Ms. Ulrika Strand (General Secretary of The Swedish Foundation for Human Rights) မှ အအေပီပီ ပြခန်းသို့ လာရောက်လည်ပတ်

17 Oct 2018 တွင် Ms. Ulrika Strand (General Secretary of The Swedish Foundation for Human Rights) သည် အအေပီပီ ပြခန်းသို့ လာရောက်လည်ပတ်ပြီး၊ ကိုတိတ်နိုင် (အတွင်းရေးမှူး၊ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း)၊ ကိုကျော်စိုးဝင်း၊ ကိုဇော်မိုးတို့နှင့် တွေ့ဆုံပြီး အေအေပီပီ၏ လုပ်ငန်းစဉ်များ၊ (ထောက်ပံ့ရေးနှင့် ကူညီစောင့်ရှောက်ရေး၊ လူ့အခွင့်အရေး မြှင့်တင်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေး၊ စိတ်ပင်းဆိုင်ရာ ပြန်လည်မြှင့်တင်ရေး၊ မှတ်တမ်းနှင့် သုတေသန) လုပ်ဆောင်နေမှုများ၊ လက်ရှိနိုင်ငံရေးအခြေအနေနှင့် မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေများနှင့် ပတ်သတ်သည့် ကိစ္စရပ်များအား ဆွေးနွေးကြသည်။