စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်
ရက်စွဲ – ဒီဇင်ဘာလ ၃ ရက်၊ ၂၀၂၄ ခုနှစ်
ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ ဒီဇင်ဘာလ ၃ ရက်၊ ၂၀၂၄ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၆၀၀၇) ဦး ရှိခဲ့ပြီဖြစ်သည်။
ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၇၇၅၅) ဦးရှိပြီး ထိုအထဲမှ (၂၁၁၉၂) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၉၅၆၀) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရသည်။
ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက် ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြားနိုင်ပါသည်။ အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက် ထည့်သွင်းဖော်ပြသွားမည်ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက်များအရ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်နေ့မှ ၃၀ ရက်နေ့အထိ နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီး (၃၄) ဦးနှင့် အမျိုးသား (၄၆) ဦး စုစုပေါင်း (၈၀) ဦး သေဆုံးခဲ့သည်ကို အတည်ပြုနိုင်ခဲ့သည်။ ထိုအရေအတွက်တွင် အသက် ၁၈ နှစ်အောက် ကလေးငယ် (၂၀) ဦးနှင့် အသက် ၆၀ နှစ်ထက်သေဆုံးသူ (၁၃) ဦးပါဝင်သည်။ ၎င်း (၈၀) ဦးနက် ရခိုင်ပြည်နယ်မှာ (၂၁) ဦးဖြင့် သေဆုံးမှုအများဆုံးဒေသဖြစ်ပြီး (၁၈) ဦးဖြင့် စစ်ကိုင်းတိုင်းမှာ သေဆုံးမှု ဒုတိယအများဆုံးဒေသဖြစ်သည်။ ထို (၈၀) ဦးတွင် သေဆုံးရသည့်အကြောင်းအရင်းအနေဖြင့် (၄၁) ဦးမှာ စစ်အုပ်စု၏ လေကြောင်းဖြင့် တိုက်ခိုက်မှုကြောင့် အများဆုံးသေဆုံးခဲ့ပြီး လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် (၂၁) ဦးဖြင့် ဒုတိယအများဆုံး သေဆုံးခဲ့သည်။
နိုဝင်ဘာလ ၂၇ ရက်နေ့ ညနေပိုင်းအချိန်တွင် ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့နယ်အတွင်းရှိ ကျေးရွာများကို အကြမ်းဖက်စစ်အုပ်စုက လက်နက်ကြီးကျည်များ ပစ်ခတ်ခဲ့ရာ ကျေးရွာများအတွင်း၌ ကျရောက်ပေါက်ကွဲခဲ့သဖြင့် ကုန်းပေါကျေးရွာရှိ ဒေသခံ အေဘလင်းနှင့် ၎င်း၏ကလေးငယ်နှစ်ဦးဖြစ်သည့် အဲလိစကာနှင့် မေသဇင်ဦး တို့အပြင် ရွှေစမ်းကျေးရွာရှိ ကိုလူရယ်၊ ပေါ်ဦးကျေးရွာရှိ မအေးမြတ်သူ နှင့် သစ်ယာကုန်းကျေးရွာရှိ မာရိယာ တို့သည် ကျည်စထိမှန်၍ သေဆုံးခဲ့ကြသည်။
နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် – https://coup.aappb.org/
AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကို Database တွင်ကြည့်ရန် –
စုစုပေါင်း ကျဆုံးစာရင်း – bit.ly/3taCmp3
စုစုပေါင်း ဖမ်းဆီးခံရသူစာရင်း – bit.ly/3t7IE90
လက်ရှိထိန်းသိမ်းခံနေရဆဲစာရင်း – bit.ly/3m3Z8Lm
ထိန်းသိမ်းခံနေရသူများထဲမှ ပြစ်ဒဏ်ချခံရပြီးသူစာရင်း – bit.ly/3WP0sla
စုစုပေါင်း လွတ်မြောက်စာရင်း – bit.ly/3MbC3kd
ထိန်းသိမ်းခံထားရသည့် သေဒဏ်ချမှတ်ခံထားရသူများစာရင်း – https://bit.ly/3BmDPO0
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)

