နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) နှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနတွေ့ဆုံ
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) တို့ စိတ်ပိုင်းဆိုင်ရာ မြှင့်တင်ရေးလုပ်ငန်းစဉ်များ ပူးပေါင်းဆောင်ရွက်နိုင်ရန် ဆွေးနွေး ၂၀၁၈ ခုနှစ် ဧပြီလ ၃ဝ ရက်နေ့ မွန်းလွှဲ ၃ နာရီတွင် နေပြည်တော်ရှိ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အစည်းအဝေးခန်းမတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ဒေါက်တာ သီတာလှ (ကုသရေး ဒု-ညွှန်ချုပ်)၊ ဒေါက်တာသောင်းလှိုင်(ပြည်သူ့ကျန်းမာရေးဒု-ညွှန်ချုပ်)၊ ဒေါက်တာထက်လင်း၊ ဒေါက်တာဟန်နီဝင်း၊ အေအေပီပီမှ ကိုအောင်မျိုးကျော် (ရန်ကုန်ရုံးတာဝန်ခံ)၊ ကိုကျော်စိုးဝင်း (စိတ်ဓာတ်ပြန်လည်မြှင့်တင်ရေးအစီအစဉ် တာဝန်ခံ) တို့ တွေ့ဆုံပြီး စိတ်ပိုင်းဆိုင်ရာ မြှင့်တင်ရေးလုပ်ငန်းစဉ်များ ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ဆွေးနွေးတိုင်ပင်ခဲ့ကြပါသည်။

