သတင္းစာဆရာႀကီးဟံသာဝတီဦးဝင္းတင္ ကြယ္လြန္ျခင္း (၆) ႏွစ္ျပည့္ အျပာေရာင္လႈပ္ရွားမႈ

 

 

 

 

 

သူငယ္ခ်င္းမိတ္ေဆြမ်ားခင္ဗ်ား
၂၀ ဧၿပီလ ၂၀၂၀။

ကိုဗစ္ ၁၉ ဗိုင္းရပ္ပိုးသည္ ကမာၻတစ္ဝွမ္းတြင္ လူႏွစ္သန္းေက်ာ္ကို ကူးစက္ေနၿပီး လူတစ္သိန္းေက်ာ္ အသက္ဆုံးရႉံးရၿပီး ျဖစ္ေနပါသည္။ ျမန္မာႏိုင္ငံတြင္လည္း ကပ္ေရာဂါပိုးေတြ႕ရွိသူ ၁၁၁ ဦး ရွိေနၿပီး ကပ္ေရာဂါတိုက္ဖ်က္ေရး အတြက္ အစြမ္းကုန္တိုက္ဖ်က္ေနသည္ကို ေတြ႕ရွိရပါသည္။ ကိုဗစ္ကိုတိုက္ဖ်က္ရာတြင္ အက်ဥ္းေထာင္ကို ထည့္သြင္းစဥ္းစားရန္ ႏွင့္ ႏိုင္ငံေရးအက်ဥ္းသားမ်ားကို လႊတ္ေပးရန္ ေအေအပီပီအပါအဝင္ အျခားေသာ အဖြဲ႕အစည္းမ်ားမွလည္း အစိုးရအားတိုက္တြန္းခဲ့သည္။ အစိုးရဖက္မွလည္း အက်ဥ္းေထာင္တြင္း လူဦးေရေလွ်ာ့ခ် ႏိုင္ေရးအတြက္ ရည္႐ြယ္ၿပီး ႏိုင္ငံေရးအက်ဥ္းသား ၂၀ ဦီးအပါအဝင္ အက်ဥ္းသား ၂၄၈၆၉ ဦးကို ဧၿပီလ ၁၇၊ ၂၀၂၀ တြင္လႊတ္ေပးခဲ့သည္ကိုေတြ႕ရွိရသည္။

သို႔ေသာ္ ယေန႔အက်ဥ္းေထာင္အသီးသီးတြင္ ႏိုင္ငံေရးႏွင့္ပတ္သက္ၿပီး ဖမ္းဆီး ထိမ္းသိမ္းခံေနရသူေပါင္း (ေထာင္ဒဏ္ခ်မွတ္ၿပီး ၅၆ ဦး+ေထာင္တြင္းမွ တရားရင္ဆိုင္၁၂၆ ဦး) ဦးရွိၿပီး အက်ဥ္းေထာင္ျပင္ပမွ တရားရင္ဆိုင္ေနရသူ ၃၉၄ ဦး ခန္႔ရွိပါတယ္။
အဲဒီထဲက အခ်ိဳ႕ကေတာ့ သူတို႔ရဲ႕ အခြင့္အေရးေတြ အတြက္ ေတာင္းဆိုရင္း အဖမ္းခံေနရတာပါ။ အခ်ိဳ႕ေတာ့ အစိုးရ နဲ႔ တပ္မေတာ္ေခါင္းေဆာင္ပိုင္းေတြကို ေဝဖန္တဲ့အတြက္ပါ။ အခ်ိဳ႕ကေတာ့ တိုင္းရင္းသားေခါင္းေဆာင္ေတြပါ။ လယ္သမားေတြပါ။

ႏိုင္ငံေတာ္ေတာ္မ်ားမ်ားက ေခါင္းေဆာင္ေတြနဲ႔ လူအမ်ားက ျမန္မာႏိုင္ငံမွာ ႏိုင္ငံေရးအက်ဥ္းသားေတြ အကုန္လြတ္သြားၿပီ မရွိေတာ့ဖူးလို႔ ထင္ေနၾကပါတယ္။ ဒါေၾကာင့္မို႔လို႔လည္း ႏိုင္ငံေရးအက်ဥ္းသားမ်ား လြတ္ေျမာက္ေရးအတြက္ အစိုးရ ကို အျခားႏိုင္ငံမ်ားက ဖိအားေပးမႈေတြလည္း မရွိေတာ့သေလာက္ပါ ဘဲ။

အဲဒီစဥ္းစားမႈေတြကို ေျပာင္းလဲႏိုင္ဖို႔၊ ျမန္မာႏိုင္ငံမွာ ႏိုင္ငံေရး အက်ဥ္းသားမ်ား ရွိေနေသးတယ္ ဆိုတာ ျပသႏိုင္ဖို႔ သူငယ္ခ်င္း မိတ္ေဆြမ်ားရဲ႕ အကူအညီလိုအပ္ပါတယ္။

သတင္းစာဆရာႀကီး ဟံသာဝတီ ဦးဝင္းတင္ ဆိုတာ တကယ္ကို လူသိမ်ားၿပီး လူေလးစားခံရတဲ့ ႀကီးျမတ္တဲ့၊ ဂုဏ္ျပဳထိုက္သူ တစ္ေယာက္ပါ။ သူ က စစ္အက်ဥ္းေထာင္ထဲမွာ ႏွစ္ေပါင္း ၂၀ ေလာက္ အက်ဥ္းခ်ခံခဲ့ရသူပါ။ သူ ဟာ လြတ္ေျမာက္လာၿပီးကတည္းက ႏိုင္ငံေရးအက်ဥ္းသားေတြ မလြတ္မခ်င္း အက်ဥ္းေထာင္ ဝတ္စုံျဖစ္တဲ့ အျပာေရာင္ဝတ္စုံ ကို ေတာက္ေလွ်ာက္ဝတ္ဆင္သြားခဲ့သူပါ။ ဧၿပီလ ၂၁ ရက္၊ ၂၀၂၀ ဆိုရင္ သူကြယ္လြန္ခဲ့တာ ၆ ႏွစ္ ရွိပါၿပီ။ ဒါေၾကာင့္ သူကြယ္လြန္ခဲ့တဲ့ ဧၿပီလ ၂၁ ရက္ေန႔မွာ အျပာေရာင္အက်ႌဝတ္ဆင္ၿပီး က်ေနာ္တို႔နဲ႔ အတူတူ ႏိုင္ငံေရးအက်ဥ္းသားအားလုံး ႁခြင္းခ်က္မရွိ လႊတ္ေပးေရး ေတာင္းဆိုၾကရေအာင္ပါ။

က်ေနာ္တို႔နဲ႔ ပူးေပါင္းေပးၾကပါ။ အခုကတည္းက သူငယ္ခ်င္း မိတ္ေဆြမ်ားရဲ႕ ဒိုင္ယာရီထဲမွာ ဧၿပီလ ၂၁ ရက္ ကို အျပာေရာင္အက်ႌဝတ္ဆင္ဖို႔ မွတ္သားထားေပးၾကပါ။ အျခားေသာ သူငယ္ခ်င္းမ်ားကို ခင္ဗ်ားလို လိုက္ဝတ္ေပးဖို႔ ေျပာဆိုေပးပါ။ ၿပီးေတာ့ အဲဒီ အျပာေရာင္ ဝတ္ဆင္ထားတာေလးကို ဓာတ္ပုံ႐ိုက္ၿပီး ေဖ့ဘြတ္နဲ႔ အျခား ဆိုရွယ္မီဒီယာေတြမွာ တင္ေပးပါ။ ၿပီးရင္ ဒီလင့္ကေလးကို အသုံးျပဳဖို႔လည္း မေမ့ပါနဲ႔။

hashtag: #blueshirt4burma

ႏိုင္ငံေရးအက်ဥ္းသားေတြကို ေမ့ေလ်ာ့ေနတာ၊ ႏိုင္ငံေရးအက်ဥ္းသားေတြ ရွိေနေသးတာ ျဖစ္ကို မျဖစ္သင့္ပါဖူး။

အားလုံးရဲ႕ ပူးေပါင္းေဆာင္႐ြက္မႈမ်ား အတြက္ အထူးေက်းဇူးတင္ရွိပါတယ္။

ႏိုင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္း

#BlueShirt4Burma #BlueShirtDay

သူငယ်ချင်းမိတ်ဆွေများခင်ဗျား
၂၀ ဧပြီလ ၂၀၂၀။

ကိုဗစ် ၁၉ ဗိုင်းရပ်ပိုးသည် ကမ္ဘာတစ်ဝှမ်းတွင် လူနှစ်သန်းကျော်ကို ကူးစက်နေပြီး လူတစ်သိန်းကျော် အသက်ဆုံးရှူံးရပြီး ဖြစ်နေပါသည်။ မြန်မာနိုင်ငံတွင်လည်း ကပ်ရောဂါပိုးတွေ့ရှိသူ ၁၁၁ ဦး ရှိနေပြီး ကပ်ရောဂါတိုက်ဖျက်ရေး အတွက် အစွမ်းကုန်တိုက်ဖျက်နေသည်ကို တွေ့ရှိရပါသည်။ ကိုဗစ်ကိုတိုက်ဖျက်ရာတွင် အကျဉ်းထောင်ကို ထည့်သွင်းစဉ်းစားရန် နှင့် နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးရန် အေအေပီပီအပါအဝင် အခြားသော အဖွဲ့အစည်းများမှလည်း အစိုးရအားတိုက်တွန်းခဲ့သည်။ အစိုးရဖက်မှလည်း အကျဉ်းထောင်တွင်း လူဦးရေလျှော့ချ နိုင်ရေးအတွက် ရည်ရွယ်ပြီး နိုင်ငံရေးအကျဉ်းသား ၂၀ ဦးအပါအဝင် အကျဉ်းသား ၂၄၈၆၉ ဦးကို ဧပြီလ ၁၇၊ ၂၀၂၀ တွင်လွှတ်ပေးခဲ့သည်ကိုတွေ့ရှိရသည်။

သို့သော် ယနေ့အကျဉ်းထောင်အသီးသီးတွင် နိုင်ငံရေးနှင့်ပတ်သက်ပြီး ဖမ်းဆီး ထိမ်းသိမ်းခံနေရသူပေါင်း (ထောင်ဒဏ်ချမှတ်ပြီး ၅၆ ဦး+ထောင်တွင်းမှ တရားရင်ဆိုင်၁၂၆ ဦး) ဦးရှိပြီး အကျဉ်းထောင်ပြင်ပမှ တရားရင်ဆိုင်နေရသူ ၃၉၄ ဦး ခန့်ရှိပါတယ်။
အဲဒီထဲက အချို့ကတော့ သူတို့ရဲ့ အခွင့်အရေးတွေ အတွက် တောင်းဆိုရင်း အဖမ်းခံနေရတာပါ။ အချို့တော့ အစိုးရ နဲ့ တပ်မတော်ခေါင်းဆောင်ပိုင်းတွေကို ဝေဖန်တဲ့အတွက်ပါ။ အချို့ကတော့ တိုင်းရင်းသားခေါင်းဆောင်တွေပါ။ လယ်သမားတွေပါ။

နိုင်ငံတော်တော်များများက ခေါင်းဆောင်တွေနဲ့ လူအများက မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားတွေ အကုန်လွတ်သွားပြီ မရှိတော့ဖူးလို့ ထင်နေကြပါတယ်။ ဒါကြောင့်မို့လို့လည်း နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် အစိုးရ ကို အခြားနိုင်ငံများက ဖိအားပေးမှုတွေလည်း မရှိတော့သလောက်ပါ ဘဲ။

အဲဒီစဉ်းစားမှုတွေကို ပြောင်းလဲနိုင်ဖို့၊ မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသားများ ရှိနေသေးတယ် ဆိုတာ ပြသနိုင်ဖို့ သူငယ်ချင်း မိတ်ဆွေများရဲ့ အကူအညီလိုအပ်ပါတယ်။

သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင် ဆိုတာ တကယ်ကို လူသိများပြီး လူလေးစားခံရတဲ့ ကြီးမြတ်တဲ့၊ ဂုဏ်ပြုထိုက်သူ တစ်ယောက်ပါ။ သူ က စစ်အကျဉ်းထောင်ထဲမှာ နှစ်ပေါင်း ၂၀ လောက် အကျဉ်းချခံခဲ့ရသူပါ။ သူ ဟာ လွတ်မြောက်လာပြီးကတည်းက နိုင်ငံရေးအကျဉ်းသားတွေ မလွတ်မချင်း အကျဉ်းထောင် ဝတ်စုံဖြစ်တဲ့ အပြာရောင်ဝတ်စုံ ကို တောက်လျှောက်ဝတ်ဆင်သွားခဲ့သူပါ။ ဧပြီလ ၂၁ ရက်၊ ၂၀၂၀ ဆိုရင် သူကွယ်လွန်ခဲ့တာ ၆ နှစ် ရှိပါပြီ။ ဒါကြောင့် သူကွယ်လွန်ခဲ့တဲ့ ဧပြီလ ၂၁ ရက်နေ့မှာ အပြာရောင်အင်္ကျီဝတ်ဆင်ပြီး ကျနော်တို့နဲ့ အတူတူ နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ လွှတ်ပေးရေး တောင်းဆိုကြရအောင်ပါ။

ကျနော်တို့နဲ့ ပူးပေါင်းပေးကြပါ။ အခုကတည်းက သူငယ်ချင်း မိတ်ဆွေများရဲ့ ဒိုင်ယာရီထဲမှာ ဧပြီလ ၂၁ ရက် ကို အပြာရောင်အင်္ကျီဝတ်ဆင်ဖို့ မှတ်သားထားပေးကြပါ။ အခြားသော သူငယ်ချင်းများကို ခင်ဗျားလို လိုက်ဝတ်ပေးဖို့ ပြောဆိုပေးပါ။ ပြီးတော့ အဲဒီ အပြာရောင် ဝတ်ဆင်ထားတာလေးကို ဓာတ်ပုံရိုက်ပြီး ဖေ့ဘွတ်နဲ့ အခြား ဆိုရှယ်မီဒီယာတွေမှာ တင်ပေးပါ။ ပြီးရင် ဒီလင့်ကလေးကို အသုံးပြုဖို့လည်း မမေ့ပါနဲ့။

hashtag: #blueshirt4burma

နိုင်ငံရေးအကျဉ်းသားတွေကို မေ့လျော့နေတာ၊ နိုင်ငံရေးအကျဉ်းသားတွေ ရှိနေသေးတာ ဖြစ်ကို မဖြစ်သင့်ပါဖူး။

အားလုံးရဲ့ ပူးပေါင်းဆောင်ရွက်မှုများ အတွက် အထူးကျေးဇူးတင်ရှိပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း

#BlueShirt4Burma #BlueShirtDay

ဒေါင်းလော့ရယူရန် blue shirt campaing