ကပ္ေရာဂါကာလ ၾကားျဖတ္ လမ္းၫႊန္ခ်က္ ဘာသာျပန္ ထုတ္ျပန္ျခင္း

အထိန္းသိမ္းခံေနရသူမ်ားႏွင့္ COVID−19 အေရး
ရက္စြဲ။ ။ ၉ ဧၿပီလ ၂၀၂၀

COVID-19 ကမာၻ႔ကပ္ေရာဂါသည္ အက်ဥ္းက်ခံေနရသူမ်ားအေနျဖင့္ အက်ဥ္းေထာင္မ်ားအတြင္း လူဦးေရ အဆမတန္ က်ပ္သိပ္စြာ ေနထိုင္ရျခင္း၊ တစ္ကိုယ္ေရသန႔္ရွင္းေရးႏွင့္ က်န္းမာေရးေစာင့္ေရွာက္မႈ အေျခအေနမ်ားမွာ အကန႔္အသတ္ျဖင့္သာ ရရွိေနျခင္းတို႔ေၾကာင့္ တဟုန္ထိုးေရာဂါကူးစက္လာႏိုင္သည့္ အေျခအေနကို အျခားသူမ်ားထက္ ပို၍ ရင္ဆိုင္ေနရပါသည္။

ႏိုင္ငံေရးအက်ဥ္းသားမ်ား အပါအဝင္ ျမန္မာႏိုင္ငံတဝွမ္းရွိ အက်ဥ္းေထာင္မ်ားမွ အက်ဥ္းသားမ်ားအား စိစစ္၍လႊတ္ေပးျခင္းျဖင့္ အက်ဥ္းေထာင္လူဦးေရ ထူထပ္ေနျခင္းအားေလ်ာ့ခ်ၿပီး၊ ကူးစက္ေရာဂါ ကူးစက္ခံရျခင္းအေျခအေနအား ေလ်ာ့ခ်ႏိုင္ပါရန္ ႏိုင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္း အေနျဖင့္ ထုတ္ျပန္ခ်က္တစ္ရပ္အား ထုတ္ျပန္ေတာင္းဆိုခဲ့ပါသည္။

ထိန္းသိမ္းေရးစခန္းမ်ားတြင္ က်န္းမာေရးထိန္းသိမ္းေစာင့္ေရွာက္မႈမွာ အက်ဥ္းသားမ်ားအတြက္ သာမကဘဲ သက္ဆိုင္ရာ ဝန္ထမ္းမ်ားႏွင့္ လူမႈအသိုက္အဝန္းတစ္ခုလုံးအတြက္ပါ အေရးပါသည့္ ကိစၥရပ္ ျဖစ္ပါသည္။ ကူးစက္ေရာဂါႏွင့္ပတ္သက္ေသာ အႏၲရာယ္ကို ထိန္းသိမ္းေရးစခန္းမ်ားတြင္ အေလးထားကိုင္တြယ္၍ ေျဖရွင္းျခင္းမျပဳပါက အက်ဥ္းေထာင္မ်ားႏွင့္ အက်ဥ္းစခန္းမ်ားတြင္သာမက ျပင္ပလူထုအတြင္းတြင္ ေရာဂါပ်ံ႕ႏွံ႔မႈ ပိုက်ယ္ျပန႔္လာႏိုင္ပါသည္။

ႏိုင္ငံေတာ္အစိုးရအေနျဖင့္ အက်ဥ္းသားမ်ားကို လူမႈအသိုက္အဝန္းအတြင္းရွိသူမ်ားကို ပံ့ပိုးထားသည့္ က်န္းမာေရး ေစာင့္ေရွာက္မႈ စနစ္မ်ားအတိုင္း ရရွိႏိုင္ရန္ စီမံေဆာင္႐ြက္ႏိုင္ရန္ႏွင့္ အက်ဥ္းသားမ်ားအေရးႏွင့္ပတ္သက္၍ တာဝန္ရွိေသာ ဝန္ႀကီးဌာနမ်ား (က်န္းမာေရးဝန္ႀကီးဌာန၊ တရားေရးဝန္ႀကီးဌာန၊ ျပည္ထဲေရးဝန္ႀကီးဌာနႏွင့္ ေ႐ႊ႕ေျပာင္း သြားလာသူမ်ားေရးရာဌာန၊ ႏိုင္ငံေရး ခိုလႈံခြင့္ႏွင့္ ျပန္လည္ထူေထာင္ေရးစခန္းမ်ား စသျဖင့္) အတြက္ ကူးစက္ေရာဂါႏွင့္ စပ္လ်ဥ္းၿပီး တိက်ေသခ်ာစြာ ကိုင္တြယ္ ေျဖရွင္းႏိုင္ေရးကို ရည္႐ြယ္၍ OHCHR ႏွင့္ WHO တို႔မွ ထုတ္ျပန္ထားေသာ အထိန္းသိမ္းခံေနရသူမ်ားႏွင့္ COVID-19 အေရး ကပ္ေရာဂါကာလ ၾကားျဖတ္လမ္းၫႊန္ခ်က္ (Key Messages of IASC Interim Guidance on COVID-19 – Focus on Persons Deprived of Their Liberty) အား ဘာသာျပန္ဆို ထုတ္ေဝပါသည္။

ႏိုင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္း (ေအေအပီပီ)
ဆက္သြယ္ရန္။ ။ ကိုတိတ္ႏိုင္ (အတြင္းေရးမႉး) ဖုန္း။ ၀၉ ၄၂၈၀ ၂၃၈၂၈
ကိုေဇာ္မိုး (အလုပ္အမႈေဆာင္အဖြဲ႕ဝင္) ဖုန္း။ ၀၉ ၇၉၅၈၈ ၁၀၁၆

အထိန်းသိမ်းခံနေရသူများနှင့် COVID−19 အရေး

ရက်စွဲ။      ။ ၉ ဧပြီလ ၂၀၂၀

 

COVID-19 ကမ္ဘာ့ကပ်ရောဂါသည် အကျဉ်းကျခံနေရသူများအနေဖြင့် အကျဉ်းထောင်များအတွင်း လူဦး​ရေ အဆမတန် ကျပ်သိပ်စွာ နေထိုင်ရခြင်း၊ တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု အခြေအနေများမှာ အကန့်အသတ်ဖြင့်သာ ရရှိနေခြင်းတို့ကြောင့် တဟုန်ထိုး‌ရောဂါကူးစက်လာနိုင်သည့် အခြေအနေကို အခြားသူများထက် ပို၍ ရင်ဆိုင်နေရပါသည်။

နိုင်ငံရေးအကျဉ်းသားများ အပါအဝင် မြန်မာနိုင်ငံတဝှမ်းရှိ အကျဉ်းထောင်များမှ အကျဉ်းသားများအား စိစစ်၍လွှတ်ပေးခြင်းဖြင့် အကျဉ်းထောင်လူဦးရေ ထူထပ်နေခြင်းအားလျော့ချပြီး၊ ကူးစက်ရောဂါ ကူးစက်ခံရခြင်းအခြေအနေအား လျော့ချနိုင်ပါရန် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း အနေဖြင့် ထုတ်ပြန်ချက်တစ်ရပ်အား ထုတ်ပြန်တောင်းဆိုခဲ့ပါသည်။

ထိန်းသိမ်းရေးစခန်းများတွင် ကျန်းမာရေးထိန်းသိမ်းစောင့်ရှောက်မှုမှာ အကျဉ်းသားများအတွက် သာမကဘဲ သက်ဆိုင်ရာ ဝန်ထမ်းများနှင့် လူမှုအသိုက်အဝန်းတစ်ခုလုံးအတွက်ပါ အရေးပါသည့် ကိစ္စရပ် ဖြစ်ပါသည်။ ကူးစက်ရောဂါနှင့်ပတ်သက်သော အန္တရာယ်ကို ထိန်းသိမ်းရေးစခန်းများတွင် အလေးထားကိုင်တွယ်၍ ဖြေရှင်းခြင်းမပြုပါက အကျဉ်းထောင်များနှင့် အကျဉ်းစခန်းများတွင်သာမက ပြင်ပလူထုအတွင်းတွင် ရောဂါပျံ့နှံ့မှု ပိုကျယ်ပြန့်လာနိုင်ပါသည်။

နိုင်ငံတော်အစိုးရအနေဖြင့် အကျဉ်းသားများကို လူမှုအသိုက်အဝန်းအတွင်းရှိသူများကို ပံ့ပိုးထားသည့် ကျန်းမာရေး စောင့်ရှောက်မှု စနစ်များအတိုင်း ရရှိနိုင်ရန် စီမံဆောင်ရွက်နိုင်ရန်နှင့် အကျဉ်းသားများအရေးနှင့်ပတ်သက်၍ တာဝန်ရှိသော ဝန်ကြီးဌာနများ (ကျန်းမာရေးဝန်ကြီးဌာန၊ တရားရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် ရွှေ့ပြောင်း သွားလာသူများရေးရာဌာန၊ နိုင်ငံရေး ခိုလှုံခွင့်နှင့် ပြန်လည်ထူထောင်ရေးစခန်းများ စသဖြင့်) အတွက် ကူးစက်ရောဂါနှင့် စပ်လျဉ်းပြီး တိကျသေချာစွာ ကိုင်တွယ် ဖြေရှင်းနိုင်ရေးကို ရည်ရွယ်၍ OHCHR နှင့် WHO တို့မှ ထုတ်ပြန်ထားသော အထိန်းသိမ်းခံနေရသူများနှင့် COVID-19 အရေး ကပ်ရောဂါကာလ ကြားဖြတ်လမ်းညွှန်ချက် (Key Messages of IASC Interim Guidance on COVID-19 – Focus on Persons Deprived of Their Liberty) အား ဘာသာပြန်ဆို ထုတ်ဝေပါသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)

ဆက်သွယ်ရန်။       ။ ကိုတိတ်နိုင် (အတွင်းရေးမှူး) ဖုန်း။ ၀၉ ၄၂၈၀ ၂၃၈၂၈

                              ကိုဇော်မိုး (အလုပ်အမှုဆောင်အဖွဲ့ဝင်)  ဖုန်း။ ၀၉ ၇၉၅၈၈ ၁၀၁၆

စတိတ်မန့်အားဒေါင်းလော့ရယူရန် Statement for covid 19 (9 Apr 20)

ဘာသာပြန်အား ဒေါင်းလော့ရယူရန် Interim Guidance for detainees (Burmese)