အရှေ့အာရှ နှင့် ပစိဖိတ်ရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီးနှင့်အရပ်ဖက်အဖွဲ့အစည်းမှခေါင်းဆောင်များတွေ့ဆုံ

မြန်မာပြည်သူတွေနဲ့အတူ မိတ်ဆွေအနနဲ့ရော လက်တွဲဖက်အနေနဲ့ပါ ရေရှည်ထိတွေ့ဆက်ဆံသွားမယ့် အမေရိကန်ပြည်ထောင်စုရဲ့ ကတိကဝတ်ကို အရပ်ဘက်အဖွဲ့အစည်းခေါင်းဆောင်တွေနဲ့တွေ့ဆုံစဉ်အတွင်း လက်ထောက်ဝန်ကြီး စတေးဝဲလ်က ထပ်လောင်းအတည်ပြုပြောကြားခဲ့ပါတယ်။

 

 

မြန်မာနိုင်ငံအတွင်း ငြိမ်းချမ်းရေး၊ ဒီမိုကရေစီအရေးနဲ့ စီးပွားရေးပြုပြင်ပြောင်းလဲရေးအတွက် အမေရိကန်ပြည်ထောင်စုက ဘယ်လိုဆက်လက်အားပေးကူညီနိုင်မလဲ ဆိုတဲ့အကြောင်းကို လက်ထောက်ဝန်ကြီးရဲ့ အောက်တိုဘာ ၂၇-၃၀ မြန်မာနိုင်ငံခရီးစဉ်အတွင်းမှာ မတူညီတဲ့လူမှုအသိုက်အဝန်း မျိုးစုံက အရပ်ဘက်အဖွဲ့အစည်းခေါင်းဆောင်တွေက လက်ထောက်ဝန်ကြီးကို မျှဝေဆွေးနွေးခဲ့ပါတယ်။