ပဲခူးမြို့ရှိ ရောဂါထိန်းချုပ်ရေးစင်တာ နှစ်ခုတွင် ပြုလုပ်ခဲ့သော်အေအေပီပီ မှ စိတ်ခွန်အားဖြစ်စေသည့်ဆွေးနွေးဟောပြောပွဲ

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း အေအေပီပီမှ ပဲခူးတိုင်းအတွင်းရှိ ရောဂါထိန်းချုပ်ရေးစင်တာ နှစ်ခုတွင် ၁၈ ဧပြီ ၂၀၂၀ နေ့နံနက်တွင် စိတ်ဓါတ်ခွန်အား ဖြစ်စေရန် ရည်ရွယ်၍ စာရေးဆရာမနှင်းပန်းအိမ် (အေအေပီပီ-ကောင်စလာ) မှ ဦးဆောင်ဟောပြောပေးခဲ့ပါသည်၊ ထိုသို့ဟောပြောပေးရာတွင်လည်း လူစုလူဝေးမဖြစ်စေရန်လည်းကောင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များအား အထူးလေးထားဆောင်ရွက်ခဲ့သည်။
ယခုသတင်းအားသတင်းဌာနများမှအေအေပီပီအား ခရက်တစ်ပေး၍ ပြန်လည်မျှဝေအသုံးပြုနိုင်ပါသည်။
