ဒီဇင္ဘာလအတြက္ လစဥ္အစီရင္ခံစာႏွင့္ ႏိုင္ငံေရးအက်ဥ္းသားစာရင္း ထုတ္ျပန္ခ်က္

 

တစ္လအတြင္းသုံးသပ္ခ်က္

ဒီဇင္ဘာလအတြင္း စုစုေပါင္း 18 ဦး အမႈဖြင့္၊တရားစြဲဆိုျခင္းကို ခံခဲ့ရသည္။ ထို 18 ဦးအနက္မွ ကရင္နီေတာင္သူ ၁၀ ဦးသည္ ရာဇသတ္ႀကီးဥပေဒ ပုဒ္မ ၄၄၇၊ တက္ႂကြလႈပ္ရွားသူ တစ္ဦးသည္ ႏိုင္ငံသားမ်ား၏ ပုဂၢိဳလ္ဆိုင္ရာ လြတ္လပ္မႈႏွင့္ လုံၿခဳံမႈကို အကာအကြယ္ေပးေရး ဥပေဒ ပုဒ္မ ၁ဝ၊ ရခိုင္ျပည္နယ္မွ အရပ္သား ႏွစ္ဦးသည္ အၾကမ္းဖက္မႈ တိုက္ဖ်က္ေရး ဥပေဒ ပုဒ္မ ၅၀ (က) ႏွင့္ ၅၂ (က)၊ ေအာင္သေျပ႐ြာသား ငါးဦးသည္ ရာဇသတ္ႀကီးဥပေဒ ပုဒ္မ ၄၃၆၊ ၄၄၀၊ ၁၁၄ တို႔ျဖင့္ အသီးသီး အမႈဖြင့္ တရားစြဲဆိုျခင္းကို ခံခဲ့ရသည္။

ဒီဇင္ဘာလအတြင္း ဖမ္းဆီးျခင္းခံခဲ့ရသူ ၁၆ ဦးရွိခဲ့ၿပီး ၎တို႔သည္ ရခိုင္ျပည္နယ္ရွိ မင္းျပားၿမိဳ႕နယ္၊ ေတာင္ကုတ္ၿမိဳ႕နယ္၊ ရေသ့ေတာင္ၿမိဳ႕နယ္၊ ေျမာက္ဦးၿမိဳ႕နယ္ႏွင့္ ေမာင္ေတာၿမိဳ႕နယ္တို႔မွ ျဖစ္ၾကသည္။

ဒီဇင္ဘာလအတြင္း စုစုေပါင္း ရွစ္ဦး ျပစ္ဒဏ္ ခ်မွတ္ျခင္းခံခဲ့ရသည္။ ထို ရွစ္ဦးအနက္မွ ေဒါင္းတို႔မ်ိဳးဆက္သံခ်ပ္အဖြဲ႕ဝင္ ေလးဦးသည္ ဆက္သြယ္ေရးဥပေဒ ပုဒ္မ ၆၆(ဃ)၊ အရပ္သား သုံးဦးသည္ ရာဇသတ္ႀကီးဥပေဒ ပုဒ္မ ၅၀၅ (ခ)၊ ၁၅၃ သို႔မဟုတ္ ႏိုင္ငံေတာ္အထိမ္းအမွတ္ တံဆိပ္ဥပေဒ ပုဒ္မ ၇၊ ေအာင္သေျပေက်း႐ြာမွ ရာအိမ္မႉး တစ္ဦးသည္ ရာဇသတ္ႀကီးဥပေဒ ပုဒ္မ ၅၀၅ (ခ) တို႔ျဖင့္ ျပစ္ဒဏ္ခ်မွတ္ျခင္းခံခဲ့ရသည္။

ဒီဇင္ဘာလအတြင္း စုစုေပါင္း ၁၉ ဦး လြတ္ေျမာက္ခဲ့သည္။ ႏိုင္ငံေရးအက်ဥ္းသား ေလးဦးျဖစ္ေသာ ဒါ႐ိုက္တာ ဦးမင္းထင္ကိုကိုႀကီး၊ တက္ႂကြလႈပ္ရွားသူ ကိုေနမ်ိဳးဇင္၊ မေနဇာထြန္းႏွင့္ ေရွ႕ေန ဦးေဇာ္ဝင္းတို႔သည္ က်န္းမာေရး ေကာင္းမြန္ျခင္းမရွိေၾကာင္း သိရွိရသည္။

ထို႔ျပင္ ဒီဇင္ဘာလအတြင္းတြင္ ရကၡိဳင့္တပ္ေတာ္(AA)မွ ရခိုင္ျပည္နယ္၊ ဘူးသီးေတာင္ၿမိဳ႕နယ္၊ အမ်ိဳးသား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္(NLD) ပါတီ၏ ၿမိဳ႕နယ္ ဥကၠ႒ ဦးရဲသိန္း၊ ေျမာက္ဦးၿမိဳ႕အတြင္းမွ လူငယ္ ၂၄ ဦး၊ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဦးစီးဌာန (လ.ဝ.က)မွ ဝန္ထမ္း သုံးဦး၊ Mytel ကုမၸဏီ ၫႊန္ၾကားေရးမႉး တစ္ဦးႏွင့္ ဝန္ထမ္း တစ္ဦးႏွင့္ ေအာင္တံခြန္(၇)ေရယာဥ္ေပၚတြင္ လိုက္ပါလာေသာ ယဥ္ေမာင္း (၁၆)ဦးတို႔ကို ဖမ္းဆီးသြားခဲ့သည္။

အျပည္ျပည္ဆိုင္ရာ လူ႔အခြင့္အေရးေန႔

ဒီဇင္ဘာလ ၁၀ ရက္ေန႔သည္ (၇၁) ႏွစ္ျပည့္ အျပည္ျပည္ဆိုင္ရာ လူ႔အခြင့္အေရးေန႔ျဖစ္သည္။ သို႔ေသာ္လည္း ျမန္မာႏိုင္ငံအတြင္းရွိ လူ႔အခြင့္အေရးအေျခအေနမ်ားသည္ အဖက္ဖက္မွ ဆိုး႐ြားစြာ ယိုယြင္း လ်က္ရွိသည္။ ျမန္မာႏိုင္ငံတြင္း (၇၁) ႏွစ္ေက်ာ္ၾကာ ျဖစ္ပြားခဲ့ေသာ တိုင္းရင္းသား လက္နက္ကိုင္ ပဋိပကၡမ်ား၊ ႏိုင္ငံသားႏွင့္ ႏိုင္ငံေရးအခြင့္အေရးမ်ား ခ်ိဳးေဖာက္ခံရမႈမ်ားသည္ ျမန္မာႏိုင္ငံတြင္း လူ႔အခြင့္အေရးအေျခအေနမ်ား မည္ေ႐ြ႕၊မည္မွ်အထိရွိေနသည္ကို ထုတ္ေဖာ္ ျပသလ်က္ရွိသည္။ ထိုကဲ့သို႔ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈအေျခအေနမ်ားကို ပို၍ ေပၚလြင္ ထင္ရွားေစရန္ ထုတ္ေဖာ္ျပသေန သည့္ အျခင္းအရာ တစ္ရပ္မွာ-

ဒီဇင္ဘာလ ၁၀ ရက္ေန႔တြင္ က်ေရာက္ေသာ (၇၁) ႏွစ္ျပည့္ အျပည္ျပည္ဆိုင္ရာ လူ႔အခြင့္အေရးေန႔တြင္ ျမန္မာႏိုင္ငံသည္ ကမာၻ႔ကုလသမဂၢ၏ ၁၉၄၈ ခုႏွစ္ လူမ်ိဳးတုံးသတ္ျဖတ္မႈ တားဆီးေရးႏွင့္ အျပစ္ေပးေရးဆိုင္ရာ သေဘာတူစာခ်ဳပ္  (Genocide Convention) ကို လိုက္နာေဆာင္႐ြက္ရန္ ပ်က္ကြက္သည္ဟူေသာ စြပ္စြဲခ်က္ကို  နယ္သာလန္ႏိုင္ငံ The Hague ၿမိဳ႕ရွိ အျပည္ျပည္ဆိုင္ရာတရား႐ုံး (ICJ)၌ စတင္ၾကားနာခဲ့သည္။ ထိုအျခင္းအရာမွ အစိုးရသည္ ၎၏ ႏိုင္ငံသား တိုင္း၏ လူ႔အခြင့္အေရးစံႏႈန္းကို ေလးစား လိုက္နာ၍ ကာကြယ္မႈေပးရန္ လိုအပ္လ်က္ရွိေနသည္ကို ထုတ္ေဖာ္ ျပသေနၿပီး ျမန္မာႏိုင္ငံအတြင္းရွိ လူ႔အခြင့္အေရးအေျခအေနမ်ား တိုးတက္ေစရန္ အျမန္ဆုံး ေဆာင္႐ြက္ရမည္ျဖစ္သည္ကို ထုတ္ေဖာ္ ျပသေနသည္။ ထိုကဲ့သို႔ လူ႔အခြင့္အေရးအေျခအေနမ်ား တိုးတက္ ေစရန္ အျမန္ဆုံး ေဆာင္႐ြက္ရာတြင္ 

လူ႔အခြင့္အေရး ခ်ိဳးေဖာက္သူမ်ား  ျပစ္ဒဏ္မွ ကင္းလြတ္ခြင့္ရေစျခင္းကို အဆုံးသတ္၍ ၎တို႔ က်ဴးလြန္ခဲ့ေသာ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈမ်ားအတြက္ တာဝန္ယူမႈႏွင့္ တာဝန္ခံမႈရွိလာေစရန္ ဥပေဒႏွင့္အညီ အေရးယူ ေဆာင္႐ြက္ျခင္း၊ 
နစ္နာခဲ့ၾကရသူမ်ားအတြက္ ျပန္လည္ အစားထိုးေပးေလ်ာ္ျခင္း အစီအစဥ္မ်ား၊ ျပန္လည္ ထူေထာင္ျခင္းဆိုင္ရာ အစီအစဥ္မ်ားကို ေဖာ္ေဆာင္မႈျပဳေပးျခင္း
ႏိုင္ငံတကာ လူ႔အခြင့္အေရးစာခ်ဳပ္စာတမ္းမ်ားကို လက္မွတ္ေရးထိုးျခင္း၊ 
လႊတ္ေတာ္အေနျဖင့္ လူ႔အခြင့္အေရးႏွင့္ ပတ္သက္ ဆက္ႏြယ္သည့္ ဥပေဒမ်ားကို ျပန္လည္သုံးသပ္ျခင္း (အထူးသျဖင့္ ခြဲျခားဆက္ဆံမူႏွင့္ပတ္သက္သည့္ ဥပေဒမ်ား၊ လြတ္လပ္စြာေျပာဆို၊ေရးသား၊ စီတန္းလွည့္လည္ သည္မ်ားႏွင့္ သက္ဆိုင္ေသာဥပေဒမ်ား)၊ 
ဖမ္းဆီးထိန္းသိမ္းခံ ႏိုင္ငံေရးအက်ဥ္းသားမ်ားအား ႁခြင္းခ်က္မရွိ ျပန္လႊတ္ေပးျခင္းႏွင့္ တက္ႂကြ လႈပ္ရွားသူမ်ား၊ ေက်ာင္းသားမ်ား၊ လယ္သမားမ်ား၊ အလုပ္သမားမ်ား၊ အရပ္သားမ်ားအေပၚ စြဲဆိုထားေသာ စြဲခ်က္မ်ားကို ႐ုပ္သိမ္းေပးျခင္း၊
အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးရရွိရန္အတြက္ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မ်ားကို အျမန္ဆုံး အေကာင္အထည္ ေဖာ္ ေဆာင္႐ြက္ျခင္း စသည္တို႔ကို လုပ္ေဆာင္ျခင္းအားျဖင့္ လူ႔အခြင့္အေရးအေျခအေနမ်ားကို ျမႇင့္တင္မႈ ေပးပါရန္ တိုက္တြန္းအပ္ပါသည္။ 

လြတ္လပ္စြာ ထုတ္ေဖာ္ ေျပာဆိုခြင့္

အသြင္ကူးေျပာင္းေရးကို ဦးတည္ ေဆာင္႐ြက္လ်က္ရွိေသာ ျမန္မာႏိုင္ငံသည္ လြတ္လပ္စြာ ထုတ္ေဖာ္ေျပာဆိုခြင့္ကို ေလးစားလိုက္နာ၍ ကာကြယ္ေစာင့္ေရွာက္ရမည္ ျဖစ္သည္။ သို႔ေသာ္လည္း ျမန္မာႏိုင္ငံအတြင္း လြတ္လပ္စြာ ထုတ္ေဖာ္ ေျပာဆိုခြင့္အေျခအေနသည္ ႐ုန္းကန္မႈမ်ားျဖင့္သာ ရင္ဆိုင္ေနၾကရဆဲျဖစ္သည္။ ဒီဇင္ဘာလအတြင္းတြင္ လြတ္လပ္စြာ ထုတ္ေဖာ္ ေျပာဆိုခြင့္ကို က်င့္သုံးခဲ့ၾကေသာ တက္ႂကြလႈပ္ရွားသူမ်ားႏွင့္ အရပ္သားမ်ားသည္ ဆက္လက္၍ ဖိႏွိပ္ခံေန ၾကရဆဲ ျဖစ္သည္။ ဒီဇင္ဘာလအတြင္း လြတ္လပ္စြာ ထုတ္ေဖာ္ ေျပာဆိုခြင့္ကို က်င့္သုံးခဲ့ျခင္းအတြက္ စုစုေပါင္း ခုႏွစ္ဦး ျပစ္ဒဏ္ ခ်မွတ္ျခင္းခံခဲ့ရသည္။ ၎တို႔မွာ ကေလးစစ္သားေဟာင္း ကိုေအာင္ကိုေထြး၏ အစ္မျဖစ္သူ မေနဇာထြန္း၊ မခင္ခ်ိဳႏိုင္ႏွင့္ ကိုေဇာ္ျမင့္၊ ေဒါင္းတို႔မ်ိဳးဆက္ သံခ်ပ္အဖြဲ႕ဝင္ ေလးဦးျဖစ္ေသာ ကိုေဇယ်ာလြင္၊ ကိုပိုင္ရဲသူ၊ ကိုပိုင္ၿဖိဳးမင္း(ခ) ဒီေရႏွင့္ မဆုရတနာျမင့္တို႔ ျဖစ္ၾကသည္။ 

လြတ္လပ္ေသာ ဒီမိုကေရစီႏိုင္ငံတိုင္းတြင္ လြတ္လပ္စြာ ထုတ္ေဖာ္ေျပာဆိုခြင့္ကို စံႏႈန္းတစ္ခုအျဖစ္ သတ္မွတ္ ၍  ကာကြယ္မႈေပးထားသည္။ သို႔ေသာ္လည္း အသြင္ကူးေျပာင္းေရးမွ ဒီမိုကေရစီသို႔ ဦးတည္ေနေသာ ျမန္မာႏိုင္ငံတြင္ အေျခခံအခြင့္အေရးမ်ား ဆုံးရႈံးေနျခင္းသည္ ဒီမိုကေရစီ လမ္းေၾကာင္းမွ ေသြဖည္လ်က္ရွိသည္ကို ျပသေနသည္။ ၂၀၀၈ ဖြဲ႕စည္းပုံအေျခခံဥပေဒ၏  အပိုဒ္ ၃၅၄(က) တြင္ လြတ္လပ္စြာ ထုတ္ေဖာ္ေျပာဆိုခြင့္ကို ျပဌာန္းထားရွိေသာ္လည္း ေလးစား လိုက္နာမႈမရွိျခင္းေၾကာင့္ လြတ္လပ္စြာ ထုတ္ေဖာ္ေျပာဆိုခြင့္ႏွင့္ပတ္သက္၍ ျပဌာန္းထားေသာ ႏိုင္ငံတကာ စံႏႈန္းမ်ားကို ေလးစား လိုက္နာရန္မွာ အလွမ္းကြာေဝးဆဲျဖစ္သည္။ ထို႔ေၾကာင့္ ကမာၻ႔ကုလသမဂၢ၏ ႏိုင္ငံသားႏွင့္ ႏိုင္ငံေရး အခြင့္အေရးဆိုင္ရာ သေဘာတူစာခ်ဳပ္(ICCPR)ကို လက္မွတ္ေရးထိုး အတည္ျပဳရန္အတြက္ အေကာင္အထည္ ေဖာ္ေဆာင္႐ြက္ရန္မွာလည္း အလွမ္းေဝးေနဆဲျဖစ္သည္။ ထို႔ေၾကာင့္ ႏိုင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရး အသင္း (AAPP)မွ အစိုးရအား ျပည္တြင္းႏွင့္ ႏိုင္ငံတကာ ဥပေဒ စံႏႈန္းမ်ားကို ေလးစားလိုက္နာျခင္းအားျဖင့္ လြတ္လပ္စြာ ထုတ္ေဖာ္ ေျပာဆိုခြင့္ႏွင့္  အေျခခံလူ႔အခြင့္အေရးကို ျမႇင့္တင္မႈေပးပါရန္ တိုက္တြန္းအပ္ပါသည္။ 

 

ႏိုင္ငံသားတို႔၏လြတ္လပ္ခြင့္အေပၚတားျမစ္ ကန႔္သတ္ျခင္းမ်ား

ျမန္မာႏိုင္ငံတြင္း လြတ္လပ္စြာ ထုတ္ေဖာ္ေျပာဆိုခြင့္သည္ ဖိႏွိပ္မႈမ်ားေအာက္တြင္ ေရာက္ရွိေနခ်ိန္တြင္ ႏိုင္ငံသားတို႔၏ လြတ္လပ္ခြင့္မ်ားသည္လည္း တားျမစ္ ကန႔္သတ္မႈမ်ားေအာက္တြင္ က်ေရာက္ေနဆဲျဖစ္သည္။ မႏၲေလးတိုင္း ေဒသႀကီး၊ ပုသိမ္ႀကီးၿမိဳ႕နယ္၊ ေအာင္သေျပေက်း႐ြာအနီးရွိ ေအာင္သေျပ ေက်ာက္မီးေသြးစြမ္းအင္သုံး ဘိလပ္ေျမ စက္႐ုံစီမံကိန္း ပဋိပကၡႏွင့္ပတ္သက္၍ ဖမ္းဆီး တရားစြဲဆိုျခင္းခံထားရသည့္ ေအာင္သေျပေက်း႐ြာမွ ေဒသခံ ငါးဦးျဖစ္ေသာ ကိုႏိုင္ထြန္းေအာင္၊ ကိုမင္းသိန္း၊ ကိုဖိုးမာ၊ ကိုေက်ာ္ေဇယ်ႏွင့္ ရာအိမ္မႈး ကိုမိုးလင္းတို႔သည္ ရာဇသတ္ႀကီး ပုဒ္မ ၄၃၆၊ ၄၄၀၊ ၁၁၄ ျဖင့္ စြဲခ်က္တင္ျခင္းခံခဲ့ရၿပီး ၎တို႔အနက္မွ ကိုမိုးလင္းသည္ ရာဇသတ္ႀကီးဥပေဒ ပုဒ္မ ၅၀၅(ခ) ျပစ္ဒဏ္ခ်မွတ္ျခင္းကို ခံခဲ့ရသည္။ အရပ္သားမ်ား ထိုကဲ့သို႔ ဖမ္းဆီး၊တရားစြဲဆိုမႈမ်ား၊ ျပစ္ဒဏ္ ခ်မွတ္မႈမ်ားကို ရင္ဆိုင္ႀကဳံေတြ႕ေနရျခင္းသည္ ႏိုင္ငံသားမ်ား အခြင့္အေရးမ်ား ဆုံရႈံးဆဲျဖစ္သည္ကို ျပသေနၿပီး အမ်ိဳးသားျပန္လည္ သင့္ျမတ္ေရးကိုလည္း ေႏွာင့္ေႏွးေစ သည့္ အျခင္းအရာ တစ္ရပ္လည္း ျဖစ္သည္။ သို႔ျဖစ္၍ အစိုးရအေနျဖင့္ ႏိုင္ငံသားမ်ား၏ အေျခခံအခြင့္အေရးမ်ားကို အျမန္ဆုံး ျမႇင့္တင္ျခင္းအားျဖင့္ အမ်ိဳးသား ျပန္လည္ သင့္ျမတ္ေရးကို ေဖာ္ေဆာင္မႈျပဳေပးပါရန္ တိုက္တြန္းအပ္ပါသည္။

အက်ဥ္းေထာင္ျပဳျပင္ေျပာင္းလဲေရးႏွင့္ ထိခိုက္လြယ္ေသာ အက်ဥ္းသူ၊ အက်ဥ္းသားမ်ား (Key Population)၏ အခန္းက႑

ျမန္မာႏိုင္ငံရွိ အက်ဥ္းေထာင္တြင္း အေျခအေနမ်ားသည္ ဆက္လက္ ဆိုး႐ြားနိမ့္က်ေနဆဲျဖစ္သည္။ အက်ဥ္းေထာင္ တြင္း  အက်ဥ္းသားဦးေရ ျပည့္သိပ္ေနျခင္း၏ အက်ိဳးဆက္အေနျဖင့္ အက်ဥ္းေထာင္မ်ားအတြင္းတြင္ အမ်ိဳးမ်ိဳးေသာ ျပႆနာမ်ား ျဖစ္ပြားလ်က္ရွိသည္။ ထို႔ျပင္ အက်ဥ္းသားမ်ား ၎တို႔၏ အခြင့္အေရးမ်ား ခ်ိဳးေဖာက္ခံေနၾကရျခင္း၊ ညႇဥ္းပန္းႏွိပ္စက္မႈမ်ားကို ခံစားေနၾကရျခင္း၊ ခြဲျခားဆက္ဆံခံေနၾကရျခင္းစသည္တို႔ကို ရင္ဆိုင္ေနၾကရသည္။ ၎ျပင္ ဒီဇင္ဘာလအတြင္းတြင္ မႏၲေလးတိုင္းေဒသႀကီး၊ ျမင္းၿခံၿမိဳ႕နယ္ရွိ ျမင္းၿခံအက်ဥ္းေထာင္တြင္း ေထာင္ဆူပူမႈ ျဖစ္ပြားခဲ့သည္။ ထိုအျခင္းအရာမ်ား စနစ္တက် ဆက္လက္ျဖစ္ပြားေနျခင္းမွ ရပ္တန႔္ရန္ႏွင္ အဆုံးသတ္ရန္အတြက္ အက်ဥ္းေထာင္ ျပဳျပင္ေျပာင္းလဲေရးကို အျမန္ဆုံး အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ရမည္ ျဖစ္သည္။ ႏိုင္ငံေရး အက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္း (AAPP)မွ လည္း အက်ဥ္းေထာင္ ျပဳျပင္ေျပာင္းလဲေရး ျပဳလုပ္ရန္ အတြက္ အစိုးရအား အစဥ္တစိုက္ တိုက္တြန္းလ်က္ရွိၿပီး အက်ဥ္းေထာင္ျပဳျပင္ေျပာင္းလဲေရးႏွင့္ပတ္သက္၍ ျမန္မာႏိုင္ငံ၏ အက်ဥ္းေထာင္အေျခအေနႏွင့္ အက်ဥ္းေထာင္စနစ္ ျပဳျပင္ ေျပာင္းလဲေရး အလားအလာ အစီရင္ခံစာ၊ အက်ဥ္းေထာင္အတြင္း လူဦးေရ ေလွ်ာ့ခ်ႏိုင္ေရး အေရးတႀကီး လုပ္ေဆာင္ရန္ လိုအပ္သည့္ အက်ဥ္းေထာင္စနစ္ ျပဳျပင္ေျပာင္းလဲေရး နည္းလမ္းမ်ား အစီရင္ခံစာ စသည့္ အစီရင္ခံစာမ်ားကိုလည္း       ထုတ္ေဝခဲ့ၿပီးျဖစ္သည္။ ထို႔ျပင္ ျမန္မာႏိုင္ငံအမ်ိဳးသား လူ႔အခြင့္အေရးေကာ္မရွင္(MNHRC)၊ သက္ဆိုင္ရာ လႊတ္ေတာ္ ေကာ္မတီမ်ား၊ အက်ဥ္းသား ေရးရာကိစၥရပ္မ်ားကို ေဆာင္႐ြက္လ်က္ရွိေသာ အဖြဲ႕အစည္း အသီးသီး ႏွင့္ လက္တြဲ ေဆာင္႐ြက္လ်က္ရွိၿပီး အလုပ္႐ုံ ေဆြးေႏြးပြဲမ်ားကိုလည္း က်င္းပ ျပဳလုပ္လ်က္ရွိသည္။ 

ထိုကဲ့သို႔ အက်ဥ္းေထာင္ျပဳျပင္ေျပာင္းလဲေရးကို ေဆာင္႐ြက္ရာတြင္ အက်ဥ္းေထာင္၊ အခ်ဳပ္ေထာင္ႏွင့္ အလုပ္စခန္း မ်ားရွိ ထိခိုက္လြယ္ေသာ အက်ဥ္းသူ၊ အက်ဥ္းသားမ်ား (Key Population) ကာကြယ္ေစာင့္ေရွာက္မႈ ရရွိရန္ မွာလည္း မျဖစ္မေန လိုအပ္ပါသည္။ Key Population မ်ားသည္ ထိခိုက္လြယ္သူမ်ားျဖစ္သည့္အတြက္ အက်ဥ္းေထာင္ အတြင္းတြင္လည္း သာမန္ထက္ပို၍ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈမ်ားကို ရင္ဆိုင္ခံစား ေနၾကရသူမ်ားျဖစ္သည္။ သို႔ျဖစ္၍ Key Population မ်ားအတြက္ ထည့္သြင္းစဥ္းစားရမည္ျဖစ္သည္။ ထို႔ေၾကာင့္ ႏိုင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္း (AAPP)မွ ဦးေဆာင္၍ ျမန္မာႏိုင္ငံတြင္း Key Population မ်ားအတြက္ လုပ္ကိုင္ ေဆာင္႐ြက္ေပးလ်က္ရွိေသာ အဖြဲ႕အစည္းမ်ား၊ ႏိုင္ငံေရးအက်ဥ္းသားမ်ား ဦးေဆာင္ ပါဝင္ေသာ အဖြဲ႕အစည္းမ်ားႏွင့္ အလုပ္႐ုံေဆြးေႏြးပြဲကို ရန္ကုန္ၿမိဳ႕ရွိ AAPP ႐ုံး အစည္းအေဝးခန္းမတြင္ ႏိုဝင္ဘာလ ၄ ရက္ေန႔မွ ႏိုဝင္ဘာလ ၅ ရက္ေန႔ထိ ႏွစ္ရက္တာ က်င္းပ ျပဳလုပ္ခဲ့သည္။ ၎ျပင္ ဒီဇင္ဘာလ ၇ ရက္ေန႔တြင္ AAPP မွ ဦးေဆာင္၍ ျပည္သူ႔လႊတ္ေတာ္ ေကာ္မတီအသီးသီးမွ ေကာ္မတီဝင္ ၂၅ ဦး၊ အမ်ိဳးသားလႊတ္ေတာ္ ေကာ္မတီအသီးသီးမွ ေကာ္မတီဝင္ ရွစ္ဦး၊ Key Population အဖြဲ႕အစည္းမ်ားမွ ကိုယ္စားလွယ္မ်ား၊ ႏိုင္ငံေရးအက်ဥ္းသားမ်ား ဦးေဆာင္ေသာ အဖြဲ႕အစည္းမ်ားမွ ကိုယ္စားလွယ္မ်ားႏွင့္ အက်ဥ္းေထာင္ စနစ္ျပဳျပင္ေျပာင္းလဲေရး အလုပ္႐ုံေဆြးေႏြးပြဲအား ေနျပည္ေတာ္၌ က်င္းပ ျပဳလုပ္ခဲ့သည္။ ထိုေဆြးေႏြးပြဲ၌လည္း ထိခိုက္လြယ္ေသာ အက်ဥ္းသူ၊ အက်ဥ္းသားမ်ား (Key Population) အတြက္ကို ထည့္သြင္း ေဆြးေႏြးခဲ့သည္။ ထို႔ျပင္ ႏိုင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္း (AAPP)မွ အက်ဥ္းေထာင္ျပဳျပင္ေျပာင္းလဲေရးတြင္ ထိခိုက္လြယ္ေသာ အက်ဥ္းသူ၊ အက်ဥ္းသားမ်ား (Key Population)၏ အခန္းက႑ ဟူသည့္ ေခါင္းစဥ္ျဖင့္ အစီရင္ခံစာ တစ္ေစာင္ကို ၂၀၂၀ ခုႏွစ္၊ မတ္လတြင္ ထုတ္ေဝမည္ျဖစ္ၿပီး အစိုးရ တာဝန္ရွိသူမ်ားႏွင့္ သက္ဆိုင္ရာ လႊတ္ေတာ္ ေကာ္မတီအသီးသီးကို ထိုအစီရင္ခံစာအား မွ်ေဝမည္ျဖစ္သည္။

တိုင္းရင္းသားေဒသမ်ားတြင္ ျဖစ္ပြားလွ်က္ရွိေသာ ပဋိပကၡမ်ား၏ အက်ိဳးဆက္မ်ား

ရခိုင္ေဒသတြင္း တပ္မေတာ္ႏွင့္ ရကၡိဳင့္တပ္ေတာ္ (AA) တို႔ၾကား လက္နက္ကိုင္တိုက္ပြဲမ်ား ျပင္းထန္စြာ ျဖစ္ပြား ခဲ့သည္မွာ တစ္ႏွစ္နီးပါးရွိခဲ့ၿပီ ျဖစ္သည္။ ထိုလက္နက္ကိုင္တိုက္ပြဲမ်ားအတြင္း လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈမ်ား ျမင့္တက္လာ လ်က္ရွိျခင္းႏွင့္အတူ ဌာေနတိုင္းရင္းသားမ်ားသည္ ႏွစ္ဖက္ လက္နက္ကိုင္တပ္ဖြဲ႕မ်ား၏ သံသျဖင့္ဟူေသာ စြပ္စြဲမႈမ်ားျဖင့္  လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈမ်ားကို ဆိုး႐ြားစြာ ရင္ဆိုင္ေနၾကရသည္။ ဒီဇင္ဘာလအတြင္းျဖစ္ပြားခဲ့ေသာ ျဖစ္စဥ္တခ်ိဳ႕မွလည္း ထင္ရွားစြာ ေတြ႕ျမင္ ႏိုင္သည္။

ဖမ္းဆီးခံရျခင္းမ်ား

ရကၡိဳင့္တပ္ေတာ္ (AA)ႏွင့္ ဆက္ႏြယ္မႈရွိသည္ ဟူေသာ သံသယျဖင့္ တပ္မေတာ္မွ ရခိုင္ေဒသခံ အရပ္သား (၁၆)ဦးကို ဖမ္းဆီးခဲ့ၿပီး ထိုအရပ္သား (၁၆)ဦးအနက္ (၂)ဦးသည္ အၾကမ္းဖက္မႈတိုက္ဖ်က္ေရးဥပေဒျဖင့္ အမႈဖြင့္ တရားစြဲဆိုျခင္းကို ခံထားရသည္။ 

ညႇဥ္းပန္းႏွိပ္စက္ခံရျခင္းမ်ား

ရခိုင္ျပည္နယ္၊ ေက်ာက္ေတာ္ၿမိဳ႕နယ္၊ စစ္ေအာင္ေက်း႐ြာမွ ကိုသန္းလႈိင္ႏွင့္ ကိုေမာင္ေက်ာ္လွတို႔သည္ ေဈးဝယ္ရာမွ ျပန္လာစဥ္ ေက်ာက္ေတာ္ေတာင္တြင္ တပ္စြဲထားေသာ တပ္မေတာ္သားမ်ား၏ ႐ိုက္ႏွက္ျခင္းကို ခံခဲ့ရေသာေၾကာင့္ ကိုေမာင္ေက်ာ္လွသည္ ျပင္းထန္စြာ ဒဏ္ရာရရွိသြားခဲ့သည္။ 

သတ္ျဖတ္ခံရျခင္းမ်ား

တပ္မေတာ္မွ ဖမ္းဆီး ေခၚေဆာင္သြားခဲ့ေသာ ရခိုင္ျပည္နယ္၊ မင္းျပားၿမိဳ႕နယ္၊ ေက်ာက္ေမာ္ေက်း႐ြာမွ အုပ္ခ်ဳပ္ေရးမႉး ဦးေက်ာ္ေအးေမာင္၏ အေလာင္းကို ဒီဇင္ဘာလ ၁၄ ရက္ေန႔တြင္ ျပန္လည္ ေတြ႕ရွိခဲ့သည္။ ဦးေက်ာ္ေအးေမာင္သည္ ရကၡိဳင့္တပ္ေတာ္(AA) တပ္ဖြဲ႕ဝင္တစ္ဦး ျဖစ္သည္ဟု တပ္မေတာ္မွ ထုတ္ျပန္ ခဲ့ေသာ္လည္း မိသားစုဝင္မ်ားႏွင့္ AA မွ ျငင္းဆိုခဲ့သည္။
ဒီဇင္ဘာလအတြင္း ေပ်ာက္ဆုံးသြားခဲ့ေသာ ရခိုင္ျပည္နယ္၊ ေျမပုံၿမိဳ႕နယ္၊ ကမ္းေထာင္းႀကီးၿမိဳ႕မွ ေဒသခံ ဦးနီသန္း ႏွင့္ ဦးကင္းေခ်တို႔ကို ေသဆုံးလ်က္ ျပန္လည္ေတြ႕ရွိခဲ့သည္။  ၎တို႔ စပါးသိမ္းရန္သြားေရာက္ေသာ ေနရာအနီးတြင္ တပ္မေတာ္ တပ္မ(၆၆) ရွိေနသျဖင့္ တပ္မေတာ္မွ ဖမ္းဆီးသြားသည္ဟု မိသားစုဝင္မ်ားမွ ယူဆၾကသည္။

က်ည္ထိမွန္၍ ေသဆုံး/ဒဏ္ရာရရွိမႈမ်ား

ရခိုင္ျပည္နယ္၊ ေက်ာက္ေတာ္ၿမိဳ႕နယ္၊ မင္းျပားၿမိဳ႕နယ္ႏွင့္ အမ္းၿမိဳ႕နယ္တို႔တြင္ တပ္မေတာ္စစ္ေၾကာင္းမွ ပစ္ခတ္ခဲ့သည့္ အတြက္ အသက္ ရွစ္ႏွစ္အ႐ြယ္ ကေလးငယ္ တစ္ဦးအပါအဝင္ အရပ္သား ငါးဦး ေသဆုံးခဲ့သည္။ ထို႔ျပင္ တပ္မေတာ္ႏွင့္ ရကၡိဳင့္တပ္ေတာ္(AA)တို႔ၾကား ျဖစ္ပြားခဲ့ေသာ တိုက္ပြဲမ်ားေၾကာင့္ ေက်ာက္ေတာ္ၿမိဳ႕နယ္မွ အရပ္သား ေျခာက္ဦးသည္ က်ည္ထိမွန္ ဒဏ္ရာရရွိခဲ့သည္။ ၎ျပင္ လက္နက္ႀကီးက်ည္က်ေရာက္ေပါက္ကြဲခဲ့မႈေၾကာင့္ ေျမာက္ဦး၊ ေျမပုံႏွင့္ ပလပ္ဝ ၿမိဳ႕နယ္တို႔မွ ကေလးငယ္ သုံးဦးအပါအဝင္ အရပ္သား ခုႏွစ္ဦး ေသဆုံးခဲ့ၿပီး ေျမာက္ဦး၊ မင္းျပား၊ ေျမပုံႏွင့္ ပလပ္ဝ ၿမိဳ႕နယ္တို႔မွ ကေလးငယ္ ေျခာက္ဦးအပါအဝင္ အရပ္သား ၃၅ ဦးသည္ ထိခိုက္ ဒဏ္ရာမ်ား ရရွိခဲ့သည္။ 

ရကၡိဳင့္တပ္ေတာ္မွ ဖမ္ဆီးမႈမ်ား

ဒီဇင္ဘာလအတြင္း ရကၡိဳင့္တပ္ေတာ္ (AA)မွ အရပ္သား စုစုေပါင္း (၄၆) ဦးကို ဖမ္းဆီးေခၚေဆာင္သြားခဲ့သည္။ ထိုအရပ္သား (၄၆) ဦးအနက္မွ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္(NLD) ပါတီ၏ ဘူးသီးေတာင္ၿမိဳ႕နယ္ ဥကၠ႒ ဦးရဲသိန္း သည္ တပ္မေတာ္မွ ပစ္ခတ္သည့္ လက္နက္ႀကီးက်ည္ထိမွန္၍ ေသဆုံးသြားခဲ့ေၾကာင္း AA မွ သတင္း ထုတ္ျပန္ခဲ့သည္။ 

လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈမ်ားကို မည္သည့္လက္နက္ကိုင္တပ္ဖြဲ႕မွ် တာဝန္ယူမႈ၊ တာဝန္ခံမႈ မရွိေသာေၾကာင့္ နစ္နာခဲ့သူ မ်ားအတြက္ တရားမွ်တမႈရွာေဖြရန္မွာ ရပ္တန႔္သြားခဲ့သည္။ သို႔ျဖစ္၍ ျမန္မာႏိုင္ငံတြင္း ျဖစ္ပြားလ်က္ရွိေသာ လက္နက္ကိုင္ ပဋိပကၡမ်ားကို ေက်ာ္လႊားႏိုင္ရန္အတြက္ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ကို အျမန္ဆုံးအေကာင္အထည္ေဖာ္ ေဆာင္႐ြက္ရမည္ ျဖစ္ၿပီး လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈမ်ားမွ တားဆီး ကာကြယ္ရန္ လြတ္လပ္ေသာ စုံစမ္း စစ္ေဆးေရး အဖြဲ႕မ်ား ဖြဲ႕စည္း၍ ေဆာင္႐ြက္ရမည္ျဖစ္သည္။ ထို႔ျပင္ ျပစ္ဒဏ္မွ ကင္းလြတ္ခြင့္ရေစေသာ သေဘာသဘာဝကိုလည္း အဆုံးသတ္ရမည္ ျဖစ္သည္။ ထို႔ျပင္ လူ႔အခြင့္အေရးအတြက္ အာမခံခ်က္ရွိေသာ ႏိုင္ငံတကာသေဘာတူစာခ်ဳပ္မ်ား ျဖစ္သည့္ ႏိုင္ငံသားႏွင့္ ႏိုင္ငံေရး အခြင့္အေရးဆိုင္ရာ သေဘာတူစာခ်ဳပ္(ICCPR)၊ ညႇဥ္းပန္းႏွိပ္စက္မႈကို ဆန႔္က်င္ေရး ႏိုင္ငံတကာ သေဘာတူစာခ်ဳပ္ (UNCAT)စသည့္ ႏိုင္ငံတကာ သေဘာတူစာခ်ဳပ္မ်ားကို လက္မွတ္ေရးထိုး အတည္ျပဳ ရမည္ ျဖစ္သည္။ 

ႏိုင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္း (AAPP)မွ ရခိုင္ေဒသ ပဋိပကၡႏွင့္ ဆက္ႏြယ္၍ ရရွိထားေသာ သတင္းအခ်က္အလက္မ်ားအေပၚအေျခခံ၍ စာရင္းျပဳထားခ်က္မ်ားအရ  ၂၀၁၉ ခုႏွစ္၊ ဇန္နဝါရီလမွ ဒီဇင္ဘာလကုန္ထိ ရခိုင္ေဒသ၌ တစ္ႏွစ္အတြင္းျဖစ္ပြားခဲ့ေသာ ပဋိပကၡမ်ားေၾကာင့္ ျပစ္ဒဏ္ခ်မွတ္ျခင္းခံထားရသည့္ ရခိုင္ေဒသခံ ႏိုင္ငံေရးအက်ဥ္းသား  (၇) ဦးရွိၿပီး  ေထာင္တြင္း၌ တရားရင္ဆိုင္ေနၾကရေသာ ရခိုင္ေဒသခံ (၁၂၁) ဦးႏွင့္ ေထာင္ျပင္ပ၌ တရားရင္ဆိုင္ေနၾကရေသာ ရခိုင္ေဒသခံ (၉) ဦး ရွိသည္။ ေအာက္ေဖာ္ျပပါပုံတြင္လည္း ထင္ရွားစြာ ျမင္ေတြ႕ႏိုင္ပါသည္။

ကေလးစစ္သားအျဖစ္စုေဆာင္းခံရျခင္းမ်ား

ျမန္မာႏိုင္ငံသည္ ကမာၻ႔ကုလသမဂၢ၏ ကေလးသူငယ္မ်ားအခြင့္အေရးဆိုင္ရာ သေဘာတူစာခ်ဳပ္ (CRC) ကို ၁၉၉၁ ခုႏွစ္၊ ဇူလိုင္လတြင္ အတည္ျပဳလက္မွတ္ေရးထိုးခဲ့ၿပီး လက္နက္ကိုင္ပဋိပကၡအတြင္း ကေလးသူငယ္မ်ား ပါဝင္ပတ္သက္မႈ ဆိုင္ရာ ေနာက္ဆက္တြဲ အေျချပဳစာခ်ဳပ္ ကို ၂၀၁၉ ခုႏွစ္၊ စက္တင္ဘာလတြင္ အတည္ျပဳ လက္မွတ္ေရးထိုးခဲ့သည္။ သို႔ေသာ္လည္း ျမန္မာႏိုင္ငံတြင္း ကေလးစစ္သားအျဖစ္ စုေဆာင္းျခင္းခံရမႈမ်ားသည္ ဆက္လက္ ရွိေနဆဲျဖစ္သည္ကို ေတြ႕ရွိရသည္။

၂၀၁၉ ခုႏွစ္၊ ဧၿပီလတြင္ ေပ်ာက္ဆုံးသြားခဲ့ေသာ ဧရာဝတီတိုင္း၊ ဖ်ာပုံၿမိဳ႕နယ္၊ ခါးျပတ္ေက်း႐ြာမွ အသက္ ၁၇ ႏွစ္အ႐ြယ္ ေမာင္ေအာင္ႏိုင္ဝင္းသည္ ကေလးစစ္သားအျဖစ္ စုေဆာင္းျခင္းခံခဲ့ရၿပီး ဒီဇင္ဘာလအတြင္းတြင္ တပ္မေတာ္မွ ၎ကို ၎၏ဖခင္ထံ ျပန္လည္ အပ္ႏွံခဲ့သည္။ 
ရွမ္းျပည္နယ္ေတာင္ပိုင္း၊ ဆီဆိုင္ၿမိဳ႕နယ္၊ ေအာင္ကလပ္ေက်း႐ြာမွ အသက္ ၁၆ ႏွစ္အ႐ြယ္ ေမာင္ေအာလြီေစးႏွင့္ ဖယ္ခုံၿမိဳ႕နယ္၊ လြယ္ယင္းမဂၤလာေက်း႐ြာမွ အသက္ ၁၇ ႏွစ္အ႐ြယ္ ေမာင္အာျဗာဟန္ တို႔သည္ ကေလးစစ္သားအျဖစ္ စုေဆာင္းျခင္းခံထားၾကရၿပီး ၎တို႔၏ မိခင္ႏွစ္ဦးမွ ၎တို႔၏ ကေလးႏွစ္ဦး  ကေလးစစ္သားအျဖစ္ စုေဆာင္းျခင္းခံခဲ့ရသည့္အေျခအေနမ်ားကို ဒီဇင္ဘာလ ၂၀ ရက္ေန႔တြင္ သတင္းစာရွင္းလင္းပြဲျပဳလုပ္၍  ရွင္းလင္း တင္ျပခဲ့ၾကသည္။  ထို႔ျပင္ေမာင္ေအာလြီေစးသည္  ညဏ္ရည္  ခ်ိဳ႕ယြင္းေသာ ကေလးတစ္ဦး ျဖစ္ေၾကာင္းလည္း သိရွိ ရသည္။

အ႐ြယ္မတိုင္မီတြင္ ကေလးစစ္သားအျဖစ္ စုေဆာင္းျခင္းခံခဲ့ၾကရသည့္အတြက္ ကေလးသူငယ္မ်ားတြင္ ၎တို႔၏ ေရွ႕ဆက္ ရမည့္ အခြင့္အလမ္းမ်ား ဆုံးရႈံးခဲ့ရသည္သာမက ႐ုပ္ပိုင္းႏွင့္ စိတ္ပိုင္းဆိုင္ရာတို႔တြင္လည္း ထိခိုက္မႈမ်ားကို ရင္ဆိုင္ ခံစားၾကရမည္ျဖစ္သည္။ သို႔ျဖစ္၍ ျမန္မာႏိုင္ငံသည္ ႏိုင္ငံတကာ ကေလးသူငယ္ကာကြယ္ေစာင့္ေရွာက္မႈဆိုင္ရာ စာခ်ဳပ္ ႏွစ္ခုကို လက္မွတ္ေရးထိုး အတည္ျပဳၿပီးသည့္ ႏိုင္ငံျဖစ္သည့္အေလွ်ာက္ ထိုစာခ်ဳပ္ပါ ျပဌာန္းခ်က္မ်ားကို ေလးစားလိုက္နာ၍ ကာကြယ္ရမည္ျဖစ္သည္။ ထို႔ေၾကာင့္ အစိုးရမွ ျမန္မာႏိုင္ငံတြင္း ကေလးစစ္သားအျဖစ္ စုေဆာင္းျခင္းခံထားရမႈမ်ားကို ဆန္းစစ္ ေလ့လာ၍ ၾကပ္မတ္စြာ ကိုင္တြယ္ ေဆာင္႐ြက္ပါရန္ တိုက္တြန္းအပ္ပါသည္။ 

လယ္ယာေျမေရးရာ ကိစၥရပ္မ်ား

ဒီဇင္ဘာလအတြင္းတြင္လည္း သိမ္းဆည္းလယ္ယာေျမႏွင့္ လယ္ယာေျမအျငင္းပြားမႈမ်ား ျပႆနာမ်ားသည္ ေလ်ာ့က် သြားျခင္းမရွိဘဲ ဆက္လက္ ျဖစ္ပြားဆဲျဖစ္သည္ကို ေတြ႕ရွိရသည္။ ဒီဇင္ဘာလအတြင္း လယ္ယာေျမအေရး ႏွင့္ပတ္သက္၍ ျဖစ္ပြားခဲ့ေသာ ျဖစ္စဥ္မ်ားအနက္မွ ျဖစ္စဥ္တခ်ိဳ႕ကို ေအာက္တြင္ ေကာက္ႏုတ္ေဖာ္ျပထားသည္။ 

ရန္ကုန္တိုင္းေဒသႀကီး၊ ဗိုလ္တေထာင္ၿမိဳ႕နယ္အတြင္းရွိ သိမ္းဆည္းခံေျမယာမ်ားအား ေလ်ာ္ေၾကးမေပးဘဲ အမႈပိတ္သိမ္းမည္ဟု ဆုံးျဖတ္ခဲ့၍ ေလ်ာ္ေၾကးရရွိေရးအတြက္ မူလေျမပိုင္ရွင္မ်ားမွ ဆႏၵထုတ္ေဖာ္ခဲ့သည္။
ဧရာဝတီတိုင္းေဒသႀကီး၊ ဟသၤာတၿမိဳ႕ရွိ ဒူးယားေက်း႐ြာမွ သိမ္းဆည္းခံ ၿခံေျမ၊ လယ္ယာေျမမ်ားႏွင့္ အသုံးမျပဳေသာ ေျမကြက္မ်ားကို ျပန္လည္ ေပးအပ္ရန္ ဒူယားေက်း႐ြာ ေဒသခံ ၅၀ ခန႔္မွ ဆႏၵ ေဖာ္ထုတ္ခဲ့သည္။
ျမန္မာယန္စီကုမၸဏီမွ ေၾကးနီထုတ္လုပ္ေရးစီမံကိန္းအတြက္ သိမ္းဆည္းထားသည့္ ေျမယာမ်ားကို ေလ်ာ္ေၾကး ေပးအပ္ရန္ႏွင့္ ခ်င္းတြင္းျမစ္ေရ သုံးစြဲခြင့္ရရွိေရးအတြက္ ဆားလင္းႀကီးၿမိဳ႕နယ္၊ ကံကုန္းေက်း႐ြာမွ ေဒသခံ ၂၀၀ ခန႔္မွ ဆႏၵထုတ္ေဖာ္ ေတာင္းဆိုခဲ့သည္။ 

၂၀၁၆ ခုႏွစ္၊ ေမလတြင္ လယ္ယာေျမႏွင့္ အျခားေျမမ်ားသိမ္းဆည္းခံရမႈမ်ား ျပန္လည္စိစစ္ေရး ဗဟိုေကာ္မတီကို စတင္ဖြဲ႕စည္းခဲ့ၿပီး ထိုဗဟိုဗဟိုေကာ္မတီသို႔  သုံးႏွစ္အတြင္း တိုင္ၾကားစာေပါင္း ၃၄၈၀ ေပးပို႔ခဲ့ေသာ္လည္း ငါးေစာင္သာ အေၾကာင္းျပန္ၾကားေၾကာင္း ျပည္သူ႔လႊတ္ေတာ္ ေတာင္သူလယ္သမားႏွင့္ အလုပ္သမားေရးရာေကာ္မတီ၏ ႏွစ္ပတ္လည္ အစီရင္ခံစာ၌ ေဖာ္ျပထားသည္။ ထို႔ေၾကာင့္ လယ္ယာေရးရာက႑သည္ အလြန္အမင္း ထိခိုက္လြယ္ေသာ အေနအထားသို႔ ေရာက္ရွိေနၿပီး အျမန္ဆုံး ကိုင္တြယ္ေဆာင္႐ြက္ရမည္ျဖစ္သည္။ ႏွစ္ေပါင္းမ်ားစြာၾကာ ဆက္လက္ ျဖစ္ပြားဆဲျဖစ္ေသာ သိမ္းဆည္းလယ္ယာေျမႏွင့္ လယ္ယာေျမအျငင္းပြားမႈမ်ား ေျပလည္ႏိုင္ျခင္းမရွိျခင္းသည္ ဌာေနတိုင္းရင္းသားမ်ားႏွင့္ ေတာင္သူလယ္သမားမ်ားကို ထိခိုက္နစ္နာမႈမ်ားစြာ ျဖစ္ေပၚေစသည္။ သို႔ျဖစ္၍ အစိုးရအေနျဖင့္ ဌာေနတိုင္းရင္းသားမ်ားႏွင့္ ေတာင္သူလယ္သမားမ်ား၏ အက်ိဳးစီးပြားကို ျမႇင့္တင္ေသာအားျဖင့္ လယ္ယာေျမအေရးကို အျမန္ဆုံး ကိုင္တြယ္ ေဆာင္႐ြက္ပါရန္ တိုက္တြန္းအပ္ပါသည္။

ဆက္သြယ္ေမးျမန္းရန္

ႏိုင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္း

တိတ္ႏိုင္ အတြင္းေရးမႉး                                           +၉၅(၀) ၉၄၂  ၈၀၂  ၃၈၂၈

ဘိုၾကည္   တြဲဘက္အတြင္းေရးမႉး                            +၆၆(၀) ၈၁၉  ၆၂၈  ၇၁၃

ေအာင္မ်ိဳးေက်ာ္ ရန္ကုန္႐ုံးတာဝန္ခံ                          +၉၅(၀) ၉၄၂  ၈၈၁  ၇၃၄၈ 

တစ်လအတွင်းသုံးသပ်ချက်

ဒီဇင်ဘာလအတွင်း စုစုပေါင်း 18 ဦး အမှုဖွင့်၊တရားစွဲဆိုခြင်းကို ခံခဲ့ရသည်။ ထို 18 ဦးအနက်မှ ကရင်နီတောင်သူ ၁၀ ဦးသည် ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၄၄၇၊ တက်ကြွလှုပ်ရှားသူ တစ်ဦးသည် နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် လုံခြုံမှုကို အကာအကွယ်ပေးရေး ဥပဒေ ပုဒ်မ ၁ဝ၊ ရခိုင်ပြည်နယ်မှ အရပ်သား နှစ်ဦးသည် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀ (က) နှင့် ၅၂ (က)၊ အောင်သပြေရွာသား ငါးဦးသည် ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၄၃၆၊ ၄၄၀၊ ၁၁၄ တို့ဖြင့် အသီးသီး အမှုဖွင့် တရားစွဲဆိုခြင်းကို ခံခဲ့ရသည်။

ဒီဇင်ဘာလအတွင်း ဖမ်းဆီးခြင်းခံခဲ့ရသူ ၁၆ ဦးရှိခဲ့ပြီး ၎င်းတို့သည် ရခိုင်ပြည်နယ်ရှိ မင်းပြားမြို့နယ်၊ တောင်ကုတ်မြို့နယ်၊ ရသေ့တောင်မြို့နယ်၊ မြောက်ဦးမြို့နယ်နှင့် မောင်တောမြို့နယ်တို့မှ ဖြစ်ကြသည်။

ဒီဇင်ဘာလအတွင်း စုစုပေါင်း ရှစ်ဦး ပြစ်ဒဏ် ချမှတ်ခြင်းခံခဲ့ရသည်။ ထို ရှစ်ဦးအနက်မှ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင် လေးဦးသည် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆()၊ အရပ်သား သုံးဦးသည် ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅ ()၊ ၁၅၃ သို့မဟုတ် နိုင်ငံတော်အထိမ်းအမှတ် တံဆိပ်ဥပဒေ ပုဒ်မ ၇၊ အောင်သပြေကျေးရွာမှ ရာအိမ်မှူး တစ်ဦးသည် ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅ () တို့ဖြင့် ပြစ်ဒဏ်ချမှတ်ခြင်းခံခဲ့ရသည်။

ဒီဇင်ဘာလအတွင်း စုစုပေါင်း ၁၉ ဦး လွတ်မြောက်ခဲ့သည်။ နိုင်ငံရေးအကျဉ်းသား လေးဦးဖြစ်သော ဒါရိုက်တာ ဦးမင်းထင်ကိုကိုကြီး၊ တက်ကြွလှုပ်ရှားသူ ကိုနေမျိုးဇင်၊ မနေဇာထွန်းနှင့် ရှေ့နေ ဦးဇော်ဝင်းတို့သည် ကျန်းမာရေး ကောင်းမွန်ခြင်းမရှိကြောင်း သိရှိရသည်။

ထို့ပြင် ဒီဇင်ဘာလအတွင်းတွင် ရက္ခိုင့်တပ်တော်(AA)မှ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီ၏ မြို့နယ် ဥက္ကဋ္ဌ ဦးရဲသိန်း၊ မြောက်ဦးမြို့အတွင်းမှ လူငယ် ၂၄ ဦးလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန (လ.ဝ.က)မှ ဝန်ထမ်း သုံးဦး၊ Mytel ကုမ္ပဏီ ညွှန်ကြားရေးမှူး တစ်ဦးနှင့် ဝန်ထမ်း တစ်ဦးနှင့် အောင်တံခွန်(၇)ရေယာဉ်ပေါ်တွင် လိုက်ပါလာသော ယဉ်မောင်း (၁၆)ဦးတို့ကို ဖမ်းဆီးသွားခဲ့သည်။

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့

ဒီဇင်ဘာလ ၁၀ ရက်နေ့သည် (၇၁) နှစ်ပြည့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ဖြစ်သည်။ သို့သော်လည်း မြန်မာနိုင်ငံအတွင်းရှိ လူ့အခွင့်အရေးအခြေအနေများသည် အဖက်ဖက်မှ ဆိုးရွားစွာ ယိုယွင်း လျက်ရှိသည်။ မြန်မာနိုင်ငံတွင်း (၇၁) နှစ်ကျော်ကြာ ဖြစ်ပွားခဲ့သော တိုင်းရင်းသား လက်နက်ကိုင် ပဋိပက္ခများ၊ နိုင်ငံသားနှင့် နိုင်ငံရေးအခွင့်အရေးများ ချိုးဖောက်ခံရမှုများသည် မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေးအခြေအနေများ မည်ရွေ့၊မည်မျှအထိရှိနေသည်ကို ထုတ်ဖော် ပြသလျက်ရှိသည်။ ထိုကဲ့သို့ လူ့အခွင့်အရေး ချိုးဖောက်မှုအခြေအနေများကို ပို၍ ပေါ်လွင် ထင်ရှားစေရန် ထုတ်ဖော်ပြသနေ သည့် အခြင်းအရာ တစ်ရပ်မှာ-

ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ကျရောက်သော (၇၁) နှစ်ပြည့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့တွင် မြန်မာနိုင်ငံသည် ကမ္ဘာ့ကုလသမဂ္ဂ၏ ၁၉၄၈ ခုနှစ် လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေးနှင့် အပြစ်ပေးရေးဆိုင်ရာ သဘောတူစာချုပ်  (Genocide Convention) ကို လိုက်နာဆောင်ရွက်ရန် ပျက်ကွက်သည်ဟူသော စွပ်စွဲချက်ကို  နယ်သာလန်နိုင်ငံ The Hague မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)၌ စတင်ကြားနာခဲ့သည်။ ထိုအခြင်းအရာမှ အစိုးရသည် ၎င်း၏ နိုင်ငံသား တိုင်း၏ လူ့အခွင့်အရေးစံနှုန်းကို လေးစား လိုက်နာ၍ ကာကွယ်မှုပေးရန် လိုအပ်လျက်ရှိနေသည်ကို ထုတ်ဖော် ပြသနေပြီး မြန်မာနိုင်ငံအတွင်းရှိ လူ့အခွင့်အရေးအခြေအနေများ တိုးတက်စေရန် အမြန်ဆုံး ဆောင်ရွက်ရမည်ဖြစ်သည်ကို ထုတ်ဖော် ပြသနေသည်။ ထိုကဲ့သို့ လူ့အခွင့်အရေးအခြေအနေများ တိုးတက် စေရန် အမြန်ဆုံး ဆောင်ရွက်ရာတွင် 

  • လူ့အခွင့်အရေး ချိုးဖောက်သူများ  ပြစ်ဒဏ်မှ ကင်းလွတ်ခွင့်ရစေခြင်းကို အဆုံးသတ်၍ ၎င်းတို့ ကျူးလွန်ခဲ့သော လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် တာဝန်ယူမှုနှင့် တာဝန်ခံမှုရှိလာစေရန် ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်ခြင်း၊ 
  • နစ်နာခဲ့ကြရသူများအတွက် ပြန်လည် အစားထိုးပေးလျော်ခြင်း အစီအစဉ်များ၊ ပြန်လည် ထူထောင်ခြင်းဆိုင်ရာ အစီအစဉ်များကို ဖော်ဆောင်မှုပြုပေးခြင်း
  • နိုင်ငံတကာ လူ့အခွင့်အရေးစာချုပ်စာတမ်းများကို လက်မှတ်ရေးထိုးခြင်း၊ 
  • လွှတ်တော်အနေဖြင့် လူ့အခွင့်အရေးနှင့် ပတ်သက် ဆက်နွယ်သည့် ဥပဒေများကို ပြန်လည်သုံးသပ်ခြင်း (အထူးသဖြင့် ခွဲခြားဆက်ဆံမူနှင့်ပတ်သက်သည့် ဥပဒေများ၊ လွတ်လပ်စွာပြောဆို၊ရေးသား၊ စီတန်းလှည့်လည် သည်များနှင့် သက်ဆိုင်သောဥပဒေများ)၊ 
  • ဖမ်းဆီးထိန်းသိမ်းခံ နိုင်ငံရေးအကျဉ်းသားများအား ခြွင်းချက်မရှိ ပြန်လွှတ်ပေးခြင်းနှင့် တက်ကြွ လှုပ်ရှားသူများ၊ ကျောင်းသားများ၊ လယ်သမားများ၊ အလုပ်သမားများ၊ အရပ်သားများအပေါ် စွဲဆိုထားသော စွဲချက်များကို ရုပ်သိမ်းပေးခြင်း၊
  • အမျိုးသားပြန်လည်သင့်မြတ်ရေးရရှိရန်အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို အမြန်ဆုံး အကောင်အထည် ဖော် ဆောင်ရွက်ခြင်း စသည်တို့ကို လုပ်ဆောင်ခြင်းအားဖြင့် လူ့အခွင့်အရေးအခြေအနေများကို မြှင့်တင်မှု ပေးပါရန် တိုက်တွန်းအပ်ပါသည်။ 

လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်

အသွင်ကူးပြောင်းရေးကို ဦးတည် ဆောင်ရွက်လျက်ရှိသော မြန်မာနိုင်ငံသည် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို လေးစားလိုက်နာ၍ ကာကွယ်စောင့်ရှောက်ရမည် ဖြစ်သည်။ သို့သော်လည်း မြန်မာနိုင်ငံအတွင်း လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်အခြေအနေသည် ရုန်းကန်မှုများဖြင့်သာ ရင်ဆိုင်နေကြရဆဲဖြစ်သည်။ ဒီဇင်ဘာလအတွင်းတွင် လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်ကို ကျင့်သုံးခဲ့ကြသော တက်ကြွလှုပ်ရှားသူများနှင့် အရပ်သားများသည် ဆက်လက်၍ ဖိနှိပ်ခံနေ ကြရဆဲ ဖြစ်သည်။ ဒီဇင်ဘာလအတွင်း လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်ကို ကျင့်သုံးခဲ့ခြင်းအတွက် စုစုပေါင်း ခုနှစ်ဦး ပြစ်ဒဏ် ချမှတ်ခြင်းခံခဲ့ရသည်။ ၎င်းတို့မှာ ကလေးစစ်သားဟောင်း ကိုအောင်ကိုထွေး၏ အစ်မဖြစ်သူ မနေဇာထွန်း၊ မခင်ချိုနိုင်နှင့် ကိုဇော်မြင့်၊ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင် လေးဦးဖြစ်သော ကိုဇေယျာလွင်၊ ကိုပိုင်ရဲသူ၊ ကိုပိုင်ဖြိုးမင်း(ခ) ဒီရေနှင့် မဆုရတနာမြင့်တို့ ဖြစ်ကြသည်။ 

လွတ်လပ်သော ဒီမိုကရေစီနိုင်ငံတိုင်းတွင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို စံနှုန်းတစ်ခုအဖြစ် သတ်မှတ် ၍  ကာကွယ်မှုပေးထားသည်။ သို့သော်လည်း အသွင်ကူးပြောင်းရေးမှ ဒီမိုကရေစီသို့ ဦးတည်နေသော မြန်မာနိုင်ငံတွင် အခြေခံအခွင့်အရေးများ ဆုံးရှုံးနေခြင်းသည် ဒီမိုကရေစီ လမ်းကြောင်းမှ သွေဖည်လျက်ရှိသည်ကို ပြသနေသည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၏  အပိုဒ် ၃၅၄(က) တွင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ပြဌာန်းထားရှိသော်လည်း လေးစား လိုက်နာမှုမရှိခြင်းကြောင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့်ပတ်သက်၍ ပြဌာန်းထားသော နိုင်ငံတကာ စံနှုန်းများကို လေးစား လိုက်နာရန်မှာ အလှမ်းကွာဝေးဆဲဖြစ်သည်။ ထို့ကြောင့် ကမ္ဘာ့ကုလသမဂ္ဂ၏ နိုင်ငံသားနှင့် နိုင်ငံရေး အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ်(ICCPR)ကို လက်မှတ်ရေးထိုး အတည်ပြုရန်အတွက် အကောင်အထည် ဖော်ဆောင်ရွက်ရန်မှာလည်း အလှမ်းဝေးနေဆဲဖြစ်သည်။ ထို့ကြောင့် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP)မှ အစိုးရအား ပြည်တွင်းနှင့် နိုင်ငံတကာ ဥပဒေ စံနှုန်းများကို လေးစားလိုက်နာခြင်းအားဖြင့် လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်နှင့်  အခြေခံလူ့အခွင့်အရေးကို မြှင့်တင်မှုပေးပါရန် တိုက်တွန်းအပ်ပါသည်။ 

 

နိုင်ငံသားတို့၏လွတ်လပ်ခွင့်အပေါ်တားမြစ် ကန့်သတ်ခြင်းများ

မြန်မာနိုင်ငံတွင်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်သည် ဖိနှိပ်မှုများအောက်တွင် ရောက်ရှိနေချိန်တွင် နိုင်ငံသားတို့၏ လွတ်လပ်ခွင့်များသည်လည်း တားမြစ် ကန့်သတ်မှုများအောက်တွင် ကျရောက်နေဆဲဖြစ်သည်။ မန္တလေးတိုင်း ဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ အောင်သပြေကျေးရွာအနီးရှိ အောင်သပြေ ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေ စက်ရုံစီမံကိန်း ပဋိပက္ခနှင့်ပတ်သက်၍ ဖမ်းဆီး တရားစွဲဆိုခြင်းခံထားရသည့် အောင်သပြေကျေးရွာမှ ဒေသခံ ငါးဦးဖြစ်သော ကိုနိုင်ထွန်းအောင်၊ ကိုမင်းသိန်း၊ ကိုဖိုးမာ၊ ကိုကျော်ဇေယျနှင့် ရာအိမ်မှုး ကိုမိုးလင်းတို့သည် ရာဇသတ်ကြီး ပုဒ်မ ၄၃၆၊ ၄၄၀၊ ၁၁၄ ဖြင့် စွဲချက်တင်ခြင်းခံခဲ့ရပြီး ၎င်းတို့အနက်မှ ကိုမိုးလင်းသည် ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅(ခ) ပြစ်ဒဏ်ချမှတ်ခြင်းကို ခံခဲ့ရသည်။ အရပ်သားများ ထိုကဲ့သို့ ဖမ်းဆီး၊တရားစွဲဆိုမှုများ၊ ပြစ်ဒဏ် ချမှတ်မှုများကို ရင်ဆိုင်ကြုံတွေ့နေရခြင်းသည် နိုင်ငံသားများ အခွင့်အရေးများ ဆုံရှုံးဆဲဖြစ်သည်ကို ပြသနေပြီး အမျိုးသားပြန်လည် သင့်မြတ်ရေးကိုလည်း နှောင့်နှေးစေ သည့် အခြင်းအရာ တစ်ရပ်လည်း ဖြစ်သည်။ သို့ဖြစ်၍ အစိုးရအနေဖြင့် နိုင်ငံသားများ၏ အခြေခံအခွင့်အရေးများကို အမြန်ဆုံး မြှင့်တင်ခြင်းအားဖြင့် အမျိုးသား ပြန်လည် သင့်မြတ်ရေးကို ဖော်ဆောင်မှုပြုပေးပါရန် တိုက်တွန်းအပ်ပါသည်။

အကျဉ်းထောင်ပြုပြင်ပြောင်းလဲရေးနှင့် ထိခိုက်လွယ်သော အကျဉ်းသူ၊ အကျဉ်းသားများ (Key Population)၏ အခန်းကဏ္ဍ

မြန်မာနိုင်ငံရှိ အကျဉ်းထောင်တွင်း အခြေအနေများသည် ဆက်လက် ဆိုးရွားနိမ့်ကျနေဆဲဖြစ်သည်။ အကျဉ်းထောင် တွင်း  အကျဉ်းသားဦးရေ ပြည့်သိပ်နေခြင်း၏ အကျိုးဆက်အနေဖြင့် အကျဉ်းထောင်များအတွင်းတွင် အမျိုးမျိုးသော ပြဿနာများ ဖြစ်ပွားလျက်ရှိသည်။ ထို့ပြင် အကျဉ်းသားများ ၎င်းတို့၏ အခွင့်အရေးများ ချိုးဖောက်ခံနေကြရခြင်း၊ ညှဉ်းပန်းနှိပ်စက်မှုများကို ခံစားနေကြရခြင်း၊ ခွဲခြားဆက်ဆံခံနေကြရခြင်းစသည်တို့ကို ရင်ဆိုင်နေကြရသည်။ ၎င်းပြင် ဒီဇင်ဘာလအတွင်းတွင် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်ရှိ မြင်းခြံအကျဉ်းထောင်တွင်း ထောင်ဆူပူမှု ဖြစ်ပွားခဲ့သည်။ ထိုအခြင်းအရာများ စနစ်တကျ ဆက်လက်ဖြစ်ပွားနေခြင်းမှ ရပ်တန့်ရန်နှင် အဆုံးသတ်ရန်အတွက် အကျဉ်းထောင် ပြုပြင်ပြောင်းလဲရေးကို အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်ရမည် ဖြစ်သည်။ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ လည်း အကျဉ်းထောင် ပြုပြင်ပြောင်းလဲရေး ပြုလုပ်ရန် အတွက် အစိုးရအား အစဉ်တစိုက် တိုက်တွန်းလျက်ရှိပြီး အကျဉ်းထောင်ပြုပြင်ပြောင်းလဲရေးနှင့်ပတ်သက်၍ မြန်မာနိုင်ငံ၏ အကျဉ်းထောင်အခြေအနေနှင့် အကျဉ်းထောင်စနစ် ပြုပြင် ပြောင်းလဲရေး အလားအလာ အစီရင်ခံစာအကျဉ်းထောင်အတွင်း လူဦးရေ လျှော့ချနိုင်ရေး အရေးတကြီး လုပ်ဆောင်ရန် လိုအပ်သည့် အကျဉ်းထောင်စနစ် ပြုပြင်ပြောင်းလဲရေး နည်းလမ်းများ အစီရင်ခံစာ စသည့် အစီရင်ခံစာများကိုလည်း       ထုတ်ဝေခဲ့ပြီးဖြစ်သည်။ ထို့ပြင် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်(MNHRC)၊ သက်ဆိုင်ရာ လွှတ်တော် ကော်မတီများ၊ အကျဉ်းသား ရေးရာကိစ္စရပ်များကို ဆောင်ရွက်လျက်ရှိသော အဖွဲ့အစည်း အသီးသီး နှင့် လက်တွဲ ဆောင်ရွက်လျက်ရှိပြီး အလုပ်ရုံ ဆွေးနွေးပွဲများကိုလည်း ကျင်းပ ပြုလုပ်လျက်ရှိသည်။ 

ထိုကဲ့သို့ အကျဉ်းထောင်ပြုပြင်ပြောင်းလဲရေးကို ဆောင်ရွက်ရာတွင် အကျဉ်းထောင်၊ အချုပ်ထောင်နှင့် အလုပ်စခန်း များရှိ ထိခိုက်လွယ်သော အကျဉ်းသူ၊ အကျဉ်းသားများ (Key Population) ကာကွယ်စောင့်ရှောက်မှု ရရှိရန် မှာလည်း မဖြစ်မနေ လိုအပ်ပါသည်။ Key Population များသည် ထိခိုက်လွယ်သူများဖြစ်သည့်အတွက် အကျဉ်းထောင် အတွင်းတွင်လည်း သာမန်ထက်ပို၍ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ရင်ဆိုင်ခံစား နေကြရသူများဖြစ်သည်။ သို့ဖြစ်၍ Key Population များအတွက် ထည့်သွင်းစဉ်းစားရမည်ဖြစ်သည်။ ထို့ကြောင့် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ ဦးဆောင်၍ မြန်မာနိုင်ငံတွင်း Key Population များအတွက် လုပ်ကိုင် ဆောင်ရွက်ပေးလျက်ရှိသော အဖွဲ့အစည်းများ၊ နိုင်ငံရေးအကျဉ်းသားများ ဦးဆောင် ပါဝင်သော အဖွဲ့အစည်းများနှင့် အလုပ်ရုံဆွေးနွေးပွဲကို ရန်ကုန်မြို့ရှိ AAPP ရုံး အစည်းအဝေးခန်းမတွင် နိုဝင်ဘာလ ၄ ရက်နေ့မှ နိုဝင်ဘာလ ၅ ရက်နေ့ထိ နှစ်ရက်တာ ကျင်းပ ပြုလုပ်ခဲ့သည်။ ၎င်းပြင် ဒီဇင်ဘာလ ၇ ရက်နေ့တွင် AAPP မှ ဦးဆောင်၍ ပြည်သူ့လွှတ်တော် ကော်မတီအသီးသီးမှ ကော်မတီဝင် ၂၅ ဦး၊ အမျိုးသားလွှတ်တော် ကော်မတီအသီးသီးမှ ကော်မတီဝင် ရှစ်ဦး၊ Key Population အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ နိုင်ငံရေးအကျဉ်းသားများ ဦးဆောင်သော အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် အကျဉ်းထောင် စနစ်ပြုပြင်ပြောင်းလဲရေး အလုပ်ရုံဆွေးနွေးပွဲအား နေပြည်တော်၌ ကျင်းပ ပြုလုပ်ခဲ့သည်။ ထိုဆွေးနွေးပွဲ၌လည်း ထိခိုက်လွယ်သော အကျဉ်းသူ၊ အကျဉ်းသားများ (Key Population) အတွက်ကို ထည့်သွင်း ဆွေးနွေးခဲ့သည်။ ထို့ပြင် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ အကျဉ်းထောင်ပြုပြင်ပြောင်းလဲရေးတွင် ထိခိုက်လွယ်သော အကျဉ်းသူ၊ အကျဉ်းသားများ (Key Population)၏ အခန်းကဏ္ဍ ဟူသည့် ခေါင်းစဉ်ဖြင့် အစီရင်ခံစာ တစ်စောင်ကို ၂၀၂၀ ခုနှစ်၊ မတ်လတွင် ထုတ်ဝေမည်ဖြစ်ပြီး အစိုးရ တာဝန်ရှိသူများနှင့် သက်ဆိုင်ရာ လွှတ်တော် ကော်မတီအသီးသီးကို ထိုအစီရင်ခံစာအား မျှဝေမည်ဖြစ်သည်။

တိုင်းရင်းသားဒေသများတွင် ဖြစ်ပွားလျှက်ရှိသော ပဋိပက္ခများ၏ အကျိုးဆက်များ

ရခိုင်ဒေသတွင်း တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ကြား လက်နက်ကိုင်တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွား ခဲ့သည်မှာ တစ်နှစ်နီးပါးရှိခဲ့ပြီ ဖြစ်သည်။ ထိုလက်နက်ကိုင်တိုက်ပွဲများအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများ မြင့်တက်လာ လျက်ရှိခြင်းနှင့်အတူ ဌာနေတိုင်းရင်းသားများသည် နှစ်ဖက် လက်နက်ကိုင်တပ်ဖွဲ့များ၏ သံသဖြင့်ဟူသော စွပ်စွဲမှုများဖြင့်  လူ့အခွင့်အရေးချိုးဖောက်မှုများကို ဆိုးရွားစွာ ရင်ဆိုင်နေကြရသည်။ ဒီဇင်ဘာလအတွင်းဖြစ်ပွားခဲ့သော ဖြစ်စဉ်တချို့မှလည်း ထင်ရှားစွာ တွေ့မြင် နိုင်သည်။

ဖမ်းဆီးခံရခြင်းများ

  • ရက္ခိုင့်တပ်တော် (AA)နှင့် ဆက်နွယ်မှုရှိသည် ဟူသော သံသယဖြင့် တပ်မတော်မှ ရခိုင်ဒေသခံ အရပ်သား (၁၆)ဦးကို ဖမ်းဆီးခဲ့ပြီး ထိုအရပ်သား (၁၆)ဦးအနက် (၂)ဦးသည် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့် တရားစွဲဆိုခြင်းကို ခံထားရသည်။ 

ညှဉ်းပန်းနှိပ်စက်ခံရခြင်းများ

  • ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ စစ်အောင်ကျေးရွာမှ ကိုသန်းလှိုင်နှင့် ကိုမောင်ကျော်လှတို့သည် ဈေးဝယ်ရာမှ ပြန်လာစဉ် ကျောက်တော်တောင်တွင် တပ်စွဲထားသော တပ်မတော်သားများ၏ ရိုက်နှက်ခြင်းကို ခံခဲ့ရသောကြောင့် ကိုမောင်ကျော်လှသည် ပြင်းထန်စွာ ဒဏ်ရာရရှိသွားခဲ့သည်။ 

သတ်ဖြတ်ခံရခြင်းများ

  • တပ်မတော်မှ ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သော ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ကျောက်မော်ကျေးရွာမှ အုပ်ချုပ်ရေးမှူး ဦးကျော်အေးမောင်၏ အလောင်းကို ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် ပြန်လည် တွေ့ရှိခဲ့သည်။ ဦးကျော်အေးမောင်သည် ရက္ခိုင့်တပ်တော်(AA) တပ်ဖွဲ့ဝင်တစ်ဦး ဖြစ်သည်ဟု တပ်မတော်မှ ထုတ်ပြန် ခဲ့သော်လည်း မိသားစုဝင်များနှင့် AA မှ ငြင်းဆိုခဲ့သည်။
  • ဒီဇင်ဘာလအတွင်း ပျောက်ဆုံးသွားခဲ့သော ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးမြို့မှ ဒေသခံ ဦးနီသန်း နှင့် ဦးကင်းချေတို့ကို သေဆုံးလျက် ပြန်လည်တွေ့ရှိခဲ့သည်။  ၎င်းတို့ စပါးသိမ်းရန်သွားရောက်သော နေရာအနီးတွင် တပ်မတော် တပ်မ(၆၆) ရှိနေသဖြင့် တပ်မတော်မှ ဖမ်းဆီးသွားသည်ဟု မိသားစုဝင်များမှ ယူဆကြသည်။

ကျည်ထိမှန်၍ သေဆုံး/ဒဏ်ရာရရှိမှုများ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ မင်းပြားမြို့နယ်နှင့် အမ်းမြို့နယ်တို့တွင် တပ်မတော်စစ်ကြောင်းမှ ပစ်ခတ်ခဲ့သည့် အတွက် အသက် ရှစ်နှစ်အရွယ် ကလေးငယ် တစ်ဦးအပါအဝင် အရပ်သား ငါးဦး သေဆုံးခဲ့သည်။ ထို့ပြင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ကြား ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ကျောက်တော်မြို့နယ်မှ အရပ်သား ခြောက်ဦးသည် ကျည်ထိမှန် ဒဏ်ရာရရှိခဲ့သည်။ ၎င်းပြင် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် မြောက်ဦး၊ မြေပုံနှင့် ပလပ်ဝ မြို့နယ်တို့မှ ကလေးငယ် သုံးဦးအပါအဝင် အရပ်သား ခုနှစ်ဦး သေဆုံးခဲ့ပြီး မြောက်ဦး၊ မင်းပြား၊ မြေပုံနှင့် ပလပ်ဝ မြို့နယ်တို့မှ ကလေးငယ် ခြောက်ဦးအပါအဝင် အရပ်သား ၃၅ ဦးသည် ထိခိုက် ဒဏ်ရာများ ရရှိခဲ့သည်။ 

ရက္ခိုင့်တပ်တော်မှ ဖမ်ဆီးမှုများ

ဒီဇင်ဘာလအတွင်း ရက္ခိုင့်တပ်တော် (AA)မှ အရပ်သား စုစုပေါင်း (၄၆) ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ ထိုအရပ်သား (၄၆) ဦးအနက်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီ၏ ဘူးသီးတောင်မြို့နယ် ဥက္ကဋ္ဌ ဦးရဲသိန်း သည် တပ်မတော်မှ ပစ်ခတ်သည့် လက်နက်ကြီးကျည်ထိမှန်၍ သေဆုံးသွားခဲ့ကြောင်း AA မှ သတင်း ထုတ်ပြန်ခဲ့သည်။ 

လူ့အခွင့်အရေးချိုးဖောက်မှုများကို မည်သည့်လက်နက်ကိုင်တပ်ဖွဲ့မျှ တာဝန်ယူမှု၊ တာဝန်ခံမှု မရှိသောကြောင့် နစ်နာခဲ့သူ များအတွက် တရားမျှတမှုရှာဖွေရန်မှာ ရပ်တန့်သွားခဲ့သည်။ သို့ဖြစ်၍ မြန်မာနိုင်ငံတွင်း ဖြစ်ပွားလျက်ရှိသော လက်နက်ကိုင် ပဋိပက္ခများကို ကျော်လွှားနိုင်ရန်အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်ရမည် ဖြစ်ပြီး လူ့အခွင့်အရေးချိုးဖောက်မှုများမှ တားဆီး ကာကွယ်ရန် လွတ်လပ်သော စုံစမ်း စစ်ဆေးရေး အဖွဲ့များ ဖွဲ့စည်း၍ ဆောင်ရွက်ရမည်ဖြစ်သည်။ ထို့ပြင် ပြစ်ဒဏ်မှ ကင်းလွတ်ခွင့်ရစေသော သဘောသဘာဝကိုလည်း အဆုံးသတ်ရမည် ဖြစ်သည်။ ထို့ပြင် လူ့အခွင့်အရေးအတွက် အာမခံချက်ရှိသော နိုင်ငံတကာသဘောတူစာချုပ်များ ဖြစ်သည့် နိုင်ငံသားနှင့် နိုင်ငံရေး အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ်(ICCPR)ညှဉ်းပန်းနှိပ်စက်မှုကို ဆန့်ကျင်ရေး နိုင်ငံတကာ သဘောတူစာချုပ် (UNCAT)စသည့် နိုင်ငံတကာ သဘောတူစာချုပ်များကို လက်မှတ်ရေးထိုး အတည်ပြု ရမည် ဖြစ်သည်။ 

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ ရခိုင်ဒေသ ပဋိပက္ခနှင့် ဆက်နွယ်၍ ရရှိထားသော သတင်းအချက်အလက်များအပေါ်အခြေခံ၍ စာရင်းပြုထားချက်များအရ  ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလမှ ဒီဇင်ဘာလကုန်ထိ ရခိုင်ဒေသ၌ တစ်နှစ်အတွင်းဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသည့် ရခိုင်ဒေသခံ နိုင်ငံရေးအကျဉ်းသား  () ဦးရှိပြီး  ထောင်တွင်း၌ တရားရင်ဆိုင်နေကြရသော ရခိုင်ဒေသခံ (၁၂၁) ဦးနှင့် ထောင်ပြင်ပ၌ တရားရင်ဆိုင်နေကြရသော ရခိုင်ဒေသခံ () ဦး ရှိသည်။ အောက်ဖော်ပြပါပုံတွင်လည်း ထင်ရှားစွာ မြင်တွေ့နိုင်ပါသည်။

ကလေးစစ်သားအဖြစ်စုဆောင်းခံရခြင်းများ

မြန်မာနိုင်ငံသည် ကမ္ဘာ့ကုလသမဂ္ဂ၏ ကလေးသူငယ်များအခွင့်အရေးဆိုင်ရာ သဘောတူစာချုပ် (CRC) ကို ၁၉၉၁ ခုနှစ်၊ ဇူလိုင်လတွင် အတည်ပြုလက်မှတ်ရေးထိုးခဲ့ပြီး လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များ ပါဝင်ပတ်သက်မှု ဆိုင်ရာ နောက်ဆက်တွဲ အခြေပြုစာချုပ် ကို ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလတွင် အတည်ပြု လက်မှတ်ရေးထိုးခဲ့သည်။ သို့သော်လည်း မြန်မာနိုင်ငံတွင်း ကလေးစစ်သားအဖြစ် စုဆောင်းခြင်းခံရမှုများသည် ဆက်လက် ရှိနေဆဲဖြစ်သည်ကို တွေ့ရှိရသည်။

  • ၂၀၁၉ ခုနှစ်၊ ဧပြီလတွင် ပျောက်ဆုံးသွားခဲ့သော ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်၊ ခါးပြတ်ကျေးရွာမှ အသက် ၁၇ နှစ်အရွယ် မောင်အောင်နိုင်ဝင်းသည် ကလေးစစ်သားအဖြစ် စုဆောင်းခြင်းခံခဲ့ရပြီး ဒီဇင်ဘာလအတွင်းတွင် တပ်မတော်မှ ၎င်းကို ၎င်း၏ဖခင်ထံ ပြန်လည် အပ်နှံခဲ့သည်။ 
  • ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ အောင်ကလပ်ကျေးရွာမှ အသက် ၁၆ နှစ်အရွယ် မောင်အောလွီစေးနှင့် ဖယ်ခုံမြို့နယ်၊ လွယ်ယင်းမင်္ဂလာကျေးရွာမှ အသက် ၁၇ နှစ်အရွယ် မောင်အာဗြာဟန် တို့သည် ကလေးစစ်သားအဖြစ် စုဆောင်းခြင်းခံထားကြရပြီး ၎င်းတို့၏ မိခင်နှစ်ဦးမှ ၎င်းတို့၏ ကလေးနှစ်ဦး  ကလေးစစ်သားအဖြစ် စုဆောင်းခြင်းခံခဲ့ရသည့်အခြေအနေများကို ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်၍  ရှင်းလင်း တင်ပြခဲ့ကြသည်။  ထို့ပြင်မောင်အောလွီစေးသည်  ညဏ်ရည်  ချို့ယွင်းသော ကလေးတစ်ဦး ဖြစ်ကြောင်းလည်း သိရှိ ရသည်။

အရွယ်မတိုင်မီတွင် ကလေးစစ်သားအဖြစ် စုဆောင်းခြင်းခံခဲ့ကြရသည့်အတွက် ကလေးသူငယ်များတွင် ၎င်းတို့၏ ရှေ့ဆက် ရမည့် အခွင့်အလမ်းများ ဆုံးရှုံးခဲ့ရသည်သာမက ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာတို့တွင်လည်း ထိခိုက်မှုများကို ရင်ဆိုင် ခံစားကြရမည်ဖြစ်သည်။ သို့ဖြစ်၍ မြန်မာနိုင်ငံသည် နိုင်ငံတကာ ကလေးသူငယ်ကာကွယ်စောင့်ရှောက်မှုဆိုင်ရာ စာချုပ် နှစ်ခုကို လက်မှတ်ရေးထိုး အတည်ပြုပြီးသည့် နိုင်ငံဖြစ်သည့်အလျှောက် ထိုစာချုပ်ပါ ပြဌာန်းချက်များကို လေးစားလိုက်နာ၍ ကာကွယ်ရမည်ဖြစ်သည်။ ထို့ကြောင့် အစိုးရမှ မြန်မာနိုင်ငံတွင်း ကလေးစစ်သားအဖြစ် စုဆောင်းခြင်းခံထားရမှုများကို ဆန်းစစ် လေ့လာ၍ ကြပ်မတ်စွာ ကိုင်တွယ် ဆောင်ရွက်ပါရန် တိုက်တွန်းအပ်ပါသည်။ 

လယ်ယာမြေရေးရာ ကိစ္စရပ်များ

ဒီဇင်ဘာလအတွင်းတွင်လည်း သိမ်းဆည်းလယ်ယာမြေနှင့် လယ်ယာမြေအငြင်းပွားမှုများ ပြဿနာများသည် လျော့ကျ သွားခြင်းမရှိဘဲ ဆက်လက် ဖြစ်ပွားဆဲဖြစ်သည်ကို တွေ့ရှိရသည်။ ဒီဇင်ဘာလအတွင်း လယ်ယာမြေအရေး နှင့်ပတ်သက်၍ ဖြစ်ပွားခဲ့သော ဖြစ်စဉ်များအနက်မှ ဖြစ်စဉ်တချို့ကို အောက်တွင် ကောက်နုတ်ဖော်ပြထားသည်။ 

  • ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်အတွင်းရှိ သိမ်းဆည်းခံမြေယာများအား လျော်ကြေးမပေးဘဲ အမှုပိတ်သိမ်းမည်ဟု ဆုံးဖြတ်ခဲ့၍ လျော်ကြေးရရှိရေးအတွက် မူလမြေပိုင်ရှင်များမှ ဆန္ဒထုတ်ဖော်ခဲ့သည်။
  • ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့ရှိ ဒူးယားကျေးရွာမှ သိမ်းဆည်းခံ ခြံမြေ၊ လယ်ယာမြေများနှင့် အသုံးမပြုသော မြေကွက်များကို ပြန်လည် ပေးအပ်ရန် ဒူယားကျေးရွာ ဒေသခံ ၅၀ ခန့်မှ ဆန္ဒ ဖော်ထုတ်ခဲ့သည်။
  • မြန်မာယန်စီကုမ္ပဏီမှ ကြေးနီထုတ်လုပ်ရေးစီမံကိန်းအတွက် သိမ်းဆည်းထားသည့် မြေယာများကို လျော်ကြေး ပေးအပ်ရန်နှင့် ချင်းတွင်းမြစ်ရေ သုံးစွဲခွင့်ရရှိရေးအတွက် ဆားလင်းကြီးမြို့နယ်၊ ကံကုန်းကျေးရွာမှ ဒေသခံ ၂၀၀ ခန့်မှ ဆန္ဒထုတ်ဖော် တောင်းဆိုခဲ့သည်။ 

၂၀၁၆ ခုနှစ်၊ မေလတွင် လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ဗဟိုကော်မတီကို စတင်ဖွဲ့စည်းခဲ့ပြီး ထိုဗဟိုဗဟိုကော်မတီသို့  သုံးနှစ်အတွင်း တိုင်ကြားစာပေါင်း ၃၄၈၀ ပေးပို့ခဲ့သော်လည်း ငါးစောင်သာ အကြောင်းပြန်ကြားကြောင်း ပြည်သူ့လွှတ်တော် တောင်သူလယ်သမားနှင့် အလုပ်သမားရေးရာကော်မတီ၏ နှစ်ပတ်လည် အစီရင်ခံစာ၌ ဖော်ပြထားသည်။ ထို့ကြောင့် လယ်ယာရေးရာကဏ္ဍသည် အလွန်အမင်း ထိခိုက်လွယ်သော အနေအထားသို့ ရောက်ရှိနေပြီး အမြန်ဆုံး ကိုင်တွယ်ဆောင်ရွက်ရမည်ဖြစ်သည်။ နှစ်ပေါင်းများစွာကြာ ဆက်လက် ဖြစ်ပွားဆဲဖြစ်သော သိမ်းဆည်းလယ်ယာမြေနှင့် လယ်ယာမြေအငြင်းပွားမှုများ ပြေလည်နိုင်ခြင်းမရှိခြင်းသည် ဌာနေတိုင်းရင်းသားများနှင့် တောင်သူလယ်သမားများကို ထိခိုက်နစ်နာမှုများစွာ ဖြစ်ပေါ်စေသည်။ သို့ဖြစ်၍ အစိုးရအနေဖြင့် ဌာနေတိုင်းရင်းသားများနှင့် တောင်သူလယ်သမားများ၏ အကျိုးစီးပွားကို မြှင့်တင်သောအားဖြင့် လယ်ယာမြေအရေးကို အမြန်ဆုံး ကိုင်တွယ် ဆောင်ရွက်ပါရန် တိုက်တွန်းအပ်ပါသည်။

 

ဆက်သွယ်မေးမြန်းရန်

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း

တိတ်နိုင် အတွင်းရေးမှူး                                           +၉၅() ၉၄၂  ၈၀၂  ၃၈၂၈

ဘိုကြည်   တွဲဘက်အတွင်းရေးမှူး                            +၆၆() ၈၁၉  ၆၂၈  ၇၁၃

အောင်မျိုးကျော် ရန်ကုန်ရုံးတာဝန်ခံ                          +၉၅() ၉၄၂  ၈၈၁  ၇၃၄၈ 

တလအတွင်းသုံးသပ်ချက် ဒေါင်းလော့ရယူရန် December Burmese MiR

ဒီဇင်ဘာလအတွက်သတင်းစုစည်းမှု Dec Chronology

ဒီဇင်ဘာလအတွက် လက်ကျန်နိုင်ကျဉ်းစာရင်း 74 Remaining PP list Updated On 31 December 2019

ဒီဇင်ဘာလအတွက် အမှုရင်ဆိုင်စာရင်း 557 Facing Trial final List (Updated on 31 December 2019)

၆၆ (ဃ) စာရင်းဒေါင်းလော့ရယူရန် 66 (D) total list(new) Updated