မေကခိုင္ထြန္း(ခ) ေကႀကီး ကိုယ္ေရးအက်ဥ္း

ေအေအပီပီမႈတြဲအမွတ္
ႏိုင္ငံေရးအက်ဥ္းသားအမည္။ မေကခိုင္ထြန္း (ခ) ေကႀကီး
လိင္။ မ လူမ်ိဳး ဗမာ
ေမြးသကၠရာဇ္။ ၃.၆.၁၉၉၈ အသက္ ၂၁
မွတ္ပုံတင္အမွတ္။ ၁၂/မဂဒ(ႏိုင္) ၁၆၆၇၂၁
ကိုးကြယ္သည့္ဘာသာ။ ဗုဒၶ
မိဘအမည္။ ဦးစိန္ျမ + ေဒၚခင္ႏွင္းေဝ
ပညာအရည္အခ်င္း။ B.N.Sc (Generic)
အလုပ္အကိုင္။ Trained Nurse
ေနရပ္လိပ္စာ။ အမွတ္ (၁၁)၊ (၃)လမ္း၊ ၃/ခ ရပ္ကြက္၊ မဂၤလာဒုံၿမိဳ႕နယ္၊ ရန္ကုန္
ဖမ္းဆီးရက္စြဲ။ ၂၁.၄.၂၀၁၉
ဥပေဒပုဒ္မ။ ၅၀၅(က) ၅ မႈ၊ ၆၆(ဃ) ၃ မႈ
အမိန႔္ခ်မွတ္တမ္း။

ေအာက္တိုဘာ ၃၀ ၂၀၁၉ ရက္ေန႔တြင္ မရမ္းကုန္း တရား႐ုံးမွ အလုပ္ႏွင့္ ေထာင္ဒဏ္တစ္ႏွစ္

ႏိုဝင္ဘာ ၁၈ ၂၀၁၉ ရက္ေန႔တြင္ ဗိုလ္တေထာင္တရား႐ုံးမွ အလုပ္ႏွင့္ေထာင္ဒဏ္တစ္ႏွစ္

ေဖေဖာ္ဝါရီ ၁၇ ၂၀၂၀ ရက္ေန႔တြင္ ဗိုလ္တေထာင္ၿမိဳ႕နယ္တရား႐ုံးမွ အလုပ္ႏွင့္ေထာင္ဒဏ္ ေျခာက္လ

က်ႏွစ္။ ၂ ႏွစ္ ႏွင့္ ၆လ
ေရွ႕ေနအမည္။ ဦးေအာင္စည္ထြန္း (အထက္တန္းေရွ႕ေန)၊  ေဒၚစန္းစန္းျမင့္ (တရားလႊတ္ေတာ္ေရွ႕ေန)
တရားသူႀကီးအမည္။ ဦးေမာင္ေမာင္သက္လြင္
တရားလိုအမည္။ ဒုတိယဗိုလ္မႉးႀကီးသန္းထြန္းျမင့္ (မရမ္းကုန္းၿမိဳ႕နယ္တရား႐ုံး)၊ ဒုဗိုလ္မႉးႀကီးမ်ိဳးမင္းဦး (ဗိုလ္တေထာင္ၿမိဳ႕နယ္တရား႐ုံး)
ေထာင္အမည္။            ။အင္းစိန္ (ဗဟို) အက်ဥ္းေထာင္
လြတ္ရက္။
က်န္းမာေရးအေျခအေန။      ။ ေကာင္း
လက္ရွိအေျခအေနအက်ဥ္းခ်ဳပ္။
မေကခိုင္ထြန္း (ခ) ေကႀကီးသည္ အင္းစိန္အက်ဥ္းေထာင္တြင္းမွမရမ္းကုန္းၿမိဳ႕နယ္တရား႐ုံး၊ ဗိုလ္တေထာင္ၿမိဳ႕နယ္တရား႐ုံးတို႔တြင္ ပုဒ္မ ၅၀၅(က)၊ ၅၀၅(က)၊၆၆(ဃ)၊၆၆(ဃ) တို႔ျဖင့္ အမႈရင္ဆိုင္ေနရသည္။ ေအာက္တိုဘာ ၃၀ ၂၀၁၉ ရက္ေန႔တြင္ မရမ္းကုန္း တရား႐ုံးမွ အလုပ္ႏွင့္ ေထာင္ဒဏ္တစ္ႏွစ္၊
ႏိုဝင္ဘာ ၁၈ ၂၀၁၉ ရက္ေန႔တြင္ ဗိုလ္တေထာင္တရား႐ုံးမွ အလုပ္ႏွင့္ေထာင္ဒဏ္တစ္ႏွစ္တို႔ကို အမိန႔္ခ်မွတ္ခံခဲ့ရၿပီး
ေဖေဖာ္ဝါရီ ၁၇ ၂၀၂၀ ရက္ေန႔တြင္ ဗိုလ္တေထာင္ၿမိဳ႕နယ္တရား႐ုံးမွ အလုပ္ႏွင့္ေထာင္ဒဏ္ ေျခာက္လ ခ်မွတ္ခဲ့သည္။ က်န္သည့္အမႈမ်ားအား ဆက္လက္အမႈရင္ဆိုင္ရဦးမည္ျဖစ္ပါသည္။

ဘဝျဖတ္သန္းမႈ။
သူနာျပဳတကၠသိုလ္တြင္ တက္ေရာက္ခဲ့ၿပီး သူနာျပဳတကၠသိုလ္ေက်ာင္းသားသမဂၢတြင္ အလုပ္အမႈေဆာင္အျဖစ္
ပါဝင္လႈပ္ရွားခဲ့ပါသည္။
စစ္ေၾကာေရးအေသးစိတ္။
အဖမ္းအဆီးအေသးစိပ္။

ေဒါင္းတို႔မ်ိဳးဆက္ သံခ်ပ္အဖြဲ႕၏ သၾကၤန္ကာလအတြင္း ေဖ်ာ္ေျဖမႈမ်ားတြင္ တပ္မေတာ္သားဝတ္စုံ ဝတ္ဆင္ကာ သ႐ုပ္ျပခဲ့သည့္ ျပကြက္တခ်ိဳ႕မွာ တပ္မေတာ္ကို အမ်ားျပည္သူမွ အထင္အျမင္ လြဲမွားေစႏိုင္သည္ဟုဆိုကာ ေဒါင္းတို႔မ်ိဳးဆက္အဖြဲ႕ဝင္မ်ားျဖစ္ေသာ ကိုေဇယ်ာလြင္၊ ကိုပိုင္ရဲသူ၊ ကိုပိုင္ၿဖိဳးမင္း၊ ကိုဖိုးသားႏွင့္ မေကခိုင္ထြန္းတို႔ ၅ ေယာက္ကို ရန္ကုန္တိုင္းစစ္ဌာနခ်ဳပ္မွ ဒုတိယဗိုလ္မႉးႀကီး သန္းထြန္းျမင့္က ႏိုင္ငံေတာ္အၾကည္ညိဳပ်က္ေစမႈ ရာဇသတ္ႀကီးဥပေဒပုဒ္မ ၅၀၅ (က)၊ ဆက္သြယ္ေရးဥပေဒပုဒ္မ ၆၆ (ဃ)တို႔ျဖင့္ မရမ္းကုန္းၿမိဳ႕နယ္တရား႐ုံးတြင္တရားစြဲထားခဲ့သည္။

ထို႔အျပင္ သၾကၤန္ကာလအတြင္း ဗိုလ္တေထာင္ၿမိဳ႕နယ္ ၄၆ လမ္းရွိ ဗမာသစ္ ဆုေပးမ႑ပ္တြင္ ေဒါင္းတို႔မ်ိဳးဆက္အဖြဲ႕မွ သံခ်ပ္ထိုးေဖ်ာ္ေျဖခဲ့ျခင္းေၾကာင့္ ကိုေဇယ်ာလြင္၊ ကိုပိုင္ရဲသူ၊ ကိုပိုင္ၿဖိဳးမင္း၊ ကိုဖိုးသား၊ ကိုၿငိမ္းခ်မ္းစိုး၊ မေကခိုင္ထြန္းႏွင့္ မဆုရတနာျမင့္ စုစုေပါင္း ၇ ေယာက္အား ရန္ကုန္တိုင္းစစ္ဌာနခ်ဳပ္မွ ဒုဗိုလ္မႉးႀကီး မ်ိဳးမင္းဦးက ဗိုလ္တစ္ေထာင္ရဲစခန္းတြင္ ဆက္သြယ္ေရးဥပေဒပုဒ္မ ၆၆ (ဃ)၊ ႏိုင္ငံေတာ္အၾကည္ညိဳပ်က္ေစမႈ ရာဇသတ္ႀကီးဥပေဒပုဒ္မ ၅၀၅ (က)တို႔ျဖင့္ အမႈဖြင့္စြဲဆိုထားခဲ့သည္။
အလားတူ ဧရာဝတီတိုင္း ဖ်ာပုံ၊ ေဒးဒရဲ၊ မအူပင္ၿမိဳ႕နယ္တို႔တြင္ ေဒါင္းတို႔မ်ိဳးဆက္ သံခ်ပ္တစ္ဖြဲ႕လုံးအား ပုဒ္မ ၅၀၅(က) ျဖင့္လည္းေကာင္း၊ ပုသိမ္တြင္ ဆက္သြယ္ေရး ဥပေဒပုဒ္မ ၆၆ (ဃ) ျဖင့္ တပ္မေတာ္က ထပ္မံ၍တရားစြဲဆိုထားသည္။
ထို႔ေၾကာင့္ အထက္ပါပုဒ္မမ်ားျဖင့္ တရားစြဲဆိုျခင္းခံထားရေသာ မေကခိုင္ထြန္းသည္ ၁၉.၄.၂၀၁၉ ေန႔တြင္ ရန္ကုန္ကေလးေဆး႐ုံႀကီး ခြဲစိတ္ေဆာင္ ၁ တြင္ တာဝန္ထမ္းေဆာင္ေနစဥ္ မနက္ ၁၁ နာရီတြင္ အဖမ္းခံရ၍ မရမ္းကုန္းရဲစခန္းသိူ႔ အပို႔ခံရၿပီး အာမခံ ၂ ရက္ယူ၍ ျပန္လြတ္ေပးခဲ့ၿပီး ၂၂ ရက္ေန႔တြင္ မရမ္းကုန္းတရား႐ုံးမွ အင္းစိန္ေထာင္သို႔ ဖမ္းဆီးပို႔ေဆာင္ခံခဲ့ရပါသည္။
ေထာင္မွတ္တမ္းအေသးစိပ္။
မေကခိုင္ထြန္း (ခ) ေကႀကီးသည္ ေအာက္တိုဘာလ ၃၀ရက္ေန႔ ၂၀၁၉ခုႏွစ္တြင္ မရမ္းကုန္းၿမိဳ႕နယ္တရား႐ုံးမွ အလုပ္ႏွင့္ေထာင္ဒဏ္ (၁)ႏွစ္၊ ႏိုဝင္ဘာ ၁၈ ၂၀၁၉ ရက္ေန႔တြင္ ဗိုလ္တေထာင္တရား႐ုံးမွ အလုပ္ႏွင့္ေထာင္ဒဏ္တစ္ႏွစ္ ခ်မွတ္ခံခဲ့ရၿပီး လက္ရွိတြင္အင္းစိန္အက်ဥ္းေထာင္ အမ်ိဳးသမီး ၁၀ တိုက္၊ ၅ ခန္းတြင္ အလုပ္ႏွင့္ေထာင္ဒဏ္ (၂)ႏွစ္က်ခံေနရပါသည္။
ယခုကိုယ္ေရးမွတ္တမ္းကို ႏိုင္ငံေရးအက်ဥ္းသားမ်ားကူညီေစာင့္ေရွာက္ေရးအသင္း(ျမန္မာႏိုင္ငံ) မွ ၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာလ ၃၁ ရက္ေန႔တြင္ မွတ္တမ္းတင္ ျပဳစုခဲ့သည္။

အေအေပီပီမှုတွဲအမှတ်
နိုင်ငံရေးအကျဉ်းသားအမည်။ မကေခိုင်ထွန်း (ခ) ကေကြီး
လိင်။ မ လူမျိုး ဗမာ
မွေးသက္ကရာဇ်။ ၃.၆.၁၉၉၈ အသက် ၂၁
မှတ်ပုံတင်အမှတ်။ ၁၂/မဂဒ(နိုင်) ၁၆၆၇၂၁
ကိုးကွယ်သည့်ဘာသာ။ ဗုဒ္ဓ
မိဘအမည်။ ဦးစိန်မြ + ဒေါ်ခင်နှင်းဝေ
ပညာအရည်အချင်း။ B.N.Sc (Generic)
အလုပ်အကိုင်။ Trained Nurse
နေရပ်လိပ်စာ။ အမှတ် (၁၁)၊ (၃)လမ်း၊ ၃/ခ ရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်၊ ရန်ကုန်
ဖမ်းဆီးရက်စွဲ။ ၂၁.၄.၂၀၁၉
ဥပဒေပုဒ်မ။ ၅၀၅(က) ၅ မှု၊ ၆၆(ဃ) ၃ မှု
အမိန့်ချမှတ်တမ်း။

အောက်တိုဘာ ၃၀ ၂၀၁၉ ရက်နေ့တွင် မရမ်းကုန်း တရားရုံးမှ အလုပ်နှင့် ထောင်ဒဏ်တစ်နှစ်

နိုဝင်ဘာ ၁၈ ၂၀၁၉ ရက်နေ့တွင် ဗိုလ်တထောင်တရားရုံးမှ အလုပ်နှင့်ထောင်ဒဏ်တစ်နှစ်

ဖေဖော်ဝါရီ ၁၇ ၂၀၂၀ ရက်နေ့တွင် ဗိုလ်တထောင်မြို့နယ်တရားရုံးမှ အလုပ်နှင့်ထောင်ဒဏ် ခြောက်လ

ကျနှစ်။ ၂ နှစ် နှင့် ၆လ
ရှေ့နေအမည်။ ဦးအောင်စည်ထွန်း (အထက်တန်းရှေ့နေ)၊  ဒေါ်စန်းစန်းမြင့် (တရားလွှတ်တော်ရှေ့နေ)
တရားသူကြီးအမည်။ ဦးမောင်မောင်သက်လွင်
တရားလိုအမည်။ ဒုတိယဗိုလ်မှူးကြီးသန်းထွန်းမြင့် (မရမ်းကုန်းမြို့နယ်တရားရုံး)၊ ဒုဗိုလ်မှူးကြီးမျိုးမင်းဦး (ဗိုလ်တထောင်မြို့နယ်တရားရုံး)
ထောင်အမည်။            ။အင်းစိန် (ဗဟို) အကျဉ်းထောင်
လွတ်ရက်။
ကျန်းမာရေးအခြေအနေ။      ။ ကောင်း
လက်ရှိအခြေအနေအကျဉ်းချုပ်။
မကေခိုင်ထွန်း (ခ) ကေကြီးသည် အင်းစိန်အကျဉ်းထောင်တွင်းမှမရမ်းကုန်းမြို့နယ်တရားရုံး၊ ဗိုလ်တထောင်မြို့နယ်တရားရုံးတို့တွင် ပုဒ်မ ၅၀၅(က)၊ ၅၀၅(က)၊၆၆(ဃ)၊၆၆(ဃ) တို့ဖြင့် အမှုရင်ဆိုင်နေရသည်။ အောက်တိုဘာ ၃၀ ၂၀၁၉ ရက်နေ့တွင် မရမ်းကုန်း တရားရုံးမှ အလုပ်နှင့် ထောင်ဒဏ်တစ်နှစ်၊
နိုဝင်ဘာ ၁၈ ၂၀၁၉ ရက်နေ့တွင် ဗိုလ်တထောင်တရားရုံးမှ အလုပ်နှင့်ထောင်ဒဏ်တစ်နှစ်တို့ကို အမိန့်ချမှတ်ခံခဲ့ရပြီး
ဖေဖော်ဝါရီ ၁၇ ၂၀၂၀ ရက်နေ့တွင် ဗိုလ်တထောင်မြို့နယ်တရားရုံးမှ အလုပ်နှင့်ထောင်ဒဏ် ခြောက်လ ချမှတ်ခဲ့သည်။ ကျန်သည့်အမှုများအား ဆက်လက်အမှုရင်ဆိုင်ရဦးမည်ဖြစ်ပါသည်။

ဘဝဖြတ်သန်းမှု
သူနာပြုတက္ကသိုလ်တွင် တက်ရောက်ခဲ့ပြီး သူနာပြုတက္ကသိုလ်ကျောင်းသားသမဂ္ဂတွင် အလုပ်အမှုဆောင်အဖြစ်
ပါဝင်လှုပ်ရှားခဲ့ပါသည်။
စစ်ကြောရေးအသေးစိတ်
အဖမ်းအဆီးအသေးစိပ်

ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့၏ သင်္ကြန်ကာလအတွင်း ဖျော်ဖြေမှုများတွင် တပ်မတော်သားဝတ်စုံ ဝတ်ဆင်ကာ သရုပ်ပြခဲ့သည့် ပြကွက်တချို့မှာ တပ်မတော်ကို အများပြည်သူမှ အထင်အမြင် လွဲမှားစေနိုင်သည်ဟုဆိုကာ ဒေါင်းတို့မျိုးဆက်အဖွဲ့ဝင်များဖြစ်သော ကိုဇေယျာလွင်၊ ကိုပိုင်ရဲသူ၊ ကိုပိုင်ဖြိုးမင်း၊ ကိုဖိုးသားနှင့် မကေခိုင်ထွန်းတို့ ၅ ယောက်ကို ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ ဒုတိယဗိုလ်မှူးကြီး သန်းထွန်းမြင့်က နိုင်ငံတော်အကြည်ညိုပျက်စေမှု ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က)၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ)တို့ဖြင့် မရမ်းကုန်းမြို့နယ်တရားရုံးတွင်တရားစွဲထားခဲ့သည်။

ထို့အပြင် သင်္ကြန်ကာလအတွင်း ဗိုလ်တထောင်မြို့နယ် ၄၆ လမ်းရှိ ဗမာသစ် ဆုပေးမဏ္ဍပ်တွင် ဒေါင်းတို့မျိုးဆက်အဖွဲ့မှ သံချပ်ထိုးဖျော်ဖြေခဲ့ခြင်းကြောင့် ကိုဇေယျာလွင်၊ ကိုပိုင်ရဲသူ၊ ကိုပိုင်ဖြိုးမင်း၊ ကိုဖိုးသား၊ ကိုငြိမ်းချမ်းစိုး၊ မကေခိုင်ထွန်းနှင့် မဆုရတနာမြင့် စုစုပေါင်း ၇ ယောက်အား ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ ဒုဗိုလ်မှူးကြီး မျိုးမင်းဦးက ဗိုလ်တစ်ထောင်ရဲစခန်းတွင် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ)၊ နိုင်ငံတော်အကြည်ညိုပျက်စေမှု ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က)တို့ဖြင့် အမှုဖွင့်စွဲဆိုထားခဲ့သည်။
အလားတူ ဧရာဝတီတိုင်း ဖျာပုံ၊ ဒေးဒရဲ၊ မအူပင်မြို့နယ်တို့တွင် ဒေါင်းတို့မျိုးဆက် သံချပ်တစ်ဖွဲ့လုံးအား ပုဒ်မ ၅၀၅(က) ဖြင့်လည်းကောင်း၊ ပုသိမ်တွင် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် တပ်မတော်က ထပ်မံ၍တရားစွဲဆိုထားသည်။
ထို့ကြောင့် အထက်ပါပုဒ်မများဖြင့် တရားစွဲဆိုခြင်းခံထားရသော မကေခိုင်ထွန်းသည် ၁၉.၄.၂၀၁၉ နေ့တွင် ရန်ကုန်ကလေးဆေးရုံကြီး ခွဲစိတ်ဆောင် ၁ တွင် တာဝန်ထမ်းဆောင်နေစဉ် မနက် ၁၁ နာရီတွင် အဖမ်းခံရ၍ မရမ်းကုန်းရဲစခန်းသိူ့ အပို့ခံရပြီး အာမခံ ၂ ရက်ယူ၍ ပြန်လွတ်ပေးခဲ့ပြီး ၂၂ ရက်နေ့တွင် မရမ်းကုန်းတရားရုံးမှ အင်းစိန်ထောင်သို့ ဖမ်းဆီးပို့ဆောင်ခံခဲ့ရပါသည်။
ထောင်မှတ်တမ်းအသေးစိပ်။
မကေခိုင်ထွန်း (ခ) ကေကြီးသည် အောက်တိုဘာလ ၃၀ရက်နေ့ ၂၀၁၉ခုနှစ်တွင် မရမ်းကုန်းမြို့နယ်တရားရုံးမှ အလုပ်နှင့်ထောင်ဒဏ် (၁)နှစ်၊ နိုဝင်ဘာ ၁၈ ၂၀၁၉ ရက်နေ့တွင် ဗိုလ်တထောင်တရားရုံးမှ အလုပ်နှင့်ထောင်ဒဏ်တစ်နှစ် ချမှတ်ခံခဲ့ရပြီး လက်ရှိတွင်အင်းစိန်အကျဉ်းထောင် အမျိုးသမီး ၁၀ တိုက်၊ ၅ ခန်းတွင် အလုပ်နှင့်ထောင်ဒဏ် (၂)နှစ်ကျခံနေရပါသည်။
ယခုကိုယ်ရေးမှတ်တမ်းကို နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(မြန်မာနိုင်ငံ) မှ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်နေ့တွင် မှတ်တမ်းတင် ပြုစုခဲ့သည်။

Kay Khine Htun (aka) Kay Gyi’s Burmese Profile –