အေအေပီပီမှ ဖေဖော်ဝါရီလ ၂၀၁၅ ခုနှစ်အတွက် နိုင်ငံရေးဖြစ်စဉ်များအပေါ် သုံးသပ်တင်ပြချက်

14 febလက်ရှိအခြေအနေ အကျဉ်းချုပ်
ဖေဖေါ်ဝါရီ လကုန်တွင် မြန်မာနိုင်ငံ အကျဉ်းထောင်များအတွင်း၌ နိုင်ငံရေး အကျဉ်းသား စုုစုပေါင်း ၁၇ဝ ဦး ဆက်လက် အကျဉ်းကျ နေပြီး၊ တက်ကြွလှုပ်ရှားသူ ၂၃၈ ဦးတို့သည် နိုင်ငံရေး လှုပ်ရှားမှုများကြောင့် တရားစွဲဆိုခံရကာ လက်ရှိအချိန်တွင် အမှုများ ရင်ဆိုင်နေရပါသည်။ တက်ကြွ လှုပ်ရှားသူတို့၏ ဆန္ဒထုတ်ဖေါ်မှု အခွင့်အရေးများကို တားဆီးရန်အတွက် ဥပဒေပုဒ်မ မျိုးစုံ အသုံးပြုပြီး၊ အစိုးရကို ဝေဖန်ပြောဆိုသူများ၏ အသံများ တိတ်သွားစေရန် အစိုးရမှ ဆက်လက် လုပ်ဆောင်နေပါသည်။
တစ်လအတွင်း သုံးသပ်ချက်
ယခုလတွင် နိုင်ငံရေးအရ တက်ကြွလှုပ်ရှားသူ ၄၂ တရားစွဲဆိုခံခဲ့ရကာ၊ ထို ၄၂ ဦးထဲမှ ၅ ဦးသည် တရားစွဲခံရသည့်အပြင် ဖမ်းဆီးထိန်းသိမ်း ခံခဲ့ရပါသည်။ တက်ကြွလှုပ်ရှားသူ ၁၈ ဦးတို့ ထောင်ဒဏ်နှင့် ငွေဒဏ်များ ချမှတ်ခံခဲ့ရပြီး၊ နိုင်ငံရေး အကျဉ်းသား တစ်ဦးမျှ အကျဉ်းထောင်များ အတွင်းမှ ပြန်လည်လွတ်မြောက်လာခြင်း မရှိပါ။
အမျိုးသား ပညာရေး ဥပဒေအား ကျောင်းသားများမှ ဆန့်ကျင်ဆန္ဒပြကြသည့် သတင်းများဖြင့် ယခုလအတွင်း လွှမ်းမိုးလျက် ရှိပါသည်။ ကျောင်းသားများ ချီတက်ဆန္ဒပြလာသည်ကို ကြိုဆိုရန် စီစဉ်ခဲ့သော ပြည်တက္ကသိုလ်မှ ကျောင်းသား တစ်ဦးဖြစ်သူ ကိုသန့်ဇင်ထက် ဖမ်းဆီးခံခဲ့ရကာ၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲဆိုခံရပြီး၊ လက်ရှိအချိန်တွင် အကျဉ်းထောင်အတွင်းမှ နေ၍ တရားရင်ဆိုင်နေရပါသည်။ နောက်ဆုံးတွင် အစိုးရနှင့် ကျောင်းသား ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးခဲ့ပြီး၊ ပညာရေး ဥပဒေ အချက်အတော်များများအား ပြင်ရန်အတွက် လွှတ်တော်အတွင်း ဆွေးနွေးရန် သဘောတူညီမှု ရရှိခဲ့ပါသည်။ ပညာရေး ဥပဒေအား လွှတ်တော်မှ ပြန်လည်ပြင်ဆင်ရန် သဘောတူ ဆုံးဖြတ်ပြီးသည့် အချိန်အထိ ချီတက်ဆန္ဒပြရန် ကျောင်းသားများမှ စီစဉ်ထားကြောင်း သိရှိရပါသည်။
အလုပ်သမားဆန္ဒပြပွဲ အခြေအနေသည် တဖြည်းဖြည်း တင်းမာမှု တိုးမြင့်လာပြီး၊ ရဲများမှလည်း ပိုမိုကြမ်းတမ်းစွာ ကိုင်တွယ် နှိမ်နင်းခဲ့ပါသည်။ ရဲများမှ ဆန္ဒပြအလုပ်သမားများအား တွန်းထိုးတိုက်ခိုက်မှု တို့ကြောင့် အလုပ်သမားအချို့ ဒဏ်ရာများ ရရှိခဲ့ပြီး ဆန္ဒပြမှုကို အကူအညီပေးခဲ့ကြသည့် တက်ကြွလှုပ်ရှားသူ တစ်ချို့ ဖမ်းဆီးခံခဲ့ရပါသည်။
ယခုလတွင် အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီး ကဲ့သို့သောအဖွဲ့အစည်းများမှ စီးပွါးရေး ကုမ္ပဏီများ၏ တာဝန်ရှိမှုကို ရည်ညွှန်းဖေါ်ပြခဲ့ပြီး၊ မြန်မာနိုင်ငံအတွင်း မြေယာ သိမ်းဆည်းမှု ပြဿနာသည်လည်း ဆက်လက်ဖြစ်နေပါသည်။ ငြိမ်းချမ်းစွာ ဆန္ဒပြမှု များအား ခွင့်ပြုပေးရမည်ထက် ထိုအခွင့်အရေးအား ကန့်သတ်ထားသည့် ဥပဒေအား ထုတ်ပြန်ကျင့်သုံးနေပြီး၊ ဆန္ဒပြသူများ၏ စုရုံးမှုများကို အဆုံးသတ်စေရန်အတွက် ငြိမ်းချမ်းစွာ ဆန္ဒပြခြင်းနှင့် ငြိမ်းချမ်းစွာ စုဝေးခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၁၈ အား ဆက်လက်၍ ကျယ်ကျယ်ပြန့်ပြန့် ကျင့်သုံးလျက်ရှိပါသည်။ ထို့အပြင် မြေယာအခွင့်အရေး တက်ကြွ လှုပ်ရှားသူများသည် ၎င်းတို့၏ မြေယာများမှ အဓမ္မဖယ်ရှားခံခဲ့ရသည်ကို ဆန့်ကျင်ဆန္ဒပြသောကြောင့် ထိုတက်ကြွလှုပ်ရှားသူများအား ကျူးကျော်မှု၊ အကျိုးစီးပွါး ပျက်စီးစေမှုတို့ဖြင့် ဆက်လက်ဖမ်းဆီး ထိန်းသိမ်းလျက်ရှိပါသည်။
်ယခုလတွင် အရပ်သားများအား သတ်ဖြတ်မှု ထပ်မံဖြစ်ပေါ်ခဲ့ခြင်းသည် မြန်မာနိုင်ငံတွင် ဆက်တိုက်ဖြစ်ပေါ်နေသည့် လူ့အခွင့်အရေး ချိုးဖေါက်မှုများ ရှေ့တန်းသို့ ရောက်နေကြောင်း ပြသနေပြီး၊ သေဆုံးနေသည့် ကချင်ရွာသား လေးဦးတို့၏ အလောင်းများ တွေ့ရှိခဲ့ကြောင်း သိရှိရပါသည်။ မိသားစုဝင်များမှ မမှတ်မိနိုင်လောက်အောင်ပင် သေဆုံးနေသူတို့၏ အလောင်းများသည် ဆိုးရွားစွာ မီးလောင်ကျွမ်းခံခဲ့ရပြီး၊ ထို ၄ ဦးတို့မှာ မဟော်လဂျ၊ လထော်ခွန်ဖောင်း၊ မရန်ရော်ဟန်နှင့် ဒိုရီရင်းတို့ဖြစ်ကြောင်း Kachinland News ၏ ပြောကြားချက်အရ သိရပါသည်။ ကချင်ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ဖန်တီးမှု အုပ်စု the Kachin Peacetalk Creation Group မှ ဆန်အွန်း၏ ပြောကြားချက်အရ မြန်မာတပ်မတော်မှ ထိုအမှုအား ကျူးလွန်ခဲ့ကြောင်းလည်း သိရှိရပါသည်။
စစ်တပ်၏လက်ချက်ဖြင့် သမီးဖြစ်သူ သေဆုံးခဲ့ကြောင်း ပြောဆိုခဲ့သော ကချင်အမျိုးသား တစ်ဦးဖြစ်သူ ဦးဘရန်ရှောင်အား “မှားယွင်းစွာ စွပ်စွဲပြောဆိုမှု” ရာဇသတ်ကြီး ပုဒ်မ ၂၁၁ ဖြင့် ဖားကန့်မြို့နယ် တရားရုံးမှ ထောင်ဒဏ် ၆ လ သို့မဟုတ် ငွေဒဏ် ၅ သောင်းကို ၂၀၁၅ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့တွင် ချမှတ်လိုက်ပါသည်။ ဦးဘရန်ရှောင်မှ ဒဏ်ငွေပေးဆောင်ပြီး ထောင်ဒဏ်မှ လွတ်မြောက်ခဲ့သော်လည်း အယူခံတင်မည်ဖြစ်ကြောင်း သိရှိရပါသည်။
အလွတ်သတင်းထောက် တစ်ဦးဖြစ်သူ ကိုပါကြီး ခေါ် ကိုအောင်ကျော်နိုင်
သေဆုံးမှုအား စုံစမ်းစစ်ဆေးရာတွင် စစ်တပ်၏ ဟန့်တားမှုများ ရှိနေပါသည်။ လူ့အခွင့်အရေး ချိုးဖေါက်မှုများကို ကျူးလွန်သူ မြန်မာစစ်တပ်၏ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှု မရှိခြင်းတို့သည် ကိုပါကြီး သေဆုံးမှု ကဲ့သို့သော အမှုများကို စုံစမ်းရန်အတွက် အဟန့်အတားဖြစ်စေပါသည်။ စိတ်မချမ်းမြေ့ဖွယ် လူ့အခွင့်အရေး ချိုးဖေါက်မှုများအား လွတ်လပ်ပြီး အမှီခိုကင်းစွာ စုံစမ်းရန်အတွက် မြန်မာစစ်တပ်၏ ပြစ်မှုကျူးလွန်ပြီး အပြစ်မှကင်းလွတ်နေသည့် ယဉ်ကျေးမှုသည် ယခုထက်တိုင် အဟန့်အတား တစ်ခုဖြစ်နေပါသေးသည်။
၂၀၁၅ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၄ ရက်၊ ဧရာဝတီ (အင်္ဂလိပ်)
၂၀၁၅ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၅ ရက်၊ လွတ်လပ်တဲ့ အာရှအသံ (အင်္ဂလိပ်)
၂၀၁၅ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၈ ရက်၊ မဇ္ဈိမ
၂၀၁၅ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁၃ ရက်၊ လွတ်လပ်တဲ့ အာရှအသံ (အင်္ဂလိပ်)
၂၀၁၅ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁ရ ရက်၊ Youtube ဒီဗွီဘီ
၂၀၁၅ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁ရ ရက်၊ ဧရာဝတီ (အင်္ဂလိပ်)
၂၀၁၅ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁ရ ရက်၊ မဇ္ဈိမ (အင်္ဂလိပ်)
၂၀၁၅ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၂ ရက်၊ ဧရာဝတီ (အင်္ဂလိပ်)
၂၀၁၅ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁၁ ရက်၊ ဒီဗွီဘီ (အင်္ဂလိပ်)
၂၀၁၅ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁ရ ရက်၊ ဧရာဝတီ (အင်္ဂလိပ်)

AAPP Monthly Chronology for February 2015 (Bur)

ဆက်သွယ်ရန်

ဘိုကြည်           တွဲဘက်အတွင်းရေးမှူး        +၆၆(၀) ၈၁ ၉၆၂၈ ၇၁၃