ေအေအပီပီ၏ေအာက္တိုဘာလ လစဥ္အစီရင္ခံစာႏွင့္ ႏိုင္ငံေရးအက်ဥ္းသားစာရင္းထုတ္ျပန္ခ်က္

တစ္လအတြင္းသုံးသပ္ခ်က္

ေအာက္တိုဘာလအတြင္း စုစုေပါင္း ၂၃ ဦး အမႈဖြင့္၊တရားစြဲဆိုျခင္းကို ခံခဲ့ရသည္။ ထို ၂၃ ဦးအနက္မွ တက္ႂကြလႈပ္ရွားသူ သုံးဦးသည္ ၿငိမ္းခ်မ္းစြာ စုေဝးခြင့္ႏွင့္ ၿငိမ္းခ်မ္းစြာ စီတန္းလွည့္လည္ခြင့္ဥပေဒ (ၿငိမ္း၊စု၊စီ) ပုဒ္မ ၁၉၊ အရပ္သား ႏွစ္ဦးသည္ ဆက္သြယ္ေရးဥပေဒ ပုဒ္မ ၆၆(ဃ)၊ ပုဒ္မ ၆၇၊ အရပ္သား ႏွစ္ဦးသည္ အၾကမ္းဖက္မႈ တိုက္ဖ်က္ေရး ဥပေဒ ပုဒ္မ ၅၂(က)၊(ခ)၊(ဂ)၊  အရပ္သား ႏွစ္ဦးသည္ ရာဇသတ္ႀကီးဥပေဒ ပုဒ္မ ၅၀၀၊ လယ္သမား သုံးဦးသည္ ျပည္သူပိုင္ပစၥည္း ကာကြယ္ေရးအက္ဥပေဒ ပုဒ္မ ၆(၁)၊ လယ္သမား ၁၀ ဦးသည္ ႏိုင္ငံသားမ်ား၏ ပုဂၢိဳလ္ဆိုင္ရာ လြတ္လပ္မႈႏွင့္ ပုဂၢိဳလ္ဆိုင္ရာ လုံၿခဳံမႈကို အကာအကြယ္ေပးေရး ဥပေဒ ပုဒ္မ ၁၀ ႏွင့္ သံဃာေတာ္ တစ္ပါးသည္ ပို႔ကုန္ သြင္းကုန္ဥပေဒ ပုဒ္မ ၁၁ တို႔ျဖင့္ အသီးသီး အမႈဖြင့္ တရားစြဲဆိုျခင္းကို ခံခဲ့ရသည္။ 

ေအာက္တိုဘာလအတြင္း ဖမ္းဆီးျခင္းခံခဲ့ရသူ ၂၉ ဦး ရွိသည့္အနက္မွ လယ္သမား သုံးဦးသည္ ျပည္သူပိုင္ပစၥည္း ကာကြယ္ေရးအက္ဥပေဒ ပုဒ္မ ၆(၁)၊ အရပ္သား ႏွစ္ဦးသည္ အၾကမ္းဖက္မႈတိုက္ဖ်က္ေရး ဥပေဒ ပုဒ္မ ၅၂(က)၊(ခ)၊(ဂ) တို႔ျဖင့္ ဖမ္းဆီးျခင္းခံခဲ့ရကာ က်န္ ရခိုင္တိုင္းရင္းသား ၂၄ ဦးသည္ ရခိုင္ျပည္နယ္ရွိ ၿမိဳ႕နယ္အသီးသီးႏွင့္ ရန္ကုန္ၿမိဳ႕တြင္ ဖမ္းဆီးျခင္း ခံခဲ့ရသည္။ 

ေအာက္တိုဘာလအတြင္း စုစုေပါင္း ၂၀ ဦး ျပစ္ဒဏ္ ခ်မွတ္ျခင္းခံခဲ့ရသည္။ ထို ၂၀ ဦးအနက္မွ တက္ႂကြလႈပ္ရွားသူ ေျခာက္ဦးသည္ ရာဇသတ္ႀကီးပုဒ္မ ၅၀၅(က)၊ တက္ႂကြလႈပ္ရွားသူ သုံးဦးသည္ ၿငိမ္း၊စု၊စီဥပေဒ ပုဒ္မ ၂၀၊ လယ္သမား ခုႏွစ္ဦးသည္ ရာဇသတ္ႀကီးပုဒ္မ ၄၄၇၊ ၄၂၇ တို႔ျဖင့္ ျပစ္ဒဏ္ခ်မွတ္ျခင္းခံခဲ့ရကာ သက္ဆိုင္ရာ တရား႐ုံးအသီးသီးမွ လယ္သမား တစ္ဦးအေပၚ ခ်မွတ္ထားေသာ ျပစ္ဒဏ္ကို ႐ုပ္သိမ္းေပးခဲ့ကာ အရပ္သား သုံးဦးအေပၚ စြဲဆိုထားေသာ စြဲခ်က္မ်ားကို ႐ုပ္သိမ္းေၾကာင္း အမိန႔္ခ်မွတ္ခဲ့သည္။

ေအာက္တိုဘာလအတြင္း စုစုေပါင္း ၁၆ ဦး လြတ္ေျမာက္ခဲ့သည္။ ႏိုင္ငံေရးအက်ဥ္းသား ေလးဦးျဖစ္ေသာ ဒါ႐ိုက္တာ ဦးမင္းထင္ကိုကိုႀကီး၊ တက္ႂကြလႈပ္ရွားသူ ကိုေနမ်ိဳးဇင္၊ မေနဇာထြန္းႏွင့္ ေရွ႕ေန ဦးေဇာ္ဝင္းတို႔သည္ က်န္းမာေရး ေကာင္းမြန္ျခင္းမရွိေၾကာင္း သိရွိရသည္။ 

လြတ္လပ္စြာ ထုတ္ေဖာ္ ေျပာဆိုခြင့္

ျမန္မာႏိုင္ငံတြင္း လြတ္လပ္စြာ ထုတ္ေဖာ္ ေျပာဆိုခြင့္အေျခအေနသည္ အျပဳသေဘာေဆာင္ေသာ တိုးတက္မႈဆီသို႔ ဦးတည္လာျခင္းမရွိဘဲ တစ္လထက္ တစ္လ သိသာ ထင္ရွားစြာ ဆုတ္ယုတ္လာလ်က္ရွိသည္။ ၎ျပင္ လြတ္လပ္စြာ ထုတ္ေဖာ္ ေျပာဆိုခြင့္ နယ္ပယ္ကို ပို၍ က်ဥ္းေျမာင္းလာေစရန္ ဖိႏွိပ္ ကန႔္သတ္ထားေသာ ဥပေဒမ်ားကို တြင္က်ယ္စြာ အသုံးျပဳလာျခင္းသည္လည္း စိုးရိမ္ဖြယ္ရာ အေနအထားတစ္ရပ္ ျဖစ္ေစသည္။ ေအာက္တိုဘာလအတြင္းတြင္ လြတ္လပ္စြာ ထုတ္ေဖာ္ေျပာဆိုခြင့္ကို က်င့္သုံးခဲ့ျခင္းအတြက္ တက္ႂကြလႈပ္ရွားသူ ကိုေနမ်ိဳးဇင္၊ ေဒၚေနာ္အုန္းလွ၊ ကရင္ လူငယ္ႏွစ္ဦး ျဖစ္ၾကေသာ ေစာအဲလ္ဘတ္ခ်ိဳ၊ စသိန္းေဇာ္မင္းႏွင့္ ေဒါင္းတို႔မ်ိဳးဆက္ သံခ်ပ္အဖြဲ႕ဝင္ ငါးဦးတို႔သည္ ေထာင္ဒဏ္ခ်မွတ္ခံ ခဲ့ရျခင္း၊ ကေလးစစ္သားေဟာင္း ကိုေအာင္ကိုေထြး၏ အစ္မျဖစ္သူ မေနဇာထြန္းအပါအဝင္ သုံးဦးသည္ စြဲခ်က္တင္ျခင္းကို ခံခဲ့ရျခင္း၊ ေဒၚေနာ္အုန္းလွကို ဝန္းရံခဲ့သူ သုံးဦးျဖစ္ေသာ ဒီမိုကေရစီႏွင့္ ၿငိမ္းခ်မ္းေရး  အမ်ိဳးသမီးအဖြဲ႕(DPW) မွ ေဒၚစိန္ေထြး၊ မဇာျခည္လင္းႏွင့္ ကရင္အမ်ိဳးသမီး အစည္းအ႐ုံး(KWU) မွ ေနာ္လားရွီးထူးႏွင့္ အရပ္သား သုံးဦးတို႔သည္ အမႈဖြင့္ တရားစြဲဆိုကို ခံခဲ့ရျခင္း စသည့္ ျဖစ္စဥ္မ်ားမွလည္း ျမန္မာႏိုင္ငံတြင္း လြတ္လပ္စြာ ထုတ္ေဖာ္ ေျပာဆိုခြင့္ အေျခအေနသည္ မည္မွ်က်ဆင္းလ်က္ရွိသည္ကို သုံးသပ္ ႏိုင္ သည္။ ထိုျဖစ္စဥ္မ်ားမွ ႏိုင္ငံသားမ်ား၏ လြတ္လပ္မႈကို ကန႔္သတ္လ်က္ရွိသည္ကို ထုတ္ေဖာ္ျပသ ေနသည္သာမက အေၾကာက္တရားဝန္းက်င္ကို ဖန္တီးလ်က္ရွိသည္ကိုလည္း ထုတ္ေဖာ္ျပသလ်က္ ရွိသည္။ ထို႔ျပင္ အစိုးရ၏ အမ်ိဳးသား ျပန္လည္သင့္ျမတ္ေရးလမ္းစဥ္မွ ေသြဖည္လ်က္ရွိၿပီး အသြင္းကူးေျပာင္းေရး လုပ္ငန္းစဥ္ႏွင့္ ဆန႔္က်င္လ်က္ရွိသည္။ သို႔ေသာ္လည္း အာဏာပိုင္မ်ားမွ လြတ္လပ္စြာ ထုတ္ေဖာ္ ေျပာဆိုခြင့္ကို ဆက္လက္ ကန႔္သတ္ ထိန္းခ်ဳပ္ထားျခင္းသည္ စစ္အာဏာမ်ား အသုံးျပဳေလ့ရွိခဲ့သည့္ ၎တို႔ႏွင့္ ကြဲလြဲဆန႔္က်င္သူမ်ားကို ရပ္တန႔္ေစရန္ အသုံးျပဳခဲ့ေသာ နည္းလမ္း သဖြယ္ ျဖစ္ေစသည္။

ဒီမိုကေရစီ၏ စံႏႈန္းတြင္ လြတ္လပ္စြာ ထုတ္ေဖာ္ ေျပာဆိုခြင့္သည္ အေျခခံက်လွေသာ အခြင့္အေရးမ်ားအနက္ တစ္ခု ျဖစ္သည္။ ထိုစံႏႈန္းကို အျပည္ျပည္ဆိုင္ရာ လူ႔အခြင့္အေရးေၾကညာစာတမ္း(UDHR)တြင္ ရွင္းလင္းစြာ ေဖာ္ျပထား သည္သာမက ႏိုင္ငံသားႏွင့္ ႏိုင္ငံေရးအခြင့္အေရးဆိုင္ရာ သေဘာတူစာခ်ဳပ္(ICCPR)တြင္လည္း တိက်စြာ ေဖာ္ျပ ထားသည္။ သို႔ေသာ္လည္း ျမန္မာႏိုင္ငံသည္ လြတ္လပ္စြာ ထုတ္ေဖာ္ ေျပာဆိုခြင့္ႏွင့္ပတ္သက္၍ အျပည္ျပည္ဆိုင္ရာ ဥပေဒမ်ားကို ေလးစားလိုက္နာျခင္းမရွိသည္သာမက ျပည္တြင္းဥပေဒ တစ္ခုျဖစ္ေသာ ၂၀၀၈ ဖြဲ႕စည္းပုံ အေျခခံဥပေဒ၏ အခန္း (၈)၊ အပိုဒ္ ၃၅၄ (က)(ခ)တြင္ ျပဠာန္းထားသည္မ်ားကိုလည္း ေလးစား လိုက္နာရန္ ပ်က္ကြက္ဆဲျဖစ္သည္။ ႏိုင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရး အသင္း(AAPP)မွ အစိုးရအား လြတ္လပ္စြာ ထုတ္ေဖာ္ေျပာဆိုခြင့္ကို ေဖာ္ေဆာင္မႈ ျပဳေပးပါရန္ ႀကိမ္ဖန္မ်ားစြာ တိုက္တြန္းလ်က္ရွိၿပီး ႏိုင္ငံသားမ်ား၏ လြတ္လပ္ခြင့္ကို ကန႔္သတ္ထားသည့္ ရာဇသတ္ႀကီးဥပေဒ ပုဒ္မ ၅၀၀၊ ၅၀၅(က)(ခ)၊ ၿငိမ္းခ်မ္းစြာ စုေဝးခြင့္ႏွင့္ ၿငိမ္းခ်မ္းစြာ စီတန္းလွည့္လည္ခြင့္ ဥပေဒ၊ ဆက္သြယ္ေရး ဥပေဒတို႔ကိုလည္း အျမန္ဆုံး ျပင္ဆင္ ျဖည့္စြက္ သို႔မဟုတ္ ႐ုပ္သိမ္းရန္လည္း ႀကိမ္ဖန္မ်ားစြာ တိုက္တြန္းလ်က္ရွိသည္။ သို႔ျဖစ္၍ အစိုးရမွ ၎၏ ႏိုင္ငံသား တစ္ဦးခ်င္းစီ၏ လြတ္လပ္စြာ ထုတ္ေဖာ္ ေျပာဆိုခြင့္ကို ျမႇင့္တင္ျခင္းအားျဖင့္ အေျခခံက်ေသာ အခြင့္အေရးမ်ားကို ေဖာ္ေဆာင္မႈျပဳေပးပါရန္ တိုက္တြန္းအပ္ပါသည္။

တိုင္းရင္းသားေဒသမ်ားတြင္ ျဖစ္ပြားလွ်က္ရွိေသာ ပဋိပကၡမ်ား၏ အက်ိဳးဆက္မ်ား

ေအာက္တိုဘာလအတြင္းတြင္ တိုင္းရင္းသားေဒသမ်ား၌ ပဋိပကၡမ်ား ပို၍ ျပင္းထန္လာျခင္းႏွင့္အတူ လူ႔အခြင့္အေရး            ခ်ိဳးေဖာက္မႈမ်ားသည္  ပို၍ ဆိုး႐ြားစြာ ျဖစ္ပြားလာလ်က္ရွိသည္။ ႏွစ္ဘက္လက္နက္ကိုင္ အဖြဲ႕အစည္းမ်ား၏ လက္နက္ကိုင္ တိုက္ပြဲမ်ားၾကားတြင္ ဌာေနတိုင္းရင္းသားမ်ားသည္ ဓားစာခံမ်ားသဖြယ္ ျဖစ္ေနၾကရၿပီး ထိခိုက္နစ္နာမႈမ်ားစြာကို ရင္ဆိုင္ ေနၾကရသည္။ 

ဖမ္းဆီးျခင္းမ်ား

ေအာက္တိုဘာလအတြင္းတြင္ ထိုပဋိပကၡမ်ား၏ အက်ိဳးဆက္ေၾကာင့္ ရခိုင္ေဒသမွ ရခိုင္တိုင္းရင္းသား စုစုေပါင္း ၂၆ ဦး သည္ ဖမ္းဆီးျခင္းခံခဲ့ရသည္။ ထို ရခိုင္တိုင္းရင္းသား ၂၆ ဦးအနက္ ႏွစ္ဦးျဖစ္ေသာ ရကၡိဳင့္တပ္မေတာ္(AA) စစ္ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္ ထြန္းျမတ္ႏိုင္၏ ညီမျဖစ္သူ မမိုးႏွင္းျဖဴႏွင့္ ေယာက္ဖေတာ္စပ္သူ ကိုေက်ာ္ႏိုင္တို႔သည္ ဖမ္းဆီးျခင္း ခံထားရသည္သာမက အၾကမ္းဖက္မႈ တိုက္ဖ်က္ေရး ဥပေဒ ပုဒ္မ ၅၂(က)၊(ခ)၊(ဂ)ျဖင့္ပါ အမႈဖြင့္ တရားစြဲဆိုထားျခင္းကို ခံထားရသည္။

ေပ်ာက္ဆုံးသြားျခင္းမ်ား 

တပ္မေတာ္ႏွင့္ ရကၡိဳင့္တပ္မေတာ္(AA)တို႔ၾကား တိုက္ပြဲျဖစ္ပြားခဲ့ၿပီးေနာက္ ရခိုင္ျပည္နယ္၊  ဘူးသီးေတာင္ၿမိဳ႕နယ္မွ ႐ြာသား ခုႏွစ္ဦးသည္ ေနရပ္ စြန႔္ခြာ ထြက္ေျပးစဥ္တြင္ ေပ်ာက္ဆုံးသြားခဲ့ၿပီး ေျမပုံၿမိဳ႕နယ္၊ ႐ြာသာယာေက်း႐ြာမွ ညီအစ္ကို ႏွစ္ဦးသည္လည္း ကြၽဲသြားရွာစဥ္ေပ်ာက္ဆုံးသြားခဲ့သည္။

ပစ္ခတ္ခံရျခင္းမ်ား

ေအာက္တိုဘာလအတြင္းတြင္ တပ္မေတာ္မွ ပစ္ခတ္ခဲ့ျခင္းေၾကာင့္ ရခိုင္ျပည္နယ္၊ ေက်ာက္ေတာ္ၿမိဳ႕နယ္၊ အေပါက္ဝ ေက်း႐ြာမွ ဦးစိုးႏိုင္၊ ရခိုင္ျပည္နယ္၊ ေက်ာက္ေတာ္ၿမိဳ႕နယ္၊  စစ္ေအာင္ေက်း႐ြာမွ ဦးကုလားေမာင္၊  ဘူးသီးေတာင္ ၿမိဳ႕နယ္၊ ဆင္ေသျပင္ေက်း႐ြာမွ ဦးမာေမာက္စီဒီတို႔သည္ ေသဆုံးသြားခဲ့ၿပီး ေက်ာက္ေတာ္ၿမိဳ႕နယ္၊ ေ႐ႊလိုင္ေက်း႐ြာမွ အေဝးသင္တကၠသိုလ္ စတုတၳႏွစ္(ျမန္မာစာ)ေက်ာင္းသား ကိုေနဆန္းဝင္း၊ ေျမပုံၿမိဳ႕နယ္၊ ယိုးဆႏြင္းေက်း႐ြာ မွ  ပၪၥမတန္းေက်ာင္းသား  ေမာင္သန္းစိုး၊ ရေသ့ေတာင္ၿမိဳ႕နယ္၊ ေရဘုတ္ေက်း႐ြာမွ ကိုေက်ာ္ႏိုင္ခင္ (ခ) ေမာင္ေမာင္ေခ်ႏွင့္ ကိုေက်ာ္ဝင္း၊ ဘူးသီးေတာင္ ၿမိဳ႕နယ္၊ စည္ေတာင္ေက်း႐ြာမွ  ေဒၚမၾကာစိန္ႏွင့္ ေဒၚေအးေက်ာ့ခင္တို႔သည္ ထိခိုက္ ဒဏ္ရာ ရရွိခဲ့သည္။ 

ညႇဥ္းပန္းႏွိပ္စက္မႈမ်ား

တပ္မေတာ္ စစ္ေၾကာင္း တစ္ခုမွ ရခိုင္ျပည္နယ္၊ ေျမပုံၿမိဳ႕နယ္၊ မိေက်ာင္းတက္ေက်း႐ြာမွ ႐ြာသား သုံးဦးကို ဖမ္းဆီး ေခၚေဆာင္၍ ညႇဥ္းပန္းႏွိပ္စက္၍ ေမးျမန္းခဲ့ၿပီးေနာက္ ျပန္လည္ လႊတ္ေပးခဲ့သည္ဟု မိေက်ာင္းတက္ ေက်း႐ြာ အုပ္ခ်ဳပ္ေရးမႉး ဦးသန္းလွေမာင္မွ ေျပာၾကားခဲ့သည္။ 

ရခိုင္ျပည္နယ္၊ ရေသ့ေတာင္ၿမိဳ႕နယ္ေျမာက္ပိုင္း၊ ေက်ာက္တန္းေက်း႐ြာမွ ငမဲ(ေခၚ) ဦးေစာေမာင္သိန္း၊ ဦးထြန္းေဝႏွင့္ ေရပုတ္ေက်း႐ြာသားတစ္ဦးသည္ တပ္မေတာ္မွ ထိန္းသိမ္းစစ္ေဆးစဥ္ ညႇဥ္းပန္းႏွိပ္စက္ျခင္းကိုခံခဲ့ရၿပီး ဒဏ္ရာ အမ်ားအျပား ျဖင့္ ထြက္ေျပး လြတ္ေျမာက္လာခဲ့သည္။ 

ခလရ ၄၅ တပ္ခြဲ ၂ မွ တပ္မေတာ္သားမ်ားသည္ ရွမ္းျပည္နယ္၊ မူဆယ္ခ႐ိုင္၊ ကြတ္ခိုင္ၿမိဳ႕နယ္၊ ကာလိုင္ေက်း႐ြာအုပ္စု၊ လြယ္ေက်ာက္ ေစတီေတာင္ ဘုန္းႀကီးေက်ာင္းမွ ေက်ာင္းထိုင္ဆရာေတာ္ျဖစ္သူ ဦးဝ႑ိတကို တအာင္းလြတ္ေျမာက္ေရး တပ္မေတာ္(TNLA)ႏွင့္ ဆက္ႏြယ္မႈရွိသည္ဟူေသာ သံသယျဖင့္ ႐ိုက္ႏွက္၍ စစ္ေဆးခဲ့သည္။ 

လမ္းျပအျဖစ္ ေခၚေဆာင္သြားျခင္းမ်ား

တပ္မေတာ္စစ္ေၾကာင္း တစ္ခုမွ  လမ္းျပအျဖစ္ ေခၚေဆာင္သြားျခင္းခံခဲ့ရေသာ ရခိုင္ျပည္နယ္၊ ေျမာက္ဦးၿမိဳ႕နယ္၊ ေပါက္ေတာျပင္ေက်း႐ြာမွ အမ်ိဳးသမီး ရွစ္ဦးႏွင့္ အမ်ိဳးသား ႏွစ္ဦးတို႔သည္ ထြက္ေျပးလြတ္ေျမာက္လာခဲ့သည္။ 

တပ္မေတာ္ စစ္ေၾကာင္းတစ္ခုမွ လမ္းျပအျဖစ္ ေခၚေဆာင္သြားစဥ္ ပစ္ခတ္မႈျဖစ္ပြားခဲ့ျခင္းေၾကာင့္ ရခိုင္ျပည္နယ္၊ ေက်ာက္ေတာ္ၿမိဳ႕နယ္၊ အေပါက္ဝေက်း႐ြာမွ ကိုထြန္းေအးျမ (ခ) ကိုေပါက္ေခ်သည္ ေသဆုံးသြားခဲ့သည္။

တပ္မေတာ္မွ လမ္းျပအျဖစ္ေခၚေဆာင္သြားခဲ့သည့္ ရခိုင္ျပည္နယ္၊ မင္းျပားၿမိဳ႕နယ္၊ လက္ခုပ္ေက်း႐ြာမွ ေဒသခံ ေလးဆယ္ေက်ာ္သည္ ထိုေန႔ ညေနပိုင္းအခ်ိန္တြင္ မိမိေနရပ္သို႔ ျပန္လည္ ေရာက္ရွိလာခဲ့သည္။ 

အတင္းအဓမၼလုပ္အားေပး ခိုင္းေစျခင္းမ်ား

ခ်င္းျပည္နယ္၊ ပလက္ဝၿမိဳ႕နယ္၊ မီးဇာေက်း႐ြာမွ ေဒသခံမ်ား၊ စစ္ေရွာင္စခန္းတြင္ ခိုလႈံေနၾကသူမ်ားကို တပ္မေတာ္မွ ေခၚယူ၍ အထမ္းသမားအျဖစ္ ေစခိုင္းေနသည္ဟု ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉး ဦးမိုဘိုင္းမွ ေျပာၾကားခဲ့သည္။ အတင္းအဓမၼ လုပ္အားေပး ခိုင္းေစျခင္းခံၾကရသူမ်ားသည္ မီးဇာေက်း႐ြာမွ ခေမာက္ဝတြင္ရွိသည့္ တပ္မ ၇၇ လက္ေအာက္ခံတပ္အထိ သြားေရာက္ၾကရျခင္းျဖစ္ၿပီး ဆန္ႏွင့္ စားနပ္ရိကၡာမ်ား သယ္ယူေပးခဲ့ၾကရသည္။ 

သံသယျဖင့္ ဖမ္းဆီး ေခၚေဆာင္ျခင္းသည္ လူတစ္ဉီး တစ္ေယာက္၏ လြတ္လပ္ခြင့္ကို ျဖတ္ေတာက္ျခင္း ျဖစ္သည္သာမက ညႇဥ္းပန္းႏွိပ္စက္ျခင္း၊ အတင္းအဓမၼခိုင္းေစျခင္း၊ လမ္းျပအျဖစ္ေခၚေဆာင္ျခင္း၊ ပစ္ခတ္သည့္အတြက္ ေသဆုံး၊ ဒဏ္ရာရရွိျခင္းတို႔သည္ လူသားခ်င္းစာနာမႈကို ဆန႔္က်င္သည့္ ျပင္းထန္ေသာ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈ မ်ားျဖစ္သည္။ သို႔ေသာ္လည္း ထိုခ်ိဳးေဖာက္မႈမ်ားကို က်ဴးလြန္ျခင္းမရွိပါဟု ႏွစ္ဘက္လက္နက္ကိုင္ အဖြဲ႕အစည္းမ်ားမွ ျငင္းဆိုေနၾကဆဲ ျဖစ္သည္။ ျမန္မာႏိုင္ငံတြင္း ႏွစ္ေပါင္း ၇၀ ေက်ာ္ၾကာ ျဖစ္ပြားလ်က္ရွိေသာ ျပည္တြင္းစစ္မ်ားအတြင္း ထိုခ်ိဳးေဖာက္မႈမ်ားကို အကန႔္အသတ္မရွိ က်ဴးလြန္လ်က္ရွိေသာ္လည္း မည္သည့္ လက္နက္ကိုင္အဖြဲ႕အစည္းမွ် တာဝန္ယူမႈ၊ တာဝန္ခံမႈ မရွိသည္သာမက ထိုခ်ိဳးေဖာက္မႈအတြက္ ျပစ္ဒဏ္ေပးျခင္းသည္ ႀကဳံေတာင့္ႀကဳံခဲေသာ အျခင္းအရာ တစ္ရပ္ျဖစ္သည္။ ထိုအျခင္းအရာမ်ားေၾကာင့္ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈမ်ားသည္ ပဋိပကၡျဖစ္ပြားရာ ေဒသမ်ား၌ မည္သည့္အခါမွ် ေလ်ာ့က် သြားျခင္းမရွိသည္ကို ေတြ႕ရွိရသည္။ ေရာမဥပေဒ၏ ပုဒ္မ ၇ ႏွင့္ ပုဒ္မ ၈ တို႔တြင္ လူသားခ်င္းစာနာမႈကို ဆန႔္က်င္ေသာ ရာဇဝတ္မႈမ်ားႏွင့္ စစ္ရာဇဝတ္မႈမ်ားကို ေဖာ္ျပထားသည္။ သို႔ျဖစ္၍ တရားဝင္ဖြဲ႕စည္းထားသည့္ လက္နက္ကိုင္တပ္ဖြဲ႕အေနျဖင့္ ဂ်ီနီဗာကြန္ဗန္းရွင္း၊ အျပည္ျပည္ဆိုင္ရာ လူသားခ်င္းစာနာ ေထာက္ထားသည့္ ဥပေဒ(IHL)ႏွင့္ မည္သည့္ပုံစံ ျဖင့္မဆို ထိန္းသိမ္းထားမႈ သို႔မဟုတ္ အက်ဥ္းက်ေနမႈမ်ားေအာက္တြင္ ရွိေနသူမ်ားကို ကာကြယ္ရန္အတြက္ ဥပေဒသမ်ားကို လိုက္နာ က်င့္သုံးရန္ လိုအပ္ၿပီး အရပ္သားမ်ားကို ကာကြယ္မႈမ်ား ေပးရမည္ ျဖစ္ေသာ္လည္း ပ်က္ကြက္ေနဆဲျဖစ္သည္။ ထို႔ျပင္ အစိုးရမွ ညႇဥ္းပန္းႏွိပ္စက္မႈကို ဆန႔္က်င္ေရး ႏိုင္ငံတကာ သေဘာတူစာခ်ဳပ္ (UNCAT)ကို လက္မွတ္ ေရးထိုး အတည္ျပဳႏိုင္ျခင္း မရွိျခင္းသည္လည္း ညႇဥ္းပန္းႏွိပ္စက္မႈမ်ား အဆုံးသတ္ႏိုင္ေရးအတြက္ စိန္ေခၚမႈကို ျဖစ္ေစသည္။ ၎ျပင္ အစိုးရအေနျဖင့္ တစ္ႏိုင္ငံလုံး ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရး သေဘာတူစာခ်ဳပ္(NCA)ကို လက္မွတ္ေရးထိုး အတည္ျပဳရျခင္း မရွိေသးသည့္ တိုင္းရင္းသား လက္နက္ကိုင္ အဖြဲ႕အစည္းမ်ားႏွင့္ ေဆြးေႏြး၍ ၿငိမ္းခ်မ္းေရး လမ္းစဥ္ကို အျမန္ဆုံး ေဖာ္ေဆာင္မႈ ျပဳေပးရန္မွာလည္း မရွိမျဖစ္ လိုအပ္လ်က္ရွိသည္။ သို႔ျဖစ္၍ အစိုးရမွ ၎၏ ႏိုင္ငံသားမ်ား၏ လြတ္လပ္ခြင့္ႏွင့္ လုံၿခဳံခြင့္တို႔ကို ကာကြယ္မႈ ျပဳေပးသည္ကို ထုတ္ေဖာ္ ျပသေသာအားျဖင့္ ၿငိမ္းခ်မ္းေရးလမ္းစဥ္ကို အျမန္ဆုံး အေကာင္အထည္ ေဖာ္ေဆာင္႐ြက္၍ ႏိုင္ငံတကာ ဥပေဒမ်ားကို အျမန္ဆုံး အတည္ျပဳ လက္မွတ္ေရးထိုးပါရန္ တိုက္တြန္းအပ္ပါသည္။ 

တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕အစည္းမ်ား၏ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈမ်ား

လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈမ်ားကို တိုင္းရင္းသား လက္နက္ကိုင္ အဖြဲ႕အစည္းတခ်ိဳ႕မွ က်ဴးလြန္လာျခင္းသည္ ဌာေန တိုင္းရင္းသားမ်ားအတြက္ ဆိုး႐ြားေသာ ၿခိမ္းေျခာက္မႈကို ျဖစ္ေစသည္။ ေအာက္တိုဘာလအတြင္း ျဖစ္ပြားခဲ့ေသာ ျဖစ္စဥ္မ်ားမွလည္း ထင္ရွားစြာ ေတြ႕ျမင္ႏိုင္သည္။

ရွမ္းျပည္နယ္ ေျမာက္ပိုင္း၊ သိႏၷီၿမိဳ႕အဝင္၊ ေစ်းအနီး၌ တအာင္းလြတ္ေျမာက္ေရး တပ္မေတာ္ (TNLA)မွ တပ္မေတာ္ ယာဥ္တန္းကို တိုက္ခိုက္ခဲ့သည္အတြက္ အရပ္သား ခုႏွစ္ဦး ထိခိုက္ ဒဏ္ရာ ရရွိခဲ့ျခင္း 
ရကၡိဳင့္တပ္ေတာ္(AA)မွ ရန္ကုန္-စစ္ေတြ ခရီးသည္တင္ကားကို ထိန္းခ်ဳပ္၍ အရပ္သား ၁၂ ဉီးႏွင့္ မီးသတ္ဦးစီးဌာနမွ တပ္ဖြဲ႕ဝင္ ၁၉ ဦး တို႔ကို ဖမ္းဆီး ေခၚေဆာင္သြားခဲ့ျခင္း၊ စစ္ေတြ-ဘူးသီးေတာင္ၿမိဳ႕သို႔ ေျပးဆြဲေနသည့္ ေ႐ႊနဒီ အျမန္ေရယာဥ္ကို ဝင္စီးခဲ့ၿပီး အရပ္သား ၁၃ ဦးအပါအဝင္ စုစုေပါင္း ၅၈ ဦးကို ဖမ္းဆီး ေခၚေဆာင္သြားခဲ့ျခင္း၊  ေျမာက္ဦးၿမိဳ႕နယ္၊ သရက္အုပ္ေက်း႐ြာေန စစ္မႈထမ္းေဟာင္း တစ္ဦးျဖစ္သူ ဦးဘိုနီ၊ မင္းျပားၿမိဳ႕နယ္၊ အိုးပုံေတာင္ ေက်း႐ြာေန ဦးထြန္းမင္းသိန္းႏွင့္  ခ်င္းျပည္နယ္၊ ပလက္ဝၿမိဳ႕နယ္ႏွင့္ ရခိုင္ျပည္နယ္နယ္စပ္ ေအာက္သဲမဝ ေက်း႐ြာအုပ္စု၊ ပြီဝုန္းေက်း႐ြာမွ  ပညာေရးအေထြေထြဝန္ထမ္း ဦးေတာင္ပန္း တို႔ကို ဖမ္းဆီးေခၚေဆာင္ သြားခဲ့ျခင္း၊ ဘူးသီးေတာင္ၿမိဳ႕နယ္တြင္ တရား႐ုံးထုတ္လာသည့္ အခ်ဳပ္ကားႏွင့္ လုံၿခဳံေရးယာဥ္တန္းကို အေဝးထိန္းမိုင္းျဖင့္ ေဖာက္ခြဲတိုက္ခိုက္ခဲ့ၿပီး လက္နက္ငယ္မ်ားျဖင့္ ပစ္ခတ္တိုက္ခိုက္ခဲ့သည့္အတြက္ အခ်ဳပ္သား အမ်ိဳးသမီး ႏွစ္ဦး အပါအဝင္ စုစုေပါင္း ခုႏွစ္ဦး ထိခိုက္ ဒဏ္ရာ ရရွိခဲ့ျခင္း
ရွမ္းျပည္ေျမာက္ပိုင္း၊ ေက်ာက္မဲၿမိဳ႕နယ္အတြင္းရွိ ေက်း႐ြာမ်ား၌ ေဒသခံအမ်ိဳးသားမ်ားကို ရွမ္းျပည္ ျပန္လည္ ထူေထာင္ေရး ေကာင္စီ(RCSS)မွ တပ္သားသစ္စုေဆာင္းသည့္အေနျဖင့္ ဖမ္းဆီး ေခၚေဆာင္မႈမ်ားရွိေနျခင္း

တိုင္းရင္းသား တန္းတူညီမွ်ခြင့္၊ လြတ္လပ္ခြင့္ႏွင့္ ဖိႏွိပ္မႈတို႔မွ အဆုံးသတ္ခြင့္တို႔အတြက္ လက္နက္စြဲကိုင္ တိုက္ပြဲဝင္ခဲ့ေသာ တိုင္းရင္းသား လက္နက္ကိုင္ အဖြဲ႕အစည္းတခ်ိဳ႕မွ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈမ်ားကို စနစ္က်စြာ က်ဴးလြန္လာျခင္းသည္  အနာဂတ္ ၿငိမ္းခ်မ္းေရးႏွင့္ အမ်ိဳးသား ျပန္လည္ သင့္ျမတ္ေရးတို႔တြင္ ေနာက္ေၾကာင္း ျပန္ဆုတ္ေစသည္ကို ျပသလ်က္ရွိသည္။ မည္သည့္ လက္နက္ကိုင္အဖြဲ႕အစည္းမဆို လူသားခ်င္းစာနာမႈကို ဆန႔္က်င္ ေသာ လုပ္ရပ္မ်ားကို က်ဴးလြန္ပါက လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈသာျဖစ္ၿပီး ထိုအျခင္းအရာကို အျပင္းအထန္ ဆန႔္က်င္ ရႈံ႕ခ်ပါသည္။ တိုင္းရင္းသား လက္နက္ကိုင္ အဖြဲ႕အစည္းမ်ားအေနျဖင့္ ၎တို႔၏ ဌာေနတိုင္းရင္းသားမ်ားကို ကာကြယ္မႈ ေပးပါရန္  တိုက္တြန္းၿပီး ထိုခ်ိဳးေဖာက္မႈမ်ား က်ဴးလြန္ေနျခင္းမွလည္း အျမန္ဆုံး အဆုံးသတ္ပါရန္ တိုက္တြန္း အပ္ပါသည္။ 

အက်ဥ္းေထာင္တြင္းအေျခအေနမ်ား

ျမန္မာႏိုင္ငံတြင္ ဆိုး႐ြားဆဲျဖစ္ေသာ အက်ဥ္းေထာင္တြင္း အေျခအေနမ်ားသည္ အက်ဥ္းေထာင္ ျပဳျပင္ေျပာင္းလဲေရးကို အျမန္ဆုံး ျပဳလုပ္ရန္ လိုအပ္ေနသည္ကို ျပသေနေသာ ျပယုဂ္တစ္ခု ျဖစ္သည္။ အက်ဥ္းေထာင္တြင္း က်န္းမာေရး ေစာင့္ေရွာက္မႈ လုံေလာက္စြာ မရရွိျခင္း၊ အက်ဥ္းသားဉီးေရ ျပည့္သိပ္ေနျခင္းတို႔သည္ အက်ဥ္းသားမ်ားအတြက္ စိုးရိမ္ဖြယ္ရာ အေျခအေနတစ္ရပ္ ျဖစ္ေစသည္။ ၎ျပင္ ထိုအျခင္းအရာမ်ားမွ အက်ဥ္းသားအခြင့္အေရးမ်ား ဆုံရႈံး လ်က္ရွိသည္ကို ထုတ္ေဖာ္ျပသလ်က္ရွိသည္။ 

ရခိုင္ျပည္နယ္၊ စစ္ေတြအက်ဥ္းေထာင္တြင္ သံသယျဖင့္ ဖမ္းဆီးခံထားရၿပီး အမႈရင္ဆိုင္ေနရသူ (၁၀၀) ေက်ာ္ အနက္ အမ်ားစုမွာ မိသားစုဝင္မ်ားကိုယ္တိုင္ စစ္ေဘးေရွာင္စခန္းမ်ားမွ ျဖစ္ေနေသာေၾကာင့္ ေထာင္ဝင္စာ မေရာက္ႏိုင္၍ ေဆးဝါးပစၥည္း၊ အစားအေသာက္ႏွင့္ အသုံးအေဆာင္အဝတ္အထည္မ်ားလိုအပ္ေနၿပီး  အမႈ ရင္ဆိုင္ ေနရသူ တခ်ိဳ႕မွာ တုပ္ေကြးဖ်ားနာျခင္းမ်ားျဖစ္ေပၚေနကာ ေထာင္တြင္း ဆရာဝန္မရွိသည့္အတြက္ က်န္းမာေရး ေစာင့္ေရွာက္မႈအားနည္းေနသည္ဟု ၎တို႔ကို ကူညီေပးေနသည့္ ကိုေမယုထြန္းမွ ေျပာၾကား ခဲ့သည္။ ျမန္မာႏိုင္ငံရွိ အက်ဥ္းေထာင္မ်ားႏွင့္ ရဲဘက္စခန္းမ်ားတြင္ အက်ဥ္းသားဦးေရကို ဝင္ဆံ့ႏိုင္သည္ထက္ ပိုမို လက္ခံေနရသည့္ အတြက္ ကူးစက္ေရာဂါမ်ား တစ္ဦးမွ တစ္ဦးသို႔ ကူးစက္ႏိုင္ေျခ မ်ားျပားေနေၾကာင္း အက်ဥ္းေထာင္မ်ားအတြင္း လိုအပ္ေနသည့္ က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ားကို ေထာက္ပံ့ ကူညီေနသည့္     ေထာစ္စုႏွစ္ ဖြံ႕ၿဖိဳးတိုးတက္ေရး ရည္မွန္းခ်က္ သုံးမ်ိဳး ရန္ပုံေငြအဖြဲ႕(3MDG) အဖြဲ႕အစည္း ထံမွ သိရွိရသည္။ 

အထက္ပါျဖစ္စဥ္မ်ားမွလည္း အက်ဥ္းေထာင္ျပဳျပင္ေျပာင္းလဲေရးကို အျမန္ဆုံး အေကာင္အထည္ေဖာ္ရန္ လိုအပ္ ေနသည္ကို ထုတ္ေဖာ္ ျပသေနသည္။ အက်ဥ္းေထာင္ ျပဳျပင္ေျပာင္းလဲေရးကို အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ရာတြင္ ႏိုင္ငံတကာ စံႏႈန္းမ်ားျဖစ္သည့္ ကမာၻ႔ကုလသမဂၢ၏ အက်ဥ္းသားမ်ားကို ျပဳမႈဆက္ဆံရာ၌ လိုက္နာေဆာင္႐ြက္ရမည့္ အနိမ့္ဆုံး စံႏႈန္းမ်ား (SMRs)၊ ကမာၻ႔ကုလသမဂၢ၏ အက်ဥ္းသားမ်ားကို ျပဳမူဆက္ဆံရာ၌ လိုက္နာရမည့္ အေျခခံ ဥပေဒသမ်ားႏွင့္အညီ လိုက္နာ ေဆာင္႐ြက္ပါရန္ ႏိုင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္း (AAPP)မွ တိုက္တြန္းအပ္ပါသည္။ ထို႔ျပင္ အက်ဥ္းေထာင္ျပဳျပင္ ေျပာင္းလဲေရးအတြက္ ေဆာင္႐ြက္လ်က္ရွိေသာ အဖြဲ႕အစည္းမ်ား ႏွင့္အတူ ပူးေပါင္း ေဆာင္႐ြက္၍ ထိေရာက္စြာ ေဆာင္႐ြက္ပါရန္လည္း တိုက္တြန္း အပ္ပါသည္။ 

လယ္ယာေျမေရးရာ ကိစၥရပ္မ်ား

လယ္ယာေျမေရးရာက႑သည္ ျမန္မာႏိုင္ငံတြင္း ေျဖရွင္းရန္ ေႏွာင့္ေႏွးဆဲျဖစ္ေသာ က႑မ်ားတြင္ တစ္ခု အပါအဝင္ ျဖစ္သည္။ သို႔ျဖစ္၍ လယ္သမားမ်ားသည္ ဖမ္းဆီး၊ တရားစြဲဆိုမႈမ်ားကို ဆက္လက္ ရင္ဆိုင္ေနၾကရဆဲျဖစ္သည္။ အမွတ္ ၃၆၀ အေျမာက္တပ္ရင္းမွ ကယားျပည္နယ္၊ ဒီေမာဆိုးၿမိဳ႕နယ္၊ ေဒါဆိုေရွ႕ေက်း႐ြာမွ ေတာင္သူ သုံးဦးကို ျပည္သူပိုင္ ပစၥည္း ကာကြယ္ေရးအက္ဥပေဒ ပုဒ္မ ၆(၁) ျဖင့္ အမႈဖြင့္ခဲ့ေသာေၾကာင့္ ေအာက္တိုဘာလအတြင္းတြင္ ထိုေတာင္သူ သုံးဦးသည္ ဖမ္းဆီးျခင္းကို ခံခဲ့ရသည္။ ထို႔ျပင္ အမွတ္ ၅၀၉ အေျမာက္တပ္ရင္းမွ ပဲခူးတိုင္းေဒသႀကီး၊ ေ႐ႊေတာင္ ၿမိဳ႕နယ္မွ ေတာင္သူ ၁၀ ဦးကို ႏိုင္ငံသားမ်ား၏ ပုဂၢိဳလ္ဆိုင္ရာ လြတ္လပ္မႈႏွင့္ ပုဂၢိဳလ္ဆိုင္ရာ လုံၿခဳံမႈကို အကာအကြယ္ေပးေရး ဥပေဒ ပုဒ္မ ၁၀ ျဖင့္ အမႈဖြင့္ခဲ့သည္။ ေတာင္သူမ်ားသည္ ၎တို႔၏ ဓားမဦးခ် လုပ္ကိုင္ လာခဲ့ ေသာ လယ္ယာေျမမ်ား သိမ္းဆည္းျခင္းခံခဲ့ရ၍ ဆုံးရႈံးမႈမ်ားကို ရင္ဆိုင္ေနၾကရခ်ိန္တြင္ ထပ္မံ၍ ဖမ္းဆီး၊ တရားစြဲဆို ခံရျခင္းမ်ားသည္ လယ္ယာေျမက႑ကို ဆိုး႐ြားစြာ ထိခိုက္မႈ ျဖစ္ေပၚေစသည္။ အစိုးရမွ သိမ္းဆည္း လယ္ယာေျမ မ်ားကို ျပန္လည္ေပးအပ္ျခင္း၊ နစ္နာေၾကးေပးျခင္းတို႔ကို ေဆာင္႐ြက္လ်က္ရွိေသာ္လည္း လယ္သမားမ်ားသည္ သိမ္းဆည္းစဥ္က လယ္ယာေျမဧရိယာအတိုင္း ျပန္လည္ ရရွိျခင္း မရွိျခင္း၊ နစ္နာေၾကးမ်ား အျပည့္အဝ မရရွိျခင္း၊ မူလပိုင္ဆိုင္သူမ်ား လက္ဝယ္သို႔ လယ္ယာေျမမ်ား ျပန္လည္ ရရွိျခင္း မရရွိျခင္း စသည့္ ကိစၥရပ္မ်ားသည္ ဆက္လက္ ျဖစ္ေပၚဆဲ ျဖစ္သည္။ ထို႔ေၾကာင့္ အစိုးရမွ သိမ္းဆည္း လယ္ယာေျမအေရးႏွင့္ လယ္ယာေျမအျငင္းပြားမႈမ်ားကို ေျဖရွင္း ေဆာင္႐ြက္ရာတြင္ ေအာက္ေျခအဆင့္ဆင့္ထိတိုင္ ၾကပ္မတ္စြာ ကိုင္တြယ္ ေဆာင္႐ြက္ရန္ လိုအပ္သည္။ ထို႔ျပင္ ေတာင္သူလယ္သမား အခြင့္အေရး ကာကြယ္ေရးႏွင့္ အက်ိဳးစီးပြားျမႇင့္တင္ေရး ဥပေဒႏွင့္ ေျမသိမ္းဆည္းျခင္း၊ ျပန္လည္ ေနရာခ်ထားျခင္းႏွင့္ ျပန္လည္ထူေထာင္ျခင္းဆိုင္ရာ ဥပေဒတို႔ႏွင့္အညီ လိုက္နာ ေဆာင္႐ြက္၍ ေတာင္သူ လယ္သမား တို႔၏ အက်ိဳးစီးပြားႏွင့္ လယ္ယာေျမက႑ကို ျမႇင့္တင္မႈျပဳေပးပါရန္ တိုက္တြန္း အပ္ပါသည္။

ဆက္သြယ္ေမးျမန္းရန္

ႏိုင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္း

ဘိုၾကည္    တြဲဘက္အတြင္းေရးမႉး                                +၉၅(၀) ၉၄၂  ၅၀၃  ၈၈၄၀

ေအာင္မ်ိဳးေက်ာ္ ရန္ကုန္႐ုံးတာဝန္ခံ                             +၉၅(၀) ၉၄၂  ၈၈၁  ၇၃၄၈   

တစ်လအတွင်းသုံးသပ်ချက်

အောက်တိုဘာလအတွင်း စုစုပေါင်း ၂၃ ဦး အမှုဖွင့်၊တရားစွဲဆိုခြင်းကို ခံခဲ့ရသည်။ ထို ၂၃ ဦးအနက်မှ တက်ကြွလှုပ်ရှားသူ သုံးဦးသည် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဥပဒေ (ငြိမ်း၊စု၊စီ) ပုဒ်မ ၁၉၊ အရပ်သား နှစ်ဦးသည် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ)၊ ပုဒ်မ ၆၇၊ အရပ်သား နှစ်ဦးသည် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၂(က)၊(ခ)၊(ဂ)၊  အရပ်သား နှစ်ဦးသည် ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၀၊ လယ်သမား သုံးဦးသည် ပြည်သူပိုင်ပစ္စည်း ကာကွယ်ရေးအက်ဥပဒေ ပုဒ်မ ၆(၁)၊ လယ်သမား ၁၀ ဦးသည် နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို အကာအကွယ်ပေးရေး ဥပဒေ ပုဒ်မ ၁၀ နှင့် သံဃာတော် တစ်ပါးသည် ပို့ကုန် သွင်းကုန်ဥပဒေ ပုဒ်မ ၁၁ တို့ဖြင့် အသီးသီး အမှုဖွင့် တရားစွဲဆိုခြင်းကို ခံခဲ့ရသည်။ 

အောက်တိုဘာလအတွင်း ဖမ်းဆီးခြင်းခံခဲ့ရသူ ၂၉ ဦး ရှိသည့်အနက်မှ လယ်သမား သုံးဦးသည် ပြည်သူပိုင်ပစ္စည်း ကာကွယ်ရေးအက်ဥပဒေ ပုဒ်မ ၆(၁)၊ အရပ်သား နှစ်ဦးသည် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၂(က)၊(ခ)၊(ဂ) တို့ဖြင့် ဖမ်းဆီးခြင်းခံခဲ့ရကာ ကျန် ရခိုင်တိုင်းရင်းသား ၂၄ ဦးသည် ရခိုင်ပြည်နယ်ရှိ မြို့နယ်အသီးသီးနှင့် ရန်ကုန်မြို့တွင် ဖမ်းဆီးခြင်း ခံခဲ့ရသည်။ 

အောက်တိုဘာလအတွင်း စုစုပေါင်း ၂၀ ဦး ပြစ်ဒဏ် ချမှတ်ခြင်းခံခဲ့ရသည်။ ထို ၂၀ ဦးအနက်မှ တက်ကြွလှုပ်ရှားသူ ခြောက်ဦးသည် ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)၊ တက်ကြွလှုပ်ရှားသူ သုံးဦးသည် ငြိမ်း၊စု၊စီဥပဒေ ပုဒ်မ ၂၀၊ လယ်သမား ခုနှစ်ဦးသည် ရာဇသတ်ကြီးပုဒ်မ ၄၄၇၊ ၄၂၇ တို့ဖြင့် ပြစ်ဒဏ်ချမှတ်ခြင်းခံခဲ့ရကာ သက်ဆိုင်ရာ တရားရုံးအသီးသီးမှ လယ်သမား တစ်ဦးအပေါ် ချမှတ်ထားသော ပြစ်ဒဏ်ကို ရုပ်သိမ်းပေးခဲ့ကာ အရပ်သား သုံးဦးအပေါ် စွဲဆိုထားသော စွဲချက်များကို ရုပ်သိမ်းကြောင်း အမိန့်ချမှတ်ခဲ့သည်။

အောက်တိုဘာလအတွင်း စုစုပေါင်း ၁၆ ဦး လွတ်မြောက်ခဲ့သည်။ နိုင်ငံရေးအကျဉ်းသား လေးဦးဖြစ်သော ဒါရိုက်တာ ဦးမင်းထင်ကိုကိုကြီး၊ တက်ကြွလှုပ်ရှားသူ ကိုနေမျိုးဇင်၊ မနေဇာထွန်းနှင့် ရှေ့နေ ဦးဇော်ဝင်းတို့သည် ကျန်းမာရေး ကောင်းမွန်ခြင်းမရှိကြောင်း သိရှိရသည်။ 

လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်

မြန်မာနိုင်ငံတွင်း လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်အခြေအနေသည် အပြုသဘောဆောင်သော တိုးတက်မှုဆီသို့ ဦးတည်လာခြင်းမရှိဘဲ တစ်လထက် တစ်လ သိသာ ထင်ရှားစွာ ဆုတ်ယုတ်လာလျက်ရှိသည်။ ၎င်းပြင် လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့် နယ်ပယ်ကို ပို၍ ကျဉ်းမြောင်းလာစေရန် ဖိနှိပ် ကန့်သတ်ထားသော ဥပဒေများကို တွင်ကျယ်စွာ အသုံးပြုလာခြင်းသည်လည်း စိုးရိမ်ဖွယ်ရာ အနေအထားတစ်ရပ် ဖြစ်စေသည်။ အောက်တိုဘာလအတွင်းတွင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ကျင့်သုံးခဲ့ခြင်းအတွက် တက်ကြွလှုပ်ရှားသူ ကိုနေမျိုးဇင်၊ ဒေါ်နော်အုန်းလှ၊ ကရင် လူငယ်နှစ်ဦး ဖြစ်ကြသော စောအဲလ်ဘတ်ချို၊ စသိန်းဇော်မင်းနှင့် ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင် ငါးဦးတို့သည် ထောင်ဒဏ်ချမှတ်ခံ ခဲ့ရခြင်း၊ ကလေးစစ်သားဟောင်း ကိုအောင်ကိုထွေး၏ အစ်မဖြစ်သူ မနေဇာထွန်းအပါအဝင် သုံးဦးသည် စွဲချက်တင်ခြင်းကို ခံခဲ့ရခြင်း၊ ဒေါ်နော်အုန်းလှကို ဝန်းရံခဲ့သူ သုံးဦးဖြစ်သော ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး  အမျိုးသမီးအဖွဲ့(DPW) မှ ဒေါ်စိန်ထွေး၊ မဇာခြည်လင်းနှင့် ကရင်အမျိုးသမီး အစည်းအရုံး(KWU) မှ နော်လားရှီးထူးနှင့် အရပ်သား သုံးဦးတို့သည် အမှုဖွင့် တရားစွဲဆိုကို ခံခဲ့ရခြင်း စသည့် ဖြစ်စဉ်များမှလည်း မြန်မာနိုင်ငံတွင်း လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့် အခြေအနေသည် မည်မျှကျဆင်းလျက်ရှိသည်ကို သုံးသပ် နိုင် သည်။ ထိုဖြစ်စဉ်များမှ နိုင်ငံသားများ၏ လွတ်လပ်မှုကို ကန့်သတ်လျက်ရှိသည်ကို ထုတ်ဖော်ပြသ နေသည်သာမက အကြောက်တရားဝန်းကျင်ကို ဖန်တီးလျက်ရှိသည်ကိုလည်း ထုတ်ဖော်ပြသလျက် ရှိသည်။ ထို့ပြင် အစိုးရ၏ အမျိုးသား ပြန်လည်သင့်မြတ်ရေးလမ်းစဉ်မှ သွေဖည်လျက်ရှိပြီး အသွင်းကူးပြောင်းရေး လုပ်ငန်းစဉ်နှင့် ဆန့်ကျင်လျက်ရှိသည်။ သို့သော်လည်း အာဏာပိုင်များမှ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်ကို ဆက်လက် ကန့်သတ် ထိန်းချုပ်ထားခြင်းသည် စစ်အာဏာများ အသုံးပြုလေ့ရှိခဲ့သည့် ၎င်းတို့နှင့် ကွဲလွဲဆန့်ကျင်သူများကို ရပ်တန့်စေရန် အသုံးပြုခဲ့သော နည်းလမ်း သဖွယ် ဖြစ်စေသည်။

ဒီမိုကရေစီ၏ စံနှုန်းတွင် လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်သည် အခြေခံကျလှသော အခွင့်အရေးများအနက် တစ်ခု ဖြစ်သည်။ ထိုစံနှုန်းကို အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း(UDHR)တွင် ရှင်းလင်းစွာ ဖော်ပြထား သည်သာမက နိုင်ငံသားနှင့် နိုင်ငံရေးအခွင့်အရေးဆိုင်ရာ သဘောတူစာချုပ်(ICCPR)တွင်လည်း တိကျစွာ ဖော်ပြ ထားသည်။ သို့သော်လည်း မြန်မာနိုင်ငံသည် လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်နှင့်ပတ်သက်၍ အပြည်ပြည်ဆိုင်ရာ ဥပဒေများကို လေးစားလိုက်နာခြင်းမရှိသည်သာမက ပြည်တွင်းဥပဒေ တစ်ခုဖြစ်သော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ အခန်း (၈)၊ အပိုဒ် ၃၅၄ (က)(ခ)တွင် ပြဠာန်းထားသည်များကိုလည်း လေးစား လိုက်နာရန် ပျက်ကွက်ဆဲဖြစ်သည်။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း(AAPP)မှ အစိုးရအား လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ဖော်ဆောင်မှု ပြုပေးပါရန် ကြိမ်ဖန်များစွာ တိုက်တွန်းလျက်ရှိပြီး နိုင်ငံသားများ၏ လွတ်လပ်ခွင့်ကို ကန့်သတ်ထားသည့် ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၀၊ ၅၀၅(က)(ခ)၊ ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ဥပဒေ၊ ဆက်သွယ်ရေး ဥပဒေတို့ကိုလည်း အမြန်ဆုံး ပြင်ဆင် ဖြည့်စွက် သို့မဟုတ် ရုပ်သိမ်းရန်လည်း ကြိမ်ဖန်များစွာ တိုက်တွန်းလျက်ရှိသည်။ သို့ဖြစ်၍ အစိုးရမှ ၎င်း၏ နိုင်ငံသား တစ်ဦးချင်းစီ၏ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်ကို မြှင့်တင်ခြင်းအားဖြင့် အခြေခံကျသော အခွင့်အရေးများကို ဖော်ဆောင်မှုပြုပေးပါရန် တိုက်တွန်းအပ်ပါသည်။

တိုင်းရင်းသားဒေသများတွင် ဖြစ်ပွားလျှက်ရှိသော ပဋိပက္ခများ၏ အကျိုးဆက်များ

အောက်တိုဘာလအတွင်းတွင် တိုင်းရင်းသားဒေသများ၌ ပဋိပက္ခများ ပို၍ ပြင်းထန်လာခြင်းနှင့်အတူ လူ့အခွင့်အရေး            ချိုးဖောက်မှုများသည်  ပို၍ ဆိုးရွားစွာ ဖြစ်ပွားလာလျက်ရှိသည်။ နှစ်ဘက်လက်နက်ကိုင် အဖွဲ့အစည်းများ၏ လက်နက်ကိုင် တိုက်ပွဲများကြားတွင် ဌာနေတိုင်းရင်းသားများသည် ဓားစာခံများသဖွယ် ဖြစ်နေကြရပြီး ထိခိုက်နစ်နာမှုများစွာကို ရင်ဆိုင် နေကြရသည်။ 

ဖမ်းဆီးခြင်းများ

အောက်တိုဘာလအတွင်းတွင် ထိုပဋိပက္ခများ၏ အကျိုးဆက်ကြောင့် ရခိုင်ဒေသမှ ရခိုင်တိုင်းရင်းသား စုစုပေါင်း ၂၆ ဦး သည် ဖမ်းဆီးခြင်းခံခဲ့ရသည်။ ထို ရခိုင်တိုင်းရင်းသား ၂၆ ဦးအနက် နှစ်ဦးဖြစ်သော ရက္ခိုင့်တပ်မတော်(AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်၏ ညီမဖြစ်သူ မမိုးနှင်းဖြူနှင့် ယောက်ဖတော်စပ်သူ ကိုကျော်နိုင်တို့သည် ဖမ်းဆီးခြင်း ခံထားရသည်သာမက အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၂(က)၊(ခ)၊(ဂ)ဖြင့်ပါ အမှုဖွင့် တရားစွဲဆိုထားခြင်းကို ခံထားရသည်။

ပျောက်ဆုံးသွားခြင်းများ 

တပ်မတော်နှင့် ရက္ခိုင့်တပ်မတော်(AA)တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ရခိုင်ပြည်နယ်၊  ဘူးသီးတောင်မြို့နယ်မှ ရွာသား ခုနှစ်ဦးသည် နေရပ် စွန့်ခွာ ထွက်ပြေးစဉ်တွင် ပျောက်ဆုံးသွားခဲ့ပြီး မြေပုံမြို့နယ်၊ ရွာသာယာကျေးရွာမှ ညီအစ်ကို နှစ်ဦးသည်လည်း ကျွဲသွားရှာစဉ်ပျောက်ဆုံးသွားခဲ့သည်။

ပစ်ခတ်ခံရခြင်းများ

အောက်တိုဘာလအတွင်းတွင် တပ်မတော်မှ ပစ်ခတ်ခဲ့ခြင်းကြောင့် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ အပေါက်ဝ ကျေးရွာမှ ဦးစိုးနိုင်၊ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊  စစ်အောင်ကျေးရွာမှ ဦးကုလားမောင်၊  ဘူးသီးတောင် မြို့နယ်၊ ဆင်သေပြင်ကျေးရွာမှ ဦးမာမောက်စီဒီတို့သည် သေဆုံးသွားခဲ့ပြီး ကျောက်တော်မြို့နယ်၊ ရွှေလိုင်ကျေးရွာမှ အဝေးသင်တက္ကသိုလ် စတုတ္ထနှစ်(မြန်မာစာ)ကျောင်းသား ကိုနေဆန်းဝင်း၊ မြေပုံမြို့နယ်၊ ယိုးဆနွင်းကျေးရွာ မှ  ပဉ္စမတန်းကျောင်းသား  မောင်သန်းစိုး၊ ရသေ့တောင်မြို့နယ်၊ ရေဘုတ်ကျေးရွာမှ ကိုကျော်နိုင်ခင် (ခ) မောင်မောင်ချေနှင့် ကိုကျော်ဝင်း၊ ဘူးသီးတောင် မြို့နယ်၊ စည်တောင်ကျေးရွာမှ  ဒေါ်မကြာစိန်နှင့် ဒေါ်အေးကျော့ခင်တို့သည် ထိခိုက် ဒဏ်ရာ ရရှိခဲ့သည်။ 

ညှဉ်းပန်းနှိပ်စက်မှုများ

တပ်မတော် စစ်ကြောင်း တစ်ခုမှ ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ မိကျောင်းတက်ကျေးရွာမှ ရွာသား သုံးဦးကို ဖမ်းဆီး ခေါ်ဆောင်၍ ညှဉ်းပန်းနှိပ်စက်၍ မေးမြန်းခဲ့ပြီးနောက် ပြန်လည် လွှတ်ပေးခဲ့သည်ဟု မိကျောင်းတက် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသန်းလှမောင်မှ ပြောကြားခဲ့သည်။ 

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်မြောက်ပိုင်း၊ ကျောက်တန်းကျေးရွာမှ ငမဲ(ခေါ်) ဦးစောမောင်သိန်း၊ ဦးထွန်းဝေနှင့် ရေပုတ်ကျေးရွာသားတစ်ဦးသည် တပ်မတော်မှ ထိန်းသိမ်းစစ်ဆေးစဉ် ညှဉ်းပန်းနှိပ်စက်ခြင်းကိုခံခဲ့ရပြီး ဒဏ်ရာ အများအပြား ဖြင့် ထွက်ပြေး လွတ်မြောက်လာခဲ့သည်။ 

ခလရ ၄၅ တပ်ခွဲ ၂ မှ တပ်မတော်သားများသည် ရှမ်းပြည်နယ်၊ မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ်၊ ကာလိုင်ကျေးရွာအုပ်စု၊ လွယ်ကျောက် စေတီတောင် ဘုန်းကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော်ဖြစ်သူ ဦးဝဏ္ဍိတကို တအာင်းလွတ်မြောက်ရေး တပ်မတော်(TNLA)နှင့် ဆက်နွယ်မှုရှိသည်ဟူသော သံသယဖြင့် ရိုက်နှက်၍ စစ်ဆေးခဲ့သည်။ 

လမ်းပြအဖြစ် ခေါ်ဆောင်သွားခြင်းများ

တပ်မတော်စစ်ကြောင်း တစ်ခုမှ  လမ်းပြအဖြစ် ခေါ်ဆောင်သွားခြင်းခံခဲ့ရသော ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ပေါက်တောပြင်ကျေးရွာမှ အမျိုးသမီး ရှစ်ဦးနှင့် အမျိုးသား နှစ်ဦးတို့သည် ထွက်ပြေးလွတ်မြောက်လာခဲ့သည်။ 

တပ်မတော် စစ်ကြောင်းတစ်ခုမှ လမ်းပြအဖြစ် ခေါ်ဆောင်သွားစဉ် ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းကြောင့် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ အပေါက်ဝကျေးရွာမှ ကိုထွန်းအေးမြ (ခ) ကိုပေါက်ချေသည် သေဆုံးသွားခဲ့သည်။

တပ်မတော်မှ လမ်းပြအဖြစ်ခေါ်ဆောင်သွားခဲ့သည့် ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ လက်ခုပ်ကျေးရွာမှ ဒေသခံ လေးဆယ်ကျော်သည် ထိုနေ့ ညနေပိုင်းအချိန်တွင် မိမိနေရပ်သို့ ပြန်လည် ရောက်ရှိလာခဲ့သည်။ 

အတင်းအဓမ္မလုပ်အားပေး ခိုင်းစေခြင်းများ

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ မီးဇာကျေးရွာမှ ဒေသခံများ၊ စစ်ရှောင်စခန်းတွင် ခိုလှုံနေကြသူများကို တပ်မတော်မှ ခေါ်ယူ၍ အထမ်းသမားအဖြစ် စေခိုင်းနေသည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမိုဘိုင်းမှ ပြောကြားခဲ့သည်။ အတင်းအဓမ္မ လုပ်အားပေး ခိုင်းစေခြင်းခံကြရသူများသည် မီးဇာကျေးရွာမှ ခမောက်ဝတွင်ရှိသည့် တပ်မ ၇၇ လက်အောက်ခံတပ်အထိ သွားရောက်ကြရခြင်းဖြစ်ပြီး ဆန်နှင့် စားနပ်ရိက္ခာများ သယ်ယူပေးခဲ့ကြရသည်။ 

သံသယဖြင့် ဖမ်းဆီး ခေါ်ဆောင်ခြင်းသည် လူတစ်ဉီး တစ်ယောက်၏ လွတ်လပ်ခွင့်ကို ဖြတ်တောက်ခြင်း ဖြစ်သည်သာမက ညှဉ်းပန်းနှိပ်စက်ခြင်း၊ အတင်းအဓမ္မခိုင်းစေခြင်း၊ လမ်းပြအဖြစ်ခေါ်ဆောင်ခြင်း၊ ပစ်ခတ်သည့်အတွက် သေဆုံး၊ ဒဏ်ရာရရှိခြင်းတို့သည် လူသားချင်းစာနာမှုကို ဆန့်ကျင်သည့် ပြင်းထန်သော လူ့အခွင့်အရေး ချိုးဖောက်မှု များဖြစ်သည်။ သို့သော်လည်း ထိုချိုးဖောက်မှုများကို ကျူးလွန်ခြင်းမရှိပါဟု နှစ်ဘက်လက်နက်ကိုင် အဖွဲ့အစည်းများမှ ငြင်းဆိုနေကြဆဲ ဖြစ်သည်။ မြန်မာနိုင်ငံတွင်း နှစ်ပေါင်း ၇၀ ကျော်ကြာ ဖြစ်ပွားလျက်ရှိသော ပြည်တွင်းစစ်များအတွင်း ထိုချိုးဖောက်မှုများကို အကန့်အသတ်မရှိ ကျူးလွန်လျက်ရှိသော်လည်း မည်သည့် လက်နက်ကိုင်အဖွဲ့အစည်းမျှ တာဝန်ယူမှု၊ တာဝန်ခံမှု မရှိသည်သာမက ထိုချိုးဖောက်မှုအတွက် ပြစ်ဒဏ်ပေးခြင်းသည် ကြုံတောင့်ကြုံခဲသော အခြင်းအရာ တစ်ရပ်ဖြစ်သည်။ ထိုအခြင်းအရာများကြောင့် လူ့အခွင့်အရေးချိုးဖောက်မှုများသည် ပဋိပက္ခဖြစ်ပွားရာ ဒေသများ၌ မည်သည့်အခါမျှ လျော့ကျ သွားခြင်းမရှိသည်ကို တွေ့ရှိရသည်။ ရောမဥပဒေ၏ ပုဒ်မ ၇ နှင့် ပုဒ်မ ၈ တို့တွင် လူသားချင်းစာနာမှုကို ဆန့်ကျင်သော ရာဇဝတ်မှုများနှင့် စစ်ရာဇဝတ်မှုများကို ဖော်ပြထားသည်။ သို့ဖြစ်၍ တရားဝင်ဖွဲ့စည်းထားသည့် လက်နက်ကိုင်တပ်ဖွဲ့အနေဖြင့် ဂျီနီဗာကွန်ဗန်းရှင်းအပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာ ထောက်ထားသည့် ဥပဒေ(IHL)နှင့် မည်သည့်ပုံစံ ဖြင့်မဆို ထိန်းသိမ်းထားမှု သို့မဟုတ် အကျဉ်းကျနေမှုများအောက်တွင် ရှိနေသူများကို ကာကွယ်ရန်အတွက် ဥပဒေသများကို လိုက်နာ ကျင့်သုံးရန် လိုအပ်ပြီး အရပ်သားများကို ကာကွယ်မှုများ ပေးရမည် ဖြစ်သော်လည်း ပျက်ကွက်နေဆဲဖြစ်သည်။ ထို့ပြင် အစိုးရမှ ညှဉ်းပန်းနှိပ်စက်မှုကို ဆန့်ကျင်ရေး နိုင်ငံတကာ သဘောတူစာချုပ် (UNCAT)ကို လက်မှတ် ရေးထိုး အတည်ပြုနိုင်ခြင်း မရှိခြင်းသည်လည်း ညှဉ်းပန်းနှိပ်စက်မှုများ အဆုံးသတ်နိုင်ရေးအတွက် စိန်ခေါ်မှုကို ဖြစ်စေသည်။ ၎င်းပြင် အစိုးရအနေဖြင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်(NCA)ကို လက်မှတ်ရေးထိုး အတည်ပြုရခြင်း မရှိသေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ဆွေးနွေး၍ ငြိမ်းချမ်းရေး လမ်းစဉ်ကို အမြန်ဆုံး ဖော်ဆောင်မှု ပြုပေးရန်မှာလည်း မရှိမဖြစ် လိုအပ်လျက်ရှိသည်။ သို့ဖြစ်၍ အစိုးရမှ ၎င်း၏ နိုင်ငံသားများ၏ လွတ်လပ်ခွင့်နှင့် လုံခြုံခွင့်တို့ကို ကာကွယ်မှု ပြုပေးသည်ကို ထုတ်ဖော် ပြသသောအားဖြင့် ငြိမ်းချမ်းရေးလမ်းစဉ်ကို အမြန်ဆုံး အကောင်အထည် ဖော်ဆောင်ရွက်၍ နိုင်ငံတကာ ဥပဒေများကို အမြန်ဆုံး အတည်ပြု လက်မှတ်ရေးထိုးပါရန် တိုက်တွန်းအပ်ပါသည်။ 

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၏ လူ့အခွင့်အရေးချိုးဖောက်မှုများ

လူ့အခွင့်အရေးချိုးဖောက်မှုများကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတချို့မှ ကျူးလွန်လာခြင်းသည် ဌာနေ တိုင်းရင်းသားများအတွက် ဆိုးရွားသော ခြိမ်းခြောက်မှုကို ဖြစ်စေသည်။ အောက်တိုဘာလအတွင်း ဖြစ်ပွားခဲ့သော ဖြစ်စဉ်များမှလည်း ထင်ရှားစွာ တွေ့မြင်နိုင်သည်။

  • ရှမ်းပြည်နယ် မြောက်ပိုင်း၊ သိန္နီမြို့အဝင်၊ စျေးအနီး၌ တအာင်းလွတ်မြောက်ရေး တပ်မတော် (TNLA)မှ တပ်မတော် ယာဉ်တန်းကို တိုက်ခိုက်ခဲ့သည်အတွက် အရပ်သား ခုနှစ်ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ခြင်း 
  • ရက္ခိုင့်တပ်တော်(AA)မှ ရန်ကုန်-စစ်တွေ ခရီးသည်တင်ကားကို ထိန်းချုပ်၍ အရပ်သား ၁၂ ဉီးနှင့် မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင် ၁၉ ဦး တို့ကို ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ခြင်း၊ စစ်တွေ-ဘူးသီးတောင်မြို့သို့ ပြေးဆွဲနေသည့် ရွှေနဒီ အမြန်ရေယာဉ်ကို ဝင်စီးခဲ့ပြီး အရပ်သား ၁၃ ဦးအပါအဝင် စုစုပေါင်း ၅၈ ဦးကို ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ခြင်း၊  မြောက်ဦးမြို့နယ်၊ သရက်အုပ်ကျေးရွာနေ စစ်မှုထမ်းဟောင်း တစ်ဦးဖြစ်သူ ဦးဘိုနီ၊ မင်းပြားမြို့နယ်၊ အိုးပုံတောင် ကျေးရွာနေ ဦးထွန်းမင်းသိန်းနှင့်  ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်နှင့် ရခိုင်ပြည်နယ်နယ်စပ် အောက်သဲမဝ ကျေးရွာအုပ်စု၊ ပွီဝုန်းကျေးရွာမှ  ပညာရေးအထွေထွေဝန်ထမ်း ဦးတောင်ပန်း တို့ကို ဖမ်းဆီးခေါ်ဆောင် သွားခဲ့ခြင်း၊ ဘူးသီးတောင်မြို့နယ်တွင် တရားရုံးထုတ်လာသည့် အချုပ်ကားနှင့် လုံခြုံရေးယာဉ်တန်းကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အတွက် အချုပ်သား အမျိုးသမီး နှစ်ဦး အပါအဝင် စုစုပေါင်း ခုနှစ်ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ခြင်း
  • ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်အတွင်းရှိ ကျေးရွာများ၌ ဒေသခံအမျိုးသားများကို ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ(RCSS)မှ တပ်သားသစ်စုဆောင်းသည့်အနေဖြင့် ဖမ်းဆီး ခေါ်ဆောင်မှုများရှိနေခြင်း

တိုင်းရင်းသား တန်းတူညီမျှခွင့်၊ လွတ်လပ်ခွင့်နှင့် ဖိနှိပ်မှုတို့မှ အဆုံးသတ်ခွင့်တို့အတွက် လက်နက်စွဲကိုင် တိုက်ပွဲဝင်ခဲ့သော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတချို့မှ လူ့အခွင့်အရေးချိုးဖောက်မှုများကို စနစ်ကျစွာ ကျူးလွန်လာခြင်းသည်  အနာဂတ် ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေးတို့တွင် နောက်ကြောင်း ပြန်ဆုတ်စေသည်ကို ပြသလျက်ရှိသည်။ မည်သည့် လက်နက်ကိုင်အဖွဲ့အစည်းမဆို လူသားချင်းစာနာမှုကို ဆန့်ကျင် သော လုပ်ရပ်များကို ကျူးလွန်ပါက လူ့အခွင့်အရေး ချိုးဖောက်မှုသာဖြစ်ပြီး ထိုအခြင်းအရာကို အပြင်းအထန် ဆန့်ကျင် ရှုံ့ချပါသည်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် ၎င်းတို့၏ ဌာနေတိုင်းရင်းသားများကို ကာကွယ်မှု ပေးပါရန်  တိုက်တွန်းပြီး ထိုချိုးဖောက်မှုများ ကျူးလွန်နေခြင်းမှလည်း အမြန်ဆုံး အဆုံးသတ်ပါရန် တိုက်တွန်း အပ်ပါသည်။ 

အကျဉ်းထောင်တွင်းအခြေအနေများ

မြန်မာနိုင်ငံတွင် ဆိုးရွားဆဲဖြစ်သော အကျဉ်းထောင်တွင်း အခြေအနေများသည် အကျဉ်းထောင် ပြုပြင်ပြောင်းလဲရေးကို အမြန်ဆုံး ပြုလုပ်ရန် လိုအပ်နေသည်ကို ပြသနေသော ပြယုဂ်တစ်ခု ဖြစ်သည်။ အကျဉ်းထောင်တွင်း ကျန်းမာရေး စောင့်ရှောက်မှု လုံလောက်စွာ မရရှိခြင်း၊ အကျဉ်းသားဉီးရေ ပြည့်သိပ်နေခြင်းတို့သည် အကျဉ်းသားများအတွက် စိုးရိမ်ဖွယ်ရာ အခြေအနေတစ်ရပ် ဖြစ်စေသည်။ ၎င်းပြင် ထိုအခြင်းအရာများမှ အကျဉ်းသားအခွင့်အရေးများ ဆုံရှုံး လျက်ရှိသည်ကို ထုတ်ဖော်ပြသလျက်ရှိသည်။ 

  • ရခိုင်ပြည်နယ်၊ စစ်တွေအကျဉ်းထောင်တွင် သံသယဖြင့် ဖမ်းဆီးခံထားရပြီး အမှုရင်ဆိုင်နေရသူ (၁၀၀) ကျော် အနက် အများစုမှာ မိသားစုဝင်များကိုယ်တိုင် စစ်ဘေးရှောင်စခန်းများမှ ဖြစ်နေသောကြောင့် ထောင်ဝင်စာ မရောက်နိုင်၍ ဆေးဝါးပစ္စည်း၊ အစားအသောက်နှင့် အသုံးအဆောင်အဝတ်အထည်များလိုအပ်နေပြီး  အမှု ရင်ဆိုင် နေရသူ တချို့မှာ တုပ်ကွေးဖျားနာခြင်းများဖြစ်ပေါ်နေကာ ထောင်တွင်း ဆရာဝန်မရှိသည့်အတွက် ကျန်းမာရေး စောင့်ရှောက်မှုအားနည်းနေသည်ဟု ၎င်းတို့ကို ကူညီပေးနေသည့် ကိုမေယုထွန်းမှ ပြောကြား ခဲ့သည်။ မြန်မာနိုင်ငံရှိ အကျဉ်းထောင်များနှင့် ရဲဘက်စခန်းများတွင် အကျဉ်းသားဦးရေကို ဝင်ဆံ့နိုင်သည်ထက် ပိုမို လက်ခံနေရသည့် အတွက် ကူးစက်ရောဂါများ တစ်ဦးမှ တစ်ဦးသို့ ကူးစက်နိုင်ခြေ များပြားနေကြောင်း အကျဉ်းထောင်များအတွင်း လိုအပ်နေသည့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို ထောက်ပံ့ ကူညီနေသည့်     ထောစ်စုနှစ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက် သုံးမျိုး ရန်ပုံငွေအဖွဲ့(3MDG) အဖွဲ့အစည်း ထံမှ သိရှိရသည်။ 

အထက်ပါဖြစ်စဉ်များမှလည်း အကျဉ်းထောင်ပြုပြင်ပြောင်းလဲရေးကို အမြန်ဆုံး အကောင်အထည်ဖော်ရန် လိုအပ် နေသည်ကို ထုတ်ဖော် ပြသနေသည်။ အကျဉ်းထောင် ပြုပြင်ပြောင်းလဲရေးကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် နိုင်ငံတကာ စံနှုန်းများဖြစ်သည့် ကမ္ဘာ့ကုလသမဂ္ဂ၏ အကျဉ်းသားများကို ပြုမှုဆက်ဆံရာ၌ လိုက်နာဆောင်ရွက်ရမည့် အနိမ့်ဆုံး စံနှုန်းများ (SMRs)ကမ္ဘာ့ကုလသမဂ္ဂ၏ အကျဉ်းသားများကို ပြုမူဆက်ဆံရာ၌ လိုက်နာရမည့် အခြေခံ ဥပဒေသများနှင့်အညီ လိုက်နာ ဆောင်ရွက်ပါရန် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ တိုက်တွန်းအပ်ပါသည်။ ထို့ပြင် အကျဉ်းထောင်ပြုပြင် ပြောင်းလဲရေးအတွက် ဆောင်ရွက်လျက်ရှိသော အဖွဲ့အစည်းများ နှင့်အတူ ပူးပေါင်း ဆောင်ရွက်၍ ထိရောက်စွာ ဆောင်ရွက်ပါရန်လည်း တိုက်တွန်း အပ်ပါသည်။ 

လယ်ယာမြေရေးရာ ကိစ္စရပ်များ

လယ်ယာမြေရေးရာကဏ္ဍသည် မြန်မာနိုင်ငံတွင်း ဖြေရှင်းရန် နှောင့်နှေးဆဲဖြစ်သော ကဏ္ဍများတွင် တစ်ခု အပါအဝင် ဖြစ်သည်။ သို့ဖြစ်၍ လယ်သမားများသည် ဖမ်းဆီး၊ တရားစွဲဆိုမှုများကို ဆက်လက် ရင်ဆိုင်နေကြရဆဲဖြစ်သည်။ အမှတ် ၃၆၀ အမြောက်တပ်ရင်းမှ ကယားပြည်နယ်၊ ဒီမောဆိုးမြို့နယ်၊ ဒေါဆိုရှေ့ကျေးရွာမှ တောင်သူ သုံးဦးကို ပြည်သူပိုင် ပစ္စည်း ကာကွယ်ရေးအက်ဥပဒေ ပုဒ်မ ၆(၁) ဖြင့် အမှုဖွင့်ခဲ့သောကြောင့် အောက်တိုဘာလအတွင်းတွင် ထိုတောင်သူ သုံးဦးသည် ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။ ထို့ပြင် အမှတ် ၅၀၉ အမြောက်တပ်ရင်းမှ ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင် မြို့နယ်မှ တောင်သူ ၁၀ ဦးကို နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို အကာအကွယ်ပေးရေး ဥပဒေ ပုဒ်မ ၁၀ ဖြင့် အမှုဖွင့်ခဲ့သည်။ တောင်သူများသည် ၎င်းတို့၏ ဓားမဦးချ လုပ်ကိုင် လာခဲ့ သော လယ်ယာမြေများ သိမ်းဆည်းခြင်းခံခဲ့ရ၍ ဆုံးရှုံးမှုများကို ရင်ဆိုင်နေကြရချိန်တွင် ထပ်မံ၍ ဖမ်းဆီး၊ တရားစွဲဆို ခံရခြင်းများသည် လယ်ယာမြေကဏ္ဍကို ဆိုးရွားစွာ ထိခိုက်မှု ဖြစ်ပေါ်စေသည်။ အစိုးရမှ သိမ်းဆည်း လယ်ယာမြေ များကို ပြန်လည်ပေးအပ်ခြင်း၊ နစ်နာကြေးပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိသော်လည်း လယ်သမားများသည် သိမ်းဆည်းစဉ်က လယ်ယာမြေဧရိယာအတိုင်း ပြန်လည် ရရှိခြင်း မရှိခြင်း၊ နစ်နာကြေးများ အပြည့်အဝ မရရှိခြင်း၊ မူလပိုင်ဆိုင်သူများ လက်ဝယ်သို့ လယ်ယာမြေများ ပြန်လည် ရရှိခြင်း မရရှိခြင်း စသည့် ကိစ္စရပ်များသည် ဆက်လက် ဖြစ်ပေါ်ဆဲ ဖြစ်သည်။ ထို့ကြောင့် အစိုးရမှ သိမ်းဆည်း လယ်ယာမြေအရေးနှင့် လယ်ယာမြေအငြင်းပွားမှုများကို ဖြေရှင်း ဆောင်ရွက်ရာတွင် အောက်ခြေအဆင့်ဆင့်ထိတိုင် ကြပ်မတ်စွာ ကိုင်တွယ် ဆောင်ရွက်ရန် လိုအပ်သည်။ ထို့ပြင် တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဥပဒေနှင့် မြေသိမ်းဆည်းခြင်း၊ ပြန်လည် နေရာချထားခြင်းနှင့် ပြန်လည်ထူထောင်ခြင်းဆိုင်ရာ ဥပဒေတို့နှင့်အညီ လိုက်နာ ဆောင်ရွက်၍ တောင်သူ လယ်သမား တို့၏ အကျိုးစီးပွားနှင့် လယ်ယာမြေကဏ္ဍကို မြှင့်တင်မှုပြုပေးပါရန် တိုက်တွန်း အပ်ပါသည်။

ဆက်သွယ်မေးမြန်းရန်

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း

ဘိုကြည်    တွဲဘက်အတွင်းရေးမှူး                                +၉၅(၀) ၉၄၂  ၅၀၃  ၈၈၄၀

အောင်မျိုးကျော် ရန်ကုန်ရုံးတာဝန်ခံ                             +၉၅(၀) ၉၄၂  ၈၈၁  ၇၃၄၈     

တလအတွင်းသုံးသပ်ချက်အားဒေါင်းလော့ရယူရန် October Burmese MiR

တလအတွင်းသတင်းစုစည်းတင်ပြမှုဒေါင်းလော့ရယူရန် October Burmese Chronology

လက်ကျန်နိုင်ငံရေးအကျဉ်းသားစာရင်းဒေါင်းလော့ရယူရန် 59 Remaining PP final list Updated On 31 October by unicode

အမှုရင်ဆိုင်နေရသူများစာရင်းဒေါင်းလော့ရယူရန် 553 facing trial final list updated on 31 October

၆၆(ဃ)ဖြင့်တရားရင်ဆိုင်နေရသူများစာရင်း 66 (D) total list(new) Updated