ႏိုင္ငံေရးအက်ဥ္းသားမ်ားကူညီေစာင့္ေရွာက္ေရးအသင္း(ေအေအပီပီ)မွအြန္လိုင္း အေျခခံလူ႔အခြင့္အေရး သင္တန္းက်င္းပ

အေျခခံလူ႔အခြင့္အေရးသင္တန္း

အေျခခံလူ႔အခြင့္အေရးသင္တန္း

၂၀၂၀ခုႏွစ္၊ ေမလ၊ ၆ ရက္ေန႔မွ ၁၃ရက္ေန႔အထိ ႏိုင္ငံေရးအက်ဥ္းသားမ်ားကူညီေစာင့္ေရွာက္ေရးအသင္း မွ စီစဥ္သည့္ အေျခခံလူ႔အခြင့္အေရးသင္တန္းကို မနက္ပိုင္းတႀကိမ္၊ ေန႔လည္ပိုင္းတႀကိမ္ ခြဲ၍ က်င္းပခဲ့ပါသည္။ မနက္ပိုင္း သင္တန္းတြင္ သင္တန္းသား (၁၁)ဦးႏွင့္ ေန႔လည္ပိုင္းသင္တန္းတြင္ သင္တန္းသား (၁၀) ဦး တက္ေရာက္ခဲ့ပါသည္။ သင္တန္းမွာ တိုင္းရင္းသားလူမ်ိဳးေပါင္းစုံ ပါဝင္တက္ေရာက္ခဲ့ၾကၿပီး ေအေအပီပီမွ လူ႔အခြင့္အေရးသင္တန္းနည္းျပ ကိုဝဏၰႏြယ္မွ လူ႔အခြင့္အေရးအဓိပၸါယ္ဖြင့္ဆိုခ်က္၊ တာဝန္ယူမႈႏွင့္ တာဝန္ခံမႈ၊ လူ႔အခြင့္အေရးသမိုင္းႏွင့္ အေျခခံအယူအဆ၊ ဂ်ီနီဗာကြန္ဗင္းရွင္းပါအခ်က္မ်ား၊ လူ႔အခြင့္အေရးႏွင့္ႏိုင္ငံတကာ စာခ်ဳပ္ စာတမ္းမ်ားေပၚေပါက္လာပုံအဆင့္ဆင့္ႏွင့္ ႏိုင္ငံတကာစာခ်ဳပ္စာတမ္းမ်ား၊ ခြဲျခားဆက္ဆံမႈ၊ တိုင္တန္းမႈယႏၲရား တို႔ကို အြန္လိုင္းမွ ပို႔ခ်ေပးခဲ့ပါသည္။ ေအေအပီပီအေနျဖင့္ အြန္လိုင္းအေျခခံ လူ႔အခြင့္အေရး သင္တန္းမ်ားကို ယခု ကိုဗစ္(၁၉) ကပ္ေရာဂါကာလအတြင္း လူ႔အခြင့္အေရးစိတ္ပါဝင္စားသူမ်ားကို ဆက္လက္ပို႔ခ် ေပးသြားမည္ျဖစ္ပါသည္။ လူ႔အခြင့္အေရးအားစိတ္ဝင္စားသူ မည္သူမဆိုပါဝင္တက္ေရာက္ႏိုင္ၿပီး သင္တန္းမွာ တရက္လွ်င္ ႏွစ္နာရီျဖင့္ သင္တန္းကာလ (၈) ရက္ၾကာျမင့္မည္ျဖစ္ပါသည္။ သင္တန္း တက္ေရာက္ လိုသူမ်ားသည္ သင္တန္းကာလ အစအဆုံးတက္ေရာက္ႏိုင္ရန္လိုအပ္ၿပီး အင္တာနက္ ေကာင္းစြာ အသုံးျပဳ ႏိုင္မည့္သူမ်ား ျဖစ္ရပါမည္။ သင္တန္း ႏွင့္ပတ္သက္ၿပီး အေသးစိတ္သိရွိလိုပါက ေအာက္ပါ ဖုန္းနံပတ္မ်ားသို႔ ဆက္သြယ္စုံစမ္းေမးျမန္းႏိုင္ပါသည္။
ကိုဝဏၰႏြယ္- ၀၉၂၅၀၀၀၆၂၉၇
ကိုေက်ာ္ဦး- ၀၉၄၀၁၅၆၀၈၇
ကိုခင္ေမာင္ဝင္း- ၀၉၄၂၅၃၃၁၆၂၁
ကိုမ်ိဳးထြန္း- ၀၉၂၅၀၈၂၇၉၅၈

၂၀၂၀ခုနှစ်၊ မေလ၊ ၆ ရက်နေ့မှ ၁၃ရက်နေ့အထိ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း မှ စီစဉ်သည့် အခြေခံလူ့အခွင့်အရေးသင်တန်းကို မနက်ပိုင်းတကြိမ်၊ နေ့လည်ပိုင်းတကြိမ် ခွဲ၍ ကျင်းပခဲ့ပါသည်။ မနက်ပိုင်း သင်တန်းတွင် သင်တန်းသား (၁၁)ဦးနှင့် နေ့လည်ပိုင်းသင်တန်းတွင် သင်တန်းသား (၁၀) ဦး တက်ရောက်ခဲ့ပါသည်။ သင်တန်းမှာ တိုင်းရင်းသားလူမျိုးပေါင်းစုံ ပါဝင်တက်ရောက်ခဲ့ကြပြီး အေအေပီပီမှ လူ့အခွင့်အရေးသင်တန်းနည်းပြ ကိုဝဏ္ဏနွယ်မှ လူ့အခွင့်အရေးအဓိပ္ပါယ်ဖွင့်ဆိုချက်၊ တာဝန်ယူမှုနှင့် တာဝန်ခံမှု၊ လူ့အခွင့်အရေးသမိုင်းနှင့် အခြေခံအယူအဆ၊ ဂျီနီဗာကွန်ဗင်းရှင်းပါအချက်များ၊ လူ့အခွင့်အရေးနှင့်နိုင်ငံတကာ စာချုပ် စာတမ်းများပေါ်ပေါက်လာပုံအဆင့်ဆင့်နှင့် နိုင်ငံတကာစာချုပ်စာတမ်းများ၊ ခွဲခြားဆက်ဆံမှု၊ တိုင်တန်းမှုယန္တရား တို့ကို အွန်လိုင်းမှ ပို့ချပေးခဲ့ပါသည်။ အေအေပီပီအနေဖြင့် အွန်လိုင်းအခြေခံ လူ့အခွင့်အရေး သင်တန်းများကို ယခု ကိုဗစ်(၁၉) ကပ်ရောဂါကာလအတွင်း လူ့အခွင့်အရေးစိတ်ပါဝင်စားသူများကို ဆက်လက်ပို့ချ ပေးသွားမည်ဖြစ်ပါသည်။ လူ့အခွင့်အရေးအားစိတ်ဝင်စားသူ မည်သူမဆိုပါဝင်တက်ရောက်နိုင်ပြီး သင်တန်းမှာ တရက်လျှင် နှစ်နာရီဖြင့် သင်တန်းကာလ (၈) ရက်ကြာမြင့်မည်ဖြစ်ပါသည်။ သင်တန်း တက်ရောက် လိုသူများသည် သင်တန်းကာလ အစအဆုံးတက်ရောက်နိုင်ရန်လိုအပ်ပြီး အင်တာနက် ကောင်းစွာ အသုံးပြု နိုင်မည့်သူများ ဖြစ်ရပါမည်။ သင်တန်း နှင့်ပတ်သက်ပြီး အသေးစိတ်သိရှိလိုပါက အောက်ပါ ဖုန်းနံပတ်များသို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။
ကိုဝဏ္ဏနွယ်- ၀၉၂၅၀၀၀၆၂၉၇
ကိုကျော်ဦး- ၀၉၄၀၁၅၆၀၈၇
ကိုခင်မောင်ဝင်း- ၀၉၄၂၅၃၃၁၆၂၁
ကိုမျိုးထွန်း- ၀၉၂၅၀၈၂၇၉၅၈