူငယ် သင်တန်းကျောင်းသို့ လှူဒါန်း

မေလ ၂၈ ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)မှ ဦးကျော်စိုးဝင်း ဦးဆောင်သောအဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူး မြို့နယ်ရှိ ငှက်အော်စမ်းလူငယ်သင်တန်းကျောင်းအတွက် COVID-19 ရောဂါ ကြိုတင် ကာကွယ်ရေးဆောင်ရွက်နိုင်ရန် ကာဘော်လစ်ဆပ်ပြာ (၇) ဖါ၊ ဆေးဖြန်းပုံး (၅) ပုံးနှင့် ဂျာမီတောလ်(Germitol) ၂၀ လီတာ (၂) ပုံးတို့ကို သွားရောက်လှူဒါန်းခဲ့ရာ ငှက်အော်စမ်းလူငယ်သင်တန်းကျောင်း မှ ကျောင်းအုပ်ဆရာကြီး ဦးအောင်စိုးကျော်မှ လက်ခံရယူခဲ့ သည်။

COVID-19 ကာကွယ်ရေးပစ္စည်းများကို တောင်ငူအကျဉ်းထောင်သို့ လှူဒါန်း

မေလ ၂၉ ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)မှ ရန်ကုန်ရုံးတာဝန်ခံ ဦးအောင်မျိုးကျော် ဦးဆောင်သောအဖွဲ့သည် တောင်ငူ အကျဉ်းထောင်နှင့် ၄ မိုင်ရဲဘက်စခန်းအတွင်းရှိ အကျဉ်းသားများ COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေးဆောင်ရွက်နိုင်ရန် တောင်ငူထောင်အတွက် ကာဘော်လစ်ဆပ်ပြာ ၂၂၀၀ တုံး၊ ဆေးဖြန်းပုံး ၁၀ ပုံးနှင့် ဒက်တောလ် ၁၀ လီတာ ၄ ပုံး၊ လေးမိုင်ရဲဘက်စခန်းအတွက် ကာဘော်လစ်လစ်ဆပ်ပြာ ၆၀၀ တုံး၊ ဆေးဖြန်းပုံး ၅ ပုံးနှင့် ဂျာမီတောလ်(Germitol) ၁၀ လီတာ ၂ ပုံး တို့ကိုသွားရောက်လှူဒါန်းခဲ့ရာ တောင်ငူအကျဉ်းထောင် တာဝန်ခံအရာရှိ ဦးမြသောင်းနှင့် ၄ မိုင် ရဲဘက်စခန်း တာဝန်ခံ အရာရှိ ဦးသန်းကျော်တင့်တို့မှ လက်ခံရယူခဲ့သည်။

မှတ်တမ်းနှင့် သုတေသန

လစဉ်အစီရင်ခံစာ၊ နိုင်ငံရေးအကျဉ်းသား စာရင်းများ နှင့် AAPP သတင်းလွှာကို ထုတ်ဝေခြင်း

မြန်မာနိုင်ငံအတွင်းရှိ လူ့အခွင့်အရေးအခြေအနေများနှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ လယ်သမားများ၊ အလုပ်သမား များနှင့် အရပ်သားများ မည်ရွေ့၊ မည်မျှ ဖမ်းဆီး၊ တရားစွဲဆို ပြစ်ဒဏ် ချမှတ်ခြင်းခံရသည်ကို စောင့်ကြည့် မှတ်တမ်းတင်ရန် ရည်ရွယ်၍ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) မှ လစဉ် အစီရင်ခံစာနှင့် နိုင်ငံရေးအကျဉ်းသား စာရင်းကို ထုတ်ဝေလျက်ရှိသည်။ မေလအတွင်းတွင် ဧပြီလ အတွက် အစီရင်ခံစာ နှင့် နိုင်ငံရေး အကျဉ်းသားစာရင်းကို ထုတ်ဝေခဲ့သည်။

ထို့ပြင် AAPP အဖွဲ့ဝင်များ လွှတ်တော်ကိုယ်စားလှယ်များ၊ အစိုးရဌာနဆိုင်ရာ အရာရှိများ၊ နိုင်ငံတကာမှ သံအမတ်များ၊ NGOs, CBOs စသည့်အဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ်များ နှင့် တွေ့ဆုံဆွေးနွေးမှုများ၊ ဟောပြောဆွေးနွေးပွဲများ နှင့် နှစ်သိမ့်ဆွေးနွေးပေးခြင်း နှင့် သင်တန်းများ ပို့ချပေးခြင်း စသည့် လှုပ်ရှားဆောင်ရွက်မှုများကို AAPP သတင်းလွှာ၌ လစဉ် ဖော်ပြ ထားသည်။ မေလအတွင်းတွင် ဧပြီလအတွက် သတင်းလွှာကို ထုတ်ဝေခဲ့သည်။

ကိုဗစ်သတင်းလွှာပြုစုခြင်း

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ ကိုဗစ်ကာလနှင့်ဆက်နွယ်၍ ဖြစ်ပွားခဲ့သော အမှုဖြစ်စဉ်များကို မှတ်တမ်းတင်ပြုစုလျက်ရှိသည်။ မတ်လနှင့် ဧပြီလအတွင်းတွင် ဖြစ်ပွားခဲ့သော အမှုဖြစ်စဉ်များကို မှတ်တမ်း တင်ထားသော ကိုဗစ်သတင်းလွှာ နှင့် ကိုဗစ်ကာလအတွင်း သတ်မှတ်ထားသော စည်းကမ်းများကို ချိုးဖောက်၍ ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသော စာရင်းများကို မေလအတွင်းတွင် ထုတ်ဝေခဲ့သည်။

ထို့ပြင် Institute for Strategy and Policy – Myanmar မှ AAPP မှ စောင့်ကြည့်မှတ်တမ်းတင်လျက်ရှိသော ကိုဗစ်-၁၉ အရေးနှင့် ဆက်နွယ်၍ ဖြစ်ပွားခဲ့သော အမှုဖြစ်စဉ်များနှင့် ပတ်သက်သော အချက်အလက်များကို ၎င်းတို့ထုတ်ဝေခဲ့သည့် Special Series (အမှတ် – ၃) ရှိ ကိန်းဂဏန်းများကို တုံ့ပြန်၍ အဖြေရှာမှု ကဏ္ဍ၌ ထည့်သွင်း ဖော်ပြခဲ့သည်။

ညှဉ်းပန်းနှိပ်စက်ခြင်းခံရသူများကို အင်တာဗျူးပြုလုပ်ခြင်းနှင့် မှတ်တမ်းပြုစုခြင်း

၂၀၁၅ ခုနှစ်မှစတင်၍ နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း (AAPP) မှ အကျဉ်းထောင်တွင်းနှင့် စစ်ကြောရေးစခန်းများ၌ ညှဉ်းပန်းနှိပ်စက်ခြင်းကို ရင်ဆိုင်ခံစား ခဲ့ကြရသော နိုင်ငံရေးအကျဉ်းသားဟောင်းများ၏ အတွေ့အကြုံ များကို အင်တာဗျူးများ ပြုလုပ်၍ မှတ်တမ်း ပြုစုခဲ့ပါ သည်။  မေလအတွင်းတွင် ထောင်ဒဏ် ၃ နှစ်၊ ၅ နှစ်၊ ၆ နှစ်၊ ၇ နှစ်၊ ၈ နှစ်၊ ၁၀ နှစ် နှင့် ၁၀ နှစ်ခွဲ ကျခံခဲ့ရပြီး ညှဉ်းပန်း နှိပ်စက် ခြင်းကို ခံစားခဲ့ကြရသည့် နိုင်ငံရေးအကျဉ်းသားဟောင်း ခုနစ်ဦး ၏ ထောင်တွင်းနှင့် ထောင်ပြင်ပ ဘဝဖြတ်သန်းမှု အခြေအနေ များနှင့် အတွေ့အကြုံများကို အင်တာဗျူး ပြုလုပ်၍ မှတ်တမ်း တင်ခဲ့ပါသည်။  

၂၀၁၅ ခုနှစ်မှ ၂၀၂၀ ခုနှစ် မေလအထိ ညှဉ်းပန်း နှိပ်စက်မှုကို ခံစားခဲ့ကြရသော နိုင်ငံရေးအကျဉ်းသား စုစုပေါင်း ၁၇၆ ဦးကို အင်တာဗျူး ပြုလုပ်၍ မှတ်တမ်း ပြုစုခဲ့ပါသည်။ 

နိုင်ငံရေးအကျဉ်းသားဟောင်းများ၏ အချက်အလက်များကို ကောက်ခံခြင်း

နိုင်ငံရေးအကျဉ်းသားဟောင်းများအား မတရားသည့် ဥပဒေ များဖြင့် ထောင်သွင်းအကျဉ်းချခဲ့သည့် ဖြစ်စဉ်များကို စနစ်တကျ သိမ်းဆည်းစုဆောင်းရန် ရည်ရွယ်ချက်ဖြင့် နိုင်ငံရေး အကျဉ်းသား အချက်အလက်များကောက်ခံခြင်း အစီအစဉ်ကို ၂၀၁၄ ခုနှစ်၌ စတင်၍ ကောက်ခံ စုဆောင်းခဲ့သည်။ မေလ အတွင်းတွင် နိုင်ငံရေးအကျဉ်းသားဟောင်း လေးဦး၏ ကိုယ်ရေး အချက်အလက် လေးစောင်ကို ကောက်ခံခဲ့သည်။ ၂၀၁၄ ခုနှစ်မှ ၂၀၂၀ ခုနှစ် မေလအထိ နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း (AAPP) မှ နိုင်ငံရေး အကျဉ်းသား ဟောင်း ၃၅၈၇ ဦး၏ အချက်အလက်များကို ကောက်ယူ စုဆောင်းပြီးဖြစ်သည်။ ကျန်ရှိနေသော နိုင်ငံရေး အကျဉ်းသား ဟောင်းများ၏ အချက်အလက်များကို ကောက်ခံနေဆဲ ဖြစ်ပါသဖြင့် မိမိတို့ AAPP အင်တာနက် လူမှုကွန်ရက် စာမျက်နှာမှသော်လည်းကောင်း၊ [email protected] အီးမေးလ်သို့ လည်းကောင်း ဆက်သွယ်ဆောင် ရွက်ပေးပါရန် ဖိတ်ခေါ် အပ်ပါသည်။

နှစ်သိမ့်ဆွေးနွေးပေးခြင်း

ကိုဗစ် ၁၉ ဗိုင်းရပ် ကူးစက်မှုကာလအတွင်း အွန်လိုင်း စိတ်ပိုင်းဆိုင်ရာဆွေးနွေးမှု အစီအစဉ်

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း၏ စိတ်ဓာတ်ပြန်လည်မြှင့်တင်ရေး ကူညီထောက်ပံ့မှု အစီအစဉ် သည် အွန်လိုင်းစိတ်ပိုင်းဆိုင်ရာဆွေးနွေးမှုလုပ်ငန်းကို မေလတွင် လည်း ဆက်လက်လုပ်ဆောင်လျှက်ရှိပါသည်။ နေရာဒေသ အနှံ့အပြားမှ ဆက်သွယ်ဆွေးနွေးမှုများလည်းပိုမို များပြားလာခဲ့ ပြီး လူမှုကွန်ရက်မှတဆင့် ဆက်သွယ်မှုများလည်း ရှိလာပါ သည်။ 

အွန်လိုင်း စိတ်ပိုင်းဆိုင်ရာဆွေးနွေးမှုလုပ်ငန်းသို့ ဆက်သွယ် ဆွေးနွေးသူများတွင် အစိုးရဝန်ထမ်းများ၊ အမျိုးသမီး အိမ်ထောင် ဦးစီးများ၊ NGO ဝန်ထမ်းများ၊ ကုမ္ပဏီဝန်ထမ်းများ၊ HIV ပိုးရှိသူများ၊ ဈေးသည်များ၊ အိမ်ထောင်ရှင်မများ စသည့် အမျိုးသား၊ အမျိုးသမီး အသက်အရွယ်စုံ ပါဝင်ပါသည်။ ယခု မေလတွင် အမျိုးသား ၃၃ ယောက် (အသက် ၁၇ နှစ်မှ ၆၆ နှစ်အတွင်း)နှင့် အမျိုးသမီး ၃၇ ယောက် (အသက် ၁၈ နှစ်မှ ၇၆ နှစ်အတွင်း) တို့၏ ကိုဗစ်-၁၉ ကာလ စိတ်ဖိစီးမှုများ၊ စိတ်ပိုင်းဆိုင်ရာပြဿနာများကို ကူညီဖြေရှင်းပေးနိုင်ခဲ့ပါသည်။ 

ဆက်သွယ်လာသည့် ဒေသများမှာ ရန်ကုန်၊ မန္တလေး၊ မကွေး၊ ဗန်းမော်၊ တောင်ကြီး၊ ပဲခူး၊ စသည့် ပြည်တွင်း ဒေသများမှ ဆက်သွယ် ဆွေးနွေးမှုများအပြင် ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံ တို့မှ ဆက်သွယ် ဆွေးနွေးမှု များ လည်း ရှိခဲ့သည်။ (ရန်ကုန်တိုင်းဒေသကြီးမှ – ၅၄%၊ မန္တလေးတိုင်းဒေသကြီးမှ – ၂၃%၊ မကွေး တိုင်း ဒေသကြီးမှ – ၇%၊ ထိုင်းနိုင်ငံမှ – ၇%၊ ပဲခူးတိုင်းဒေသကြီးမှ – ၅% နှင့် ကျန်ဒေသများမှ ၁% တို့ဖြစ်ကြ သည်)

ထို ဆက်သွယ်လာသူများ၏ စိတ်ပိုင်းဆိုင်ရာ ပြဿနာများ၊ လက္ခဏာများမှာ – 

  • မိမိကိုယ်တိုင် သို့မဟုတ် မိမိချစ်ခင်ရသောသူများ၏ ကျန်းမာရေးအတွက် အမြဲမပြတ် စိုးရိမ်ပူပန်နေခြင်း၊ ကြောက်ရွံ့နေခြင်း။
  • စိတ်ညစ်ခြင်းကို အချိန်များစွာ ခံစားနေရခြင်း
  • စိတ်ထဲတွင် ကြောက်ရွံ့ခြင်း၊ တုန်လှုပ်ခြင်းကို ခံစားနေရခြင်း
  • အစားအသောက်နှင့် အိပ်စက်ခြင်းပုံစံပြောင်းလဲသွားခြင်း
  • အိပ်ပျော်ရန်နှင့် အာရုံစူးစိုက်ရန် အခက်အခဲရှိခြင်း
  • အလွယ်တကူ စိတ်တိုခြင်း သို့မဟုတ် ဒေါသထွက်ခြင်း
  • HIV ပိုးရှိသူများက အလွယ်တကူ ရောဂါကူးစက် ခံရမည်ကို စိုးရိမ်ပူပန်ခြင်း
  • ကိုဗစ်-၁၉ ၏ရိုက်ခတ်မှုကြောင့် မိမိတို့သုံးစွဲနေရသော ART ဆေးများပြတ်လပ်သွားမည်ကို စိုးရိမ်ခြင်း
  • အိမ်ထဲတွင် အချိန်ပေါင်းများစွာနေရသဖြင့် စိတ်တင်းကြပ်ခြင်း၊ မွန်းကြပ်ခြင်း
  • ဝမ်းနည်းမှုနှင့် စိတ်ဓာတ်ကျမှုကို ခံစားရခြင်း
  • မိမိပုံမှန်စိတ်ဝင်စားသောအရာများကို စိတ်ဝင်စားမှု မရှိတော့ခြင်း စသည့် လက္ခဏာများကို ခံစားနေကြရ သည်ကို တွေ့ရပါသည်။ 

 

မိမိကိုယ်မိမိဂရုစိုက်ခြင်းနှင့် ပတ်သက်သည့် ဗွီဒီယိုများ ထုတ်လွှင့် ခြင်း

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ သင်တန်းဆရာ တစ်ဦးဖြစ်သော ကိုထင်အောင်သည် “Covid19 ကာလ၌ မိမိတို့စွမ်းအား‌တွေအတွက် ကိုယ့်ကိုကိုယ် ဘယ်လိုအားပေးကြမလဲ” ဗွီဒီယို၊ “နေ့စဉ်အချိန်ဇယား ထားရှိခြင်းကလည်း ကိုယ်ကျန်းမာရေး၊ စိတ်ကျန်းမာရေး အတွက် အရေးကြီးသည်” ဆိုသည့် ဗွီဒီယို နှင့် “အပြုသဘောဆောင် သည့် တွေးခြင်း (Positive Thinking) ဗွီဒီယို တို့ကို အွန်လိုင်းမှ တစ်ဆင့် ထုတ်လွှင့်ခဲ့သည်။ ၎င်းပြင် အနယ်နယ်အရပ်ရပ်ရှိ စေတနာ့ဝန်ထမ်းများအတွက် ရည်ရွယ် ၍  Basic counseling skills ၌ရှိသည့် လူတိုင်းသိသင့်၍ အကျိုးများစေမည့် အရာများ ကိုလည်း မျှဝေပေးခဲ့သည်။ အောက်ပါ ဗွီဒီယိုမှတ်တမ်းများကို ဝင်ရောက်ကြည့်ရှု နိုင်သည်။

https://www.facebook.com/634323476905777/videos/454071978728441/

https://www.facebook.com/634323476905777/videos/276676670049397/

https://www.facebook.com/634323476905777/videos/600679730547131/

https://www.facebook.com/634323476905777/videos/622463751695269/

ဆက်သွယ်မေးမြန်းရန်

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း

တိတ်နိုင် အတွင်းရေးမှူး                        +၉၅() ၉၄၂  ၈၀၂  ၃၈၂၈

ဘိုကြည် တွဲဘက်အတွင်းရေးမှူး             +၉၅() ၉၄၂  ၅၃၀  ၈၈၄၀

အောင်မျိုးကျော် ရန်ကုန်ရုံးတာဝန်ခံ         +၉၅() ၉၄၂  ၈၁၁  ၇၃၄၈ 

ကျော်စိုးဝင်း( စိတ်ပိုင်းဆိုင်ရာမြှင့်တင်ရေးတာဝန်ခံ)  +၉၅(၀) ၉၇၇၄၃၃၆၇၆၀

လစဉ်သတင်းလွှာဒေါင်းလော့ရယူရန် Burmese Newsletter