“ကိုဗစ်-၁၉ ကာလအတွင်း မြန်မာနိုင်ငံရှိ မူးယစ်ဆေးဝါးသုံးစွဲမှုနှင့် ပတ်သက်သော ပြဿနာများလျော့ကျစေရန် ပြည်သူ့ကျန်းမာရေးကဏ္ဍတစ်ရပ်ဖြစ်သည့် အန္တရာယ်လျှော့ချရေးလုပ်ငန်းများ တိုးမြှင့်လုပ်ဆောင်ရေး ဆွေးနွေးပွဲ

မြန်မာနိုင်ငံရှိ မူးယစ်ဆေးဝါးသုံးစွဲမှုနှင့် ပတ်သက်သော ပြဿနာများမှာ ကိုဗစ်-၁၉ ကာလအတွင်းတွင်လည်း ဆက်လက်တည်ရှိနေဆဲဖြစ်သည်။ မူးယစ်ဆေးဝါးသုံးစွဲသူများ အနေဖြင့် ဤကာလတွင် ကူးစက်ရောဂါကာကွယ်ရေး၊ မူးယစ်ဆေးစွဲကုသရေး အစရှိသော ကျန်းမာရေးဝန်ဆောင်မှုများကို လက်လှမ်းမှီရယူနိုင်ရန် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရဆဲဖြစ်သည်။ ၎င်းပြဿနာများ လျော့ကျစေရန် ပြည်သူ့ကျန်းမာရေးကဏ္ဍတစ်ရပ်ဖြစ်သည့် အန္တရာယ်လျှော့ချရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရေး၊ ယင်းတို့ကို အကောင်အထည်ဖော်ဆောင်ရာတွင် အထောက်အကူပြုမည့် မူးယစ်ဆေးဝါးမူဝါဒများ ပေါ်ပေါက်လာစေရေးမှာ အလွန်ပင်အရေးပါသည်။ ယခုကျင်းပမည့် ဆွေးနွေးပွဲတွင် ကျွမ်းကျင်ပညာရှင်များက ရှုထောင့်ပေါင်းစုံမှ တင်ပြပြောဆိုသွားမည် ဖြစ်သည်။

ဆွေးနွေးပွဲတွင် ဦးဆောင်ဆွေးနွေးမည့်သူများမှာ –
– ဒေါက်တာမင်းသစ်အောင် (ကမ္ဘာ့ဆရာဝန်များအဖွဲ့ ၊ MdM)
– ကိုတူးတူး (လူထုကိုယ်စားလှယ်)
– ကိုတိတ်နိုင် (နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP)
– ဒေါက်တာနန်းပန်းအိခမ်း (DPAG)
– မအေးအေးနွယ် (UNAIDS) – ဆွေးနွေးပွဲ ချောမွေ့အောင် ကူညီထောက်ပံ့ပေးမည့်သူ

ဤဆွေးနွေးပွဲကို မူးယစ်ဆေးဝါးမူဝါဒပြောင်းလဲရေးဆိုင်ရာ ထောက်ခံဆွေးနွေးခြင်းအဖွဲ့ (DPAG) နှင့်အတူမိတ်ဖက်အဖွဲ့အစည်းများဖြစ်သည့်ကမ္ဘာ့ ဆရာဝန်များအဖွဲ့ (MdM)၊ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)၊ မဟာမိတ်မြန်မာ၊ Transnational Institute (TNI) ၊ Medical Action Myanmar (MAM) ၊ UNAIDS တို့ ပူးပေါင်းကျင်းပသည်။

https://us02web.zoom.us/webinar/register/3015922798200/WN_ge7RnqjlSwWky0EgQgnckw

Time
Jun 22, 2020 03:00 PM in Rangoon