အက်ဥ္းေထာင္စနစ္ျပဳျပင္ေျပာင္းလဲေရးအလုပ္႐ုံေဆြးေႏြးပြဲ

အက်ဥ္းေထာင္စနစ္ျပဳျပင္ေျပာင္းလဲေရးအလုပ္႐ုံေဆြးေႏြးပြဲး (Consultative Workshop on Prison Reform) အား ႏိုင္ငံေရးအက်ဥ္းသားမ်ားကူညီေစာင့္ေရွာက္ေရးအသင္းမွ ဒီဇင္ဘာလ ၇ရက္ေန႔ ၂၀၁၉ ခုႏွစ္တြင္ မန္းျမန္မာဟိုတယ္၊ ေနျပည္ေတာ္ရွိ မႏၲေလးခန္းမတြင္ျပဳလုပ္ခဲ့ရာ ေအေအပီပီ အတြင္းေရးမႉးဉီးတိတ္ႏိုင္မွ အလုပ္႐ုံေဆြးေႏြးပြဲက်င္းပရျခင္းရည္႐ြယ္ခ်က္မ်ား၊ ျပည္သူ႔လႊတ္ေတာ္ ျပည္သူ႔ေရးရာစီမံခန႔္ခြဲမႈေကာ္မတီဉကၠဌ ေဒါက္တာေအာင္ထြန္းခိုင္မွ အဖြင့္ႏႈတ္ခြန္းဆက္စကားေျပာၾကားျခင္းႏွင့္ Alliance Myanmar မွ ဒါ႐ိုက္တာဉီးစိုးႏိုင္မွ အက်ဥ္းေထာင္စနစ္ျပဳျပင္ေျပာင္းလဲေရးႏွင့္ KP မ်ား၏ အခန္းက႑အားရွင္းလင္းတင္ျပျခင္း စသည္တို႔ကို ေျပာၾကားေပးခဲ့ပါသည္။ ထိုေဆြးေႏြးပြဲအား ျပည္သူ႔လႊတ္ေတာ္ ေကာ္မတီအသီးသီးမွ ေကာ္မတီဝင္ ၂၅ ဦး ၊ အမ်ိဳးသားလႊတ္ေတာ္ ေကာ္မတီအသီးသီးမွ ၈ ဦး၊ KP အဖြဲ႕ စည္းမ်ားမွ ပုဂၢိဳလ္မ်ား၊ ႏိုင္ငံေရးအက်ဥ္းသားမ်ားမွဦးေဆာင္ေနေသာအဖြဲ႕စည္းမ်ားပုဂၢိဳလ္မ်ား၊ အားလုံးေပါင္း ၅၂ ဦးတက္ေရာက္ၿပီး အက်ဥ္းေထာင္စနစ္ျပဳျပင္ေျပာင္းလဲေရးအလုပ္႐ုံေဆြးေႏြးပြဲတြင္ အခ်က္ ၈ ခ်က္အား ေဆြးေႏြးခဲ့ပါသည္။

အကျဉ်းထောင်စနစ်ပြုပြင်ပြောင်းလဲရေးအလုပ်ရုံဆွေးနွေးပွဲး (Consultative Workshop on Prison Reform) အား နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်းမှ ဒီဇင်ဘာလ ၇ရက်နေ့ ၂၀၁၉ ခုနှစ်တွင် မန်းမြန်မာဟိုတယ်၊ နေပြည်တော်ရှိ မန္တလေးခန်းမတွင်ပြုလုပ်ခဲ့ရာ အေအေပီပီ အတွင်းရေးမှူးဉီးတိတ်နိုင်မှ အလုပ်ရုံဆွေးနွေးပွဲကျင်းပရခြင်းရည်ရွယ်ချက်များ၊ ပြည်သူ့လွှတ်တော် ပြည်သူ့ရေးရာစီမံခန့်ခွဲမှုကော်မတီဉက္ကဌ ဒေါက်တာအောင်ထွန်းခိုင်မှ အဖွင့်နှုတ်ခွန်းဆက်စကားပြောကြားခြင်းနှင့် Alliance Myanmar မှ ဒါရိုက်တာဉီးစိုးနိုင်မှ အကျဉ်းထောင်စနစ်ပြုပြင်ပြောင်းလဲရေးနှင့် KP များ၏ အခန်းကဏ္ဍအားရှင်းလင်းတင်ပြခြင်း စသည်တို့ကို ပြောကြားပေးခဲ့ပါသည်။ ထိုဆွေးနွေးပွဲအား ပြည်သူ့လွှတ်တော် ကော်မတီအသီးသီးမှ ကော်မတီဝင် ၂၅ ဦး ၊ အမျိုးသားလွှတ်တော် ကော်မတီအသီးသီးမှ ၈ ဦး၊ KP အဖွဲ့ စည်းများမှ ပုဂ္ဂိုလ်များ၊ နိုင်ငံရေးအကျဉ်းသားများမှဦးဆောင်နေသောအဖွဲ့စည်းများပုဂ္ဂိုလ်များ၊ အားလုံးပေါင်း ၅၂ ဦးတက်ရောက်ပြီး အကျဉ်းထောင်စနစ်ပြုပြင်ပြောင်းလဲရေးအလုပ်ရုံဆွေးနွေးပွဲတွင် အချက် ၈ ချက်အား ဆွေးနွေးခဲ့ပါသည်။