၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ၊ လစဉ်သတင်းလွှာ

လူ့အခွင့်အရေးဆိုင်ရာအသိပညာပေးဆွေးနွေးပွဲ

ကသာမြို့နယ်တွင် ပြုလုပ်သော ဆွေးနွေးပွဲ၌ ကျောင်းသား/သူများမှ သိလိုသည်များကို မေးမြန်း

စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတွင် အခြခံ လူ့အခွင့်အရေးဆိုင်ရာ ဟောပြော ဆွေးနွေးပွဲများကို ပို့ချ ပေးခြင်း

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ ကြီးမှူး၍ အခြေခံလူ့အခွင့်အရေးဆိုင်ရာ ဟောပြော ဆွေးနွေးပွဲပေါင်း (၉) ပွဲကို  စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ကသာမြို့နယ်တွင်လည်းကောင်း၊ ဟောပြောဆွေးနွေးပွဲ (၁)ပွဲကို ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၌ လည်းကောင်း ဟောပြော ပို့ချပေးခဲ့သည်။ အဆိုပါဟောပြော ဆွေးနွေးပွဲများသို့ လူဦးရေ စုစုပေါင်း (၂၄၆၅) ဦး ပူးပေါင်း ပါဝင် တက်ရောက်ခဲ့သည်။ 

  • ကသာမြို့နယ်တွင် ဟောပြောဆွေးနွေးပွဲပေါင်း (၆) ပွဲကို အခြေခံပညာ အထက်တန်းကျောင်း (၆) ကျောင်း၌ လည်းကောင်း၊ ဟောပြောဆွေးနွေးပွဲ (၁) ပွဲကို ကိုယ်ပိုင် သင်တန်းကျောင်း (၁) ကျောင်း၌ လည်းကောင်း ဟောပြော ပို့ချပေးခဲ့ပြီး ကျောင်းသား၊ကျောင်းသူနှင့် ဆရာ၊ဆရာမ စုစုပေါင်း (၂၂၅၅) ဦး တက်ရောက်ခဲ့သည်။
  • ဟောပြော ဆွေးနွေးပွဲ (၁)ပွဲကို ကသာမြို့နယ်အတွင်းရှိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD)ရုံးတွင် မြို့နယ်နှင့်ရပ်ကျေး အလုပ်အမှုဆောင် အဖွဲ့ဝင် (၄၀)ကျော်ကို ဟောပြော ပို့ချပေးခဲ့သည်။ 
  • ဟောပြောဆွေးနွေးပွဲ (၁)ပွဲကို ကသာမြို့နယ်အတွင်းရှိ ကျောက်ထုံးကြီးစံပြကျေးရွာတွင် ဟောပြောပို့ချ ပေးခဲ့ပြီး ရွာသူ၊ ရွာသား (၇၀)ဦးကျော် တက်ရောက်ခဲ့သည်။
  • ၎င်းပြင် ဟောပြောဆွေးနွေးပွဲ (၁)ပွဲကို ရန်ကုန်တိုင်း ဒေသကြီး၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်ရှိ အမေ့အိမ်အ ခမဲ့ပညာဒါနကျောင်းတွင် ဟောပြောပို့ချပေးခဲ့ပြီး ကျောင်းသား/သူများ၊ ဆရာ/ဆရာမများနှင့် စိတ်ပါဝင်စားသူ မိဘများ စုစုပေါင်း ၁၀၀ ကျော် တက်ရောက်ခဲ့သည်။

အဆိုပါ ဟောပြောဆွေးနွေးပွဲများတွင် AAPP မှ ကိုဝဏ္ဏနွယ်၊ ကိုခင်မောင်ဝင်းနှင့် AAPP ၏ လူ့အခွင့်အရေး TOT သင်တန်းဆင်းများဖြစ်ကြသော မတင်ဝင်းမော်ထွေး၊ မဝေဝေခိုင်နှင့် ကိုပြည့်စုံအောင်တို့မှ ဦးဆောင်ဆွေးနွေးခဲ့ကြ သည်။ အဓိကဆွေးနွေးပေးသောအကြောင်းအရာများမှာ အခြေခံ လူ့အခွင့်အရေးနှင့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာ စာတမ်း ဖြစ်ပေါ်လာပုံ သမိုင်းကြောင်း၊ လူသားချင်းစာနာ ထောက်ထားမှုဥပဒေနှင့်သက်ဆိုင်သော အကြောင်းအရာများ၊ ခွဲခြားဆက်ဆံမှု လျော့နည်းပပျောက်စေမည့် အကြောင်းအရာ များ၊ မူးယစ်​ဆေးဝါး၏ ဆိုးကျိုးများကို ဆွေးနွေးခဲ့သည်။ ထို့နောက် တာ၀န်ယူမှု/တာ၀န်ခံမှုရှိစေသော Movie Clip များ၊ ဘ၀အတွက် ခွန်အားဖြစ်စေသော Movie Clip များကို ပြသပေးခဲ့ပြီး ကျောင်းသား/ကျောင်းသူများနှင့် အပြန်အလှန် ဆွေးနွေးခဲ့သည်။ 

ဟောပြောပွဲများပြီးဆုံးပြီးနောက် တက်ရောက်သူများကြား လူ့အခွင့်အရေးဆိုင်ရာ အသိပညာဗဟုသုတများ မြှင့်တင်ရန် ရည်ရွယ်၍ AAPP မှ အချက် ၃၀ ပါ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာ စာတမ်း (UDHR) အိတ်ဆောင် စာအုပ်များနှင့် ပိုစတာများကို ဝေငှခဲ့သည်။

စည်းရုံးလှုံ့ဆော်ခြင်းနှင့် တိုက်တွန်းခြင်း

အကျဉ်းထောင်စနစ်ပြုပြင်ပြောင်းလဲရေးအလုပ်ရုံဆွေးနွေးပွဲ

အကျဉ်းထောင်စနစ်ပြုပြင်ပြောင်းလဲရေး အလုပ်ရုံဆွေးနွေးပွဲ

ဒီဇင်ဘာလ ၇ ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)မှ ဦးဆောင်၍ အကျဉ်းထောင်စနစ်ပြုပြင်ပြောင်းလဲရေး အလုပ်ရုံဆွေးနွေးပွဲကို  နေပြည်တော်၌ ကျင်းပ ပြုလုပ်ခဲ့သည်။ ထိုဆွေးနွေးပွဲအား ပြည်သူ့လွှတ်တော် ကော်မတီအသီးသီးမှ ကော်မတီဝင် ၂၅ ဦး၊ အမျိုးသားလွှတ်တော် ကော်မတီအသီးသီးမှ ကော်မတီဝင် ရှစ်ဦး၊ အကျဉ်းထောင်အတွင်းရှိ ထိခိုက်လွယ်သော အကျဉ်းသူ/အကျဉ်းသားများ (Key Population) အတွက် ဆောင်ရွက်လျက်ရှိသော အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ နိုင်ငံရေးအကျဉ်းသားများ ဦးဆောင်သော အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ စုစုပေါင်း ၅၂ ဦး တက်ရောက်ခဲ့သည်။ 

လူမှုတရားမျှတမှုဆိုင်ရာ မူဝါဒအကြံပြုချက်များ ဆွေးနွေးပွဲ 

လူမှုတရားမျှတမှုဆိုင်ရာ မူဝါဒအကြံပြုချက်များ ဆွေးနွေးပွဲ

ဒီဇင်ဘာလ ၇ ရက်နေ့တွင် မြန်မာ့မဟာဗျူဟာနှင့် မူဝါဒ လေ့လာရေး အင်စတီကျု (ISP-Myanmar)မှ စီစဉ်ပြုလုပ်သော လူမှုတရားမျှတမှုဆိုင်ရာ မူဝါဒ အကြံပြု ဆွေးနွေးပွဲကို နေပြည်တော်၌ ကျင်းပ ပြုလုပ်ခဲ့သည်။ အဆိုပါ ဆွေးနွေးပွဲကို နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) အတွင်းရေးမှူး ဦးတိတ်နိုင်မှ တက်ရောက် ဆွေးနွေးခဲ့ သည်။

ပြည်သူ့လွှတ်တော်၊ နိုင်ငံသားများ၏ မူလအခွင့်အရေးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဦးစော နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း (AAPP) အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ နိုင်ငံသားများ၏ မူလအခွင့်အရေးဆိုင်ရာ ကော်မတီနှင့် တွေ့ဆုံဆွေးနွေး

ဒီဇင်ဘာလ ၉ ရက်နေ့တွင် ပြည်သူ့လွှတ်တော်၊ နိုင်ငံသားများ၏ မူလအခွင့်အရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးစောသည် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)အား နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင်၌ လက်ခံတွေ့ဆုံခဲ့ သည်။ အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌနှင့်အတူ ကော်မတီ အတွင်းရေးမှူး ဦးဝင်းမြင့်အောင်နှင့် ကော်မတီအဖွဲ့ဝင်များ၊ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) အတွင်းရေးမှူး ဦးတိတ်နိုင်၊ AAPP ရန်ကုန်ရုံးတာဝန်ခံ ဦးအောင်မျိုးကျော်တို့ တက်ရောက် ဆွေးနွေးခဲ့ကြသည်။

မြန်မာနိုင်ငံဆိုင်ရာ ချက်သမ္မတနိုင်ငံသံအမတ်ကြီး AAPP သို့လာရောက်လေ့လာ

မြန်မာနိုင်ငံဆိုင်ရာ ချက်သမ္မတနိုင်ငံသံအမတ်ကြီး AAPP ပြခန်းအား လေ့လာ

ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် Embassy of the Czech Republic, Yangon မှ Mrs. Hana Mottlová (Ambassador) သည် နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရုံးသို့ လာရောက်ခဲ့ပြီး AAPP ၏ “Memory of the Past” ပြခန်းအား ကြည့်ရှု့လေ့လာခဲ့ရာ AAPP မှ တာဝန်ရှိသူများမှ လိုက်လံရှင်းလင်း ပြသပေးခဲ့သည်။ ထို့နောက် AAPP တွဲဘက်အတွင်းရေးမှူး ဦးဘိုကြည်၊ မှတ်တမ်းနှင့် သုသေတန ဌာနတာဝန်ခံနှင့် နိုင်ငံခြားရေးရာ ဒုတာဝန်ခံ  ကိုဇော်မိုး နှင့် AAPP ၏ စိတ်ဓာတ် ပြန်လည် မြှင့်တင်ရေးအစီအစဉ် (MHAP) မှ ဆူပါဗိုက်ဆာ ဒေါ်သန်းသန်းဌေး တို့မှ လက်ခံတွေ့ဆုံခဲ့ပြီး လက်ရှိမြန်မာနိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေနှင့် နိုင်ငံရေး အခြေအနေ၊ ၂၀၂၀ ရွေးကောက်ပွဲအလားအလာများနှင့် AAPP ၏ လုပ်ဆောင်လျက်ရှိသော လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြသည်။

မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်နိုင်ငံသံရုံးမှ AAPP သို့လာရောက် လေ့လာ

မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်နိုင်ငံသံရုံးမှ သံအမတ်ကြီး AAPP ပြခန်းကို လေ့လာ

ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် Embassy of France, Yangon မှ Christian LECHERVY (Ambassador of France to Myanmar) ဉီးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် နိုင်ငံရေး အကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP) ရုံးသို့ လာရောက်ခဲ့ပြီး AAPP ၏ “Memory of the Past” ပြခန်းအား ကြည့်ရှု့လေ့လာခဲ့ရာ AAPP မှ တာဝန်ရှိသူများမှ လိုက်လံ ရှင်းလင်း ပြသပေးခဲ့သည်။ ထို့နောက် AAPP တွဲဘက် အတွင်းရေးမှူး ဦးဘိုကြည်၊ မှတ်တမ်းနှင့်သုသေတနဌာန တာဝန်ခံနှင့် နိုင်ငံခြားရေးရာ ဒုတာဝန်ခံ  ကိုဇော်မိုး တို့မှ လက်ခံတွေ့ဆုံခဲ့ပြီး လက်ရှိမြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေနှင့် နိုင်ငံရေးအခြေအနေ၊ ၂၀၂၀ ရွေးကောက်ပွဲ အလားအလာများနှင့် AAPP ၏ လုပ်ဆောင်လျက်ရှိသော လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြသည်။

အမျိုးသားလွှတ်တော်၊ နိုင်ငံသားများ၏မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးဆိုင်ရာကော်မတီနှင့် တွေ့ဆုံ ဆွေးနွေး

နိုင်ငံသားများ၏မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးဆိုင်ရာကော်မတီနှင့် တွေ့ဆုံဆွေးနွေး

ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) နှင့်  အမျိုးသား လွှတ်တော်၊ နိုင်ငံသားများ၏မူလအခွင့်အရေး၊ ဒီမိုကရေစီအရေး နှင့် လူ့အခွင့်အရေးဆိုင်ရာကော်မတီတို့သည် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် ရေးရာဆောင်၌ တွေ့ဆုံဆွေးနွေးခဲ့သည်။ ထိုဆွေးနွေးပွဲသို့ ကော်မတီအတွင်းရေးမှူး ဦးမျိုးထပ်(ခ) ဆလိုင်းမျိုးထိုက်နှင့် ကော်မတီအဖွဲ့ဝင်များ၊ AAPP အတွင်းရေးမှူး ဦးတိတ်နိုင်နှင့် AAPP ရန်ကုန်ရုံးတာဝန်ခံ ဦးအောင်မျိုးကျော်တို့ တက်ရောက် ဆွေးနွေးခဲ့ကြသည်။

မြန်မာနိုင်ငံဆိုင်ရာ ချက်သမ္မတနိုင်ငံသံအမတ်ကြီးနှင့် တွေ့ဆုံ ဆွေးနွေး

မြန်မာနိုင်ငံဆိုင်ရာ ချက်သမ္မတနိုင်ငံသံအမတ်ကြီးနှင့် တွေ့ဆုံဆွေးနွေး

ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် မြန်မာနိုင်ငံဆိုင်ရာ ချက်သမ္မတ နိုင်ငံသံအမတ်ကြီး Mrs. Hana Mottlová နှင့် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)၊ Open Myanmar Initiative (OMI)၊ အသံအဖွဲ့၊ Pen Myanmar, Thanlyin Institute, Network for Human Rights Documentation Burma (ND-Burma)၊ Human Rights Defenders and Promoters (HRDP) တို့မှ ကိုယ်စားလှယ်များ သည် ရန်ကုန်မြို့ရှိ သံအမတ်ကြီးနေအိမ်၌ တွေ့ဆုံဆွေးနွေး ခဲ့သည်။ ထိုဆွေးနွေးပွဲသို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ တွဲဘက်အတွင်းရေးမှူး ဦးဘိုကြည်နှင့် မှတ်တမ်းနှင့် သုသေတနဌာန တာဝန်ခံနှင့် နိုင်ငံခြားရေးရာ ဒုတာဝန်ခံ ကိုဇော်မိုးတို့ တက်ရောက် ဆွေးနွေးခဲ့သည်။

Open  Society Foundations မှ AAPP သို့ လာရောက်လေ့လာ

Open  Society Foundations နှင့်တွေ့ဆုံဆွေးနွေး

ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် Open  Society Foundations မှ Michael Heflin (Director of Equality), Lu Han (Program Officer), Sue Gunawardena-Vaughn (Associate Director for Campaigning) တို့ ဦးဆောင်သောအဖွဲ့သည် နိုင်ငံရေး အကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP) ရုံးသို့ လာရောက်ပြီး AAPP ၏ “Memory of the Past” ပြခန်းအား ကြည့်ရှု့လေ့လာခဲ့ရာ AAPP မှ တာဝန်ရှိသူများမှ လိုက်လံ ရှင်းလင်း ပြသပေးခဲ့သည်။ ထို့နောက် AAPP မှ တွဲဘက် အတွင်းရေးမှူး ဦးဘိုကြည်၊ AAPP ရန်ကုန်ရုံးတာဝန်ခံ ဦးအောင်မျိုးကျော် နှင့် စိတ်ဓါတ်ပြန်လည် မြှင့်တင်ရေး အစီစဉ် (MHAP) တာဝန်ခံ ကိုကျော်စိုးဝင်း တို့မှ လက်ခံတွေ့ဆုံခဲ့ပြီး လက်ရှိမြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေနှင့်  လူ့အခွင့်အရေး အခြေအနေ၊ AAPP ၏ လုပ်ဆောင်လျက်ရှိသော လုပ်ငန်းစဉ် တို့ကို ဆွေးနွေးခဲ့ကြသည်။ 

အထွေထွေလှုပ်ရှားမှုများ

နော်ဝေမှ ဧည့်သည် တစ်ဦး မဲစောက် AAPP သို့ လာရောက် လေ့လာ

ဒီဇင်ဘာလ ၃ ရက်နေ့တွင် ထိုင်းနိုင်ငံ၊ မဲစောက်မြို့ရှိ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) ၏ ပြခန်းသို့ နော်ဝေနိုင်ငံမှ ဧည့်သည် တစ်ဦး လာရောက် လေ့လာခဲ့သည်။ AAPP မှ မမိုးပန်းဖြူမှ ပြခန်းအား လိုက်လံရှင်းလင်း ပြသပေးခဲ့သည်။

စိတ်ဓာတ်ပြန်လည်မြှင့်တင်ရေးအစီအစဉ် (MHAP)

သင်တန်းပို့ချပေးခြင်း

Myanmar Youth Stars Network ကို Stress Management and Self-care Training  ပို့ချပေးခြင်း

MHAPမှ သင်တန်းနည်းပြ ဦးထင်အောင်မှ Stress Management and Self-care Training  ကို ပို့ချ

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)၏ စိတ်ဓာတ် ပြန်လည် မြှင့်တင်ရေးအစီအစဉ် (MHAP)မှ သင်တန်းနည်းပြ ဦးထင်အောင်နှင့် မခင်ငြိမ်းချမ်းစိုးတို့သည် Stress Management and Self-care Training ကို ရန်ကုန်မြို့ရှိ  Myanmar Youth Stars Network အား  ဒီဇင်ဘာလ ၉ ရက်နေ့မှ ဒီဇင်ဘာလ ၁၀ ရက်နေ့ထိ သင်တန်းပို့ချပေးခဲ့သည်။ ထိုသင်တန်းကို အမျိုးသမီး ခြောက်ဦးနှင့် အမျိုးသား (၁၂) ဦးတို့ တက်ရောက်ခဲ့သည်။

နှစ်သိမ့်ဆွေးနွေးပေးခြင်း

အပတ်စဉ်စနေ၊ တနင်္ဂနွေနေ့တိုင်းတွင် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)၏ စိတ်ဓာတ် ပြန်လည် မြှင့်တင်ရေးအစီအစဉ်တစ်ခုဖြစ်သည့် Mental Health Assistance Program (MHAP) မှ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ကြီးကြပ်အုပ်ချုပ် သော ရန်ကုန်မြို့ရှိ အမျိုးသမီး သက်မွေး အတတ်ပညာသင် ကျောင်းသို့ သွားရောက်၍ စိတ်ဓာတ် ပြန်လည်မြှင့်တင်ရေး အတွက် နှစ်သိမ့်ဆွေးနွေးပေးမှုများ ပြုလုပ်လျှက်ရှိသည်။ ဒီဇင်ဘာလအတွင်းတွင် MHAP မှ အမျိုးသမီး ကောင်ဆယ်လာ လေးဦးသည် အမျိုးသမီး သက်မွေးအတတ်ပညာသင်ကျောင်းမှ အမျိုးသမီး ၁၈ ဦးကို နှစ်သိမ့်ဆွေးနွေးပေးမှု ပြီးမြောက်ခဲ့ပြီး လက်ရှိတွင် အမျိုးသမီး ၁၃ ဦးကို ဆက်လက် နှစ်သိမ့် ဆွေးနွေးပေးလျှက်ရှိသည်။ 

ထို့ပြင် အပတ်စဉ် စနေနေ့တိုင်း MHAP မှ အမျိုးသမီး ကောင်ဆယ်လာ တစ်ဦးသည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ကြီးကြပ်အုပ်ချုပ်သော ရန်ကုန်မြို့ရှိ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဌာနသို့ သွားရောက်၍ စိတ်ဓာတ်ပြန်လည်မြှင့်တင်ရေးအတွက် နှစ်သိမ့် ဆွေးနွေးပေးမှုများပြုလုပ်လျှက်ရှိသည်။ ဒီဇင်ဘာလအတွင်းတွင် အမျိုးသမီး တစ်ဦးကို နှစ်သိမ့် ဆွေးနွေးပေးမှု ပြီးမြောက်ခဲ့ပြီး လက်ရှိတွင် အမျိုးသမီး နှစ်ဦးကို နှစ်သိမ့် ဆွေးနွေးပေး လျှက်ရှိသည်။ 

ထို့ပြင် အပတ်စဉ် တနင်္လာနေ့နှင့် သောကြာနေ့တိုင်း MHAP မှ စူပါဗိုက်ဆာ နှစ်ဦးနှင့် ကောင်ဆယ်လာ ၁၁ ဦးတို့သည် ငှက်အော်စမ်းလူငယ်လေ့ကျင့်ရေး သင်တန်းကျောင်းသို့ သွားရောက်၍ စိတ်ဓာတ်ပြန်လည်မြှင့်တင်ရေးအတွက် နှစ်သိမ့်ဆွေးနွေးပေးခြင်းများ ပြုလုပ်ပေးလျှက်ရှိသည်။ ဒီဇင်ဘာလအတွင်းတွင် လူငယ် ၃၈ ဦးကို နှစ်သိမ့်ဆွေးနွေး ပေးခဲ့သည်။

ဒီဇင်ဘာလအတွင်းတွင် ရန်ကုန်နှင့် မန္တလေးမြို့များရှိ AAPP-MHAP အဖွဲ့သည် ရန်ကုန်နှင့် မန္တလေးမြို့များရှိ နိုင်ငံရေး အကျဉ်းသားဟောင်းများ၊၎င်းတို့၏မိသားစုဝင်များနှင့်   အခြားထိခိုက်လွယ်သူများကို နှစ်သိမ့်ဆွေးနွေးပေးခဲ့သည်။ ထို့ပြင် ရန်ကုန်မြို့ရှိ AAPP-MHAP အဖွဲ့မှ စူပါဗိုက်ဆာ သုံးဦးနှင့် ကောင်ဆယ်လာ သုံးဦးသည် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူ မြို့နယ်အတွင်းရှိ နိုင်ငံရေးအကျဉ်းသားဟောင်းများနှင့် ၎င်းတို့၏ မိသားစုဝင်များကို နှစ်သိမ့်ဆွေးနွေးပေးခဲ့သည်။

ထိုင်းနိုင်ငံ၊ မဲစောက်မြို့ရှိ MHAP မှ ကောင်ဆယ်လာများသည် ရွှေ့ပြောင်းမြန်မာ အလုပ်သမားများ၊ လူကုန်ကူးခြင်းခံရသူများ၊ ပြည်တွင်းစစ်ကြောင့် ထိခိုက်နစ်နာခဲ့ရသူများကို ဆက်လက် နှစ်သိမ့်ဆွေးနွေးပေးလျှက်ရှိသည်။ ဒီဇင်ဘာလအတွင်းတွင် အမျိုးသမီး ငါးဦးနှင့် အမျိုးသား ခုနှစ်ဦးတို့ကို နှစ်သိမ့်ဆွေးနွေး ပေးမှု ပြီးမြောက်ခဲ့ပြီး လက်ရှိတွင် ရွှေ့ပြောင်း မြန်မာ အလုပ်သမား အမျိုးသမီး ၂၁  ဦးနှင့် အမျိုးသား ၁၉ ဦးတို့ကို နှစ်သိမ့်ဆွေးနွေးပေးလျှက်ရှိသည်။

 

ဆက်သွယ်မေးမြန်းရန်

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း

တိတ်နိုင် အတွင်းရေးမှူး                +၉၅() ၉၄၂  ၈၀၂  ၃၈၂၈

ဘိုကြည်    တွဲဘက်အတွင်းရေးမှူး                  +၆၆() ၈၁၉  ၆၂၈  ၁၃

အောင်မျိုးကျော် ရန်ကုန်ရုံးတာဝန်ခံ               +၉၅() ၉၄၂  ၈၈၁  ၇၃၄၈ 

လစဉ်သတင်းလွှာဒေါင်းလော့ရယူရန် December Burmese Newsletter