COVID – 19 ကာလမွာ တတပ္တအား ပါဝင္ကူညီရန္ AAPP ေကာင္စဲလင္း အစီအစဥ္၏ အြန္လိုင္း စိတ္ပိုင္းဆိုင္ရာအႀကံေပးျခင္း အစီအစဥ္ (Online Mental Health Consultation Program) စတင္ျခင္း

COVID – 19 ကာလမွာ တတပ္တအား ပါဝင္ကူညီရန္
AAPP ေကာင္စဲလင္း အစီအစဥ္၏
အြန္လိုင္း စိတ္ပိုင္းဆိုင္ရာအႀကံေပးျခင္း အစီအစဥ္ (Online Mental Health Consultation Program) စတင္ျခင္း
ေန႔စြဲ။ ။ ၃၊ ဧၿပီ၊ ၂၀၂၀။
“COVID−19 နဲ႔ စိတ္ဖိစီးေနၾကပါသလား… မိသားစုအတြက္၊ ေဆြမ်ိဳးေတြအတြက္၊ မိတ္ေဆြသူငယ္ခ်င္းေတြအတြက္၊ အလုပ္အတြက္၊ ျမန္မာျပည္ႀကီးအတြက္၊ ကမာၻႀကီးအတြက္ ေတြးေတာရင္း စိတ္ပူပင္မႈေတြမ်ားေနပါၿပီလား… “
“ဒီလို စိတ္ဖိစီးမႈ၊ စိတ္အလိုမက်မႈ၊ ပူပင္ေသာကေတြကို ေျဖေလ်ာ့ေပးဖို႔ ႏိုင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္း (ေအေအပီပီ)ရဲ႕ စိတ္ဓါတ္ျပန္လည္ ျမႇင့္တင္ေရး ကူညီေထာက္ပံ့မႈအစီအစဥ္၏ Online Mental Health Consultation Program က ကူညီေပးႏိုင္ပါတယ္။”
က်ေနာ္တို႔သည္ လူေပါင္း ၃၀၀၀ ေက်ာ္ကို တစ္ဦးခ်င္းေကာင္စဲလင္း ေပးခဲ့ၿပီး လုပ္ငန္း အေတြ႕အႀကဳံ ၁၀ ႏွစ္ ရွိၿပီျဖစ္ပါသည္။ က်ေနာ္တို႔ ယခုလို ေကာင္စဲလင္းေပးႏိုင္ရန္ အေမရိကန္ႏိုင္ငံရွိ John Hopkin University မွ နည္းပညာသင္ေပးခဲ့ၿပီး ယေန႔ အခ်ိန္ထိလည္း ဆက္လက္ၫႊန္ၾကားေနဆဲျဖစ္ပါသည္။ ယေန႔အခ်ိန္ထိ မိမိတို႔ သည္ တစ္ဦးခ်င္းေကာင္စဲလင္းေပးျခင္းအျပင္ အမ်ိဳးသမီးအစုအဖြဲ႕မ်ား၊ ရက္ရွည္ သင္တန္း တက္ေန သူမ်ား၊ မတူကြဲျပားသည့္ အေျခခံရွိေသာ လူမ်ားအားလည္း Stress Management, Coping Skills, အစရွိသျဖင့္ တို႔ကိုလည္း သင္တန္းေပးေနေသာ သူမ်ားျဖစ္ပါသည္။
ယေန႔အခ်ိန္တြင္ ျဖစ္ပြားေနေသာ ကမာၻ႔ကပ္ေရာဂါ ေၾကာင့္ ျပည္သူအမ်ားသည္ အိမ္တြင္းတြင္ေနေနရျခင္း၊ ေရာဂါထိမ္းခ်ဳပ္ေရး စခန္းမ်ားတြင္ ေနထိုင္ေနရျခင္း၊ မေရရာေသာ အေျခအေနမ်ားေၾကာင့္ စိတ္ပိုင္းဆိုင္ရာ ခံစားရမႈမ်ားျမင့္တက္လာသည္ကို ၾကားသိ ေနရပါသည္။
ယခုလို ကပ္ေဘးက်ေရာက္သည့္အခါ လူတို႔တြင္ _ မိမိကိုယ္တိုင္ သို႔မဟုတ္ မိမိ၏ ခ်စ္ခင္ရေသာ သူတို႔၏ က်န္းမာေရးကို စိုးရိမ္ပူပန္ျခင္း၊ အိပ္ေပ်ာ္ရန္ ခက္ခဲျခင္း၊ အိပ္ခ်ိန္၊ စားခ်ိန္မ်ား ေျပာင္းလဲသြားျခင္း၊ အလြယ္တကူ ေဒါသထြက္လာျခင္း၊ အရက္၊ ေဆးလိပ္၊ မူးယစ္ေဆးဝါး စသည္တို႔ သုံးစြဲမႈ ပိုမိုလာျခင္း၊ အိမ္တြင္ ေနရျခင္းမ်ားလာသည့္အတြက္ ကေလးမ်ား၊ လူငယ္မ်ားတြင္ ေဒါသပိုျဖစ္လာျခင္း၊ အဆိုးျမင္မႈ မ်ားလာျခင္းတို႔ျဖစ္မည္။ မိမိတို႔၏ အိပ္မက္မ်ား၊ ရည္မွန္းခ်က္မ်ားသည္ မေကာင္းသည့္ဖက္သို႔ ေျပာင္းလဲသြားၾကျခင္း၊ ဗိုက္ေအာင့္ျခင္း စသည္တို႔ျဖစ္လာတတ္သည္။ ထို႔ျပင္ ကေလး၊ လူငယ္တို႔သည္ မိဘ၊ ညီအကိုေမာင္ႏွမ မ်ားအေပၚတြင္ ပိုမို ခြၽဲႏြဲ႕လာတတ္ျခင္း။ စသည့္ စိတ္ပိုင္းဆိုင္ရာ ျပႆနာမ်ားကိုႀကဳံေတြ႕ႏိုင္ၾကပါသည္။
ထိုအခက္အခဲ၊ ျပႆနာမ်ားကို က်ေနာ္တို႔ ႏိုင္ငံေရးအက်ဥ္းသားမ်ားကူညီေစာင့္ေရွာက္ေရးအသင္း၏ စိတ္ဓာတ္ျပန္လည္ ျမႇင့္တင္ေရး ကူညီေထာက္ပံ့မႈအစီအစဥ္မွ အေတြ႕အႀကဳံရင့္ေကာင္စယ္လာမ်ားက လူႀကီးမင္းတို႔၏ တယ္လီဖုန္း၊ မက္ဆင္ဂ်ာ တို႔မွ ကူညီေျဖရွင္းေပးပါမည္။
ဘာေတြလုပ္ဖို႔လိုမလဲ
တစ္ဦးလွ်င္ ေဆြးေႏြးခ်ိန္ မိနစ္ ၃၀၊ သုံးႀကိမ္ အမ်ားဆုံး ပါဝင္ေဆြးေႏြးႏိုင္ပါသည္။
ဆက္သြယ္လာသည့္ ပုဂၢိဳလ္မ်ားသည္ ေအာက္ေဖာ္ျပပါအခ်က္အလက္မ်ား ေပးရန္လိုမည္ျဖစ္ပါသည္။
၁။ မိမိ၏ အမည္ (အမည္လႊဲလည္းရပါသည္) ၂။ မိမိ၏ အသက္
၃။ မိမိ၏ အလုပ္အကိုင္ ၄။ မိမိ၏ လက္ရွိတာဝန္ ၅။ အေရးေပၚဆက္သြယ္ရန္ ဖုန္းနံပါတ္
အကူအညီ (ေဆြးေႏြး၊ နည္းျပ၊ အႀကံေပးမႈ) ရယူလိုေသာသူမ်ားအေနျဖင့္ ေအာက္ပါဖုန္းနံပတ္မ်ားကို ဆက္သြယ္ အကူအညီေတာင္းခံႏိုင္ ပါသည္။
Hot line (အခ်ိန္မေ႐ြး ဆက္သြယ္ရန္ ၂၄/၇)
ဦးဗိုလ္ဗိုလ္လင္း | ၀၉၄၂၀၀၆၄၄၁၀ | [email protected] | https://www.facebook.com/profile.php?id=100009345959806 |
ဦးသန္းထိုက္ဝင္း | ၀၉၅၁၁၆၂၆၆ | [email protected] | https://www.facebook.com/thanhtike.win.9 |
Regular consultation
အမည္ | ဖုန္းနံပါတ္ | အီးေမးလ္ | မက္ဆင္ဂ်ာ | မွတ္ခ်က္ |
ဦးေက်ာ္စိုးဝင္း | ၀၉၇၇၄၃၃၆၇၆၀ | [email protected] | https://www.facebook.com/Konge1988 | တနလၤာ – ေသာၾကာ နံနက္ ၉ နာရီမွ ညေန ၅ နာရီ အတြင္း |
ဦးဗိုလ္ဗိုလ္လင္း | ၀၉၄၂၀၀၆၄၄၁၀ | [email protected] | https://www.facebook.com/profile.php?id=100009345959806 | တနလၤာ – ေသာၾကာ နံနက္ ၉ နာရီမွ ညေန ၅ နာရီ အတြင္း |
ဦးသန္းထိုက္ဝင္း | ၀၉၅၁၁၆၂၆၆ | [email protected] | https://www.facebook.com/thanhtike.win.9 | တနလၤာ – ေသာၾကာ နံနက္ ၉ နာရီမွ ညေန ၅ နာရီ အတြင္း |
ေဒၚေအးသီတာ | ၀၉၄၂၁၁၁၈၆၃၅ | [email protected] | https://web.facebook.com/aye.thida.520 | တနလၤာ – ေသာၾကာ နံနက္ ၉ နာရီမွ ညေန ၅ နာရီ အတြင္း |
ေဒၚေမခ်စ္ဦး | ၀၉၇၉၉၅၂၀၄၉၇ | [email protected] | https://web.facebook.com/profile.php?id=100010470480200 | တနဂၤေႏြ မွ စေန ထိ နံနက္ ၉ နာရီမွ ညေန ၅ နာရီ အတြင္း |
ဦးခင္ေမာင္ဝင္း (ကိုဆန္နီ) | ၀၉၂၅၄၀၃၉၃၂၁ | [email protected] | http://m.me/sun.ny.372 | တနလၤာ – ေသာၾကာ နံနက္ ၉ နာရီမွ ညေန ၅ နာရီ အတြင္း |
ဦးလြင္မိုးျမင့္ | ၀၉၄၂၈၁၇၆၇၇၁ | [email protected] | https://web.facebook.com/lwinmoe.myint.14 | တနလၤာ – ေသာၾကာ နံနက္ ၉ နာရီမွ ညေန ၅ နာရီ အတြင္း |
Unicode ဖြင့်ဖတ်ရန်
နေ့စွဲ။ ။ ၃၊ ဧပြီ၊ ၂၀၂၀။
“COVID−19 နဲ့ စိတ်ဖိစီးနေကြပါသလား… မိသားစုအတွက်၊ ဆွေမျိုးတွေအတွက်၊ မိတ်ဆွေသူငယ်ချင်းတွေအတွက်၊ အလုပ်အတွက်၊ မြန်မာပြည်ကြီးအတွက်၊ ကမ္ဘာကြီးအတွက် တွေးတောရင်း စိတ်ပူပင်မှုတွေများနေပါပြီလား… “
“ဒီလို စိတ်ဖိစီးမှု၊ စိတ်အလိုမကျမှု၊ ပူပင်သောကတွေကို ဖြေလျော့ပေးဖို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)ရဲ့ စိတ်ဓါတ်ပြန်လည် မြှင့်တင်ရေး ကူညီထောက်ပံ့မှုအစီအစဉ်၏ Online Mental Health Consultation Program က ကူညီပေးနိုင်ပါတယ်။”
ကျနော်တို့သည် လူပေါင်း ၃၀၀၀ ကျော်ကို တစ်ဦးချင်းကောင်စဲလင်း ပေးခဲ့ပြီး လုပ်ငန်း အတွေ့အကြုံ ၁၀ နှစ် ရှိပြီဖြစ်ပါသည်။ ကျနော်တို့ ယခုလို ကောင်စဲလင်းပေးနိုင်ရန် အမေရိကန်နိုင်ငံရှိ John Hopkin University မှ နည်းပညာသင်ပေးခဲ့ပြီး ယနေ့ အချိန်ထိလည်း ဆက်လက်ညွှန်ကြားနေဆဲဖြစ်ပါသည်။ ယနေ့အချိန်ထိ မိမိတို့ သည် တစ်ဦးချင်းကောင်စဲလင်းပေးခြင်းအပြင် အမျိုးသမီးအစုအဖွဲ့များ၊ ရက်ရှည် သင်တန်း တက်နေ သူများ၊ မတူကွဲပြားသည့် အခြေခံရှိသော လူများအားလည်း Stress Management, Coping Skills, အစရှိသဖြင့် တို့ကိုလည်း သင်တန်းပေးနေသော သူများဖြစ်ပါသည်။
ယနေ့အချိန်တွင် ဖြစ်ပွားနေသော ကမ္ဘာ့ကပ်ရောဂါ ကြောင့် ပြည်သူအများသည် အိမ်တွင်းတွင်နေနေရခြင်း၊ ရောဂါထိမ်းချုပ်ရေး စခန်းများတွင် နေထိုင်နေရခြင်း၊ မရေရာသော အခြေအနေများကြောင့် စိတ်ပိုင်းဆိုင်ရာ ခံစားရမှုများမြင့်တက်လာသည်ကို ကြားသိ နေရပါသည်။
ယခုလို ကပ်ဘေးကျရောက်သည့်အခါ လူတို့တွင် _ မိမိကိုယ်တိုင် သို့မဟုတ် မိမိ၏ ချစ်ခင်ရသော သူတို့၏ ကျန်းမာရေးကို စိုးရိမ်ပူပန်ခြင်း၊ အိပ်ပျော်ရန် ခက်ခဲခြင်း၊ အိပ်ချိန်၊ စားချိန်များ ပြောင်းလဲသွားခြင်း၊ အလွယ်တကူ ဒေါသထွက်လာခြင်း၊ အရက်၊ ဆေးလိပ်၊ မူးယစ်ဆေးဝါး စသည်တို့ သုံးစွဲမှု ပိုမိုလာခြင်း၊ အိမ်တွင် နေရခြင်းများလာသည့်အတွက် ကလေးများ၊ လူငယ်များတွင် ဒေါသပိုဖြစ်လာခြင်း၊ အဆိုးမြင်မှု များလာခြင်းတို့ဖြစ်မည်။ မိမိတို့၏ အိပ်မက်များ၊ ရည်မှန်းချက်များသည် မကောင်းသည့်ဖက်သို့ ပြောင်းလဲသွားကြခြင်း၊ ဗိုက်အောင့်ခြင်း စသည်တို့ဖြစ်လာတတ်သည်။ ထို့ပြင် ကလေး၊ လူငယ်တို့သည် မိဘ၊ ညီအကိုမောင်နှမ များအပေါ်တွင် ပိုမို ချွဲနွဲ့လာတတ်ခြင်း။ စသည့် စိတ်ပိုင်းဆိုင်ရာ ပြဿနာများကိုကြုံတွေ့နိုင်ကြပါသည်။
ထိုအခက်အခဲ၊ ပြဿနာများကို ကျနော်တို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း၏ စိတ်ဓာတ်ပြန်လည် မြှင့်တင်ရေး ကူညီထောက်ပံ့မှုအစီအစဉ်မှ အတွေ့အကြုံရင့်ကောင်စယ်လာများက လူကြီးမင်းတို့၏ တယ်လီဖုန်း၊ မက်ဆင်ဂျာ တို့မှ ကူညီဖြေရှင်းပေးပါမည်။
ဘာတွေလုပ်ဖို့လိုမလဲ
တစ်ဦးလျှင် ဆွေးနွေးချိန် မိနစ် ၃၀၊ သုံးကြိမ် အများဆုံး ပါဝင်ဆွေးနွေးနိုင်ပါသည်။
ဆက်သွယ်လာသည့် ပုဂ္ဂိုလ်များသည် အောက်ဖော်ပြပါအချက်အလက်များ ပေးရန်လိုမည်ဖြစ်ပါသည်။
၁။ မိမိ၏ အမည် (အမည်လွှဲလည်းရပါသည်) ၂။ မိမိ၏ အသက်
၃။ မိမိ၏ အလုပ်အကိုင် ၄။ မိမိ၏ လက်ရှိတာဝန် ၅။ အရေးပေါ်ဆက်သွယ်ရန် ဖုန်းနံပါတ်
အကူအညီ (ဆွေးနွေး၊ နည်းပြ၊ အကြံပေးမှု) ရယူလိုသောသူများအနေဖြင့် အောက်ပါဖုန်းနံပတ်များကို ဆက်သွယ် အကူအညီတောင်းခံနိုင် ပါသည်။
Hot line (အချိန်မရွေး ဆက်သွယ်ရန် ၂၄/၇)
ဦးဗိုလ်ဗိုလ်လင်း | ၀၉၄၂၀၀၆၄၄၁၀ | [email protected] | https://www.facebook.com/profile.php?id=100009345959806 |
ဦးသန်းထိုက်ဝင်း | ၀၉၅၁၁၆၂၆၆ | [email protected] | https://www.facebook.com/thanhtike.win.9 |
Regular consultation
အမည် | ဖုန်းနံပါတ် | အီးမေးလ် | မက်ဆင်ဂျာ | မှတ်ချက် |
ဦးကျော်စိုးဝင်း | ၀၉၇၇၄၃၃၆၇၆၀ | [email protected] | https://www.facebook.com/Konge1988 | တနင်္လာ – သောကြာ နံနက် ၉ နာရီမှ ညနေ ၅ နာရီ အတွင်း |
ဦးဗိုလ်ဗိုလ်လင်း | ၀၉၄၂၀၀၆၄၄၁၀ | [email protected] | https://www.facebook.com/profile.php?id=100009345959806 | တနင်္လာ – သောကြာ နံနက် ၉ နာရီမှ ညနေ ၅ နာရီ အတွင်း |
ဦးသန်းထိုက်ဝင်း | ၀၉၅၁၁၆၂၆၆ | [email protected] | https://www.facebook.com/thanhtike.win.9 | တနင်္လာ – သောကြာ နံနက် ၉ နာရီမှ ညနေ ၅ နာရီ အတွင်း |
ဒေါ်အေးသီတာ | ၀၉၄၂၁၁၁၈၆၃၅ | [email protected] | https://web.facebook.com/aye.thida.520 | တနင်္လာ – သောကြာ နံနက် ၉ နာရီမှ ညနေ ၅ နာရီ အတွင်း |
ဒေါ်မေချစ်ဦး | ၀၉၇၉၉၅၂၀၄၉၇ | [email protected] | https://web.facebook.com/profile.php?id=100010470480200 | တနင်္ဂနွေ မှ စနေ ထိ နံနက် ၉ နာရီမှ ညနေ ၅ နာရီ အတွင်း |
ဦးခင်မောင်ဝင်း (ကိုဆန်နီ) | ၀၉၂၅၄၀၃၉၃၂၁ | [email protected] | http://m.me/sun.ny.372 | တနင်္လာ – သောကြာ နံနက် ၉ နာရီမှ ညနေ ၅ နာရီ အတွင်း |
ဦးလွင်မိုးမြင့် | ၀၉၄၂၈၁၇၆၇၇၁ | [email protected] | https://web.facebook.com/lwinmoe.myint.14 | တနင်္လာ – သောကြာ နံနက် ၉ နာရီမှ ညနေ ၅ နာရီ အတွင်း |
COVID AD အပြည့်အစုံကိုဒေါင်းလော့ရယူရန်