ေအေအပီပီမွႏိုဝင္ဘာလအတြက္လစဥ္အစီရင္ခံစာႏွင့္ႏိုင္ငံေရးအက်ဥ္းသားစာရင္းထုတ္ျပန္ခ်က္

တစ္လအတြင္းသုံးသပ္ခ်က္

ႏိုဝင္ဘာလအတြင္း စုစုေပါင္း ၃၅ ဦး အမႈဖြင့္၊တရားစြဲဆိုျခင္းကို ခံခဲ့ရသည္။ ထို ၃၅ ဦးအနက္မွ တက္ႂကြလႈပ္ရွားသူ ေလးဦးႏွင့္ အလုပ္သမားႏွင့္ အလုပ္သမားအေရးလႈပ္ရွားသူ ငါးဦးတို႔သည္ ၿငိမ္းခ်မ္းစြာ စုေဝးခြင့္ႏွင့္ ၿငိမ္းခ်မ္းစြာ စီတန္းလွည့္လည္ခြင့္ဥပေဒ(ၿငိမ္း၊စု၊စီ) ပုဒ္မ ၁၉၊ ရခိုင္ျပည္နယ္မွ အရပ္သား ၂၃ ဦးသည္ အၾကမ္းဖက္မႈ တိုက္ဖ်က္ေရး ဥပေဒ ပုဒ္မ ၅၀ (က)၊ (ခ)၊ (ည) (သို႔) ၅၂(က) (သို႔) ရာဇသတ္ႀကီးဥပေဒပုဒ္မ ၃၆၅၊ တက္ႂကြလႈပ္ရွားသူ သုံးဦးသည္ ရာဇသတ္ႀကီးပုဒ္မ ၅၀၅(က) တို႔ျဖင့္ အသီးသီး အမႈဖြင့္ တရားစြဲဆိုျခင္းကို ခံခဲ့ရသည္။ 

ႏိုဝင္ဘာလအတြင္း ဖမ္းဆီးျခင္းခံခဲ့ရသူ ၄၁ ဦး ရွိသည့္အနက္မွ ၃၆ ဦးသည္ ရခိုင္ျပည္နယ္ရွိ ၿမိဳ႕နယ္အသီးမွ ျဖစ္ၾကၿပီး ငါးဦး သည္ တက္ႂကြလႈပ္ရွားသူမ်ား ျဖစ္ၾကသည္။ 

ႏိုဝင္ဘာလအတြင္း စုစုေပါင္း ၃၈ ဦး ျပစ္ဒဏ္ ခ်မွတ္ျခင္းခံခဲ့ရသည္။ ထို ၃၈ ဦးအနက္မွ ေလးဦးသည္ ၿငိမ္း၊စု၊စီဥပေဒ ပုဒ္မ ၁၉ ျဖင့္ ေထာင္ဒဏ္ႏွင့္ ေငြဒဏ္မ်ား ခ်မွတ္ျခင္းခံခဲ့ရၿပီး NSCN-K အဖြဲ႕၏ ေခါင္းေဆာင္ေဟာင္း ငါးဦးႏွင့္ အဖြဲ႕ဝင္ ေျခာက္ဦး၊ အရပ္သား ေလးဦးတို႔သည္ မတရားအသင္းဆက္သြယ္မႈ အက္ဥပေဒ ပုဒ္မ ၁၇(၁)၊ ကရင္နီလူငယ္‌ ေျခာက္ဦးသည္ ႏိုင္ငံသားမ်ား၏ ပုဂၢိဳလ္ဆိုင္ရာ လြတ္လပ္မႈႏွင့္ လုံၿခဳံမႈကို အကာအကြယ္ေပးေရး ဥပေဒ ပုဒ္မ ၁ဝ၊ ေဒါင္းတို႔မ်ိဳးဆက္ သံခ်ပ္အဖြဲ႕ဝင္ ခုႏွစ္ဦး၊ ေရွ႕ေန တစ္ဦးႏွင့္ ဇြဲအၿငိမ့္အဖြဲ႕မွ လူ႐ႊင္ေတာ္ ငါးဦးတို႔သည္ ရာဇသတ္ႀကီးပုဒ္မ ၅၀၅(က)၊(ခ) (သို႔မဟုတ္) ပုဒ္မ ၅၀၀ တို႔ျဖင့္ ျပစ္ဒဏ္ခ်မွတ္ ျခင္းခံခဲ့ရသည္။ 

ႏိုဝင္ဘာလအတြင္း စုစုေပါင္း ၁၃ ဦး လြတ္ေျမာက္ခဲ့သည္။ ႏိုင္ငံေရးအက်ဥ္းသား ေလးဦးျဖစ္ေသာ ဒါ႐ိုက္တာ ဦးမင္းထင္ကိုကိုႀကီး၊ တက္ႂကြလႈပ္ရွားသူ ကိုေနမ်ိဳးဇင္၊ မေနဇာထြန္းႏွင့္ ေရွ႕ေန ဦးေဇာ္ဝင္းတို႔သည္ က်န္းမာေရး ေကာင္းမြန္ျခင္းမရွိေၾကာင္း သိရွိရသည္။ 

ထို႔ျပင္ ႏိုဝင္ဘာလအတြင္းတြင္ ရကၡိဳင့္တပ္မေတာ္(AA)မွ ခ်င္းျပည္နယ္ အမ်ိဳးသား      လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဝွ႔တင္း၊ ရခိုင္ျပည္နယ္၊ ဘူးသီးေတာင္ၿမိဳ႕နယ္၊ အုတ္ေတာင္ေက်း႐ြာအုပ္စု၊ အုတ္ေတာင္ေက်း႐ြာမွ ေက်း႐ြာ အုပ္ခ်ဳပ္ေရးမႉး ဦးေအာင္ေက်ာ္စိန္၊ ဆယ္အိမ္မႉး ဦးေမာင္စံႏွင့္  အ.မ.က ေျမာက္ေခ်ာင္းမွ ေက်ာင္းဆရာ ဦးဆင္ဟုန္(ေခၚ)ဦးသာဦးတို႔ကို ဖမ္းဆီးသြားခဲ့သည္။ 

လြတ္လပ္စြာ ထုတ္ေဖာ္ ေျပာဆိုခြင့္

ႏိုဝင္ဘာလအတြင္းတြင္ လြတ္လပ္စြာ ထုတ္ေဖာ္ ေျပာဆိုခြင့္အေျခအေနသည္ ဆိုး႐ြားစြာ က်ဆင္းလ်က္ရွိၿပီး စိုးရိမ္ဖြယ္ရာ အေနအထား တစ္ရပ္သို႔ ေရာက္ရွိေနသည္ကို ေတြ႕ရွိရသည္။ ႏိုဝင္ဘာလအတြင္း လြတ္လပ္စြာ ထုတ္ေဖာ္ ေျပာဆိုခြင့္ကို က်င့္သုံးခဲ့ျခင္းအတြက္  ဖမ္းဝရမ္းထုတ္ျခင္းခံထားရေသာ ဗကသ အဖြဲ႕ဝင္ေဟာင္း ကိုရဲရင့္ေက်ာ္သည္ ဖမ္းဆီးျခင္းခံခဲ့ရၿပီး တက္ႂကြလႈပ္ရွားသူ ကိုေနာင္ေနာင္၊ ဗမာႏိုင္ငံလုံးဆိုင္ရာ အလုပ္သမားသမဂၢ မ်ားအဖြဲ႕ခ်ဳပ္မွ ကိုေက်ာ္မ်ိဳး၊ တက္ႂကြလႈပ္ရွားသူ ဦးေဌးေအာင္ႏွင့္ ဦးစိုးေဇာ္၊ Natural Garment စက္႐ုံ အလုပ္သမား ေခါင္းေဆာင္ ေလးဦးျဖစ္ေသာ မသႏၲာၿဖိဳး၊ ကိုခ်စ္နန္းေမာင္၊ ကိုျပည့္စုံေအာင္၊ ကိုေက်ာ္မ်ိဳးထိုက္ႏွင့္ အလုပ္သမား အခြင့္အေရးလႈပ္ရွားသူအဖြဲ႕ (Action Labor Rights) မွ စည္း႐ုံးေရးမႉး မမိုးစႏၵာျမင့္တို႔သည္ ၿငိမ္းခ်မ္းစြာ စုေဝးခြင့္ႏွင့္ ၿငိမ္းခ်မ္းစြာ စီတန္းလွည့္လည္ခြင့္ ဥပေဒ(ၿငိမ္း၊စု၊စီ) ပုဒ္မ ၁၉ ျဖင့္ အမႈဖြင့္ျခင္းခံခဲ့ရသည္။ ယင္းအျပင္ ႏိုင္ငံေရးလႈပ္ရွားသူမ်ား ျဖစ္သည့္ ဗိုလ္ႀကီးေဟာင္း ကိုေနမ်ိဳးဇင္၊ ကဗ်ာဆရာ ကိုေစာေဝႏွင့္ ေရွ႕ေန ဦးႀကီးျမင့္တို႔သည္ ရာဇသတ္ႀကီး ပုဒ္မ ၅၀၅ (က) ျဖင့္ တရားစြဲတင္ျခင္းကို ခံခဲ့ရသည္။ ထို႔ျပင္ ၿငိမ္း၊စု၊စီ ဥပေဒ ပုဒ္မ ၁၉ ျဖင့္ အမ်ိဳးသားယဥ္ေက်းမႈႏွင့္အႏုပညာတကၠသိုလ္(ရန္ကုန္)         ေက်ာင္းသားမ်ားသမဂၢ ဥကၠဌ ကိုေဝယံၿဖိဳးမိုးႏွင့္ တက္ႂကြလႈပ္ရွားသူ ဦးစိုးေဝ၊  ႏိုင္ငံသားမ်ား၏ ပုဂၢိဳလ္ဆိုင္ရာ လြတ္လပ္မႈႏွင့္ လုံၿခဳံမႈကို အကာအကြယ္ေပးေရး ဥပေဒ ပုဒ္မ ၁ဝ ျဖင့္ ကရင္နီလူငယ္ ေျခာက္ဦး၊ ရာဇသတ္ႀကီး ပုဒ္မ ၅၀၀ ျဖင့္ ‘ဇြဲ’ အၿငိမ့္အဖြဲ႕မွ လူ႐ႊင္ေတာ္ ငါးဦး၊  ရာဇသတ္ႀကီးပုဒ္မ ၅၀၅ (ခ) ျဖင့္ တရားလႊတ္ေတာ္ေရွ႕ေနေဟာင္း ဦးေဇာ္ဝင္း၊ ရာဇသတ္ႀကီးပုဒ္မ ၅၀၅(က)ျဖင့္ ေဒါင္းတို႔မ်ိဳးဆက္သံခ်ပ္အဖြဲ႕ဝင္ ခုႏွစ္ဦး တို႔သည္ ျပစ္ဒဏ္ခ်မွတ္ျခင္းခံခဲ့ရသည္။ 

လြတ္လပ္စြာ ထုတ္ေဖာ္ေျပာဆိုခြင့္သည္ ဒီမိုကေရစီစနစ္ကို အားေကာင္းလာေစရန္အတြက္ ေထာက္ကူမႈေပးေသာ အေျခခံအက်ဆုံးေသာ အခြင့္အေရးမ်ားအနက္မွ တစ္ခုျဖစ္သည္။ တက္ႂကြ လႈပ္ရွားသူမ်ား၊ အလုပ္သမားမ်ား၊ အရပ္သားမ်ားကို ဆက္လက္ ဖမ္းဆီး၊ တရားစြဲဆို၊ ျပစ္ဒဏ္ခ်မွတ္ျခင္းသည္ လြတ္လပ္စြာ ထုတ္ေဖာ္ေျပာဆိုခြင့္ နယ္ပယ္ကို ပို၍ ဆိတ္သုဥ္းလာေစရန္ ျပဳလုပ္ျခင္းျဖစ္သည္။ ထို႔ျပင္ ၿငိမ္း၊စု၊စီဥပေဒ၊ ႏိုင္ငံသားမ်ား၏ ပုဂၢိဳလ္ဆိုင္ရာ လြတ္လပ္မႈႏွင့္ လုံၿခဳံမႈကို အကာအကြယ္ ေပးေရး ဥပေဒ၊ ရာဇသတ္ႀကီးပုဒ္မ ၅၀၀၊ ပုဒ္မ ၅၀၅(က)(ခ)တို႔သည္ ႏိုင္ငံသားမ်ားကို အကာအကြယ္ေပးရမည့္ ဥပေဒမ်ား ျဖစ္ရမည့္အစား ၿခိမ္းေျခာက္၊ ဖိႏွိပ္ထားေသာ ဥပေဒမ်ား ျဖစ္လာသည္။ မည္သည့္အတြက္ေၾကာင့္ ဆႏၵထုတ္ေဖာ္၊ ေတာင္းဆိုမႈ ျပဳသည္ကို ျပန္လည္ သုံးသပ္၍ ရရွိလာသည့္ ရလာဒ္မ်ားကို အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ရမည့္အစား ဖမ္းဆီး၊ တရားစြဲဆို၊ ျပစ္ဒဏ္ခ်မွတ္ျခင္းသည္ ‌ေရရွည္တြင္ ဆိုးက်ိဳးမ်ားကိုသာ ျဖစ္ေပၚေစၿပီး အမ်ိဳးသားရင္ၾကားေစ့ေရးတြင္လည္း အျပဳသေဘာေဆာင္ေသာ တိုးတက္မႈကို ရရွိႏိုင္မည္ မဟုတ္ပါ။ သို႔ျဖစ္၍ အစိုးရအေနျဖင့္ လြတ္လပ္စြာ ထုတ္ေဖာ္ ေျပာဆိုခြင့္ကို ျပည္တြင္း ဥပေဒ၊ ႏိုင္ငံတကာ စံႏႈန္းမ်ားႏွင့္အညီ လိုက္နာ ေဆာင္႐ြက္၍ ႏိုင္ငံသားမ်ား၏ လြတ္လပ္ခြင့္ တန္ဖိုးကို ျမႇင့္တင္ေပးပါရန္ ေတာင္းဆိုအပ္ပါသည္။ 

တိုင္းရင္းသားေဒသမ်ားတြင္ ျဖစ္ပြားလွ်က္ရွိေသာ ပဋိပကၡမ်ား၏ အက်ိဳးဆက္မ်ား

ျမန္မာႏိုင္ငံတြင္း ပဋိပကၡမ်ားျဖစ္ပြားျခင္းလ်က္ရွိျခင္းႏွင့္အတူ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈမ်ားကို က်ဴးလြန္လာျခင္း သည္ အစဥ္အလာ တစ္ခုကဲ့သို႔ ျဖစ္ေပၚလ်က္ရွိသည္။ ထိုအျခင္းအရာသည္ လူ႔အဖြဲ႕အစည္းအတြင္း အေၾကာက္ တရားဝန္းက်င္ကို တည္ေဆာက္ျခင္း ျဖစ္သည္။ ထိုခ်ိဳးေဖာက္မႈမ်ားအတြက္ အေရးယူေဆာင္႐ြက္ႏိုင္မႈ မရွိျခင္း၊ တင္းက်ပ္ေသာ ဥပေဒသ မ်ားျဖင့္ ကိုင္တြယ္ ေဆာင္႐ြက္ႏိုင္မႈ မရွိျခင္း၊ ႏိုင္ငံတကာ စည္မ်ဥ္းဥပေဒသမ်ား၊ ပဋိညာဥ္စာခ်ဳပ္မ်ားကို လိုက္နာ က်င့္သုံးျခင္း၊ အတည္ျပဳ လက္မွတ္ေရးထိုးျခင္း မရွိျခင္းတို႔ေၾကာင့္လည္း ျမန္မာႏိုင္ငံ ၏ လူ႔အခြင့္အေရးအေျခအေနမ်ားသည္ ႏိုင္ငံတကာ စံႏႈန္းမ်ားေအာက္ သိသာစြာ ေလ်ာ့နည္း က်ဆင္းလ်က္ရွိသည္။ ထိုနည္းတူ ခ်ိဳးေဖာက္သူမ်ားအတြက္လည္း လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈမ်ားကို ဆက္လက္ က်ဴးလြန္လာေစရန္ တြန္းအား တစ္ရပ္ျဖစ္ေစသည္။ 

ႏိုဝင္ဘာလအတြင္းတြင္ တိုင္းရင္းသားေဒသမ်ား၌ တပ္မေတာ္ႏွင့္ တိုင္းရင္းသားလက္နက္ကိုင္ အဖြဲ႕မ်ားၾကား တိုက္ပြဲမ်ား ျပင္းထန္စြာ ျဖစ္ပြားဆဲျဖစ္သည္။ အထူးသျဖင့္ ရခိုင္ေဒသတြင္ျဖစ္ပြားလ်က္ရွိေသာ တိုက္ပြဲမ်ား၏ အက်ိဳးဆက္ကို ေဒသခံ တိုင္းရင္းသားမ်ားသည္ ဆိုး႐ြားစြာ ရင္ဆိုင္ႀကဳံေတြ႕ေနၾကရသည္။ ႏိုဝင္ဘာလအတြင္းတြင္ ရခိုင္ျပည္နယ္၊ ေျမပုံၿမိဳ႕နယ္၊ ေက်ာက္ေတာ္ၿမိဳ႕နယ္၊ အမ္းၿမိဳ႕နယ္၊ မင္းျပားၿမိဳ႕နယ္၊ ေက်ာက္ျဖဴၿမိဳ႕နယ္၊ ေျမာက္ဦး ၿမိဳ႕နယ္တို႔မွ ရခိုင္တိုင္းရင္းသား ၃၆ ဦးသည္ ရကၡိဳင့္တပ္မေတာ္ႏွင့္ဆက္ႏြယ္သည္ဟူေသာ စြပ္စြဲခ်က္ျဖင့္ ဖမ္းဆီးျခင္းကို ခံခဲ့ရသည္။ ၎တို႔အနက္မွ ၁၄ ဦးသည္ အၾကမ္းဖက္မႈတိုက္ဖ်က္ေရးဥပေဒ ပုဒ္မ ၅၀ (က)၊ (ခ)၊ (ည) (သို႔) ၅၂(က) တို႔ျဖင့္ အမႈဖြင့္ တရားစြဲဆိုျခင္းကို ခံခဲ့ရသည္။ ထို႔ျပင္ ေအာက္တိုဘာလအတြင္းတြင္ ဖမ္းဆီးျခင္းခံခဲ့ရေသာ ေ႐ႊနဒီ ယာဥ္လိုင္း ပိုင္ရွင္ ဦးေ႐ႊသန္းႏွင့္ ေရယာဥ္ဝန္ထမ္း ေျခာက္ဦးတို႔သည္ ရာဇသတ္ႀကီးပုဒ္မ ၃၆၅ ျဖင့္ အမႈဖြင့္ျခင္းကို ခံခဲ့ရသည္သာမက စက္တင္ဘာလအတြင္းတြင္ ဖမ္းဆီးျခင္း ခံခဲ့ရေသာ ေျမာက္ဦးၿမိဳ႕နယ္၊ အိုးထိန္းေက်း႐ြာမွ ေက်ာင္းထိုင္ ဆရာေတာ္ ဘဒၵႏၵဦးကဝိဓဇ၊ အိုးထိန္းေက်း႐ြာအုပ္ခ်ဳပ္ေရးမႉး ဦးေဝစိုးထြန္းတို႔သည္ အၾကမ္းဖက္မႈ တိုက္ဖ်က္ေရးဥပေဒ ပုဒ္မ ၅၀ ျဖင့္ အမႈဖြင့္ျခင္းကို ခံခဲ့ရသည္။ ၎ျပင္ ႏိုဝင္ဘာလ အတြင္းတြင္ ရကၡိတျပကၡဒိန္ ထုတ္ေဝေရာင္းခ်သူ ကိုသိန္းေအာင္ျမတ္အပါအဝင္ အရပ္သား ေလးဦးသည္လည္း မတရားအသင္းဆက္သြယ္မႈ အက္ဥပေဒ ပုဒ္မ ၁၇(၁)ျဖင့္ ေထာင္ဒဏ္ ႏွစ္ႏွစ္စီ ခ်မွတ္ျခင္းကို ခံခဲ့ရသည္။ 

ထို႔ျပင္ ခ်င္းျပည္နယ္၊ ပလက္ဝ ၿမိဳ႕နယ္၊ စိမ္းစင္းေက်း႐ြာမွ ရခိုင္လူငယ္ ကိုသီဟခိုင္စိုး ႏွင့္ ခ်င္းလူငယ္ ကိုခါလူးဒါ၊ ေျမပုံၿမိဳ႕နယ္၊ ကန္သာထြက္ဝ ရပ္ကြက္မွ ေမာင္လေရာင္ႏွင့္ ျမတဲေတာင္ေက်း႐ြာမွ  ဦးလွထြန္းေခ်(ခ)ငလုံးေခ်၊ ရွမ္းျပည္နယ္ ေျမာက္ပိုင္း၊ နမ့္ဆန္ၿမိဳ႕၊ ဟူးခင္ေက်း႐ြာအုပ္စု၊ မန္မိုင္မိန္းကြမ္းေက်း႐ြာမွ ေက်း႐ြာအတြင္းေရးမႉးတို႔သည္ တပ္မေတာ္မွ ဖမ္းဆီး၊ ေခၚေဆာင္သြားျခင္းကို ခံခဲ့ရၿပီး စစ္ေဆးေမျမန္းမႈျပဳလုပ္စဥ္ကာလအတြင္း ညႇဥ္းပန္း ႏွိပ္စက္ျခင္းကို ခံခဲ့ၾကရသည္။ 

အထက္ပါျဖစ္စဥ္မ်ားသည္ ႏိုဝင္ဘာလအတြင္း ျဖစ္ပြားခဲ့ေသာ ျဖစ္စဥ္မ်ားအနက္မွ တခ်ိဳ႕ကို ေကာက္ႏုတ္ေဖာ္ျပခဲ့ျခင္း ျဖစ္သည္။ ထိုျဖစ္စဥ္မ်ားမွ ျမန္မာႏိုင္ငံ လူ႔အခြင့္အေရးအေျခအေနသည္ မည္မွ်တိမ္းေစာင္းလ်က္ရွိသည္ကို ထင္ရွားစြာ ေတြ႕ျမင္ႏိုင္သည္။ ျမန္မာႏိုင္ငံ၏ လူ႔အခြင့္အေရးစြမ္းေဆာင္မႈမ်ားကို ဂ်ီနီဗာအေျခစိုက္ ပုံမွန္စိစစ္သုံးသပ္မႈ ေကာ္မတီ (UPR)မွ ၂၀၁၁ ခုႏွစ္ႏွင့္ ၂၀၁၅ ခုႏွစ္တို႔တြင္ စိစစ္ သုံးသပ္ခဲ့သည္။ ထိုစိစစ္သုံးသပ္မႈ ႏွစ္ႀကိမ္လုံးတြင္ ျမန္မာႏိုင္ငံသည္ မည္သည့္ပုံစံ ျဖင့္မဆို ထိန္းသိမ္းထားမႈ သို႔မဟုတ္ အက်ဥ္းက်ေနမႈမ်ားေအာက္တြင္ ရွိေနသူမ်ားကို ကာကြယ္ရန္ အတြက္ ဥပေဒသမ်ားကို ညႇဥ္းပန္းႏွိပ္စက္မႈကို ဆန႔္က်င္ေရး ႏိုင္ငံတကာ သေဘာတူစာခ်ဳပ္ (UNCAT)ႏွင့္ ႏိုင္ငံသားႏွင့္ ႏိုင္ငံေရးအခြင့္အေရးဆိုင္ရာ သေဘာတူစာခ်ဳပ္(ICCPR)အပါအဝင္ လူ႔အခြင့္အေရးဆိုင္ရာ ႏိုင္ငံတကာ အဓိက သေဘာတူ စာခ်ဳပ္မ်ားကို လက္မွတ္ေရးထိုးအတည္ျပဳမည္ဟု သႏၷိဌာန္ျပဳခဲ့သည္။ သို႔ေသာ္လည္း ယခုအစိုးရ လက္ထက္တိတိုင္ေအာင္ အတည္ျပဳ လက္မွတ္ေရးထိုးရန္ ပ်က္ကြက္ဆဲျဖစ္သည္။ ထို႔ေၾကာင့္ အစိုးရသည္ ႏိုင္ငံတြင္း လူ႔အခြင့္အေရးအေျခအေနမ်ားကို အျမန္ဆုံး ျမႇင့္တင္ေဆာင္႐ြက္ ရမည္ျဖစ္သည္။ ထိုကဲ့သို႔ေဆာင္႐ြက္ရာတြင္ ကန႔္သတ္၊ဖိႏွိပ္ထားသည့္ ဥပေဒမ်ားကို အျမန္ဆုံး ျပင္ဆင္ ျဖည့္စြက္ျခင္း (သို႔မဟုတ္) ႐ုပ္သိမ္းျခင္း၊ ႏိုင္ငံတကာ သေဘာတူ စာခ်ဳပ္မ်ားကို အတည္ျပဳ လက္မွတ္ေရးထိုးျခင္း၊ ခ်ိဳးေဖာက္မႈ က်ဴးလြန္သူမ်ားကို အျမန္ဆုံး အေရးယူျခင္း၊ ခ်ိဳးေဖာက္ျခင္းကို ခံစားခဲ့ၾကရေသာ နစ္နာသူမ်ားအားလုံးကို ျပန္လည္ အစားထိုးေပးေလ်ာ္သည့္ ဥပေဒကို ျပဌာန္းျခင္း စသည္တို႔ကို အျမန္ဆုံး ေဆာင္႐ြက္ျခင္းအားျဖင့္ လူ႔အခြင့္အေရးအေျခအေနမ်ားကို အျမန္ဆုံး ျမႇင့္တင္ေပးပါရန္ တိုက္တြန္း အပ္ပါသည္။ 

လယ္ယာေျမေရးရာ ကိစၥရပ္မ်ား

ေျမယာကိစၥရပ္မ်ားကိုေျဖရွင္းေဆာင္႐ြက္ရာတြင္ အရွိန္အဟုန္ ျမႇင့္တင္ေဆာင္႐ြက္ႏိုင္ေရးအတြက္ အစိုးရ မွ  လယ္ယာေျမ ႏွင့္ အျခားေျမမ်ားသိမ္းဆည္းျခင္းခံရမႈမ်ား ျပန္လည္စိစစ္ေရးဗဟိုေကာ္မတီကို ၂ဝ၁၉ ခုႏွစ္၊ ေဖေဖာ္ဝါရီလ ၅ ရက္ေန႔တြင္ ျပင္ဆင္ဖြဲ႕စည္းခဲ့ေသာ္လည္း လယ္ယာေျမအေရးကို ေျဖရွင္းေဆာင္႐ြက္ရာတြင္ ေႏွာင့္ေႏွးမႈမ်ား ရွိေနဆဲျဖစ္သည္။ သို႔ျဖစ္၍ လယ္သမားမ်ား၊ ဌာေနတိုင္းရင္းသားမ်ားသည္ ၎တို႔၏ သိမ္းဆည္းျခင္း ခံထားရေသာ လယ္ယာေျမမ်ား ျပန္လည္ ရရွိရန္ အတြက္ ဆက္လက္ ေတာင္းဆို၊တိုက္ပြဲဝင္ေနၾကဆဲျဖစ္သည္။ ႏိုဝင္ဘာအတြင္း လယ္ယာေျမအေရးႏွင့္ပတ္သက္၍ ေတာင္းဆိုမႈ တခ်ိဳ႕ကို ေအာက္တြင္ ေကာက္ႏုတ္ ေဖာ္ျပထား သည္။ 

မႏၲေလးတိုင္းေဒသႀကီး၊ ေညာင္ဦးၿမိဳ႕နယ္၌ ငါ့သေရာက္ၿမိဳ႕တည္ေဆာက္ရာတြင္ ေျမသိမ္းဆည္းျခင္း ခံခဲ့ရသည့္ ေတာင္သူမ်ားမွ ၎တို႔၏ နစ္နာမႈမ်ားအတြက္ ေလ်ာ္ေၾကးေပးအပ္ရန္ သတင္းစာရွင္းလင္းပြဲ ျပဳလုပ္၍ ေတာင္းဆိုခဲ့ျခင္း
တာခ်ီလိတ္ၿမိဳ႕ စက္မႈဇုံ ျပဳလုပ္ရန္အတြက္ တပ္မေတာ္မွ သိမ္းဆည္းခဲ့ေသာ ေျမယာမ်ား ျပန္လည္ ေပးအပ္ ရန္ ေဒသခံ လယ္သမားမ်ားမွ ေတာင္းဆိုခဲ့ျခင္း
စစ္အစိုးရလက္ထက္တြင္ ထိပ္တန္းကုမၸဏီမ်ားမွ သိမ္းယူခဲ့ၿပီး စိုက္ပ်ိဳးလုပ္ကိုင္ျခင္းမရွိသည့္ ရန္ကုန္မွ ဧက ေသာင္းႏွင့္ခ်ီ သည့္ လယ္ေျမမ်ားကို မူလေတာင္သူမ်ားထံ ျပန္လည္ခြဲေဝေပးအပ္ရန္ ေဒသခံေတာင္သူ ၉၈၅ ဦးမွ ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႕ထံသို႔ ကန႔္ကြက္လႊာ တင္သြင္းခဲ့ျခင္း

ျမန္မာႏိုင္ငံသည္ လယ္ယာစိုက္ပ်ိဳးေရးကို အေျခခံထားသည့္ ႏိုင္ငံျဖစ္သည့္အေလွ်ာက္ ေတာင္သူလယ္သမားမ်ား နစ္နာမႈ မ်ားကို ရင္ဆိုင္ရလွ်င္ လယ္ယာေျမက႑ကို ထိခိုက္ေစမည္ျဖစ္သည္။ သို႔ျဖစ္၍ အစိုးရမွ လယ္သမားမ်ား၏ အက်ိဳးစီးပြားႏွင့္ လယ္ယာေျမက႑ကို ျမႇင့္တင္ေသာအားျဖင့္ လယ္ယာေျမသိမ္းဆည္းမႈမ်ား၊ လယ္ယာေျမ အျငင္းပြားမႈမ်ားႏွင့္ပတ္သက္ ၍ အျမန္ဆုံးေျဖရွင္းေဆာင္႐ြက္ပါရန္ တိုက္တြန္းအပ္ပါသည္။ 

တစ်လအတွင်းသုံးသပ်ချက်

နိုဝင်ဘာလအတွင်း စုစုပေါင်း ၃၅ ဦး အမှုဖွင့်၊တရားစွဲဆိုခြင်းကို ခံခဲ့ရသည်။ ထို ၃၅ ဦးအနက်မှ တက်ကြွလှုပ်ရှားသူ လေးဦးနှင့် အလုပ်သမားနှင့် အလုပ်သမားအရေးလှုပ်ရှားသူ ငါးဦးတို့သည် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဥပဒေ(ငြိမ်း၊စု၊စီ) ပုဒ်မ ၁၉၊ ရခိုင်ပြည်နယ်မှ အရပ်သား ၂၃ ဦးသည် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀ (က)၊ (ခ)၊ (ည) (သို့) ၅၂(က) (သို့) ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၆၅၊ တက်ကြွလှုပ်ရှားသူ သုံးဦးသည် ရာဇသတ်ကြီးပုဒ်မ ၅၀၅(က) တို့ဖြင့် အသီးသီး အမှုဖွင့် တရားစွဲဆိုခြင်းကို ခံခဲ့ရသည်။ 

နိုဝင်ဘာလအတွင်း ဖမ်းဆီးခြင်းခံခဲ့ရသူ ၄၁ ဦး ရှိသည့်အနက်မှ ၃၆ ဦးသည် ရခိုင်ပြည်နယ်ရှိ မြို့နယ်အသီးမှ ဖြစ်ကြပြီး ငါးဦး သည် တက်ကြွလှုပ်ရှားသူများ ဖြစ်ကြသည်။ 

နိုဝင်ဘာလအတွင်း စုစုပေါင်း ၃၈ ဦး ပြစ်ဒဏ် ချမှတ်ခြင်းခံခဲ့ရသည်။ ထို ၃၈ ဦးအနက်မှ လေးဦးသည် ငြိမ်း၊စု၊စီဥပဒေ ပုဒ်မ ၁၉ ဖြင့် ထောင်ဒဏ်နှင့် ငွေဒဏ်များ ချမှတ်ခြင်းခံခဲ့ရပြီး NSCN-K အဖွဲ့၏ ခေါင်းဆောင်ဟောင်း ငါးဦးနှင့် အဖွဲ့ဝင် ခြောက်ဦး၊ အရပ်သား လေးဦးတို့သည် မတရားအသင်းဆက်သွယ်မှု အက်ဥပဒေ ပုဒ်မ ၁၇(၁)၊ ကရင်နီလူငယ်‌ ခြောက်ဦးသည် နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် လုံခြုံမှုကို အကာအကွယ်ပေးရေး ဥပဒေ ပုဒ်မ ၁ဝ၊ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင် ခုနှစ်ဦး၊ ရှေ့နေ တစ်ဦးနှင့် ဇွဲအငြိမ့်အဖွဲ့မှ လူရွှင်တော် ငါးဦးတို့သည် ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)၊(ခ) (သို့မဟုတ်) ပုဒ်မ ၅၀၀ တို့ဖြင့် ပြစ်ဒဏ်ချမှတ် ခြင်းခံခဲ့ရသည်။ 

နိုဝင်ဘာလအတွင်း စုစုပေါင်း ၁၃ ဦး လွတ်မြောက်ခဲ့သည်။ နိုင်ငံရေးအကျဉ်းသား လေးဦးဖြစ်သော ဒါရိုက်တာ ဦးမင်းထင်ကိုကိုကြီး၊ တက်ကြွလှုပ်ရှားသူ ကိုနေမျိုးဇင်၊ မနေဇာထွန်းနှင့် ရှေ့နေ ဦးဇော်ဝင်းတို့သည် ကျန်းမာရေး ကောင်းမွန်ခြင်းမရှိကြောင်း သိရှိရသည်။ 

ထို့ပြင် နိုဝင်ဘာလအတွင်းတွင် ရက္ခိုင့်တပ်မတော်(AA)မှ ချင်းပြည်နယ် အမျိုးသား      လွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်း၊ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ အုတ်တောင်ကျေးရွာအုပ်စု၊ အုတ်တောင်ကျေးရွာမှ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်စိန်၊ ဆယ်အိမ်မှူး ဦးမောင်စံနှင့်  အ.မ.က မြောက်ချောင်းမှ ကျောင်းဆရာ ဦးဆင်ဟုန်(ခေါ်)ဦးသာဦးတို့ကို ဖမ်းဆီးသွားခဲ့သည်။ 

လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်

နိုဝင်ဘာလအတွင်းတွင် လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်အခြေအနေသည် ဆိုးရွားစွာ ကျဆင်းလျက်ရှိပြီး စိုးရိမ်ဖွယ်ရာ အနေအထား တစ်ရပ်သို့ ရောက်ရှိနေသည်ကို တွေ့ရှိရသည်။ နိုဝင်ဘာလအတွင်း လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်ကို ကျင့်သုံးခဲ့ခြင်းအတွက်  ဖမ်းဝရမ်းထုတ်ခြင်းခံထားရသော ဗကသ အဖွဲ့ဝင်ဟောင်း ကိုရဲရင့်ကျော်သည် ဖမ်းဆီးခြင်းခံခဲ့ရပြီး တက်ကြွလှုပ်ရှားသူ ကိုနောင်နောင်၊ ဗမာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂ များအဖွဲ့ချုပ်မှ ကိုကျော်မျိုး၊ တက်ကြွလှုပ်ရှားသူ ဦးဌေးအောင်နှင့် ဦးစိုးဇော်၊ Natural Garment စက်ရုံ အလုပ်သမား ခေါင်းဆောင် လေးဦးဖြစ်သော မသန္တာဖြိုး၊ ကိုချစ်နန်းမောင်၊ ကိုပြည့်စုံအောင်၊ ကိုကျော်မျိုးထိုက်နှင့် အလုပ်သမား အခွင့်အရေးလှုပ်ရှားသူအဖွဲ့ (Action Labor Rights) မှ စည်းရုံးရေးမှူး မမိုးစန္ဒာမြင့်တို့သည် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ဥပဒေ(ငြိမ်း၊စု၊စီ) ပုဒ်မ ၁၉ ဖြင့် အမှုဖွင့်ခြင်းခံခဲ့ရသည်။ ယင်းအပြင် နိုင်ငံရေးလှုပ်ရှားသူများ ဖြစ်သည့် ဗိုလ်ကြီးဟောင်း ကိုနေမျိုးဇင်၊ ကဗျာဆရာ ကိုစောဝေနှင့် ရှေ့နေ ဦးကြီးမြင့်တို့သည် ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲတင်ခြင်းကို ခံခဲ့ရသည်။ ထို့ပြင် ငြိမ်း၊စု၊စီ ဥပဒေ ပုဒ်မ ၁၉ ဖြင့် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)         ကျောင်းသားများသမဂ္ဂ ဥက္ကဌ ကိုဝေယံဖြိုးမိုးနှင့် တက်ကြွလှုပ်ရှားသူ ဦးစိုးဝေ၊  နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် လုံခြုံမှုကို အကာအကွယ်ပေးရေး ဥပဒေ ပုဒ်မ ၁ဝ ဖြင့် ကရင်နီလူငယ် ခြောက်ဦး၊ ရာဇသတ်ကြီး ပုဒ်မ ၅၀၀ ဖြင့် ‘ဇွဲ’ အငြိမ့်အဖွဲ့မှ လူရွှင်တော် ငါးဦး၊  ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ) ဖြင့် တရားလွှတ်တော်ရှေ့နေဟောင်း ဦးဇော်ဝင်း၊ ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)ဖြင့် ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင် ခုနှစ်ဦး တို့သည် ပြစ်ဒဏ်ချမှတ်ခြင်းခံခဲ့ရသည်။ 

လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်သည် ဒီမိုကရေစီစနစ်ကို အားကောင်းလာစေရန်အတွက် ထောက်ကူမှုပေးသော အခြေခံအကျဆုံးသော အခွင့်အရေးများအနက်မှ တစ်ခုဖြစ်သည်။ တက်ကြွ လှုပ်ရှားသူများ၊ အလုပ်သမားများ၊ အရပ်သားများကို ဆက်လက် ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခြင်းသည် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် နယ်ပယ်ကို ပို၍ ဆိတ်သုဉ်းလာစေရန် ပြုလုပ်ခြင်းဖြစ်သည်။ ထို့ပြင် ငြိမ်း၊စု၊စီဥပဒေ၊ နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် လုံခြုံမှုကို အကာအကွယ် ပေးရေး ဥပဒေ၊ ရာဇသတ်ကြီးပုဒ်မ ၅၀၀၊ ပုဒ်မ ၅၀၅(က)(ခ)တို့သည် နိုင်ငံသားများကို အကာအကွယ်ပေးရမည့် ဥပဒေများ ဖြစ်ရမည့်အစား ခြိမ်းခြောက်၊ ဖိနှိပ်ထားသော ဥပဒေများ ဖြစ်လာသည်။ မည်သည့်အတွက်ကြောင့် ဆန္ဒထုတ်ဖော်၊ တောင်းဆိုမှု ပြုသည်ကို ပြန်လည် သုံးသပ်၍ ရရှိလာသည့် ရလာဒ်များကို အကောင်အထည်ဖော် ဆောင်ရွက်ရမည့်အစား ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခြင်းသည် ‌ရေရှည်တွင် ဆိုးကျိုးများကိုသာ ဖြစ်ပေါ်စေပြီး အမျိုးသားရင်ကြားစေ့ရေးတွင်လည်း အပြုသဘောဆောင်သော တိုးတက်မှုကို ရရှိနိုင်မည် မဟုတ်ပါ။ သို့ဖြစ်၍ အစိုးရအနေဖြင့် လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်ကို ပြည်တွင်း ဥပဒေ၊ နိုင်ငံတကာ စံနှုန်းများနှင့်အညီ လိုက်နာ ဆောင်ရွက်၍ နိုင်ငံသားများ၏ လွတ်လပ်ခွင့် တန်ဖိုးကို မြှင့်တင်ပေးပါရန် တောင်းဆိုအပ်ပါသည်။ 

တိုင်းရင်းသားဒေသများတွင် ဖြစ်ပွားလျှက်ရှိသော ပဋိပက္ခများ၏ အကျိုးဆက်များ

မြန်မာနိုင်ငံတွင်း ပဋိပက္ခများဖြစ်ပွားခြင်းလျက်ရှိခြင်းနှင့်အတူ လူ့အခွင့်အရေးချိုးဖောက်မှုများကို ကျူးလွန်လာခြင်း သည် အစဉ်အလာ တစ်ခုကဲ့သို့ ဖြစ်ပေါ်လျက်ရှိသည်။ ထိုအခြင်းအရာသည် လူ့အဖွဲ့အစည်းအတွင်း အကြောက် တရားဝန်းကျင်ကို တည်ဆောက်ခြင်း ဖြစ်သည်။ ထိုချိုးဖောက်မှုများအတွက် အရေးယူဆောင်ရွက်နိုင်မှု မရှိခြင်း၊ တင်းကျပ်သော ဥပဒေသ များဖြင့် ကိုင်တွယ် ဆောင်ရွက်နိုင်မှု မရှိခြင်း၊ နိုင်ငံတကာ စည်မျဉ်းဥပဒေသများ၊ ပဋိညာဉ်စာချုပ်များကို လိုက်နာ ကျင့်သုံးခြင်း၊ အတည်ပြု လက်မှတ်ရေးထိုးခြင်း မရှိခြင်းတို့ကြောင့်လည်း မြန်မာနိုင်ငံ ၏ လူ့အခွင့်အရေးအခြေအနေများသည် နိုင်ငံတကာ စံနှုန်းများအောက် သိသာစွာ လျော့နည်း ကျဆင်းလျက်ရှိသည်။ ထိုနည်းတူ ချိုးဖောက်သူများအတွက်လည်း လူ့အခွင့်အရေးချိုးဖောက်မှုများကို ဆက်လက် ကျူးလွန်လာစေရန် တွန်းအား တစ်ရပ်ဖြစ်စေသည်။ 

နိုဝင်ဘာလအတွင်းတွင် တိုင်းရင်းသားဒေသများ၌ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားဆဲဖြစ်သည်။ အထူးသဖြင့် ရခိုင်ဒေသတွင်ဖြစ်ပွားလျက်ရှိသော တိုက်ပွဲများ၏ အကျိုးဆက်ကို ဒေသခံ တိုင်းရင်းသားများသည် ဆိုးရွားစွာ ရင်ဆိုင်ကြုံတွေ့နေကြရသည်။ နိုဝင်ဘာလအတွင်းတွင် ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ ကျောက်တော်မြို့နယ်၊ အမ်းမြို့နယ်၊ မင်းပြားမြို့နယ်၊ ကျောက်ဖြူမြို့နယ်၊ မြောက်ဦး မြို့နယ်တို့မှ ရခိုင်တိုင်းရင်းသား ၃၆ ဦးသည် ရက္ခိုင့်တပ်မတော်နှင့်ဆက်နွယ်သည်ဟူသော စွပ်စွဲချက်ဖြင့် ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။ ၎င်းတို့အနက်မှ ၁၄ ဦးသည် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀ (က)၊ (ခ)၊ (ည) (သို့) ၅၂(က) တို့ဖြင့် အမှုဖွင့် တရားစွဲဆိုခြင်းကို ခံခဲ့ရသည်။ ထို့ပြင် အောက်တိုဘာလအတွင်းတွင် ဖမ်းဆီးခြင်းခံခဲ့ရသော ရွှေနဒီ ယာဉ်လိုင်း ပိုင်ရှင် ဦးရွှေသန်းနှင့် ရေယာဉ်ဝန်ထမ်း ခြောက်ဦးတို့သည် ရာဇသတ်ကြီးပုဒ်မ ၃၆၅ ဖြင့် အမှုဖွင့်ခြင်းကို ခံခဲ့ရသည်သာမက စက်တင်ဘာလအတွင်းတွင် ဖမ်းဆီးခြင်း ခံခဲ့ရသော မြောက်ဦးမြို့နယ်၊ အိုးထိန်းကျေးရွာမှ ကျောင်းထိုင် ဆရာတော် ဘဒ္ဒန္ဒဦးကဝိဓဇ၊ အိုးထိန်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝေစိုးထွန်းတို့သည် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀ ဖြင့် အမှုဖွင့်ခြင်းကို ခံခဲ့ရသည်။ ၎င်းပြင် နိုဝင်ဘာလ အတွင်းတွင် ရက္ခိတပြက္ခဒိန် ထုတ်ဝေရောင်းချသူ ကိုသိန်းအောင်မြတ်အပါအဝင် အရပ်သား လေးဦးသည်လည်း မတရားအသင်းဆက်သွယ်မှု အက်ဥပဒေ ပုဒ်မ ၁၇(၁)ဖြင့် ထောင်ဒဏ် နှစ်နှစ်စီ ချမှတ်ခြင်းကို ခံခဲ့ရသည်။ 

ထို့ပြင် ချင်းပြည်နယ်၊ ပလက်ဝ မြို့နယ်၊ စိမ်းစင်းကျေးရွာမှ ရခိုင်လူငယ် ကိုသီဟခိုင်စိုး နှင့် ချင်းလူငယ် ကိုခါလူးဒါ၊ မြေပုံမြို့နယ်၊ ကန်သာထွက်ဝ ရပ်ကွက်မှ မောင်လရောင်နှင့် မြတဲတောင်ကျေးရွာမှ  ဦးလှထွန်းချေ(ခ)ငလုံးချေ၊ ရှမ်းပြည်နယ် မြောက်ပိုင်း၊ နမ့်ဆန်မြို့၊ ဟူးခင်ကျေးရွာအုပ်စု၊ မန်မိုင်မိန်းကွမ်းကျေးရွာမှ ကျေးရွာအတွင်းရေးမှူးတို့သည် တပ်မတော်မှ ဖမ်းဆီး၊ ခေါ်ဆောင်သွားခြင်းကို ခံခဲ့ရပြီး စစ်ဆေးမေမြန်းမှုပြုလုပ်စဉ်ကာလအတွင်း ညှဉ်းပန်း နှိပ်စက်ခြင်းကို ခံခဲ့ကြရသည်။ 

အထက်ပါဖြစ်စဉ်များသည် နိုဝင်ဘာလအတွင်း ဖြစ်ပွားခဲ့သော ဖြစ်စဉ်များအနက်မှ တချို့ကို ကောက်နုတ်ဖော်ပြခဲ့ခြင်း ဖြစ်သည်။ ထိုဖြစ်စဉ်များမှ မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေသည် မည်မျှတိမ်းစောင်းလျက်ရှိသည်ကို ထင်ရှားစွာ တွေ့မြင်နိုင်သည်။ မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးစွမ်းဆောင်မှုများကို ဂျီနီဗာအခြေစိုက် ပုံမှန်စိစစ်သုံးသပ်မှု ကော်မတီ (UPR)မှ ၂၀၁၁ ခုနှစ်နှင့် ၂၀၁၅ ခုနှစ်တို့တွင် စိစစ် သုံးသပ်ခဲ့သည်။ ထိုစိစစ်သုံးသပ်မှု နှစ်ကြိမ်လုံးတွင် မြန်မာနိုင်ငံသည် မည်သည့်ပုံစံ ဖြင့်မဆို ထိန်းသိမ်းထားမှု သို့မဟုတ် အကျဉ်းကျနေမှုများအောက်တွင် ရှိနေသူများကို ကာကွယ်ရန် အတွက် ဥပဒေသများကို ညှဉ်းပန်းနှိပ်စက်မှုကို ဆန့်ကျင်ရေး နိုင်ငံတကာ သဘောတူစာချုပ် (UNCAT)နှင့် နိုင်ငံသားနှင့် နိုင်ငံရေးအခွင့်အရေးဆိုင်ရာ သဘောတူစာချုပ်(ICCPR)အပါအဝင် လူ့အခွင့်အရေးဆိုင်ရာ နိုင်ငံတကာ အဓိက သဘောတူ စာချုပ်များကို လက်မှတ်ရေးထိုးအတည်ပြုမည်ဟု သန္နိဌာန်ပြုခဲ့သည်။ သို့သော်လည်း ယခုအစိုးရ လက်ထက်တိတိုင်အောင် အတည်ပြု လက်မှတ်ရေးထိုးရန် ပျက်ကွက်ဆဲဖြစ်သည်။ ထို့ကြောင့် အစိုးရသည် နိုင်ငံတွင်း လူ့အခွင့်အရေးအခြေအနေများကို အမြန်ဆုံး မြှင့်တင်ဆောင်ရွက် ရမည်ဖြစ်သည်။ ထိုကဲ့သို့ဆောင်ရွက်ရာတွင် ကန့်သတ်၊ဖိနှိပ်ထားသည့် ဥပဒေများကို အမြန်ဆုံး ပြင်ဆင် ဖြည့်စွက်ခြင်း (သို့မဟုတ်) ရုပ်သိမ်းခြင်း၊ နိုင်ငံတကာ သဘောတူ စာချုပ်များကို အတည်ပြု လက်မှတ်ရေးထိုးခြင်း၊ ချိုးဖောက်မှု ကျူးလွန်သူများကို အမြန်ဆုံး အရေးယူခြင်း၊ ချိုးဖောက်ခြင်းကို ခံစားခဲ့ကြရသော နစ်နာသူများအားလုံးကို ပြန်လည် အစားထိုးပေးလျော်သည့် ဥပဒေကို ပြဌာန်းခြင်း စသည်တို့ကို အမြန်ဆုံး ဆောင်ရွက်ခြင်းအားဖြင့် လူ့အခွင့်အရေးအခြေအနေများကို အမြန်ဆုံး မြှင့်တင်ပေးပါရန် တိုက်တွန်း အပ်ပါသည်။ 

လယ်ယာမြေရေးရာ ကိစ္စရပ်များ

မြေယာကိစ္စရပ်များကိုဖြေရှင်းဆောင်ရွက်ရာတွင် အရှိန်အဟုန် မြှင့်တင်ဆောင်ရွက်နိုင်ရေးအတွက် အစိုးရ မှ  လယ်ယာမြေ နှင့် အခြားမြေများသိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးဗဟိုကော်မတီကို ၂ဝ၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ပြင်ဆင်ဖွဲ့စည်းခဲ့သော်လည်း လယ်ယာမြေအရေးကို ဖြေရှင်းဆောင်ရွက်ရာတွင် နှောင့်နှေးမှုများ ရှိနေဆဲဖြစ်သည်။ သို့ဖြစ်၍ လယ်သမားများ၊ ဌာနေတိုင်းရင်းသားများသည် ၎င်းတို့၏ သိမ်းဆည်းခြင်း ခံထားရသော လယ်ယာမြေများ ပြန်လည် ရရှိရန် အတွက် ဆက်လက် တောင်းဆို၊တိုက်ပွဲဝင်နေကြဆဲဖြစ်သည်။ နိုဝင်ဘာအတွင်း လယ်ယာမြေအရေးနှင့်ပတ်သက်၍ တောင်းဆိုမှု တချို့ကို အောက်တွင် ကောက်နုတ် ဖော်ပြထား သည်။ 

  • မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၌ ငါ့သရောက်မြို့တည်ဆောက်ရာတွင် မြေသိမ်းဆည်းခြင်း ခံခဲ့ရသည့် တောင်သူများမှ ၎င်းတို့၏ နစ်နာမှုများအတွက် လျော်ကြေးပေးအပ်ရန် သတင်းစာရှင်းလင်းပွဲ ပြုလုပ်၍ တောင်းဆိုခဲ့ခြင်း
  • တာချီလိတ်မြို့ စက်မှုဇုံ ပြုလုပ်ရန်အတွက် တပ်မတော်မှ သိမ်းဆည်းခဲ့သော မြေယာများ ပြန်လည် ပေးအပ် ရန် ဒေသခံ လယ်သမားများမှ တောင်းဆိုခဲ့ခြင်း
  • စစ်အစိုးရလက်ထက်တွင် ထိပ်တန်းကုမ္ပဏီများမှ သိမ်းယူခဲ့ပြီး စိုက်ပျိုးလုပ်ကိုင်ခြင်းမရှိသည့် ရန်ကုန်မှ ဧက သောင်းနှင့်ချီ သည့် လယ်မြေများကို မူလတောင်သူများထံ ပြန်လည်ခွဲဝေပေးအပ်ရန် ဒေသခံတောင်သူ ၉၈၅ ဦးမှ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံသို့ ကန့်ကွက်လွှာ တင်သွင်းခဲ့ခြင်း

မြန်မာနိုင်ငံသည် လယ်ယာစိုက်ပျိုးရေးကို အခြေခံထားသည့် နိုင်ငံဖြစ်သည့်အလျှောက် တောင်သူလယ်သမားများ နစ်နာမှု များကို ရင်ဆိုင်ရလျှင် လယ်ယာမြေကဏ္ဍကို ထိခိုက်စေမည်ဖြစ်သည်။ သို့ဖြစ်၍ အစိုးရမှ လယ်သမားများ၏ အကျိုးစီးပွားနှင့် လယ်ယာမြေကဏ္ဍကို မြှင့်တင်သောအားဖြင့် လယ်ယာမြေသိမ်းဆည်းမှုများ၊ လယ်ယာမြေ အငြင်းပွားမှုများနှင့်ပတ်သက် ၍ အမြန်ဆုံးဖြေရှင်းဆောင်ရွက်ပါရန် တိုက်တွန်းအပ်ပါသည်။ 

တလအတွင်းသုံးသပ်ချက်ဒေါင်းလော့ရယူရန် Burmese MiR for November

နိုဝင်ဘာလအတွက်သတင်းများစုစည်းမှုဒေါင်းလော့ရယူရန် Burmese Chronology for November

လက်ကျန်နိုင်ငံရေးအကျဉ်းသားစာရင်း ဒေါင်းလော့ရယူရန် 80 Remaining PP final list Updated On 30 Nov 19 by Unicode bur

အမှုရင်ဆိုင်ဆဲစာရင်း ဒေါင်းလော့ရယူရန် 553 Facing Trial final List (Updated on 30 November)

၆၆(ဃ) အမှုဒေါင်းလော့ရယူရန် 66 (D) total list(new) Updated

 

ဆက်သွယ်မေးမြန်းရန်

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း

တိတ်နိုင် အတွင်းရေးမှူး                                           +၉၅() ၉၄၂  ၈၀၂  ၃၈၂၈

ဘိုကြည်   တွဲဘက်အတွင်းရေးမှူး                            +၉၅() ၉၄၂  ၅၀၃  ၈၈၄၀

အောင်မျိုးကျော် ရန်ကုန်ရုံးတာဝန်ခံ                          +၉၅() ၉၄၂  ၈၈၁  ၇၃၄၈