COVID-19 အရေးနှင့်ဆက်နွယ်၍ ဖြစ်ပွားခဲ့သော အမှုဖြစ်စဉ်များထုတ်ပြန်ချက်

 

မြန်မာနိုင်ငံတွင်း၌ COVID-19 အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ ကာလအတွင်း အဆိုပါကိစ္စရပ်နှင့်ဆက်နွယ်၍ အမှုဖြစ်စဉ်များကို နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) မှ စောင့်ကြည့် မှတ်တမ်းတင်ခဲ့သည်။ ထိုမှတ်တမ်းများအရ မတ်လမှ ဧပြီလကုန်အထိ လူဦးရေစုစုပေါင်း (၆၇၀) ဦးသည် တရားစွဲဆို၊ ထောင်ဒဏ်ချမှတ်ခြင်းခံခဲ့ရသည်။

ထိုကဲ့သို့တရားစွဲဆိုခံထားရမှုများတွင် ညမထွက်ရအမိန့်ကို ချိုးဖောက်ခြင်းအတွက် ရာဇသတ်ကြီးပုဒ်မ ၁၈၈ ဖြင့် လက်ရှိ တရားစွဲဆိုထောင်ဒဏ်ချမှတ်ခြင်းခံထားရသူ စုစုပေါင်း (၄၅၅) ဦးရှိပြီး ကူးစက်ရောဂါများ ကာကွယ်နှိမ်နှင်းရေးဥပဒေ ပုဒ်မ (၁၈) ဖြင့် လက်ရှိတရားစွဲဆိုထောင်ဒဏ်ချမှတ်ခြင်းခံထားရသူ ၁၈ ဦး ရှိသည်။
ထို့ပြင် ကွာရန်တင်းစင်တာတွင် နေထိုင်နေစဉ် သတ်မှတ်ထားသော စည်းကမ်းများကို လိုက်နာခြင်းမရှိ၍ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅၊ ၂၆၊ ၂၆(က)၊ ၂၇၊ ၂၈(ခ)၊ ၃၀(က)(ခ)၊ ကူးစက်ရောဂါများ ကာကွယ် နှိမ်နှင်းရေးဥပဒေ ပုဒ်မ ၁၅၊၁၈ တို့ဖြင့် လက်ရှိတရားစွဲဆို ထောင်ဒဏ်ချမှတ်ခြင်းခံထားရသူ စုစုပေါင်း (၁၆၆) ဦး ရှိ သည်။ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၆(ဂ) ဖြင့် တရားစွဲဆိုခြင်းခံထားရသူ (၂) ဦး ရှိပါသည်။
သတ်မှတ်ထားသော အမိန့်များကို ချိုးဖောက်ခြင်းအတွက် ရာဇသတ်ကြီးပုဒ်မ ၃၂၅/၁၁၄ ဖြင့် (၃) ဦး၊ ရာဇသတ်ကြီးပုဒ်မ ၂၉၄/၅၀၆/၃၅၃/၃၂၄ ဖြင့် (၄) ဦး၊ ရာဇသတ်ကြီးပုဒ်မ ၃၃၃/ ၃၂၃/ ၄၂၇/ ၅၀၆/ ၁၁၄ ဖြင့် (၁၁) ဦး၊ ရာဇသတ်ကြီးပုဒ်မ ၃၃၃/၅၀၆/၂၉၄ ဖြင့် (၁) ဦး၊ ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဥပဒေ ပုဒ်မ ၁၉ ဖြင့် (၁) ဦး၊ ရာဇသတ်ကြီးပုဒ်မ ၃၃၆/ ၃၅၃/ ၂၉၄/ ၁၁၄ ဖြင့် (၂) ဦး၊ ရာဇသတ်ကြီးပုဒ်မ ၃၅၃/၅၀၆/ ၃၂၃/ ၂၉၄ ဖြင့် (၁) ဦး၊ ရာဇသတ်ကြီး ပုဒ်မ ၂၉၅(က)ဖြင့် (၃)ဦး တို့သည် အသီးသီး အမှုဖွင့်တရားစွဲဆိုခြင်းခံထားရသည်။
ရဲအက်ဥပဒေပုဒ်မ ၄၇ ဖြင့် (၂) ဦး၊ နိုင်ငံခြားသားများ မှတ်ပုံတင်ရေးအက်ဥပဒေပုဒ်မ ၅(၁) ဖြင့် (၁)ဦးတို့သည်လည်း တရားစွဲဆို ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။
ထို့ပြင် ဓားဖြင့်ရန်ပြုခြင်းခံခဲ့ရသည့်အတွက် သေဆုံးသူ တစ်ဦးနှင့် ဒဏ်ရာရရှိသူ ငါးဦးရှိခဲ့သည်။ ထို့ပြင် ဓားဖြင့်ရန်ပြုခဲ့သူ တစ်ဦးကို ဖမ်းဆီးရမိစဉ် အမောဖောက်နေသဖြင့် ဆေးရုံသို့တင်ပို့ခဲ့ရာ ဆေးရုံ၌ သေဆုံးသွားခဲ့သည်။

ကချင်ပြည်နယ်

သတ်မှတ်ထားသော အမိန့်များကို ချိုးဖောက်ခြင်းအတွက် တရားစွဲဆိုခံရခြင်းများ

COVID-19 သတိပေး နံရံပန်းချီရေးဆွဲခဲ့သူ သုံးဦးကို တရားစွဲဆို

ဧပြီလ ၃ ရက်နေ့တွင် ကချင်ပြည်နယ် သာသနာရေးမှူးရုံး ဒုတိယ ညွှန်ကြားရေးမှူး ဦးထွန်းမြင့်အောင်မှ  ကချင်ဒေသန္တရ သုတေသနအဖွဲ့-ဒါရိုက်တာ နော်ထွန်းအောင်၊ ကိုဇေယျာနှောင်း နှင့်  မဂျာဆိုင်းတို့ သုံးဦးကို ရာဇသတ်ကြီးပုဒ်မ ၂၉၅(က) ဖြင့် မြစ်ကြီးနားမြို့နယ်တရားရုံး၌ ဦးတိုက်လျှောက်ထားကာ တရားစွဲဆိုခဲ့သည်။ ၎င်းတို့ သုံးဦးသည် မြစ်ကြီးနား ဘူတာ တိုက်နံရံ၌ COVID-19 ရောဂါ အသိပညာပေးခေါင်းစဉ်ဖြင့် ဂရက်ဖက်တီ ပန်းချီဆွဲခဲ့ခြင်းအတွက် ထိုကဲ့သို့ တရားစွဲဆိုခံခဲ့ ရခြင်းဖြစ်သည်။

၂၀၂၀ ခုနှစ်၊ ဧပြီလ ၃ ရက်နေ့၊ မြန်မာတိုင်းမ်/မြန်မာ

၂၀၂၀ ခုနှစ်၊ ဧပြီလ ၄ ရက်နေ့၊ အီလဲဗင်း/မြန်မာ

၂၀၂၀ ခုနှစ်၊ ဧပြီလ ၈ ရက်နေ့၊ မဇ္စျိမ  

ကယားပြည်နယ်

ညမထွက်ရအမိန့်ကိုချိုးဖောက်ခြင်းအတွက် ပြစ်ဒဏ်ချမှတ်ခံရခြင်းများ

ဒီမော့ဆိုနှင့် လွိုင်ကော်တွင်  ညမထွက်ရအမိန့် ချိုးဖောက်သူများအား ထောင်ဒဏ်ချမှတ်

ဧပြီလ ၂၄ ရက်နေ့တွင် ကယားပြည်နယ်၊ ဒီမော့ဆိုမြို့နယ်တရားရုံးမှ ညမထွက်ရ အမိန့်ကို ချိုးဖောက်သူ ငါးဦးအနက် လေးဦးအား ရာဇသတ်ကြီးပုဒ်မ ၁၈၈ ဖြင့် ထောင်ဒဏ် တစ်လစီ ပြစ်ဒဏ်ချမှတ်ခဲ့ပြီး ကျန်တစ်ဦးကို ကလေးသူငယ် အခွင့်အရေးဆိုင်ရာဥပဒေပုဒ်မ ၈၉(က)အရ ဆိုဆုံးမ၍ လွှတ်မိန့် ချမှတ်ခဲ့သည်။ ၎င်းတို့ ငါးဦးအနက် သုံးဦးသည် ဒီမော့ဆို မြို့နယ်၊ ဒေါငံရောက်ကျေးရွာမှဖြစ်ပြီး ကျန်နှစ်ဦးသည် ဒေါဘူးငံရယ်ကျေးရွာမှဖြစ်သည်။ ဧပြီလ ၂၃ ရက်နေ့ ညအချိန်တွင် ၎င်းတို့ ငါးဦးသည် ညမထွက်ရအမိန့်ကို လိုက်နာခြင်းမရှိဘဲ သွားလာနေသည်ကို စစ်ဆေးတွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ဒီမော့ဆိုမြို့နယ်အုပ်ချုပ်ရေးမှူးမှ တရားလိုပြုလုပ်၍ ၎င်းတို့ငါးဦးကို အမှုဖွင့် တိုင်တန်းခဲ့ခြင်းဖြစ်သည်။

၎င်းပြင် ဧပြီလ ၂၃ ရက်နေ့တွင် လွိုင်ကော်မြို့နယ်တရားရုံးမှ ညမထွက်ရအမိန့်ကို ချိုးဖောက်သူတစ်ဦးကို အလုပ်မဲ့ ထောင်ဒဏ် တစ်လကျခံစေရန် အမိန့်ချမှတ်ခဲ့သည်။ 

၂၀၂၀ ခုနှစ်၊ ဧပြီလ ၂၃ ရက်၊ ဒီဗွီဘီ/မြန်မာ

၂၀၂၀ ခုနှစ်၊ ဧပြီလ ၂၅ ရက်၊ BNI/မြန်မာ

ကရင်ပြည်နယ်

ညမထွက်ရအမိန့်ကိုချိုးဖောက်ခြင်းအတွက် ပြစ်ဒဏ်ချမှတ်ခံရခြင်းများ

မြဝတီမြို့တွင် ညမထွက်ရအမိန့်ချိုးဖောက်သူ ၁၃၁ ဦးကို အမိန့်ချမှတ်

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တရားရုံးမှ COVID-19 ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ညမထွက်ရအမိန့်ကို လိုက်နာခြင်း မရှိသူ ၁၃၁ ဦးကို ရာဇသတ်ကြီးပုဒ်မ ၁၈၈ ဖြင့် ဒဏ်ငွေကျပ် ၅၀,၀၀၀ စီ ပေးဆောင်ရန် သို့မဟုတ် ထောင်ဒဏ် တစ်လစီ ကျခံစေရန် အမိန့်ချမှတ်ခဲ့သည်။  မြဝတီမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဖြိုးဇော်ကိုကိုမှ တရားလိုပြုလုပ်၍ ၎င်းတို့ကို မြဝတီမြို့နယ်တရားရုံးတွင် ဦးတိုက်လျှောက်ထားကာ တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။ ၎င်းတို့သည် ဧပြီလ ၂၁ ရက်၊ ၂၂ ရက်နှင့် ၂၃ ရက်နေ့များတွင် အသီးသီးဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။ 

၂၀၂၀ ခုနှစ်၊ ဧပြီလ ၂၂ ရက်၊ အီလဲဗင်း/မြန်မာ

ချင်းပြည်နယ်

သတ်မှတ်ထားသော အမိန့်များကို ချိုးဖောက်ခြင်းအတွက် တရားစွဲဆိုခံရခြင်းများ

ချင်းပြည်နယ်တွင် COVID-19 ကပ်ဘေးကာလ ဒေသန္တရအမိန့်လိုက်နာခြင်းမရှိသည့် ခရစ်ယာန် ဓမ္မဆရာ နှစ်ဦး တရားစွဲဆိုခြင်းခံရ

ချင်းပြည်နယ်၊ ဟားခါးမြို့တွင် ဒေသန္တရအမိန့်နှင့် ညွှန်ကြားချက်များကို ဆန့်ကျင်ပြီး လူစုလူဝေးဖြင့် သင်တန်းပေးခဲ့သည့် ခရစ်ယာန် ဓမ္မဆရာနှစ်ဦးသည် တရားစွဲဆိုခြင်းခံခဲ့ရသည်။ ဟားခါးမြို့တွင် ထိုဓမ္မဆရာနှစ်ဦးသည် လူစုလူဝေးဖြင့် သင်တန်းများပို့ချခဲ့ခြင်းဖြစ်သည်ဟု  ချင်းပြည်နယ်စည်ပင်ဝန်ကြီး ဦးစိုးထက်မှ ပြောကြားခဲ့သည်။

၂၀၂၀ ခုနှစ်၊ ဧပြီလ ၂ ရက်၊ ဒီဗွီဘီ/မြန်မာ

အပြည့်အစုံကိုဒေါင်းလော့ရယူရန် Chronology of COVID-19 in March and April (Burmese)

ဆက်သွယ်မေးမြန်းရန်
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း
ကိုဇော်မိုး (မှတ်တမ်းနှင့်သုတေသနဌာနတာဝန်ခံ၊ နိုင်ငံခြားရေးဒုတာဝန်ခံ) +၉၅(၀)၉၇၉၅၈၈၁၀၁၆
မပိုင်ရည်မွှေး (မှတ်တမ်းနှင့်သုတေသနဌာန ဒုတာဝန်ခံ +၉၅(၀)၉၉၇၃၀၃၁၀၅၀

 



ကချင်ပြည်နယ်



၂၀၂၀ ခုနှစ်၊ ဧပြီလ ၃ ရက်နေ့၊ မြန်မာတိုင်းမ်/မြန်မာ

၂၀၂၀ ခုနှစ်၊ ဧပြီလ ၄ ရက်နေ့၊ အီလဲဗင်း/မြန်မာ

၂၀၂၀ ခုနှစ်၊ ဧပြီလ ၈ ရက်နေ့၊ မဇ္စျိမ  

ကယားပြည်နယ်



၂၀၂၀ ခုနှစ်၊ ဧပြီလ ၂၃ ရက်၊ ဒီဗွီဘီ/မြန်မာ

၂၀၂၀ ခုနှစ်၊ ဧပြီလ ၂၅ ရက်၊ BNI/မြန်မာ

ကရင်ပြည်နယ်



၂၀၂၀ ခုနှစ်၊ ဧပြီလ ၂၂ ရက်၊ အီလဲဗင်း/မြန်မာ

၂၀၂၀ ခုနှစ်၊ မေလ ၆ ရက်၊ မြန်မာတိုင်းမ်/မြန်မာ

ချင်းပြည်နယ်



၂၀၂၀ ခုနှစ်၊ ဧပြီလ ၂ ရက်၊ ဒီဗွီဘီ/မြန်မာ

 

ဆက်သွယ်မေးမြန်းရန်

ကိုဗစ္ကာလသတင်းမွတ္စုဒေါင်းလော့ရယူရန်              Chronology of COVID-19 in March and April (Burmese)