ႏိုင္ငံေတာ္သမၼတ၏လြတ္ၿငိမ္းခြင့္အေပၚသေဘာထားထုတ္ျပန္ခ်က္

Date: Friday 17th 2020
ယေန႔ထုတ္ျပန္ေၾကျငာသည့္ ႏိုင္ငံေတာ္ သမၼတ၏ လြတ္ၿငိမ္းခြင့္ အမိန႔္အား မိမိတို႔ ႏိုင္ငံေရးအက်ဥ္း သားမ်ားကူညီေစာင့္ေရွာက္ေရအသင္းမွ ႀကိဳဆိုပါသည္။ သို႔ရာတြင္ ယင္းလြတ္ၿငိမ္းခြင့္၌ ႏိုင္ငံေရးအက်ဥ္းသားမ်ား ပါဝင္မႈ နည္းပါးေနျခင္း အေပၚ စိုးရိမ္မႈ ျဖစ္ေစပါသည္။
ယခုအခ်ိန္ထိ စုေဆာင္းရရွိေသာ အခ်က္အလက္မ်ားအရ ႏိုင္ငံေရး အက်ဥ္းသား ၁၈ဦးပါဝင္းၿပီး ၅၈ဦးမွာ အက်ဥ္းေထာင္မ်ားအတြင္း က်န္ရွိေနဆဲ ျဖစ္ပါသည္။ က်န္ရွိ ႏိုင္ငံေရးအက်ဥ္းသားမ်ားအား ခြၽင္းခ်က္မရွိ ခ်က္ခ်င္း လႊတ္ေပးရန္ မိမိတို႔ ႏိုင္ငံေရး အက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရး အသင္းမွ အစိုးရအား တိုက္တြန္း ေတာင္းဆိုပါသည္။
ယေန႔ အက်ဥ္းသား (၂၄၈၉၆) ဦးအား အက်ဥ္းေထာင္မွ လႊတ္ေပးျခင္းသည္ ေကာင္းမြန္သည့္ ေျခလွမ္းတစ္ရပ္ျဖစ္သည့္အျပင္ (၁၀)စုႏွစ္ တစ္ခုအတြင္း အႀကီးမားဆုံး အမ်ားျပားဆုံးေသာ လြတ္ၿငိမ္းခြင့္ ျဖစ္ပါသည္။ မိသားစုမ်ားအတြက္လည္း ကပ္ေရာဂါ ကာလအတြင္း မိသားစုမ်ား ျပန္လည္ေပါင္းစည္းခြင့္ရလိုက္သည့္အတြက္ စိတ္ပိုင္း/႐ုပ္ပိုင္းဆိုင္ရာ ခြန္အားမ်ား ရရွိေစမည္ျဖစ္သည္။ မည္သို႔ပင္ျဖစ္ေစ ျမန္မာႏိုင္ငံအက်ဥ္းေထာင္မ်ားအတြင္း အက်ဥ္းသားဦးေရ မ်ားျပားေနဆဲျဖစ္ၿပီး အက်ဥ္းေထာင္မ်ားမွာ လုပ္ႏိုင္စြမ္းထက္ေက်ာ္လြန္ လုပ္ကိုင္ၿပီး လည္ပတ္ေနရဆဲျဖစ္ပါသည္။ အက်ဥ္းေထာင္ႏွင့္ အက်ဥ္းေထာင္ဝန္ထမ္းမ်ားမွာ ဝန္ႏွင့္အားမမွ်တစြာ ထမ္းေဆာင္ေနရၿပီး၊ ျမင့္မားေနဆဲ အက်ဥ္းေထာင္လူဦးေရေၾကာင့္ အစားအေသာက္ႏွင့္ က်န္းမာေရး ေစာင့္ေရွာက္မႈမွာလည္း လိုအပ္ခ်က္ရွိေနႏိုင္ဆဲ ျဖစ္ပါသည္။ ထို႔ေၾကာင့္ ကိုဗစ္ကပ္ေရာဂါ၏ ထိခိုက္ႏိုင္မႈအား ေလ်ာ့ခ်ႏိုင္ရန္ အစိုးရအေနျဖင့္ အက်ဥ္းသားမ်ားအား ထပ္မံလႊတ္ေပးပါရန္ မိမိတို႔မွ ေတာင္းဆိုပါသည္။
အက်ဥ္းေထာင္အတြင္း ႏွစ္ေပါင္းမ်ားစြာ ေနလာခဲ့ရေသာသူမ်ားအတြက္ လူမႈ အသိုက္အဝန္းသို႔ ျပန္လည္ ဝင္ေရာက္ရာတြင္ အခက္အခဲရွိပါသည္။ ကိုဗစ္ကပ္ေရာဂါ ျဖစ္ပြားေနေသာ ယေန႔အခ်ိန္ကာလတြင္ လြတ္ေျမာက္လာၾကသည့္ အက်ဥ္းသားမ်ားမွာ စီးပြားေရး အခက္အခဲအပါအဝင္ စိန္ေခၚမႈ မ်ားစြာျဖင့္ ရင္ဆိုင္ၾကရမည္ ျဖစ္ပါသည္။ ထို႔ေၾကာင့္ ၎တို႔အား စာနာ၊ နားလည္မႈ ေထာက္ထားမႈ က႐ုဏာ ျဖင့္ ေစာင့္ေရွာက္ ဆက္ဆံေပးၾကပါရန္ မိမိတို႔မွ ျမန္မာ့လူ႔အသိုက္အဝန္းအားေမတၱာရပ္ခံပါသည္။
လြတ္ေျမာက္လာၾကသည့္ အက်ဥ္းသားမ်ားအေနျဖင့္လည္း ကိုဗစ္ကပ္ေရာဂါအား ကာကြယ္တားဆီးေရးအတြက္ သက္ဆိုင္ရာ အာဏာပိုင္မ်ား (ေဒသဆိုင္ရာ အာဏာပိုင္မ်ား) မွ ထုတ္ျပန္ထားေသာၫႊန္ၾကားခ်က္မ်ား၊ စည္းမ်ဥ္းစည္းကမ္းမ်ားကို (မိမိဘာသာ ကြာရင္တင္းမ္ကဲ့သို႔ေသာ) လိုက္နာေပးၾကပါရန္ မိမိတို႔မွ ေမတၱာရပ္ခံအပ္ပါသည္။
ႏိုင္ငံေရးအက်ဥ္းသားမ်ားကူညီေစာင့္ေရွာက္ေရးအသင္း

နိုင်ငံတော်သမ္မတ၏လွတ်ငြိမ်းခွင့်အပေါ်သဘောထားထုတ်ပြန်ချက်

Date: Friday 17th 2020

ယနေ့ထုတ်ပြန်ကြေငြာသည့် နိုင်ငံတော် သမ္မတ၏ လွတ်ငြိမ်းခွင့် အမိန့်အား မိမိတို့ နိုင်ငံရေးအကျဉ်း သားများကူညီစောင့်ရှောက်ရေအသင်းမှ ကြိုဆိုပါသည်။ သို့ရာတွင် ယင်းလွတ်ငြိမ်းခွင့်၌ နိုင်ငံရေးအကျဉ်းသားများ ပါဝင်မှု နည်းပါးနေခြင်း အပေါ် စိုးရိမ်မှု ဖြစ်စေပါသည်။

ယခုအချိန်ထိ စုဆောင်းရရှိသော အချက်အလက်များအရ နိုင်ငံရေး အကျဉ်းသား ၁၈ဦးပါဝင်းပြီး ၅၈ဦးမှာ အကျဉ်းထောင်များအတွင်း ကျန်ရှိနေဆဲ ဖြစ်ပါသည်။ ကျန်ရှိ နိုင်ငံရေးအကျဉ်းသားများအား ချွင်းချက်မရှိ ချက်ချင်း လွှတ်ပေးရန် မိမိတို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်းမှ အစိုးရအား တိုက်တွန်း တောင်းဆိုပါသည်။

ယနေ့ အကျဉ်းသား (၂၄၈၉၆) ဦးအား အကျဉ်းထောင်မှ လွှတ်ပေးခြင်းသည် ကောင်းမွန်သည့် ခြေလှမ်းတစ်ရပ်ဖြစ်သည့်အပြင် (၁၀)စုနှစ် တစ်ခုအတွင်း အကြီးမားဆုံး အများပြားဆုံးသော လွတ်ငြိမ်းခွင့် ဖြစ်ပါသည်။  မိသားစုများအတွက်လည်း ကပ်ရောဂါ ကာလအတွင်း မိသားစုများ ပြန်လည်ပေါင်းစည်းခွင့်ရလိုက်သည့်အတွက် စိတ်ပိုင်း/ရုပ်ပိုင်းဆိုင်ရာ ခွန်အားများ ရရှိစေမည်ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ မြန်မာနိုင်ငံအကျဉ်းထောင်များအတွင်း အကျဉ်းသားဦးရေ များပြားနေဆဲဖြစ်ပြီး အကျဉ်းထောင်များမှာ လုပ်နိုင်စွမ်းထက်ကျော်လွန် လုပ်ကိုင်ပြီး လည်ပတ်နေရဆဲဖြစ်ပါသည်။ အကျဉ်းထောင်နှင့် အကျဉ်းထောင်ဝန်ထမ်းများမှာ ဝန်နှင့်အားမမျှတစွာ ထမ်းဆောင်နေရပြီး၊ မြင့်မားနေဆဲ အကျဉ်းထောင်လူဦးရေကြောင့်  အစားအသောက်နှင့် ကျန်းမာရေး စောင့်ရှောက်မှုမှာလည်း လိုအပ်ချက်ရှိနေနိုင်ဆဲ ဖြစ်ပါသည်။ ထို့ကြောင့် ကိုဗစ်ကပ်ရောဂါ၏ ထိခိုက်နိုင်မှုအား လျော့ချနိုင်ရန် အစိုးရအနေဖြင့် အကျဉ်းသားများအား ထပ်မံလွှတ်ပေးပါရန် မိမိတို့မှ တောင်းဆိုပါသည်။

အကျဉ်းထောင်အတွင်း နှစ်ပေါင်းများစွာ နေလာခဲ့ရသောသူများအတွက် လူမှု အသိုက်အဝန်းသို့ ပြန်လည် ဝင်ရောက်ရာတွင် အခက်အခဲရှိပါသည်။ ကိုဗစ်ကပ်ရောဂါ ဖြစ်ပွားနေသော ယနေ့အချိန်ကာလတွင် လွတ်မြောက်လာကြသည့် အကျဉ်းသားများမှာ စီးပွားရေး အခက်အခဲအပါအဝင် စိန်ခေါ်မှု များစွာဖြင့် ရင်ဆိုင်ကြရမည် ဖြစ်ပါသည်။ ထို့ကြောင့် ၎င်းတို့အား စာနာ၊ နားလည်မှု ထောက်ထားမှု ကရုဏာ ဖြင့် စောင့်ရှောက် ဆက်ဆံပေးကြပါရန် မိမိတို့မှ မြန်မာ့လူ့အသိုက်အဝန်းအားမေတ္တာရပ်ခံပါသည်။

လွတ်မြောက်လာကြသည့် အကျဉ်းသားများအနေဖြင့်လည်း ကိုဗစ်ကပ်ရောဂါအား ကာကွယ်တားဆီးရေးအတွက် သက်ဆိုင်ရာ အာဏာပိုင်များ (ဒေသဆိုင်ရာ အာဏာပိုင်များ) မှ ထုတ်ပြန်ထားသောညွှန်ကြားချက်များ၊ စည်းမျဉ်းစည်းကမ်းများကို (မိမိဘာသာ ကွာရင်တင်းမ်ကဲ့သို့သော) လိုက်နာပေးကြပါရန် မိမိတို့မှ မေတ္တာရပ်ခံအပ်ပါသည်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း

သဘောထားထုတ်ပြန်ချက်အပြည့်အစုံ Burmese statement for Pardon

လက်ကျန်နိုင်ငံရေးအကျဉ်းသားစာရင်း 58 Remaining PP list (Updated 17 Apr, 2020) by year burmese

လွတ်မြောက်နိုင်ငံရေးအကျဉ်းသားစာရင်း released list 2020 burmese