ျမန္မာႏိုင္ငံတြင္ျဖစ္ေလ့ျဖစ္ထရွိေသာ စိတ္ပိုင္းဆိုင္ရာ နာမက်န္းျဖစ္မႈကို ကုသေပးျခင္းႏွင့္ ျပည့္စုံေသာ စိတ္က်န္းမာေရးမူဝါဒမ်ား လိုအပ္မႈ

ေက်းဇူးတင္လႊာ
ဤအစီရင္ခံစာျဖစ္ေျမာက္ေရးအတြက္ အဓိကႀကိဳးစားေပးခဲ့ေသာ Ms.Ronja Baatz အားလည္းေကာင္း၊ ဘာသာျပန္ဆိုမႈ အပါအဝင္ ဝိုင္းဝန္းကူညီေပးခဲ့ေသာ AAPP ၏ စိတ္ဓါတ္ျပန္လည္ျမႇင့္တင္ေရးအစီအစဥ္ (MHAP) ႏွင့္ AAPP ဝန္ထမ္းမ်ားအား အထူးေက်းဇူးတင္ရွိပါသည္။
ထို႔အျပင္ အစီရင္ခံစာ ထုတ္ေဝႏိုင္ေရးအတြက္ ေငြေၾကးအကူအညီေပးခဲ့ေသာ ျမန္မာႏိုင္ငံဆိုင္ရာ ၿဗိတိသွ်သံ႐ုံးႏွင့္ အစီရင္ခံစာမိတ္ဆက္ပြဲကို လက္ခံက်င္းပေပးေသာ ရန္ကုန္ၿမိဳ႕ ျမန္မာႏိုင္ငံဆိုင္ရာ ျပင္သစ္သံ႐ုံး ယဥ္ေက်းမႈဌာန Ms. Laetitia Hoarau (Technical Cooperation and Humanitarian Affair Officer, French Embassy in Myanmar ) အပါအဝင္ သံ႐ုံးတာဝန္ရွိသူမ်ားအား ႏိုင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္း (Assistance Association for Political Prisoners) မွ အထူးေက်းဇူးတင္ရွိပါေၾကာင္း မွတ္တမ္းတင္ ေဖာ္ျပအပ္ပါသည္။
ႏိုင္ငံေရးအက်ဥ္းသားမ်ားကူညီေစာင့္ေရွာက္ေရးအသင္း
မိတ်ဆက်စကား
၂၀၁၅ ထုတ္ျပန္ခ်က္အရ က်န္းမာေရးျပႆနာ ၁၀ ခုတြင္ စိတ္ဓါတ္က်မႈႏွင့္ စိုးရိမ္ပူပန္မႈ စံလြဲျခင္းတို႔မွာ အျဖစ္မ်ားၿပီး ဂ႐ုစိုက္ေျဖရွင္းမႈ အားအနည္းဆုံးေသာ စိတ္က်န္းမာေရးဆိုင္ရာ ျပႆနာမ်ားျဖစ္ေနၾကၿပီး (IMHE 2015)ထိုျပႆနာႏွစ္ခုလုံး၏ ျဖစ္ပြားမႈႏႈန္းသည္ တိုးပြားလ်က္ရွိေနသည္။ (WHO 2017) ထိုျပႆနာမ်ားသည္ ျဖစ္ေလ့ျဖစ္ထရွိေသာ စိတ္ပိုင္းဆိုင္ရာ နာမက်န္းျဖစ္မႈမ်ားျဖစ္သည္။
ျဖစ္ေလ့ျဖစ္ထရွိေသာ စိတ္ပိုင္းဆိုင္ရာ နာမက်န္းမႈမ်ားအတြက္ ထိေရာက္ေသာ ကုသမႈမ်ားရွိေသာ္လည္း ကမာၻ႔လူဉီးေရအမ်ားစုမွာ ထိုကုသမႈမ်ားကို ရရွိႏိုင္မႈ မရွိၾကေပ။ ျမန္မာႏိုင္ငံတြင္ ျဖစ္ေလ့ျဖစ္ထရွိေသာ စိတ္ပိုင္းဆိုင္ရာ နာမက်န္းမႈမ်ားအတြက္ ကုသမႈကြာဟခ်က္သည္ ၉၀ ရာခိုင္ႏႈန္းနီးပါးရွိသည္။ (Than Tun Sein et al. 2014)ျမန္မာႏိုင္ငံ၏ လက္ရွိႏိုင္ငံေရးျပဳျပင္ေျပာင္းလဲမႈမ်ားသည္ မူဝါဒေရးစြဲသူမ်ားအတြက္ အားေကာင္းေသာစိတ္က်န္းမာေရးတခုကို ဖန္တီးရန္အခြင့္အလမ္းတရပ္ ပြင့္လာျခင္းျဖစ္သည္၊ AAPP သည္ စိတ္က်န္းမာေရးလုပ္ငန္းကို ဉီးစားေပးအေကာင္အထည္ေဖာ္ေနသည့္အဖြဲ႕မ်ားထဲမွ တဖြဲ႕ျဖစ္ၿပီး စိတ္က်န္းမာေရးဝန္ေဆာင္မႈမ်ား တိုးတက္မႈအတြက္ အေထာက္အကူေပး‌ေနေသာ အဖြဲ႕အစည္းတခုျဖစ္သည္။ ယခုအစီရင္ခံစာသည္ စိတ္က်န္းမာေရးလုပ္ငန္းမ်ား ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ AAPP ၏ ပထမဆုံး အစီရင္ခံစာျဖစ္သည္။

အစီရင္ခံစာအျပည့္အစုံကို ‌‌ဖတ္ရႈရန္ MHAP Report Burmese Version

ကျေးဇူးတင်လွှာ

ဤအစီရင်ခံစာဖြစ်မြောက်ရေးအတွက် အဓိကကြိုးစားပေးခဲ့သော Ms.Ronja Baatz အားလည်းကောင်း၊ ဘာသာပြန်ဆိုမှု အပါအဝင် ဝိုင်းဝန်းကူညီပေးခဲ့သော AAPP ၏ စိတ်ဓါတ်ပြန်လည်မြှင့်တင်ရေးအစီအစဉ် (MHAP) နှင့် AAPP ဝန်ထမ်းများအား အထူးကျေးဇူးတင်ရှိပါသည်။

ထို့အပြင် အစီရင်ခံစာ ထုတ်ဝေနိုင်ရေးအတွက် ငွေကြေးအကူအညီပေးခဲ့သော မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှသံရုံးနှင့် အစီရင်ခံစာမိတ်ဆက်ပွဲကို လက်ခံကျင်းပပေးသော ရန်ကုန်မြို့ မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံရုံး ယဉ်ကျေးမှုဌာန Ms. Laetitia Hoarau (Technical Cooperation and Humanitarian Affair Officer, French Embassy in Myanmar ) အပါအဝင် သံရုံးတာဝန်ရှိသူများအား နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (Assistance Association for Political Prisoners) မှ အထူးကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင် ဖော်ပြအပ်ပါသည်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း

မိတ်ဆက်စကား

၂၀၁၅ ထုတ်ပြန်ချက်အရ ကျန်းမာရေးပြဿနာ ၁၀ ခုတွင် စိတ်ဓါတ်ကျမှုနှင့် စိုးရိမ်ပူပန်မှု စံလွဲခြင်းတို့မှာ အဖြစ်များပြီး ဂရုစိုက်ဖြေရှင်းမှု အားအနည်းဆုံးသော စိတ်ကျန်းမာရေးဆိုင်ရာ ပြဿနာများဖြစ်နေကြပြီး (IMHE 2015)ထိုပြဿနာနှစ်ခုလုံး၏ ဖြစ်ပွားမှုနှုန်းသည် တိုးပွားလျက်ရှိနေသည်။ (WHO 2017) ထိုပြဿနာများသည် ဖြစ်လေ့ဖြစ်ထရှိသော စိတ်ပိုင်းဆိုင်ရာ နာမကျန်းဖြစ်မှုများဖြစ်သည်။

ဖြစ်လေ့ဖြစ်ထရှိသော စိတ်ပိုင်းဆိုင်ရာ နာမကျန်းမှုများအတွက် ထိရောက်သော ကုသမှုများရှိသော်လည်း ကမ္ဘာ့လူဉီးရေအများစုမှာ ထိုကုသမှုများကို ရရှိနိုင်မှု မရှိကြပေ။ မြန်မာနိုင်ငံတွင် ဖြစ်လေ့ဖြစ်ထရှိသော စိတ်ပိုင်းဆိုင်ရာ နာမကျန်းမှုများအတွက် ကုသမှုကွာဟချက်သည် ၉၀ ရာခိုင်နှုန်းနီးပါးရှိသည်။ (Than Tun Sein et al. 2014)မြန်မာနိုင်ငံ၏ လက်ရှိနိုင်ငံရေးပြုပြင်ပြောင်းလဲမှုများသည် မူဝါဒရေးစွဲသူများအတွက် အားကောင်းသောစိတ်ကျန်းမာရေးတခုကို ဖန်တီးရန်အခွင့်အလမ်းတရပ် ပွင့်လာခြင်းဖြစ်သည်၊ AAPP သည် စိတ်ကျန်းမာရေးလုပ်ငန်းကို ဉီးစားပေးအကောင်အထည်ဖော်နေသည့်အဖွဲ့များထဲမှ တဖွဲ့ဖြစ်ပြီး စိတ်ကျန်းမာရေးဝန်ဆောင်မှုများ တိုးတက်မှုအတွက် အထောက်အကူပေး‌နေသော အဖွဲ့အစည်းတခုဖြစ်သည်။ ယခုအစီရင်ခံစာသည် စိတ်ကျန်းမာရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် AAPP ၏ ပထမဆုံး အစီရင်ခံစာဖြစ်သည်။