စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ ဧပြီလ ၁၀ ရက်၊ ၂၀၂၃ ခုနှစ်

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ မတရားစစ်အာဏာလုမှုဖြစ်စဉ်ကို ဆန့်ကျင်ခဲ့ကြသော ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူများ၏ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ (၃၂၂၉) ဦး ရှိခဲ့ပြီဖြစ်ပါသည်။

၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်မှ ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၀ ရက်နေ့ထိတိုင် ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၁၃၀၀) ဦးရှိပြီး ထိုအထဲမှ  (၁၇၄၂၁) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ  (၅၅၈၆) ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ဧပြီလ ၁၀ ရက်၊ ၂၀၂၃ ခုနှစ်အထိ နွေဦးတော်လှန်ရေးနှင့်ဆက်စပ်၍ သေဒဏ်ချမှတ်ခံထားရပြီး အကျဉ်းထောင်များတွင် ထိန်းသိမ်းခံနေရသူ စုစုပေါင်း (၁၀၉) ဦးရှိပြီဖြစ်သည်။ မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ (၄၂) ဦး အပါအဝင် (၁၂၁) ဦးမှာ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ထိုကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၁၅၁) ဦးရှိပြီဖြစ်သည်။ ဖမ်းဆီးခံရပြီးနောက် ပြန်လည်လွတ်မြောက်လာသူဦးရေမှာ (၃၈၅၇) ဦး ရှိသည်။

ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် AAPP မှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့် အချက်အလက်နှင့် ကိန်းဂဏန်းအရေအတွက်များမှာ ယခုထက် ပိုမိုများပြားနိုင်ပါသည်။  အချက်အလက်များကို ထပ်မံကောက်ယူရရှိလာပါက ဆက်လက်ထည့်သွင်းဖော်ပြသွားပါမည်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း၏ မှတ်တမ်းနှင့်သုတေသနဌာနမှ မီဒီယာစောင့်ကြည့်လေ့လာမှုအရ ပြီးခဲ့သည့်သီတင်းပတ်များအတွင်း ကျောင်းဆရာ၊ ဆရာမများအပေါ် ပစ်မှတ်ထားဖမ်းဆီးမှုများ အရှိန်မြှင့်လာလျက်ရှိပြီး အမျိုးသားညီညွတ်ရေးအစိုးရ၏ ပညာရေးဝန်ကြီးဌာနနှင့် ချိတ်ဆက်ကာ အွန်လိုင်းမှတစ်ဆင့် ပညာသင်ကြားပေးနေသော မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်မှ Federal School of Aungmyaythazan ကို ဦးဆောင်သူ ဒေါ်အိရွှေစင်မြင့် အပါအဝင် ဆရာ၊ ဆရာမ စုစုပေါင်း (၁၅) ဦးမှာ အကြမ်းဖက်စစ်အုပ်စု၏ ဖမ်းဆီးခြင်းခံခဲ့ရသည်။ ထို့အပြင် အကြမ်းဖက်စစ်အုပ်စုသည် အာဏာသိမ်းပြီးနောက် ၎င်းတို့အားတော်လှန်ဆန့်ကျင်မှုပြင်းထန်နေသည့် အရပ်ဒေသများကို လေကြောင်းတိုက်ခိုက်မှု အဆက်အပြတ်ပြုလုပ်လျက်ရှိရာ ယခင်သီတင်းပတ်အတွင်း၌ ကချင်ပြည်နယ် ရွှေကူမြို့နယ်ရှိကျေးရွာများကို တိုက်လေယာဉ်အသုံးပြုကာ အရပ်သားပစ်မှတ်များအားချိန်ရွယ်၍ တိုက်ခိုက်ခဲ့ခြင်းကြောင့် နေအိမ်များမီးလောင်ပျက်စီးခဲ့ရသည်။

ယနေ့ရရှိသော အချက်အလက်များအရ ဧပြီလ ၇ ရက်နေ့တွင် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်၏ ဥက္ကဋ္ဌဟောင်းဖြစ်သည့် သိက္ခာတော်ရဆရာတော် ဒေါက်တာ ခလမ်ဆမ်ဆွန်ကို မြစ်ကြီးနား အကျဉ်းထောင်တွင်းတရားရုံးမှ မတရားအသင်းဆက်သွယ်မှုအက်ဥပဒေပုဒ်မ ၁၇(၁) ဖြင့် ထောင်ဒဏ် နှစ်နှစ်၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-က ဖြင့် ထောင်ဒဏ် တစ်နှစ်နှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂ (က) ဖြင့် ထောင်ဒဏ် သုံးနှစ် စုစုပေါင်း ထောင်ဒဏ် ခြောက်နှစ် ချမှတ်ခဲ့ကြောင်း သိရှိရသည်။ ဒေါက်တာ ခလမ်ဆမ်ဆွန်သည် ထိုင်းနိုင်ငံသို့ ဆေးကုသမှုခံယူရန် ထွက်ခွာစဥ် မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလတွင် အကြမ်းဖက်စစ်အုပ်စု၏ ဖမ်းဆီခြင်းခံခဲ့ရသည်။

ထို့ပြင် ဧပြီလ ၇ ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်မှ သပိတ်ခေါင်းဆောင် ကိုကျော်ဝင်းစိန်ကို ဟုမ္မလင်းမြို့နယ် တရားရုံးမှ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-က ဖြင့် ထောင်ဒဏ် တစ်နှစ်နှင့် ခြောက်လ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (ည) ဖြင့် ထောင်ဒဏ် ဆယ်နှစ်  စုစုပေါင်း ထောင်ဒဏ် ၁၁ နှစ်နှင့် ၆ လ ချမှတ်ခဲ့ကြောင်း သိရှိရသည်။ ကိုကျော်ဝင်းစိန်သည် မန္တလေးမြို့၌ ဆေးကုသမှုခံယူနေစဥ် ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၁ ရက်နေ့တွင် အကြမ်းဖက်စစ်အုပ်စု၏ ဖမ်းဆီခြင်းခံခဲ့ရသည်။

အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ CDM လှုပ်ရှားနေသည့် ဝန်ထမ်းများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရ ခြင်းများနှင့် နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူများ၏ အချက်အလက်များကို သိရှိပါက အောက်ပါလိပ်စာများသို့  ဆက်သွယ်၍ အသိပေး၊ အကြောင်းကြားနိုင်ပါသည်။ ထို့ပြင် ကျဆုံးအချက်အလက်များကို ဖော်ပြပါ fatality-data@aappb.org အီးမေးလ်သို့လည်းကောင်း၊ အဖမ်းအဆီးအချက်အလက်များကို  detention-data@aappb.org အီးမေးလ်သို့လည်းကောင်း တိုက်ရိုက်ပေးပို့၍ ဆက်သွယ်အကြောင်းကြားနိုင်ပါသည်။

နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် – https://coup.aappb.org/ 

AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကို Database တွင်ကြည့်ရန် –

စုစုပေါင်း ကျဆုံးစာရင်း – bit.ly/3taCmp3 

စုစုပေါင်း ဖမ်းဆီးခံရသူစာရင်း – bit.ly/3t7IE90 

လက်ရှိထိန်းသိမ်းခံနေရဆဲစာရင်း – bit.ly/3m3Z8Lm 

ထိန်းသိမ်းခံနေရသူများထဲမှ ပြစ်ဒဏ်ချခံရပြီးသူစာရင်း –  bit.ly/3WP0sla 

စုစုပေါင်း လွတ်မြောက်စာရင်း – bit.ly/3MbC3kd

ထိန်းသိမ်းခံထားရသည့် သေဒဏ်ချမှတ်ခံထားရသူများစာရင်း – https://bit.ly/3BmDPO0 

Sector ၏ အဓိပ္ပါယ်ဖွင့်ဆိုချက် Sector_Data_Definition (2-Feb-2023)

Special Condition ၏ အဓိပ္ပါယ်ဖွင့်ဆိုချက် Special_Condition_Data_Definition (2-Feb-2023)

Database တွင်ရှာဖွေမှုပြုလုပ်ရန် သရုပ်ပြဗီဒီယိုဖိုင် ကြည့်ရန် https://youtu.be/OoyTSNG7zv4 

Email :   info@aappb.org

Facebook : https://web.facebook.com/burmapoliticalprisoners/

Twitter : https://twi

tter.com/aapp_burma

“အရေးတော်ပုံအောင်ရမည်”

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း